Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthupakaraṇa-mūlaṭīkā
Kathāvatthupakaraṇa-mūlaṭīkā

5. Suddhikasaṃsandanavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၇-၂၇။ **ရူပါဒီဟိ သဒ္ဓိံ သစ္စိကဋ္ဌ သံသန္ဒနန္တိ** (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ သစ္စိကဋ္ဌဿ၊ သစ္စိကဋ္ဌ ဖြစ်သော။ ပုဂ္ဂလဿ၊ ကို။ ရူပါဒီဟိ၊ ရုပ်အစရှိသည်တို့နှင့်။ သဒ္ဓိံ၊ တကွ။ သံသန္ဒနံ၊ နှီးနှောခြင်းသည်။ (ဟောတိ၊ ဖြစ်၏။ ဝါ၊ ဖြစ်တော့လတ္တံ့။) ဝါ၊ တနည်း။ သစ္စိကဋ္ဌေ၊ သစ္စိကဋ္ဌကြောင့်။ ဝါ၊ သစ္စိကဋ္ဌအရာ၌။ ရူပါဒီဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တကွ။ ပုဂ္ဂလဿ၊ ကို။ သံသန္ဒနံ၊ နှီးနှောခြင်းသည်။ (ဟောတိ၊ ဖြစ်၏။ ဝါ၊ ဖြစ်တော့လတ္တံ့။) ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာ ဆရာ၏ အလိုတည်း။ [သဒ္ဓိံပုဒ်ကို သစ္စိကဋ္ဌ ပုဒ်ကျော်၍ သံသန္ဒနံ ပုဒ်၌ စပ်ပါ၊ ဟူလို။]
**ပုဂ္ဂလော ရူပဉ္စာ**တိ၊ ပုဂ္ဂလော ဥပလဗ္ဘတိ ဟူသောဝါကျ, ရူပဉ္စ ဥပလဗ္ဘတိ ဟူသော ဝါကျ၌။ စ-ကာရဿ၊ စ-အက္ခရာ၏။ သမုစ္စယတ္ထတ္တာ၊ သမုစ္စည်း အနက်ရှိသည်၏ အဖြစ်ကြောင့်။ **ယထာ ရူပန္တိ**၊ ဟူ၍။ ဧဝံ၊ သို့။ နိဒဿနဝသေန၊ ညွှန်ပြကြောင်း ဥပမာန၏ အစွမ်းဖြင့်။ ဝုတ္တေ၊ ဆိုအပ်သော။ အတ္ထော၊ အနက်ကို။ ဝိစာရေတဗ္ဗော၊ စိစစ်ထိုက်၏။၁။ ဝုတ္တနယေနေဝ။ ။ထိုပါဠိတော်ကို ဖွင့်ရာ၌ “သဗ္ဗတ္ထာတိ သရီရံ သန္ဓာယ အနုယောဂေါ သကဝါဒိဿ, ရူပသ္မိံ ။ပေ။ ပဋိက္ခေပေါ ပရဝါဒိဿ”ဟု ဖွင့်ခဲ့၏။ ထို အဖွင့်၌ ဆိုအပ်ပြီးသော နည်းဖြင့်ပင် အနက်အဓိပ္ပါယ်ကို သိပါ-ဟု ဆိုလိုသည်။ ၂။ ပုဂ္ဂလော ရူပဉ္စာတိ။ ။ပါဠိတော်၌ “ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ-ဟု ၂-ဝါကျရှိ၏။ ထိုတွင် ရှေ့ဝါကျမှ “ပုဂ္ဂလော”ကို၎င်း, နောက်ဝါကျမှ “ရူပဉ္စ”ကို၎င်း “ပုဂ္ဂလော ရူပဉ္စာတိ”ဟု ပေါင်း၍ ဆိုထားသည်။ ၃။ ဝိစာရတဗ္ဗော။ ။ ဋီကာဆရာ၏ အလိုအားဖြင့် –"သမုစ္စည်းအနက်ရသော နေရာ၌ အနက် ၂-မျိုးလုံး တုလျဗလ-အားတူ အင်တူ ဖြစ်၏။ ဥပမာနဥပမေယျ ဟု ခွဲရာ၌ကား ဝဒန္တပုဂ္ဂိုလ်အလိုအတိုင်း ဥပမာန ဖြစ်စေ ဥပမေယျဖြစ်စ တစ်ခုသောအနက်သည် အပဓာန ဖြစ်ရ၏။ ထို့ကြောင့် ရူပံကို ဥပမာန အပဓာန အဖြစ်ဖြင့် ထား၍ ဖွင့်ခြင်းကို စိစစ်ထိုက်သည် ဟု ဆိုသည်။ သို့သော် အဋ္ဌကထာဆရာ သည် ပဓာန အပဓာနအဖြစ်ကို လိုရင်းမထားပဲ ပုဂ္ဂလကထာသာ ဖြစ်သောကြောင့် ပုဂ္ဂလကို ဥပမေယျ၊ ရူပ ကို ဥပမာန အဖြစ်ဖြင့် ဆိုသည်။
ပုဂ္ဂလော၊ ကို။ ရူပါဒီဟိ၊ ရုပ်အစရှိသည်တို့မှ။ အညော၊ တမျိုးတခြား ဟူ၍၎င်း။ အညာစ၊ တမျိုးတခြားမဟုတ်ဟူ၍၎င်း။ န ဝတ္တဗ္ဗော၊ မဆိုထိုက်။ ဣတိ လဒ္ဓိ၊ ဤသို့သော အယူသည်။ **သမယော**၊ သမယတည်း။
ဇီဝံ၊ ဇီဝသည်။ အညံ၊ သရီရမှ တမျိုးတခြားလော။ သရီရံ၊ သရီရသည်။ အညံ၊ ဇီဝမှ တမျိုးတခြားလော။ ဣတိ ဧတံ၊ ဤပြဿနာကို။ ဘဂဝတာ၊ သည်။ အဗျာကတံ၊ ဖြေတော်မမူအပ်။ ဣတိ အာဒိကံ၊ ဤသို့ အစရှိသော ပါဠိရပ်သည်။ **သုတ္တံ**၊ သုတ္တတည်း။
အနုညာယမာနေ၊ အာမန္တာဟု ခွင့်ပြုအပ်သော်။ တဒုဘယ ဝိရောဓော၊ ထို ၂-ပါးစုံသော သမယ သုတ္တတို့နှင့် ဆန့်ကျင်ခြင်းသည်။ အာပဇ္ဇတိ၊ ဖြစ်၏။ ဣတိ ဣမံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ သန္ဓာယ၊ ၍။ **သမယသုတ္တံ ဝိရောဓံ ဒိသွာ**တိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊ ပြီ။
**ဓမ္မတော**တိ၊ ကား။ ပါဠိတော၊ ပါဠိတော်အားဖြင့်။ [“သတ္တပညာသ အနုလောမ ပဉ္စကာနိ ဒဿိတာနိ-”၌ စပ်။]
ပဋိကမ္မစတုက္ကာဒီနိ သံခိတ္တာနိ။ ပေ။ ဒဿိတာနီတိ၊ ဟူ၍။
ဝဒန္တေဟိ၊ ဆိုကုန်သော အဋ္ဌကထာ ဆရာတို့သည်။ **ပုဂ္ဂလော နုပလဗ္ဘတိ ။ ပေ ။ အာဇာနာဟိ ပဋိကမ္မန္တိ** ဧတ္ထ၊ ဟူသောဤပါဌ်၌။ **အာဇာနာဟိ နိဂ္ဂဟန္တိ**၊ ဟူသော။ ပါဌော၊ သည်။ ဝါ၊ ကို။ ဒိဋ္ဌော၊ တွေ့မြင်အပ်သည်။ ဘဝိဿတိ၊ လတ္တံ့။ [အဋ္ဌကထာအလို အနုလောမ ပစ္စနီက၌၎င်း, ပစ္စနီကာနုလောမ၌၎င်း,“အာဇာနာဟိ နိဂ္ဂဟံ”ဟု ရှိရမည်။ ဋီကာဆရာ အလို ပစ္စနီကာနုလောမ၌ “အာဇာနာဟိ ပဋိကမ္မံ”ဟု ရှိရမည်။ ထို ပဋိကမ္မလည်း စတုက္ကမဟုတ်၊ ပဋိကမ္မပဉ္စကဟု ဩပမ္မသံသန္ဓန အခန်း၌ ပြလိမ့်မည်။ ယခု စာအုပ်တို့၌လည်း အနုလောမပစ္စနီကနယဝယ် “အာဇာနာဟိ နိဂ္ဂဟံ”ဟု ရှိ၍ ပစ္စနီကာနုလောမ နယဝယ်“အာဇာနာဟိ ပဋိကမ္မံ”ဟု ဋီကာအဆိုအတိုင်းပင် ရှိသည်။]
**အညတ္တံ ပဋိဇာနာပနတ္ထန္တိ**၊ ဟူသောပုဒ်၏။ (အတ္ထော-၌ စပ်။) မယာ၊ သည်။ အညတ္တံ၊ တမျိုးတခြား၏ အဖြစ်ကို။ ဝတ္ထဗ္ဗံ ယထာ၊ ဆိုထိုက်သကဲ့သို့။ တထာ စ၊ ထို့အတူပင်။ တယာပိ၊ အသင် သကဝါဒီသည်လည်း။ တံ၊ ထို ပုဂ္ဂလနှင့် ရူပ၏ တမျိုးတခြား၏ အဖြစ်ကို။ ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။ ဣတိ၊ ဤသို့။ အညတ္တ ပဋိညာယ၊ တမျိုးတခြား၏အဖြစ်ကို ဝန်ခံဖို့ရာ။ စောဒနတ္ထံ၊ စောဒနာခြင်းအကျိုးငှါ။ (အနုယောဂေါ-၌ စပ်။) ဣတိ အတ္ထော၊ နက်။
**သမ္မုတိပရမတ္ထာနံ ဧကတ္တ နာနတ္တပဉှဿ ဌပနီယတ္တာ**တိ၊ ဟူသောပုဒ်၏။ အဗျာကတတ္တာ၊ မဖြေဆိုထိုက်သည်၏အဖြစ်ကြောင့်။ (တနည်း) အဗျာကတတ္တာ၊ မြတ်စွာဘုရားသည်ဖြေတော်မမူအပ်သည်၏ အဖြစ်ကြောင့်။ (ပဋိက္ခေပေါ သကဝါဒိဿ-၌ စပ်)။ ဣတိ အတ္ထော၊ နက်။
ဌပနီယတ္တာ၊ မဖြေပဲထားထိုက်သည်၏ အဖြစ်ကြောင့်။ ယဒိပဋိက္ခိပိ တံဗ္ဗံ၊ အကယ်၍ “န ဟေဝံ ဝတ္ထဗ္ဗေ”ဟု ပယ်ထိုက်သည်ဖြစ်အံ့။ [ဤစကားအရ ဌပနီယနှင့် ပဋိက္ခေပသည် သဘောတူ၏။] (ဧဝံသတိ၊ သော်။) ပရေနပိ၊ တပါးသော ပရဝါဒီပုဂ္ဂိုလ်သည်လည်း။ ဌပနီယတ္တာ၊ မဖြေပဲ တန့်ထားထိုက် သည်၏အဖြစ်ကြောင့်။ လဒ္ဓိမေဝ၊ မိမိအယူကိုပင်။ နိဿာယ၊ မှီ၍။ ပဋိက္ခေပေါ၊ ပယ်မြစ်ခြင်းကို။ ကတော၊ ပြုအပ်ပြီ။ ဣတိ၊ ထို့ကြောင့်။ သောပိ၊ ထို ပရဝါဒီ သည်လည်း။ ဝါ၊ ကိုလည်း။ န နိဂ္ဂဟေတဗ္ဗော၊ မနှိပ်ထိုက်သည်။ သိယာ၊ ဖြစ်ရာ၏။၁။ ယထာ မယာ။ ပေ။ ဝတ္တဗ္ဗန္တိ။ သတဝါဒီက ပရဝါဒီကို နိဂ္ဂဟပြုရာ၌ “တေန ဝတ ရေ ဝတ္တဗ္ဗေ-အညံ ရူပံ အညော ပုဂ္ဂလောတိ”ဟု ဆို၏။ ထိုစကားကို ရည်ရွယ်၍ “ယထာ မယာ အသတ္တံ ဝတ္တဗ္ဗံ”ဟု ဆိုသည်။ အကျွန်ုပ်သည် “ရူပနှင့် ပုဂ္ဂလတို့ တခြားစီအဖြစ်ကို ဆိုထိုက်သကဲ့သို့ အသင် သကဝါဒီလည်း ထို တခြားစီအဖြစ်ကို ဆိုထိုက်ပါသည်-ဟူလို။ ၂။ဌပနီယတ္တာတိ အဗျာကတတ္တာ။ ။"ဌပနီယတ္တာ”ဟူသော အဋ္ဌကထာပါဌ်ကို “အဗျာကတတ္တာ”ဟု ဖွင့်၏။ “မဖြေပဲထားထိုက်သည်ကို “ဌပနီယ”ဟု ဆိုသည်- ဟူလို။ ဌပနီယ၌ အနီယပစ္စည်းကို အဗျာကတ၌ တ-ပစ္စည်းဖြင့် ဖွင့်ခြင်းသည် သင့်ပါမည်လော”ဟု စောဒနာဘွယ် ရှိသောကြောင့်´ တ-ပစ္စည်းသည် ဤနေရာ၌ အရဟ အနက်ရှိသော အနီယပစ္စည်း အနက်ကိုပင် ဟောသည် - ဟု သိစေလို၍ “အဗျာကရဏီယတ္တာ”ဟု၎င်း, ဘုရားရှင်သည် ဖြေတော်မူအပ်ပြီး မဟုတ်သည်ကို ရည်ရွယ်၍ “ဘဂဝတာဝါနဗျာကတတ္တာ"ဟု အနဋီကာ၌ ၂-နည်း ဖွင့်သည်။ တ-ပစ္စည်းနှင့် ကိစ္စ ပစ္စည်းတို့သည် အနက်အရ၌ အလွန် ကွာခြားပုံကို ဤ အဖွင့်ဖြင့်သိပါ။] ၃။ယဒိ ဌပနီယတ္တာ ။ ပေ။ သိယာ။ ။ပရဝါဒီက သကဝါဒီကို “အညံ ရူပံအညော ပုဂ္ဂလော"ဟု မေးရာ၌ မဖြေပဲ ထားလိုက်သောကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်ထိုက်လျှင် (မဖြေပဲ ထားခြင်းနှင့် ပယ်ခြင်းသည် သဘောတူဖြစ်လျှင်) သကဝါဒီက ပရဝါဒီကို မေးရာ အနုလောမပဉ္စက၌ ပရဝါဒီသည် သူ့အယူကိုမှီ၍ “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်ခဲ့၏။ ထိုသို့ ပယ်သောကြောင့် “အာဇာနာဟိ နိဂ္ဂဟံ" စသည်ဖြင့် ပရဝါဒီကိုနှိပ်၏၊ သူ့ အယူအတိုင်း ပယ်ခြင်းဖြစ်သောကြောင့် မနှိပ်ထိုက်ရာ ရောက်နေသည်-ဟူလို။
ပန၊ ထိုသို့ပင် မနှိပ်ထိုက်ပါသော်လည်း။ ပရော၊ တပါးသော ပရဝါဒီကို။ (နိဂ္ဂဟေတဗ္ဗော-၌ စပ်။) ဝါ၊ တပါးသော ပရဝါဒီသည်။ (ပုစ္ဆတိ၊ ၌စပ်။) ကဉ္စိ၊ စိုးစဉ်းအနည်းငယ်သော။ သဘာဝံ၊ သဘောကို။ ပုဂ္ဂလောတိ၊ ပုဂ္ဂိုလ်ဟူ၍။ ဂဟေတွာ၊ ယူပြီး၍။ တဿ၊ ထို ဧကတ္တ နာနတ္တ ပြဿနာ၏။ ဌပနီယတ္တံ၊ မဖြေပဲ ထားထိုက်သည်၏ အဖြစ်ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ စ၊ ဆက်။ သဘာဝေ၊ ပုဂ္ဂလ၏ ပရမတ္ထ သဘာဝ တစ်မျိုးသည်။ သတိ၊ ဖြစ်လသော်။ ဌပနီယတာ၊ မဖြေပဲ ထားထိုက်သည်၏ အဖြစ်သည်။ နယုတ္တာ၊ မသင့်။ [အာမန္တာဟု ဝန်ခံသင့်သည်- ဟူလို။] ဣတိ၊ ထို့ကြောင့်။ နိဂ္ဂဟေတဗ္ဗော၊ နှိပ်ထိုက်၏။
[ဤသို့ဆိုလျှင် “သကဝါဒီလည်း နှိပ်ထိုက်သည်မဟုတ်လော”ဟု မေးဖွယ်ရှိသောကြောင့် “သမ္မုတိ ပန” စသည်ကို မိန့်။] ပန၊ အဖို့တပါးကား။ သမ္မုတိ၊ ပုဂ္ဂိုလ်ဟူသော သမ္မုတိသည်။ ကောစိ၊ တစုံတခုသော။ သဘာဝေါ၊ ပရမတ္ထ သဘာဝသည်။ နတ္ထိ၊
တေနေဝ၊ ထို့ကြောင့်ပင်။ [တစုံတခုသော သဘာဝ ဖြစ်သော သမ္မုတိ၏ မရှိခြင်းကြောင့်ပင်။] အဿ ဧကတ္တနာနတ္တ ပဉှဿ၊ ထို ဧကတ္တ နာနတ္တ ပြဿနာ၏။ ဌပနီယတံ၊ မဖြေပဲထားထိုက်သည်၏ အဖြစ်ကို။ ဝဒန္တော၊ ဆိုသော သကဝါဒီကို။ န နိဂ္ဂဟေတဗ္ဗော၊ မနှိပ်ထိုက်။ ဣတိ၊ ထို့ကြောင့်။ သကဝါဒိနာ၊ သည်။ ပဋိက္ခေပေါ၊ “န ဟေဝံ ဝတ္တဗ္ဗေ” ဟု ပယ်ခြင်းကို။ ကတော၊ ပြုအပ်ပြီ။ ဣတိ၊ ထို့ကြောင့်။ ဧတ္ထ၊ ဤသုဒ္ဓိက သံသန္ဒန၌။ အယံ အဓိပ္ပါယော၊ ဤအဓိပ္ပါယ်သည်။ ယုတ္တော၊ သင့်၏။
သုဒ္ဓိကသံသဒ္ဒနဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။၁။ ပရောပန ။ ပေ ။ နိဂ္ဂဟေတဗ္ဗော။ ။ပရဝါဒီသည် ပုဂ္ဂလဟူသည်ကိုတစုံတခုသော သဘာဝဓမ္မဟု အယူရှိ၏။ ထို့ကြောင့် “အညံ ရူပံ အညော ပုဂ္ဂလော" ဟု မေးရာ၌ ဌပနီယအဖြစ်ကို အလိုရှိ၏။ ထိုသို့ အလိုရှိသောကြောင့် ပုဂ္ဂလသည် ရူပ စသည်ကဲ့သို့ သဘာဝတမျိုးဖြစ်လျှင် မဖြေပဲ ထားထိုက်သော ပြဿနာ မဟုတ်။ ထို့ကြောင့် မဖြေပဲ ထားရာ ရောက်အောင် “န ဟေဝံ ဝတ္ထဗ္ဗေ”ဟု ပယ်ခြင်းသည် မသင့်ရကား နှိပ်ထိုက်သည်- ဟူလို။ ၂။ သမ္မုတိ ပန ။ပေ။ ကတော။ ။ သမ္မုတိပညတ်ဖြစ်သော ပုဂ္ဂိုလ်ဟူသည် တစုံတခုသော သဘာဝ မဟုတ်။ထို့ကြောင့် သဘာဝ မဟုတ်သော ထို သမ္မုတိပုဂ္ဂလ၏ ရူပ စသည်နှင့် ဧကတ္တ နာနာတ္တအဖြစ်ကို မေးခြင်းသည် မဖြေပဲထားထိုက်သော ဌပနီယ ဖြစ်၏။ ဤသို့ ဌပနီယအဖြစ်ကို ဆိုသင့်၍ ဆိုသော သကဝါဒီကို ပရဝါဒီသည် မနှိပ်ထိုက်။ ထို့ကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ”ဟု သကဝါဒီ ပယ်သည်။ [ရှေးနိဿယ၌ “ဝဒန္တော နိဂ္ဂဟေတဗ္ဗော”ဟု တွေ့ရ၏။ ထိုပါဌ်ကို “ဧဝံ သတိ သကဝါဒီပိ နိဂ္ဂဟေ တဗ္ဗော သိယာတိ အာဟ-သမ္မုတိ ပနာတိအာဒိ”ဟူသော မဓုကျမ်းတက်ပုံနှင့်၎င်း, အနက်သဘောအားဖြင့်၎င်းစဉ်းစားပါ။]