အယမ္ပိ၊ ဤမထေရ်သည်လည်း။ ပုရိမဗုဒ္ဓေသု၊ ၌။ ကတာဓိကာရော၊ ပြုအပ်, ဆည်းပူးအပ်ပြီးသော ကုသိုလ်ကောင်းမှုတည်းဟူသောအဆောက်အဦးရှိသည်။ တတ္ထ တတ္ထ ဘဝေ၊ ၌။ ဝိဝဋ္ဋူပနိဿယာနိ၊ ကုန်သော။ ပုညာနိ၊ တို့ကို။ ဥပစိနန္တော၊ လျက်။ သိဒ္ဓတ္ထဿ၊ သိဒ္ဓတ္ထမည်သော။ ဘဂဝတော၊ ဘုရားရှင်၏။ ကာလေ၊ ၌။ အညတရသ္မိံ ကုလေ၊ အမှတ်မထားတစ်ပါးပါးသော အမျိုး၌(ဝါ) မထင်ရှားသောအမျိုး၌။ နိဗ္ဗတ္တော၊ ဖြစ်သည်။ ဝိညုတံ၊ သို့။ ပတ္တော၊ ရောက်သည်။ ဟုတွာ၊ ဖြစ်၍ (ထည့်) သတ္ထရိ၊ ဘုရားရှင်၌။ ပသီဒိတွာ၊ ကြည်ညို၍။ ဟတ္ထိဒဏ္ဍသုဝဏ္ဏာဒီဟိ
**ဟတ္ထိဒဏ္ဍသုဝဏ္ဏာဒီဟိ**၊ ဤပုဒ်သည် "ဟတ္ထိဒန္တ"ဟူ၍သာ ပါဠိတော်စသည်၌အတွေ့များ၏၊ ဟတ္ထိဒဏ္ဍဟူသော အသုံးအနှုံးကို ထိုထိုအဋ္ဌကထာ ဋီကာတို့၌ မတွေ့ရပေ၊အကယ်၍ ဟတ္ထိဒဏ္ဍ၌ ဒဏ္ဍသည် ဌာန်အပြောင်းအလဲလုပ်ထားသည်ဟု ယူဆပါမူကားသင့်သည်သာ၊ ရှင်းပါအံ့၊ ဒဏ္ဍ၌ ဒမုဓာတ် တပစ္စည်းတည်း၊ သက္ကတ၌ ဒန္တဇဖြစ်သောတအက္ခရာသည် မာဂဓ၌ မုဒ္ဓဇဖြစ်သော ဋအက္ခရာသို့ ပြောင်းတတ်သည်၊ ဥပမာ ဒုက္ကဋံဟူသော ပုဒ်၌ ဒုပုဗ္ဗ ကရဓာတ်, တပစ္စည်းဖြင့် ဒုက္ကတံဟု ပြီးရမည်ဖြစ်သော်လည်းဒန္တဇဖြစ်သော တအက္ခရာသည် မုဒ္ဓဇဖြစ်သော ဋအက္ခရာသို့ ပြောင်းလဲ၍ ဒုက္ကဋံဟုပြီးရသည်၊ ထိုကြောင့် ကစ္စည်းကျမ်း "ဒေါဓဿ စ"သုတ်၌ "ဋော တဿ"ဟုသုတ္တဝိဘာဂပြု၍ လည်းကောင်း၊ မောဂ္ဂလာန်၌ "တထနရာနံ ဋဌဏလာ"ဟု (မောဂ်၊၁၊၂၅။) သုတ်တည်၍ လည်းကောင်း ပြဆိုကာ ဒုက္ကဋံဟုပင် ပုံစံထုတ်ပြထားသည်၊ မ,နဆုံးသော ဓာတ်တို့၏ ဓာတွန်မ, နတို့သည်လည်း နိဂ္ဂဟိတ်အဖြစ်သို့ ပြောင်းလဲတတ်သည်၊ ဥပမာ ခန္တနှင့် ဇင်္ဃာတို့တည်း၊ ခန္တ၌ ခမုဓာတ်+ တပစ္စည်းတည်း၊ ဇင်္ဃာ၌ ဇနဓာတ်+ဃပစ္စည်းတည်း။ ထိုအဆိုတို့ကို ထောက်ဆ၍ ဤဟတ္ထိဒဏ္ဍပုဒ်သည်လည်းမှန်ကန်သည်ဟု ဆိုရမည် ဖြစ်၏၊ ရှင်ဦးအံ့၊ ဒဏ္ဍဍဍ၌ ဒမုဓာတ်+တပစ္စည်းတည်း၊တပစ္စည်းကို "ဋော တဿ"(ကပစ္စည်း), ဂတထနရာနံ ဋဌဏလာ" (မောဂ်) သုတ်ဖြင့်ဋပြု၊ "မနာနံ နိဂ္ဂဟိတံ" (မောဂ်၊ ၅၊ ၉၆။)သုတ်ဖြင့် မကို နိဂ္ဂဟိတ်ပြု၊ "ဝဂ္ဂေ ဝဂ္ဂန္တေ"(မောဂ်၊၁၊၄၁။)သုတ်ဖြင့် နိဂ္ဂဟိတ်ကို ဋဝဂ္ဂန္တ ဏပြုပါက ဒဏ္ဍဟူသော ရုပ်ဖြစ်နိုင်သည်သာတည်း၊ ထိုအဆိုကို နှစ်သက်သဖြင့် အဋ္ဌကထာဆရာသည် ဤကဲ့သို့ "ဟတ္ထိဒဏ္ဍ"ဟူသောအသုံးအနှုံးကို ပြဆိုထားဟန် တူသည်။ ၊ ဆင်စွယ်, ရွှေအစရှိသည်တို့ဖြင့်။ သယနတ္ထာယ၊ ကျိန်းစက်ရန် အကျိုးငှါ။ မဉ္စံ၊ ကုဋင်ညောင်စောင်းကို။ ကာရေတွာ၊ ပြုစေ၍။ အနဂ္ဃေဟိ၊ တန်ဖိုးမဖြတ်နိုင်ကုန်သော။ ဝိစိတ္တတ္ထရဏေဟိ၊ အထူးဆန်းကြယ်သော အခင်းတို့ဖြင့်။ အတ္ထရိတွာ၊ ခင်း၍။ ဘဂဝန္တံ၊ ဘုရားရှင်ကို။ ပူဇေသိ၊ ပူဇော်ပြီ။