၄၉၅။ **သမ္ပယောဂလက္ခဏာဘာဝါ**တိ၊ ဟူသော ပါဌ်၌။
ဧကာရမ္မဏာတိ၊ ဧကာရမ္မဏာဟူသော။
ဣမသာ သမ္ပယောဂလက္ခဏဿ၊ ဤ သမ္ပယောဂ လက္ခဏာ၏။
အဘာဝါ၊ မရှိခြင်းကြောင့်။
(“အနာရမ္မဏမေဝ”၌ စပ်။)
ဣတိ အဟံ၊ ကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
[ဧကာရမ္မဏ လက္ခဏာသာ မရှိသည် မဟုတ်၊ နာမ်တရားတို့နှင့် ဇရာမရဏ၏ ဧကုပ္ပါဒ လက္ခဏာလည်းမရှိ၊ ဇရာအတွက် ဧကနိရောဓ လက္ခဏာလည်း မရှိ၊ သို့ရာတွင်အနာရမ္မဏ အဖြစ်ကို ပြီးစေခြင်း၏ အစွမ်းဖြင့် သမ္ပယောဂလက္ခဏာ မရှိပုံကို ထုတ်ပြခြင်းဖြစ်သောကြောင့် “သမ္ပယောဂလက္ခဏာ မရှိခြင်း” အရ “ဧကောရမ္မဏလက္ခဏာ မရှိခြင်း” ကိုသာ အလိုရှိသည်ဟု ဆိုသည်။ -အနုဋီကာ။]
၄၉၆။ **ပရိယာယော နတ္ထီ**တိ၊ ဟူသော ပါဌ်ဖြင့်။
(“ဒဿေတိ”-၌ စပ်။)
သကဝါဒိနာ၊ သည်။
အတ္တနာ၊ မိမိသည်။
ဝတ္တဗ္ဗတာယ၊ ဆိုထိုက်သည်၏အဖြစ်၌။
ပရိယာယော၊ အကြောင်းဖြစ်သော ပရိယာယ်သည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ကြောင့်။
အဗျာကတာနံ၊ ဝိပါက်ဖြစ်သော အဗျာကတတို့၏။
ဇရာမရဏဿ၊ ၏။
ဝိပါကနိဝါရဏတ္ထံ၊ ဝိပါက်အဖြစ်ကို တားမြစ်ခြင်း၏ အကျိုးငှါ။
အဗျာကတဝသေန၊ အဗျာကတနှင့် စပ်သဖြင့်။
ပုစ္ဆာ၊ ကို။
(အာယသ္မတာ မောဂ္ဂလိပုတ္တတိဿထေရေန) နကတာ၊ ပြုတော် မမူအပ်။
ဣတိ၊ ဤ အနက်ကို။
(သင်္ဂဟကာရော) ဒသောတိ၊
၄၉၇။ **အပရိသုဒ္ဓဝဏ္ဏတာ**၊ မစင်ကြယ်သောအဆင်းရှိသူ၏ အဖြစ်သည်။
ဇရာယေဝ၊ ဇရာပင်တည်း။
ဣတိ၊ သို့။
ကေစိ (ဝဒန္တိ)။ တံ၊ ထို (အပရိသုဒ္ဓ ဝဏ္ဏတာ ဇရာယေဝ ဟူသော)။
ကေစိ၊ ဆရာတို့၏စကားသည်။
(“သမမေဝ" ၌ စပ်။)
**အကုသလကမ္မံ ကမ္မသမုဋ္ဌာနဿ**တိ အာဒိနာ၊ အစရှိသော။
ရူပဿေဝ၊ ရုပ်၏ပင်။
ဒုဗ္ဗဏ္ဏတာဒဿနေန၊ ဒုဗ္ဗဏ္ဏ၏ အဖြစ်ကိုပြကြောင်း စကားနှင့်။
သမမေဝ၊ ညီညွတ်သည်သာ။
ဣတိ၊ အပြီးတည်း။
ဇရာမဏံ ဝိပါကောတိကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။