**စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ သောတဝိညာဏန္တိ** ဧတ္ထ၊ ဟူသောဤဝါကျ၌။ လဒ္ဓိဝသေန ပဋိဇာနာတီတိ၊ ဟူသောဤပါဌ်၌။ (ယုတ္တံ၊ ၌စပ်။) အနန္တရုပ္ပတ္တိံ၊ စက္ခုဝိညာဉ်၏ အခြားမဲ့၌ သောတဝိညာဉ်၏ ဖြစ်ခြင်းကို။ အလ္လက္ခေန္တောပိ၊ မှတ်ထင်ပါသော်လည်း။ သော၊ ထိုပရဝါဒီသည်။ စက္ခုမှိ၊ စက္ခုပသာဒ၌။ ရူပါရမ္မဏံ၊ ရူပါရုံဟူသော အာရုံရှိသော။ သောတဝိညာဏံ၊ ကို။ န ဣစ္ဆတိ၊ အလိုရှိသည် မဟုတ်။ အထခေါ၊ အဟုတ်ကား။ သောတမှိယေဝ၊ သောတာပသာဒ၌သာ။ သဒ္ဒါရမ္မဏံ၊ သဒ္ဒါရုံဟူသော အာရုံရှိသော။ (သောတဝိညာဏံ၊ ကို။ ဣစ္ဆတိ၊ ၏။) ဣတိ၊ ထို့ကြောင့်။ အနန္တရူပလဒ္ဓိဝသေန၊ စက္ခုဝိညာဉ်၏ အခြားမဲ့၌ သောတဝိညာဉ်ကို ရခြင်း၏ အစွမ်းဖြင့်။ အာပန္နတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။ ပဋိဇာနာတိ၊ ဝန်ခံ၏။ ဣတိ၊ သို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုတ္တံ၊ သင့်၏။
[စက္ခုဝိညာဉ် စက္ခုပသာဒ၌ ရူပါရုံကို အာရုံပြု၍ ဖြစ်ပြီးနောက် သောတဝိညာဉ်ကလည်း သောတပသာဒ၌ သဒ္ဒါရုံကို အာရုံပြု၍ တဆက်တည်း ဖြစ်သည်ဟု ယူဆသည်။]
သရာဂေါတိအာဒိ ပန တသ္မိံ သမယေ ရာဂဿ အပ္ပဟီနတ္တာ သရာဂေါတိ ဝတ္တဗ္ဗတန္တိ၊ ဟူ၍။ ပုရိမပါဌော၊ ရှေး၌ဖြစ်သောပါဌ်သည်။ (အတ္ထိ၊ ရှိ၏။) **သာနုသယောတိအာဒိပန တသ္မိံ သမယေအနုသယဿ အပ္ပဟီနတ္တာ သာနုသယောတိ ဝတ္တဗ္ဗတန္တိ**၊ ဟူ၍။ ပစ္ဆိမပါဌော၊ နောက်၌ဖြစ်သော ပါဌ်သည်။ (အတ္ထိ၊ ရှိ၏။) သော၊ ထိုနောက်၌ဖြစ်သောပါဌ်သည်။ ယုတ္တော၊ သင့်၏။
[ယခုစာအုပ်တို့၌လည်း နောက်ပါဌ်သာရှိသည်။]
၇၀၂။ **ယသ္မာ**၊ ကြောင့်။ **အနိစ္စာဒိတော**၊ အနိစ္စ အစရှိသော အခြားအရာအားဖြင့်။ **မနသိကရောတောပိ**၊ နှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း။ **ရာဂါဒယော**၊ ရာဂအစရှိသော ကိလေသာတို့သည်။ **ဥပ္ပဇ္ဇန္တိ**၊ ဖြစ်တတ်ကုန်၏။ စ၊ ထိုသို့ပင် ဖြစ်တတ်ကုန်သော်လည်း။ တေ၊ ထိုရာဂ အစရှိသော ကိလေသာ တို့သည်။ ဝိပဿနာယ၊ ဝိပဿနာဉာဏ်နှင့်။ န သမ္ပယုတ္တာ၊ သမ္ပယုတ် မဖြစ်ကုန်။ တသ္မာ၊ ကြောင့်။
(ထိုသို့ အနိစ္စ အစရှိသောအားဖြင့် ဝိပဿနာရှုသော ပုဂ္ဂိုလ်၏လည်း ရာဂ အစရှိသော ကိလေသာတို့၏ ဖြစ်ဘတ်ကုန်သည်၏အဖြစ်, ထိုရာဂ အစရှိသည်တို့၏ ဝိပဿနာဉာဏ်နှင့် သမ္ပယုတ် မဖြစ်ကုန်သည်၏ အဖြစ်ကြောင့်။) ပရိယုဋ္ဌာနံ၊ ကိလေသာတို့၏ ထကြွခြင်းသည်။ စိတ္တဝိပ္ပယုတ္တံ၊ စိတ်နှင့် မယှဉ်။ ဣတိ၊ ဤသို့။ လဒ္ဓိ၊ ပရဝါဒီတို့၏ အယူသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
၂ ။သမာနေ ဝိက္ခပ္ဘနဘာဝေပိ။“ပုထုဇ္ဇနောဈာနလာတီ”ဟု ဆိုသော ကြောင့် ဈာန်ဖြင့် ခွါခြင်းကို ဆိုရာဌာန ဖြစ်ရကား “ဝိက္ခမ္ဘနဘာဝေပိ”ဟု ဝိက္ခမ္ဘန ပဟာန်ဖြစ်သော ဈာန်ဖြင့် ခွါခြင်းကို ဆိုသည်။ ဒိဋ္ဌိနှင့်ရာဂကို ဈာနလာဘီပုထုဇဉ်က ပယ်ခွါခြင်းအားဖြင့် တူသော်လည်း “ဝီတရာဂေါ ကင်းသော ရာဂရှိသူ"ဟုသာ ဆိုရိုးရှိ၏။ "ဝိဂတဒိဋ္ဌိကော”ဟု ဆိုရိုး မရှိ။ ထို ကြောင့် "ဒိဋ္ဌိသည် လောကီတရား၌ မပါဝင်”ဟု တချို့ ဆရာတို့က ဆိုကြသည်-ဟု ပရဝါဒီအယူကို ဖွင့်သည်။ ထိုသို့ ပရဝါဒီက အယူရှိသောကြောင့် ပါဠိတော်၌ "ဒိဋ္ဌိဂတံ အပရိယာပန္နံ”ဟု သကဝါဒီက ပုစ္ဆာထုတ်သည်။ ဝုစ္စတိ၊ ဆိုအပ်၏။ ပန၊ ဗျတိရိက်ကား။ ဝိဂတဒိဋ္ဌိကောတိ၊ ကင်းသော မိစ္ဆာအယူရှိသူဟူ၍။ န (ဝုစ္စတိ)၊ မဆိုအပ်။ တသ္မာ၊ ကြောင့်။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ လောကိယပရိယာပန္နာ၊ လောကီတရား၌ အကျုံးဝင်သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။ ဝဒန္တိ၊ ဆိုကြကုန်၏။
ဆိုလိုရင်းကား-ရူပဒိဋ္ဌိ (ရူပဓာတ်၌ ဖြစ်သော ဒိဋ္ဌိ) အရူပဒိဋ္ဌိ (အရူပဓာတ်၌ ဖြစ်သော ဒိဋ္ဌိ)ဟု အဆို မရှိသောကြောင့် ဒိဋ္ဌိသည် ကာမဓာတ်၌ အကျုံးဝင်သော တရားသာ ဖြစ်ထိုက်၏။ ထိုသို့ ဖြစ်လျှင် ဈာနလာဘီပုဂ္ဂိုလ်မှာ ကာမရာဂကင်းသကဲ့သို့ ဒိဋ္ဌိလည်း ကင်းရာ၏။ ထိုသို့ ကင်းလျှင် “ဝိဂတဒိဋ္ဌိကော”ဟု ဆိုထိုက်၏။ ထိုသို့ ဆိုရိုးကား မရှိ။ ထို ကြောင့် အပရိယာပန္နာ ဒိဋ္ဌိ-ဒိဋ္ဌိသည် ကာမဓာတ်, ရူပဓာတ် အရူပဓာတ် ၃-မျိုး၌ အကျုံးမဝင်။ ထိုသို့ အကျုံးမဝင်သောကြောင့် “မဂ္ဂေါ ဖလံ နိဗ္ဗာနံ-ဒိဋ္ဌိဆိုတာ မဂ်လား ဗိုလ်လား နိဗ္ဗာန်လား"စသည်ဖြင့် သကဝါဒီက ထပ်၍ စောဒနာသည်။ န ဟောတိ၊ မဟုတ်။ ယေန၊ ယင်း ကာမဒိဋ္ဌိ၏ ဖြစ်ခြင်းကြောင့်။ ကာမဓာတုယာ၊ ကာမဓာတ်၌။ ပရိယယာပန္နာ၊ အကျုံးဝင်သည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ ဝဒတိ၊ ပရဝါဒီဆို၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။