၅၅−၅၉။ **ပုဂ္ဂလော ဥပလဗ္ဘတီတိ ပဒဒွယဿ အတ္ထတော ဧကတ္တေ**တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။
တဒေဝ ဧကတ္တံ၊ ထိုတူသည်၏ အဖြစ်ကိုပင်။
ပန၊ တပါးသော ပရဝါဒီသည်။
သမ္မဋိစ္ဆိတံ၊ လက်ခံအပ်သလော။၁။ ပဉ္စေဝ ဥစ္ဆောဒဒိဋ္ဌိယော။ ။"ရုပံ ပုဂ္ဂလော” ကဲ့သို့ ဝေဒနာ ပုဂ္ဂလော, သညာ ပုဂ္ဂလော, သင်္ခါရာ ပုဂ္ဂလော, ဝိညာဏံ ပုဂ္ဂလော " ဤ ၅-မျိုးသာ ရုပ် စသည် ပျက်လျှင် ပုဂ္ဂလလည်း ပျက်ရသောကြောင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏။ “ရူပသ္မိံ အတ္တတော သမနုပဿတိ"စသော၁၅-ပါးသည် သဿတဒိဋ္ဌိတည်း။
၂။ အညတြ ရူပါ။ ။"ရုပ်ကို ကြဉ်၍ ပုဂ္ဂိုလ်ကို ရအပ်၏”ဟု ယူရာ၌ ရုပ်နှင့် ပုဂ္ဂိုလ်သည် တစ်ခုတည်း မဟုတ်သကဲ့သို့ “ရူပဝါ ပုဂ္ဂလော- ရုပ်ရှိသောပုဂ္ဂိုလ်” ဟူရာ၌လည်း ရုပ်နှင့် ပုဂ္ဂိုလ်သည် တစ်ခုတည်းမဟုတ်။ ထို့ကြောင့် “အညတြ ရူပါ” အရ၌ သက္ကာယဒိဋ္ဌိ ၂ဝ-တွင် ပါဝင်သော “ရူပဝါ ပုဂ္ဂလော”ကို သိမ်းယူအပ်ပြီးဖြစ်သည် ဟူလို။ ဤ ရူပဝါ ပုဂ္ဂလောဖြင့် “ရူပဝန္တံ ဝါ အတ္တာနံ”ကို ဆိုလိုသည်။ အသမ္ပဋိစ္ဆိတံ၊ လက်မခံအပ်သလော။
ဣတိ ဧတံ၊ ဤ လက်ခံခြင်း, လက်မခံခြင်းကို။
ဝိစာရေတဗ္ဗံ၊ စိစစ်ထိုက်၏။
[အဋ္ဌကထာဆရာ၏အယူကို မနှစ်သက်သောကြောင့် “ဝိစာရေတဗ္ဗမေတံ”ဟု ဆိုသည်။]
ဟိ၊ မှန်။
[(တနည်း) ကသ္မာ၊ ကြောင့်။
ဣတိ ဧတံ၊ ဤလက်ခံခြင်း, လက်မခံခြင်းကို။
ဝိစာရေတဗ္ဗံ၊ စိစစ်ထိုက်သနည်း။
ဟိ (ယသ္မာ)၊ ကြောင့်။]
ပုဂ္ဂလဿ၊ ၏။
အဝိဘဇိတဗ္ဗတံ၊ ဝေဖန်ထိုက်သော အထူးအပြား မရှိသည်၏ အဖြစ်ကို၎င်း။
ဥပလဗ္ဘတီတိ ဧတဿ၊ ဟူသော ပုဒ်၏။
ဝိဘဇိတဗ္ဗတံ၊ ဝေဖန်ထိုက်သော အထူးအပြား ရှိသည်၏အဖြစ်ကို၎င်း။
ဝဒန္တော၊ ပြောသောပရဝါဒီ ပုဂ္ဂိုလ်သည်။
ဝိဘဇိတဗ္ဗာဝိဘဇိတဗ္ဗတ္ထာနံ၊ ဝေဖန်ထိုက်သော အနက်ရှိကုန်, မဝေဖန်ထိုက်သော အနက်ရှိကုန်သော။
ဥပလဗ္ဘတိပုဂ္ဂလ သဒ္ဒါနံ၊ ဥပလဗ္ဘတိ သဒ္ဒါ, ပုဂ္ဂလသဒ္ဒါ တို့၏။
ကထံ၊ အဘယ်အကြောင်းကြောင့်။
အတ္ထတော၊ အနက်အားဖြင့်။
ဧကတ္တံ၊ တူကုန်သည်၏ အဖြစ်ကို။
သမ္ပဋိစ္ဆေယျ၊ လက်ခံရာအံ့နည်း။
ဣတိ၊ ကြောင့်။
[ဧတံ၊ ဤ လက်ခံခြင်း, လက်မခံခြင်းကို။
ဝိစာရေတဗ္ဗံ၊ စိစစ်ထိုက်၏။]
စ၊ ဆက်။
ဝိဘဇိတဗ္ဗာ ဝိဘဇိတဗ္ဗတ္ထာနံ၊ ဝေဖန်ထိုက်သော အနက်ရှိကုန် မဝေဖန်ထိုက်သော အနက်ရှိကုန်သော။
ဥပလဗ္ဘတိ ရူပသဒ္ဒါနံ၊ တို့၏။
တံ ဝိဘာဂံ၊ ထိုဝေဖန်အပ်သော အထူးကို။
ဝဒတော၊ ဆိုသော သကဝါဒီ၏။
ကိဉ္စိ၊ အချို့သော။
ရူပံ၊ ရုပ်ကို။
ဥပလဗ္ဘတိ၊ ပညာဖြင့်ကပ်၍ ရှုမှတ်ရှိသည်ရှိသော် ရအပ်ရနိုင်သလော။
ကိဉ္စိ၊ အချို့သော။
ရူပံ၊ ကို။
န ဥပလဗ္ဘတိ၊ လော။
ဣတိ အယံ ပသင်္ဂေါ၊ ဤကပ်ငြိဖွယ်သည်။
နာပဇ္ဇတိယထာ၊ မဖြစ်သကဲ့သို့။၁။ ပုဂ္ဂလဿ ဟိ။ ။"ဝိစာရေတဗ္ဗမေတံ” ဟူသော စကားကို မြဲစေလို၍ (တနည်း)အကြောင်း ပြလို၍ “ပုဂ္ဂလဿ ဟိ ။ ပေ ။ သမ္ပဋိစ္ဆေယျာသိ”ဟု မိန့်သည်။ “ပုဂ္ဂလော ဥပလဗ္ဘတိ" ဟုဖြေသောကြောင့် “ပုဂ္ဂလ ကိုခွဲခြား ဝေဖန်ဖွယ် မလိုဟု ဆိုရာ ရောက်၏။ “ဥပလဗ္ဘတိ ပုဂ္ဂလော”ဟူသော ပြဿနာ၌ကား“အချို့ ဥပလဗ္ဘတိ အနက်သည် ပုဂ္ဂလ ဖြစ်၍ အချို့ ဥပလဗ္ဘတိ အနက်ကား ပုဂ္ဂလ မဟုတ်”ဟု ဖြေသောကြောင့် ဥပလဗ္ဘတိ-အတွက် ဝေဖန်ထိုက်သော အနက်ရှိ၏ ဟု ဆိုရာ ရောက်၏။ ထို့ကြောင့် “ပုဂ္ဂလဿ အဝိဘဇိတဗ္ဗတံ ဥပလဗ္ဘတီတိ ဧတဿ ဝိဘဇိတဗ္ဗတံ ဝဒန္တော” ဟု ဆိုသည်။
၂။ ကထံ ဧကတ္တံ သမ္ပဋိစ္ဆေယျ။ ။“ပုဂ္ဂလော ဥပလဗ္ဘတိ" ၌ “ဥပလဗ္ဘတိ” သဒ္ဒါသည် ဝေဖန်ထိုက်သော အနက်ရှိ၏။ ပုဂ္ဂလသဒ္ဒါကား ဝေဖန်ထိုက်သော အနက်မရှိ-ဟု ပြောဆိုသော ပရဝါဒီ၏ အလိုအားဖြင့် ထိုသဒ္ဒါ ၂-ပုဒ်တို့၏ အနက် အရ တူသည်၏ အဖြစ်ကို အဘယ်မှာ လက်ခံစရာ ရှိတောအံ့နည်း။ “လက်ခံစရာ မရှိတော့ပါ” ဟူလို။ ထို့ကြောင့် ဧကတ္တကို ပရဝါဒီက လက်ခံ လက်မခံကို ပဌမ စိစစ်ထိုက်သည်”ဟု ဆိုသည်။ ဧဝံ၊ တူ။
ယထာဝုတ္ထဝိဘာဂံ၊ အကြင်အကြင် ဆိုအပ်ပြီးသော ဝေဖန်အပ်သော အထူးကို။
ဝဒတော၊ ဆိုသော။
ဧတဿာပိ၊ ဤ ပရဝါဒီ၏ အပေါ် ၌လည်း။
ယထာအာပါဒိတေန၊ အကြင်အကြင် ရောက်စေအပ်ပြီးသော။
ပသင်္ဂေန၊ ကပ်ငြိဖွယ်သည်။
နဘဝိတဗ္ဗံ၊ မဖြစ်ထိုက်။
ဣတိ၊ ကြောင့်။
ဧတ္ထ၊ ဤ ဒုတိယ အနုယောဂ၌။
အဓိပ္ပါယော၊ သကဝါဒီ၏အလိုကို။
မဂ္ဂိတဗ္ဗော၊ ရှာမှီးထိုက်၏။၁။ ယထာ စ ။ ပေ။ နာပဇ္ဇတိ။ ။ထိုသို့ ဧကတ္တအဖြစ်ကို လက်မခံလျှင် ပသင်္ဂဖြစ်စရာမရှိ”ဟု ပြလို၍ “ယထာ စ။ ပေ ။န ဘဝိတဗ္ဗံ”ဟု မိန့်သည်။ထိုစကားရပ်၌ “ယထာ စ ။ ပေ ။ ပသင်္ဂါ နာပဇ္ဇတိ”သည် ပသင်္ဂ မရှိနိုင်ပုံကို ထင်ရှားအောင် ပြသော ဥပမာန ဝါကျတည်း။ “ရူပံ ဥပလဗ္ဘတိ” ၌ “ရူပံ”သည် ခွဲစိတ် ဝေဖန်စရာမရှိသော ဝိဘဇိတဗ္ဗသဒ္ဓါတည်း။ ထို ခွဲခြားအပ်သော အထူးကို ဆိုသော ပုဂ္ဂိုလ်၏ အပေါ်၌ “ရူပံ ကိဉ္စိ ဥပလဗ္ဘတိ-ရုပ်ကို တချို့ကိုရအပ်၏။ ကိဉ္စိ န ဥပလဗ္ဘတိ-အချို့ ကို မရအပ်” ဤသို့ ရအပ် မရအပ် ၂-မျိုး၌ ကပ်ငြိဖွယ် (စကားကပ်ဖွယ်) မရှိသကဲ့သို့။
၂။ ဧဝံ ဧတဿာပိ ။ ပေ ။ န ဘဝိတဗ္ဗံ။ ။ဤအတူ “ ဥပလဗ္ဘတိ ” သဒ္ဒါ“ပုဂ္ဂလ” သဒ္ဒါတို့၏ အနက်အရ မတူသော အထူးကို ဆိုသော ပရဝါဒိ ၏ အပေါ် ၌လည်း ယထာ အာပါဒိတ ပသင်္ဂ မဖြစ်ထိုက်ပါ။ [“ယထာ အာပါဒိတ ပသင်္ဂ” ဟူသည် အဋ္ဌကထာ၌ “ပုဂ္ဂလော ဥပလဗ္ဘတိ ပဒဒွယဿ အတ္ထတော ဧကတ္တေ ။ ပေ ။ န ဥပလဗ္ဘတီတိ အာပဇ္ဇတိ” ဟု အာပဇ္ဇတိ ကြိယာဖြင့် ပြအပ်သော အနက်တည်း။ထို့ကြောင့် “ပသင်္ဂ”အရ ကပ်ငြိလာသော အနက်ကိုယူပါ။ [အာပဇ္ဇတိ ကြိယာကို ထောက်၍ “ယထာ အာပါဒိတေန”ဟု သုံးစွဲသည်။]
ဆိုလိုရင်းကား- ဥပလဗ္ဘတိနှင့် ပုဂ္ဂလသဒ္ဒါ ၂-ပုဒ်သည် အနက်အားဖြင့်တူလျှင် (အနက်တူနေသောကြောင့်) “ဥပလဗ္ဘတိ”ဟု ခွင့်ပြုအပ်သော တရားသည် ပုဂ္ဂလမှ တမျိုးတခြားမဟုတ်တော့။ ထိုသို့ မဟုတ်သော်လည်း (အသင်၏ အလိုအားဖြင့်) ဥပလဗ္ဘတိ ဖြစ်သော အချို့တရားသည် ပုဂ္ဂလ, အချို့တရားသည် ပုဂ္ဂလ မဟုတ်သည်ဖြစ်အံ့ (ဤသို့ဖြစ်လျှင်) သင်၏ ပုဂ္ဂလ သည်လည်း အချို့ ရအပ်၍ အချို့ မရအပ် ဟူသော အနက်သည် ဖြစ်တော့၏။ ဤသို့ အနက်တမျိုး ကပ်ငြိလာပုံကို အဋ္ဌကထာ၌ ပြထား၏။ ဋီကာဆရာကား “ဥပလဗ္ဘတိနှင့် ပုဂ္ဂလကို အနက် အရ တူပုံကို ပရဝါဒီက ဝန်မခံသောကြောင့် အဋ္ဌကထာ၏“အာပဇ္ဇတိ”ဟု တင်အပ်သော အနက်သည် မရောက်ပါ-ဟု အဋ္ဌကထာဆရာ၏ စကားကို ပယ်ရှားသည်။
၃။ ဣတိ ။ ပေ ။ အဓိပ္ပါယော။ ။ ထိုသို့ ဥပလဗ္ဘတိနှင့် ပုဂ္ဂလ သဒ္ဒါတို့၏ အနက်အရတူခြင်းကို ဝန်မခံသော ပရဝါဒီအပေါ်၌ အပြစ်ရောက်စရာမရှိပါပဲလျက် ““အာဇာနာတိ နိဂ္ဂဟံ”ဟု အပြစ်တင်သော သကဝါဒီ၏ အလိုကို ရှားမှီးထိုက်သည် ဟု ဋီကာဆရာ ဆိုသည်။ [ဧတ္ထာတိ ဒုတိယအနုယောဂေ၊ အဓိပ္ပါယောတိ သကဝါဒိနော အဓိပ္ပါယော။ မဓု။]
၆၀။ သုညတော လောကံ အဝေက္ခဿူတိ ဧတေန၊ ဟူသော ဤပါဌ် ဖြင့်။
အတ္ထတော၊ လိုရင်း အနက်အားဖြင့်။
ပုဂ္ဂလော၊ သည်။
နတ္ထိ၊ မရှိ။
ဣတိ၊ သို့။
ဝုတ္တံ၊ ဟောတော်မူအပ်သည်။
ဝါ၊ ဟောတော်မူရာ ရောက်သည်။
ဟောတိ၊ ၏။
ဣတိ၊ ထို့ကြောင့်။
**နတ္တီတိပိ ဝုတ္တန္တိ**၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊ ပြီ။
ဝစနသောဓနဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။