သော၊ ထိုသူသည်။
အတ္တနော၊ မိမိ၏။
ပုဗ္ဗကမ္မံ၊ ကို။
သရိတွာ၊ အမှတ်ရ၍။
ပုဗ္ဗစရိတာပဒါနံ၊ ကို။
ဒဿေန္တော၊ ပြလိုလတ်သော။
**ဝေဿဘူ နာမ နာမေနာ**တိ အာဒိံ၊ ကို။
အာဟ၊ ပြီ။
တတ္ထ၊ ထိုဝေဿဘူ နာမ နာမေန စသော စကားရပ်၌။
ဝေဿဘူတိ
``
**ဝေဿဘူ။ ။ဝေဿံ ဘုနာတိ အတိက္ကမတီတိ ဝေဿဘူ၊ ဝေဿ ဘူ+ကွိ၊ သွဦဒိဂဏ၊ ပါပုဏေ, အတိက္ကမနေ ဝါ၊ ရောက်ခြင်း, လွန်မြောက်ခြင်းအနက်၌။ ဘုနာတိ-၌၊ ဥဏာနှ ဏ- ကို နပြုထားသည်ဟု ယူသင့်သည်။ အဋ္ဌကထာဆရာကမူ-ဘူဓာတ်ကို ကိယာဒိ ဂိုဏ်းပါဖြစ်စေလိုဟန်ရှိသည်၊ ဓာတ်ကျမ်းတို့၌မူ ဘူဝါဒိနှင့် သွာဒိဂိုဏ်းဟူ၍ နှစ်မျိုးသာ ပြဆိုထားသည်၊ ဓာတိနက်ကိုလည်း "သတ္ထာယံ- ထင်ရှားဖြစ်ခြင်းအနက်" နှင့် "ပါပုဏေ- ရောက်ခြင်းအနက်" ဟူ၍ နှစ်မျိုးပြဆိုထားသည်၊ အဋ္ဌကထာကမူ "အတိက္ကမနေ- လွန်မြောက်ခြင်း"ဟု ဓာတ်နက်ပြ၍ ဘုနာတိဟု ကိယာဒိဂိုဏ်း အနေအားဖြင့် ပြဆိုထားသည်။
(တစ်နည်း) ဝေဿေ (ဝါဏိဇကမ္မေ, ကာမရာဂါဒိကေ, ကုသလာဒိကမ္မေ, ဝတ္ထုကိလေသကာမေ) ဘုနာတိ အဘိဘဝတီတိ ဝေဿဘူ၊ ဤ၌လည်း ကိယာဒိဂိုဏ်းယူ၍ "အဘိဘဝနေ- လွှမ်းမိုးခြင်းအနက်"ကို ပြဆိုထားပြန်၏။
ဘူဓာတ်၏ ဓာတ်နက်များကို ဂိုဏ်းအားလျော်စွာ ပြပါအံ့၊
ဘူဝါဒိဂိုဏ်းဖြစ်မှု → သတ္ထာပတ္တိဝုဒ္ဈနုဘဝေသု- ထင်ရှားဖြစ်ခြင်း, ရောက်ခြင်း, ကြီးပွားခြင်း, ခံစားခြင်းတို့၌။
စုရာဒိဂိုဏ်းဖြစ်မှု → အနုကမ္ပပကာသလာဘစိန္တာသု- အစဉ်သနားခြင်း, ထင်ရှားပြခြင်း, ရခြင်း, ကြံစည်ခြင်းတို့၌။ မိဿနသုဒ္ဓီသုစ- ရောနှောခြင်း, စင်ကြယ်ခြင်းတို့၌။
သွာဒိဂိုဏ်းဖြစ်မှု → ပါပုဏေ- ရောက်ခြင်းအနက်၌။
ဤအဋ္ဌာကထာအလို ကိယာဒိ သွာဒိ ဂိုဏ်းဖြစ်မူ → အတိက္ကမနာဘိဘဝနေသု- လွန်မြောက်ခြင်း, လွှမ်းမိုးခြင်းတို့၌။
``
၊ ကား။
ဝေဿံ၊ ကုန်သွယ်လယ်လုပ်သော အမျိုးကို။
ဘုနာတိ အတိက္ကမတိ၊ လွန်မြောက်၏။
ဣတိ၊ ထို့ကြောင့်။
ဝေဿဘူ၊ ဝေဿဘူမည်၏။
အထဝါ၊ တစ်နည်းကား။
ဝဿေ ဝါဏိဇကမ္မေ ဝါ၊ ကုန်သွယ် လယ်လုပ်မှုတို့ကိုလည်းကောင်း။
ကာမရာဂါဒိကေ၊ ကာမရာဂအစရှိသည်တို့ကိုလည်းကောင်း။
ကုသလာဒိကမ္မေ ဝါ၊ ကုသိုလ်စသော ကံတို့ကိုလည်းကောင်း။
ဝတ္ထုကာမကိလေသကာမေ ဝါ၊ ဝတ္ထုကာမ, ကိလေသာကာမတို့ကိုလည်းကောင်း။
ဘုနာတိ အဘိဘဝတိ၊ လွှမ်းမိုးနှိပ်စက်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ဝေဿဘူ၊ ဝေဿဘူမည်၏။
သော၊ ထိုဝေဿဘူဟူသည်။
နာမေန၊ အမည်အားဖြင့်။
ဝေဿဘူ နာမ ဘဂဝါ၊ ဝေဿဘူမည်သော ဘုရားရှင်တည်း။
ဣသီနံ
ဣသီနံ။ ကုသလဓမ္မေ ဧသတိ ဂဝေသတီတိ ဣသိ ဣသု+ဣ၊ ဂဝေသနေ- ရှာမှီးခြင်းအနက်၌။
**တတိယော အဟူ**တိ၊ ကား။
ကုသလဓမ္မေ၊ ကုသိုလ်တရားတို့ကို။
ဧသတိ ဂဝေသတိ၊ ရှာမှီးတတ်၏။
ဣတိ၊ ထို့ကြောင့်။
ဣသိ၊ ဣသိမည်၏။
"ဝိပဿီ, သိခီ, ဝေဿဘူ"တိ ဝုတ္တတ္တာ၊ ဝိပဿီ, သိခီ, ဝေဿဘူဟူ၍ ဆိုအပ်သည်၏ အဖြစ်ကြောင့်။
တတိယော၊ သုံးပါးမြောက်သော။
ဣသိ၊ ဘုရားရှင်သည်။
တတိယော၊ သော။
ဘဂဝါ၊ သည်။
အဟု အဟောသိ၊ ဖြစ်ပြီ။
ဣတိ၊ ကား။
အတ္ထော၊ တည်း။
**ကာနနံ ဝနမောဂ္ဂယှာ**တိ၊ ကား။
ကာနနသင်္ခါတံ၊ သားရဲထူထပ်သော တောအုပ်ဟု ဆိုအပ်သော။
ဝနံ၊ တောအုပ်သို့။
ဩဂယှ ဩဂါဟေတွာ၊ သက်ရောက်၍။
ပါဝိသိ၊ ဝင်ပြီ။
ဣတိ၊ ကား။
အတ္ထော၊ တည်း။
**ကရေန စ ပရာမဋ္ဌော**တိ၊ ကား။
မယာ၊ ငါသည်။
တံ ဒိန္နဒါနံ၊ ထိုပေးလှူအပ်သော အလှူကို။
**ဝေဿဘူဝရဗုဒ္ဓိနာ**၊ မြတ်သော သဗ္ဗညုတဉာဏ်ရှိသော ဝေဿဘူဘုရားရှင်သည်။
ဥတ္တမဗုဒ္ဓိနာ၊ မြတ်သော သဗ္ဗညုတဉာဏ်ရှိတော်မူသော။
ဝေဿဘုနာ၊ ဝေဿဘူမည်သော ဘုရားရှင်သည်။
ကရေန၊ လက်ဖြင့်။
ဟတ္ထတလေန၊ လက်အပြင်ဖြင့်။
ပရာမဋ္ဌော
ပရာမဋ္ဌော။ ပရာမသီယတေတိ ပရာမဋ္ဌော၊ ပရာ မသ+တ၊ အာမသနေ- သုံးသပ်ခြင်းအနက်၌။
၊ သုံးသပ်အပ်သည်။
ကတသမ္ဖဿော၊ ပြုအပ်သော အတွေ့အထိရှိသည် (ဝါ) တွေ့ထိမှုကို ပြုအပ်သည်။
အဟောသိ၊ ပြီ။
**သုခါဟံ နာဘိဇာနာမိ၊ သမံ တေန ကုတောတ္တရိ**န္တိ၊ ကား။
တေန သုခေန၊ ထိုချမ်းသာနှင့်။
သမံ၊ တူညီသော။
သုခံ၊ ချမ်းသာကို။
နာဘိဇာနာမိ၊ မသိ။
တတော၊ ထိုချမ်းသာထက်။
ဥတ္တရိံ၊ လွန်ကဲသော။
တတော၊ ထိုချမ်းသာထက်။
အဓိကံ၊ ပိုလွန်သော။
သုခံ၊ ချမ်းသာသည်။
ကုတော (အတ္ထိ)၊ အဘယ်မှာရှိပါတော့အံ့နည်း။
ဣတိ၊ ကား။
အတ္ထော၊ တည်း။
သေသံ၊ ကို။
နယာနုသာရေန၊ ထိုထိုနည်းအား အစဉ်လျှောက်သဖြင့် (ဝါ) ထိုထိုနည်းအားလျော်စွာ။
သုဝိညေယျံ၊ သိအပ်သိထိုက်၏။
ဣတိ၊ ဤကား ဂါထာအဖွင့် အပြီးတည်း။