Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

6. Pariyuṭṭhānaṃcittavippayuttantikathāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၇၀၂။ **ယသ္မာ**၊ ကြောင့်။ **အနိစ္စာဒိတော**၊ အနိစ္စ အစရှိသော အခြားအရာအားဖြင့်။ **မနသိကရောတောပိ**၊ နှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း။ **ရာဂါဒယော**၊ ရာဂအစရှိသော ကိလေသာတို့သည်။ **ဥပ္ပဇ္ဇန္တိ**၊ ဖြစ်တတ်ကုန်၏။ စ၊ ထိုသို့ပင် ဖြစ်တတ်ကုန်သော်လည်း။ တေ၊ ထိုရာဂ အစရှိသော ကိလေသာ တို့သည်။ ဝိပဿနာယ၊ ဝိပဿနာဉာဏ်နှင့်။ န သမ္ပယုတ္တာ၊ သမ္ပယုတ် မဖြစ်ကုန်။ တသ္မာ၊ ကြောင့်။

(ထိုသို့ အနိစ္စ အစရှိသောအားဖြင့် ဝိပဿနာရှုသော ပုဂ္ဂိုလ်၏လည်း ရာဂ အစရှိသော ကိလေသာတို့၏ ဖြစ်ဘတ်ကုန်သည်၏အဖြစ်, ထိုရာဂ အစရှိသည်တို့၏ ဝိပဿနာဉာဏ်နှင့် သမ္ပယုတ် မဖြစ်ကုန်သည်၏ အဖြစ်ကြောင့်။) ပရိယုဋ္ဌာနံ၊ ကိလေသာတို့၏ ထကြွခြင်းသည်။ စိတ္တဝိပ္ပယုတ္တံ၊ စိတ်နှင့် မယှဉ်။ ဣတိ၊ ဤသို့။ လဒ္ဓိ၊ ပရဝါဒီတို့၏ အယူသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။

ပရိယုဋ္ဌာနံ စိတ္တဝိပ္ပယုတ္တန္တိကထာဝဏ္ဏနာ နိဋ္ဌိတာ၊