Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

11. Kammahetukathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၅၄၆။ **သေသန္တိ**၊ ဟူသော ပါဌ်ဖြင့်။ ပါဏာတိပါတာဒိကမ္မဿဟေတူတိ ဣတော၊ပါဏာတိ၊ ပေ၊ ဟေတု၊ အစရှိသော ဤအနုယောဂမှ။ ပုရိမံ၊ ရှေး၌ဖြစ်သော။ သောတုပန္နာဒိအနုယောဂံ၊ သောတာပန္န အစရှိသော ‌မေးစိစစ်ကြောင်း ပုဒိအပေါင်းကို။ (သင်္ဂဟကာရော)ဝဒတိ၊ ဆို၏။

**ဟန္ဒဟီ**တိ၊ ဟူသော။ ဧတံ၊ ဤစကားသည်။ ပရဝါဒိဿေဝ၊ ပရဝါဒီ၏သာ။ သမ္ပဋိစ္ဆနဝစနံ၊ ဝန်ခံခြင်း စကားတည်း။

[အနုဋီကာ၌ "သမ္ပဋိစ္ဆာပနဝစနံ၊ ဝန်ခံစေကြောင်း စကားတည်း"ဟုရှိ၏။ နောက်စကားနှင့်လိုက်အောင် ဖွင့်ထားဟန် တူသည်။ ဋီကာဆရာ၏ အလိုမဟုတ်။] ဣတိ၊ ထို့ကြောင့်။ သမ္ပဋိစ္ဆာပေတုန္တိ၊ ဟူ၍။ ဝတ္ထုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ပန၊ အနွယကား။ ကတမဿ ကမ္မဿ ဟေတူတိ၊ ဟူ၍။ သကဝါဒီ၊ သကဝါဒီသည်။ တံ၊ ထိုပရဝါဒီကို။ သမ္ပဋိစ္ဆာပေတုံ၊ ဝန်ခံစေခြင်းငှာ။ ဝဒတိ၊ ဆို၏။ ဣတိ၊ ဤအနက်သည်။ ယုဇ္ဇေယျ၊ သင့်ရာ၏။ ပန၊ စင်စစ်ကား။ သမ္ပဋိစ္ဆာပေတုန္တိ၊ ဟူသောပုဒ်၏။ (အတ္ထံ အတ္ထော၊ တို့၌စပ်။) ပက္ခံ၊ ရဟန္တာပုဂ္ဂိုလ်သည် ရဟန္တာကို စွပ်စွဲခဲ့ဘူး၍ အရဟတ္တဖိုလ်မှ ယုတ်လျော့၏ ဟူသော အနက်အဖို့ကို။ ပဋိဇာနာပေတုံ၊ ဝန်ခံစေခြင်းငှာ။ ဣတိ၊ ဤသို့။ အတ္ထံ၊ အနက်ကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ ပရဝါဒိ၊ ပရဝါဒီပုဂ္ဂိုလ်သည်။ အတ္တနော၊ မိမိ၏။ လဒ္ဓိံ၊ အယူကို။ သကဝါဒိံ၊ သကဝါဒီကို။ ဂါဟာပေတုံ၊ ယူစေခြင်းငှာ။ (ဝဒတိ၊ ဆို၏၌စပ်။) ဣတိ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။

ကမ္မဟေတုကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။
အဋ္ဌမဝဂ္ဂဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ၁။ သမ္ပဋိစ္ဆနဝဒနံ။ ။"ဟန္ဒဟိ"စသော စကားသည် ပရဝါဒီ၏ စကား တည်း။ ထို စကားကိုလည်း "ပရဝါဒီက အကြောင်းပြ၍ မိမိကိုယ်တိုင် ထို အယူကို ဝန်ခံဖို့ရန် ဆိုသောဝကားဖြစ်သည်" ဟု ဋီကာဆရာသည် ယူဆ၏။ ထိုသို့ မိမိ စကားကို မိမိဝန်ခံသော စကား ဖြစ်ရကား “သမ္မဋိစ္ဆာပေတုံ၊ သကဝါဒီကို ဝန်ခံ စေခြင်းငှါ”ဟု ဆိုခြင်းငှါ မတတ်ကောင်း-ဟု ဆိုသည်။
၂။ ကတမဿ ။ ပေ ။ ဝဒတိ။ ။"သမ္မဋိစ္ဆာပေတုံ"အတွက် သကဝါဒီက ပရဝါဒီကို ဝန်ခံစေဖို့ရန်"ကတမဿ ကမ္မဿ ဟေတု”ဟု ပါဠိတော်၌ ဆိုသည်ဟု ဆိုမှ သင့်သည်”ဟု ဋီကာဆရာက အဓိပ္ပါယ်တမျိုး ပြင်သည်။
၃။ လမ္ပဋိစ္ဆာပေတုန္တိ ပန။ ။ ဤ စကားသည် “သမ္ပဋိစ္ဆာပေတုံ” အတွက်"ပဋိဇာနာပေတုံ၊ ဝန်ခံစေခြင်းငှါ”ဟူသော အနက်ကို မယူပဲ “သက္ကဝါဒိံ ဂါဟာပေတုံ"ဟူသော အနက်ကို ယူလျှင် သင့်ကြောင်းကို တနည်းပြသော စကား တည်း။ ယူစေခြင်း ဟူသည်လည်း လက်ခံစေခြင်းတည်း။ [တံ တံ လဒ္ဓိ သမ္ပဋိစ္ဆာပနံ ဝါ ဂါတာပနန္တိ ဒဿေန္တော ပက္ခန္တိအာဒိ မာဟ-အနူ။] ဤနောက်အနက်သည် အာရုံကို လက်ခံသော ဝိတ်ကို "သမ္ပဋိစ္ဆနစိတ်”ဟု သုံးစွဲရိုးနှင့်လည်း လျော်သည်။