စ၊ ဆက်။ ဒွေပိ၊ ၂-ပါးလည်း ဖြစ်ကုန်သော။ သစ္စာနိ၊ သမ္မုတိသစ္စာ, ပရမတ္ထသစ္စာတို့သည်။ သစ္စိကဋ္ဌပရမတ္ထာ၊ သစ္စိကဋ္ဌပရမတ္ထတို့သည်။ ယဒိ (ဟောန္တိ)၊ ကုန်အံ့။ (ဧဝံ သတိ)သစ္စိကဋ္ဌေကဒေသေန၊ သမ္မုတိသစ္စာဟူသော သစ္စိကဋ္ဌတစိတ်အားဖြင့်။ ဥပလဒ္ဓိံ၊ ပညာဖြင့် ကပ်၍ ရှုမှတ်သည်ရှိသော် ပုဂ္ဂိုလ်ကို ရနိုင်ခြင်းကို။ ဣစ္ဆန္တေန၊ အလိုရှိသော သကဝါဒီပုဂ္ဂိုလ်သည်။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိအာဒိ၊ အစရှိသော။ အနုယောဂေါ၊ မေးစိစစ်ခြင်းကို။ န ကာတဗ္ဗော၊ မပြုထိုက်။
သစ္စိကဋ္ဌေကဒေသေန၊ ရုပ္ပန အခြင်းအရာ စသော သစ္စိကဋ္ဌတစိတ်ဖြင့်။ အနုယောဂေါ စ၊ မေးစိစစ်ခြင်းသည်လည်း။ န ယုတ္တော၊ မသင့်။၁။ ယဒိ ဥဘယံ ။ ပေ ။ သိယာ။ ။မိမိနှင့် သကဝါဒီ ၂-ယောက်လုံးပင် သမ္မုတိ ပရမတ္ထသစ္စာ ၂-ပါးလုံးကို “သစ္စိကဋ္ဌ”ဟု အလိုရှိလျှင် ““သမ္မုတိသစ္စ ပရမတ္ထသစ္စာနိ ဝါ ဧကတော ကတွာပိ”ဟု ဝါ-သဒ္ဒါဖြင့် တနည်း မဆိုသင့်တော့ပင်ကိုယ်ကပင် သစ္စာ ၂-ပါးလုံးကို အလိုရှိပြီး ဖြစ်သည်-ဟူလို။ ဤအပြစ်ပြခြင်းများ သည် ပရဝါဒီ၏ ဒုတိယပြဿနာကို သကဝါဒီက “န ဘေဝံ ဝတ္တဗ္ဗေ”ဟု ဖြေဆိုပုံနှင့် စပ်၍ ဖြစ်၏။ ၂။ ယဒိ စ ဒွေပိ ။ ပေ ။ န ကာတဗ္ဗော။ ။သကဝါဒီ၏ ဆိုအပ်ခဲ့ပြီးသော အနုလောမနယနှင့်စပ်၍ အပြစ်ပြလိုသောကြောင့် “ယဒိ စ”စသည်ကို မိန့်။ [ဣစ္ဆန္တေ နာတိ သကဝါဒိနာ။-မဓု၊] ပရမတ္ထသစ္စာ သစ္စုတိသစ္စာ ၂-ပါးလုံးပင် သစ္စိကဋ္ဌ ပရမတ္ထချည်း ဖြစ်အံ့။ (ဤသို့ဖြစ်လျှင်) သမ္မုတိသစ္စာ ဟူသော သစ္စိကဋ္ဌတစိတ်ဖြင့် ပုဂ္ဂိုလ်ကို ရနိုင်ခြင်းကို အလိုရှိသော သကဝါဒီသည် “ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌ " ပရမတ္ထေန” စသော မေးစိစစ်မှုကို (အနုလောမနယတုန်းကပင်) မပြုထိုက်၊ ဘာ့ကြောင့်နည်း-မိမိ၏ အယူတစိတ်နှင့် ပရဝါဒီ၏ အယူသည် တူနေသောကြောင့် တည်း။ ၃။ န စ ။ ပေ ။ ယုတ္တော။ ။[နနု ရုပ္ပနာဒိအာကာရေန အနုယောဂေါ ကာတဗ္ဗောတိ အာဟ န စာတိအာဒိ။-မဓု] ရှေ့ဝါကျ၌ “တစ္စိကဋ္ဌေကဒေသေန”ကို “သမ္မုတိသစ္စေန”ဟု ဖွင့်၍ ဤဝါကျ၌ “ရုပ္ပနာဒိအာကာရေန”ဟု ဖွင့်သည်။ ဤသို့ “အာကာရေန”ဟု ဖွင့်ပုံကို ထောက်၍ အနုလောမနယတုန်းက ဒုတိယပုစ္ဆာကို စိစစ် နေသည်-ဟု မှတ်ပါ။ ဤ၌ “သစ္စိကဋ္ဌတစိတ်” ဟူသည် ပရမတ္ထသစ္စာထဲတွင် တစိတ်ဖြစ်သော ရုပ္ပန စသော အခြင်းအရာတည်း။ ထို့ကြောင့် နောက်၌ “န ဟိ ဝေဒယိတာကာရေန”စသည်ဖြင့် ပရမတ္ထသစ္စာတစိတ်ကို ဖွင့်သည်။