၁၁။ **သဗ္ဗတ္ထာ**တိ၊ ဟူသောပုဒ်၏။
သဗ္ဗသ္မိံ သရီရေတိ၊ ဟူ၍။
အယံ အတ္ထော၊ ဤအနက်ကို။
(ဂဟေတဗ္ဗော၊ ယူထိုက်၏။)
ဣတိ၊ ဤ အနက်အဓိပ္ပါယ်ကို။
ဒဿန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။
**သရီရံ သန္ဓာယာ**တိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊ ဆိုပြီ။
**တတ္ထာ**တိ၊ ကား ။
တသ္မိံ သံခိတ္တပါဌေ၊ ထိုချုံးအပ်သောပါဌ်၌။
(“အာပဇ္ဇတိ”၌ စပ်။)
**ယသ္မာ သရီရံ။ပေ။သကဝါဒိဿာ**တိ ဧတေန၊ ဟူသော ဤ စကားဖြင့်။
ကေနစိ၊ တစုံတခုသော။
သဘာ ဝေန၊ သဘောအားဖြင့်။
ပုဂ္ဂလော၊ ကို။
န ဥပလဗ္ဘတိ၊ မရအပ်။
ဣတိ အယံ အတ္ထော၊ ဤ အနက်သည်။
ဝါ၊ ကို။
ဝုတ္တော၊ ဆိုအပ်သည်။
ဝါ၊ ဆိုရာ ရောက်သည်။
ဟောတိ၊ ဟိ၊ မှန်။
[ (တနည်း)ကသ္မာ၊ ကြောင့်။
ဧတေန၊ ဤ စကားဖြင့်။
ကေနစိ၊ သော။
သဘာဝေန၊ အားဖြင့်။
ပုဂ္ဂလော၊ ကို။
န ဥပလဗ္ဘတိ၊ မရအပ်။
ဣတိ အယံအတ္ထော ဝုတ္တော၊ သည်။
ဟောတိ၊ ၏။
ဣတိ၊ သို့။
ဝိညာယတိ၊ နည်း။
ဟိ (ယသ္မာ)၊ ကြောင့်။]
ကေနစိ သဘာဝေန၊ တစုံတခုသော သဘောအားဖြင့်။
ဥပလဗ္ဘမာနဿ၊ ရအပ်သော ပုဂ္ဂိုလ်၏။
သရီရတဒညဝိမုတ္တော၊ ကိုယ်ဟူသော ဩကာသ, ထို ကိုယ်မှတပါး ဗဟိဒ္ဓ ဟူသော ဩကာသမှ လွတ်သော။
ဥပလဒ္ဓိဩကာသော၊ ပညာဖြင့် ကပ်၍ ရှုမှတ်သည်ရှိသော် ပုဂ္ဂိုလ်ကို ရခြင်း၏ တည်ရာသည်။
န အတ္ထိ၊ မရှိတော့။
ဣတိ၊ ထို့ကြောင့်။
ဧတေန၊ ဤစကားဖြင့်။
[ဒေသနှင့် စပ်၍ တစုံတခုသော ကိုယ်တွင်းကိုယ်ပ၌ ပယ်ခြင်းကိုဆိုကြောင်းဖြစ်သောစကားဖြင့်၊ ကေနစိ သဘာဝေန ။ ပေ ။ ဝုတ္တော ဟောတိ။ ဣတိ ဝိညာယတိ။]၁။ ဧတေန ။ ပေ ။ ဝုတ္တော ဟောတိ။ ။"ယသ္မာ သရီရံ သန္ဓာယ ။ ပေ ။ သကဝါဒိဿာတိ” သည် အဋ္ဌကထာစကားတည်း၊ ထိုစကားအရ "သဗ္ဗတ္ထ န ဥပလဗ္ဘတိ-အလုံးစုံသော ကိုယ်၌ ပုဂ္ဂလကို မရအပ်သလော”ဟု မေးရာဝယ် “အာမန္တာ”ဟု ဖြေလျှင် “အလုံးစုံသော ကိုယ်၌ ပုဂ္ဂလကို မရအပ်၊ ကိုယ်မှ အပြင်ပ ဖြစ်သော ဗဟိဒ္ဓ၌ ရအပ်၏”ဟု ခွင့်ပြုရာရောက်၏၊ ထို့ကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ” ဟု သကဝါဒီက ပယ်သည်၊ ထိုသို့ ပယ်ခြင်းကို ကောက်ချက်ချလျှင် “ကိုယ်တွင်း ကိုယ်ပ ၂-ဌာန၌ မည်သည့်သဘောအားဖြင့်မျှ ပုဂ္ဂိုလ်ကို မရအပ်’ဟု ဆိုလိုရာ ရောက်သည်။
၂။ န ဟိ ။ ပေ။ အတ္တီတိ။ ။ဒဠီကာရဏ ၂-နည်း အနက်ပေးထားသည်၊“ ဘာကြောင့် မည်သည့် သဘောအားဖြင့်မျှ ပုဂ္ဂလကို မရအပ်” ဟု ဆိုလိုရာ ရောက်ကြောင်း သိနိုင်သနည်းဟူမူ... ပုဂ္ဂလကို ရဖို့ရာ အရပ်သည် ကိုယ်သော်လည်း ဖြစ်စရာရှိ၏၊ ကိုယ်မှ ပြင်ပ ဗဟိဒ္ဓသော်လည်း ဖြစ်စရာရှိ၏၊ ထို ၂-မျိုးမှ တပါးပုဂ္ဂလကို ရဖို့ရာ အရပ်မရှိတော့။ န ထို့ကြောင့် “ ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်ခြင်းသည် မည်သည့်သဘောအားဖြင့်မျှ ပုဂ္ဂိုလ်ကို မရအပ်-ဟု ဆိုလိုရာရောက်ကြောင်း သိနိုင် ပါသည်-ဟူလို။