သီဟဠဒီပကေ၊ သီဟိုဠ်ကျွန်း၌။
အပ္ပိစ္ဆတာဒိဂုဏဝန္တာနံ၊ အလိုနည်းခြင်းအစရှိကုန်သော ဂုဏ်တော်တို့နှင့်ပြည့်စုံကုန်သော။
ထေရဝံသပ္ပဒီပါနံ၊ အရှင်မဟာကဿပစသော မထေရ်မြတ်တို့၏ အနွယ်စဉ် (ဆရာအစဉ်အဆက်)ကို ပညာရောင်ဖြင့်ထွန်းပြောင်စေတတ်ကုန်သော (ဝါ) အရှင်မဟာကဿပစသော မထေရ်တို့မှ ဆင်းသက်လာသော အနွယ်စဉ်ကို ပညာရောင်ဖြင့် ထွန်းလင်းစေတတ်ကုန်သော (ဝါ) အရှင်မဟာကဿပစသော မထေရ်တို့၏ အနွယ်အစဉ်၌ မီးရှူးတန်ဆောင်သဖွယ်ဖြစ်သော[ပကာရေန ဒီပေန္တီတိ ပဒီပါ= အပြားအားဖြင့် ထွန်းပြောင်စေတတ်သော မီးရှူးမျာ။
ပဒီပါ ဝိယာတိ ပဒီပါ၊ မီးရှူးတန်ဆောင်သဖွယ်ဖြစ်ကုန်သော အရှင်အာနန္ဒာစသောမထေရ်များ။
ထေရာနံ ဝံသော ထေရဝံသော၊ မထေရ်တို့၏ အနွယ်အစဉ်။
ထေရဝံသေ ပဒီပါ ထေရဝံသပ္ပဒီပါ၊ မထေရ်တို့၏ အနွယ်အစဉ်၌ မီးရှူးတန်ဆောင် သဖွယ်ဖြစ်ကုန်သော မထေရ်တို့။
(တနည်း) ပဒီပန္တိ ဇောတေန္တီတိ ပဒီပါ၊ ပညာရောင်ဖြင့်ထွန်းပြောင်စေတတ်ကုန်သော မထေရ်မြတ်တို့။
ထေရာနံ ဝံသော ထေရဝံသော၊ မထေရ်တို့၏အနွယ်အစဉ်။
(သို့) ထေရေဟိ အာဂတော ဝံသော ထေရဝံသော၊ မထေရ်တို့မှ ဆင်းသက်လာသော အနွယ်အစဉ်။
ထေရဝံသံ ပဒီပါ ထေရဝံသပ္ပဒီပါ၊ မထေရ်တို့၏အနွယ်အစဉ်ကို (သို့) မထေရ်တို့မှ ဆင်းသက်လာသော အနွယ်အစဉ်ကို ထွန်းပြောင်စေတတ်ကုန်သော အာနန္ဒာစသောမထေရ်များ]။
အာနန္ဒတ္ထေရာဒီနံ၊ အရှင်အာနန္ဒာမထေရ် အစရှိကုန်သော။
သဗ္ဗသတ္တာနံ၊ အလုံးစုံကုန်သော သတ္တဝါတို့၏။
တဏှာမာနဒိဋ္ဌာဒယော၊ တဏှာ မာန ဒိဋ္ဌိအစရှိသည်တို့ကို။
ဆေဒနနိဂ္ဂဟဝိဝေစနာဒျတ္ထံ၊ ဖြတ်တောက်ခြင်း, နှိပ်ကွပ်တားမြစ်ခြင်း, ကင်းဆိတ်ခြင်းစသည်အကျိုးငှာ။
သတ္တဟိ မာသေဟိ၊ ခုနစ်လတို့ဖြင့်။
အတိဝိယ၊ အလွန်လျှင်မြန်စွာသာလျှင်။
အာရာဓနေန၊ ပြီးစီးစေသော။
လဒ္ဓကောသလ္လေန၊ ရအပ်သောကျွမ်းကျင်လိမ္မာမှုရှိသော (ဝါ) ကျွမ်းကျင်လိမ္မာမှုကိုရသော။
ဗောဓိသမ္ဘာရံ၊ ဗောဓိဉာဏ်အဆောက်အဦးကို။
ဂဝေသန္တေန၊ ရှာမှီး၍နေသော။
သတိဓိတိဂတိဝီရိယပရက္ကမန္တေန၊ မမေ့လျော့ခြင်းသတိ, တည်ကြည်မှု သမာဓိ, ထိုးထွင်းသိမြင်မှု ပညာ, ကြိုးစားအားထုတ်မှုဝီရိယတို့ဖြင့် အဆက်မပြတ် ကြိုးစားအားထုတ်သော။
မဟာသမန္တဂုဏသောဘနေန၊ ထက်ဝန်းကျင်မှမြတ်သော ဂုဏ်တို့ဖြင့် တင့်တယ်သော။
တိပိဋကဓရေန၊ ပိဋကတ်သုံးပုံကိုဆောင်သော။
ပဏ္ဍိတေန၊ ပညာရှိမထေရ်မြတ်သည်။
အာဘတံ၊ ဆောင်ယူအပ်သော။
ဣမံ အပဒါနဋ္ဌကထံ၊ ဤအပဒါန်အဋ္ဌကထာကို။
သဗ္ဗော၊ အလုံးစုံသော။
သဒေဝကလောကော၊ နတ်နှင့်တကွဖြစ်သောလောကသည်။
ဇာနာတု၊ ဉာဏ်မြင်ထွင်းဖောက် သိမြင်ခြင်းသို့ ရောက်ပါစေ။
ဣတိ၊ ဤကား အာသီသပြုအပ်စကားရပ်တည်း။
လောကေ၊ လောကသုံးခွင် ဘုံအပြင်၌။
အနေနဓမ္မဒါနေန၊ ကျမ်းစာရေးသား မြတ်တရားကို လှူငြားလေရာ ဤစေတနာကြောင့်။
ပဇာနံ၊ ကမ္ဘာ အလုံး စုရုံးတည်ငြား သတ္တဝါများတို့၏။
လောဘာဒိမလာ၊ လောဘ, ဒေါသ, မောဟ စသား ကိလေသာအညစ်အကြေးတရားတို့သည်လည်းကောင်း။
စက္ခာဒိရောဂါ စ၊ မျက်စိရောဂါ အစဖြာလျက် ကိုးဆယ့်ခြောက်ပါး အနာရောဂါများတို့သည်လည်း ကောင်း။
ဝိဝိဓာ စ၊ ထူးထွေဆန်ပြား အလွန်များကုန်သော။
ဒုက္ခာ စ၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းများတို့သည် လည်းကောင်း။
ဒုက္ခိတာ၊ ဆင်းရဲခြင်းသို့ ရောက်ကုန်သည် [ဒုက္ခံ ဣတာ ဂတာ ပတ္တာ ဒုက္ခိတာ] (ဝါ) ဖြစ်သော ဆင်းရဲခြင်းရှိကုန်သည် [ဒုက္ခံ သဉ္ဇာတံ ဧတေသန္တိ ဒုက္ခိတာ] (ဝါ) ဆင်းရဲခြင်းသည် လွှမ်းမိုးနှိပ်စက်အပ်ကုန်သည်။
[ဒုက္ခေန ဣတော အဘိဘူတော ဧတေသန္တိ ဒုက္ခိတာ]။
ဇာတာ၊ ဖြစ်ကုန်သော။
ကလဟာဒိဘယာ၊ ငြင်းခံခြင်းအစရှိကုန်သော ဘေးရန်တို့သည်လည်းကောင်း။
အနတ္ထ ကရာ၊ သတ္တဝါအများ ကျိုးမဲ့သွားအောင် ဉာဏ်များလုယက် ခိုးဝှက်၍ နိုင်ထက်ကလူ ပြုမူတတ်ကုန်သော။
စောရာဒယော စ၊ အလွန်ဆုံးသွမ်း လူသရမ်းဟု ပရမ်းပတာ နုံချာအောက်ကျ သူခိုးဓားပြစသော ဘေးရန်များတို့သည်လည်းကောင်း။
နဿန္တု၊ ပိန်းကြာဖက်တွင် ရေမတင်သို့လွင့်စင်ပျောက်ပျက်ပါစေကုန်သတည်း။
မေ၊ ဗောဓိဉာဏ်တော် တောင်းတမျှော်ငြား အကျွန်ုပ်အား။
ပါပါ၊ ယုတ်မာ ဆိုးသွမ်း ညစ်ညမ်းကုန်သော။
ပဉ္စ ဝေရာ စ၊ မီး, ရေ ,မင်းများ, သူခိုးအားဖြင့် ဆိုးငြားမွေခံ ငါးမျိုးသောရန်သူတို့သည်လည်း (ဝါ) ပါဏာတိပါတစသော ရန်တို့သည်လည်း။
ဂိမှေ၊ နွေလအခါ၌။
ဝုဋ္ဌိဝါတာ၊ မိုးရေမိုးပေါက်နှင့်တကွသော လေတို့သည်။
နဿန္တု ယထာ၊ ကင်းစင်လွင့်ပျောက် ပျက်စီးခြင်းသို့ရောက်ကုန်သကဲ့သို့။
ဧဝံ၊ ဤအတူ။
နဿန္တု၊ ကင်းစင်လွင့်ပျောက် ပျက်စီးခြင်းသို့ ရောက်ပါစေကုန်သတည်း။
အဋ္ဌင်္ဂိကမဂ္ဂဝရေန၊ အင်္ဂါရှစ်ရပ် မဂ္ဂင်မြတ်ဖြင့်။
နိဗ္ဗာနပုရံ၊ နိဗ္ဗာန်ခေါ်ဆိုမြတ်မြို့တော်သို့။
ပတွာ၊ ကိုယ်တိုင်မဂ်ရောက် ဖိုလ်သို့ပေါက်၍။
ပဋိပါဒယာမိ၊ လူနတ်ထွေထွေ များဝေနေကို မသွေမဖောက် နိဗ္ဗာန်သို့ ရောက်စေလိုပါ၏။
သဗ္ဗဒိဋ္ဌိဉ္စ၊ ခြောက်ဆယ်နှစ်ပါး မိစ္ဆာအယူအမှားကိုလည်းကောင်း။
ရာဂဒေါသာဒိပါပကေ၊ ရာဂ, ဒေါသ, မောဟစသော ယုတ်မာသော အကုသိုလ်တရားတို့ကိုလည်းကောင်း။
မဒ္ဒန္တော၊ ကိုယ်သန္တာန်တွင်း အပြတ်ရှင်း၍ (အမြစ်ကင်းအောင်) နှိပ်နင်းဖျက်ဆီးလျက်။
သံသာရဝဋ္ဋံ၊ ဘဝထပ်ထပ် ဆက်မပြတ်အောင် လည်ပတ်နေငြား သံသရာဝဋ်ဆင်းရဲတရားကို။
ဆိန္ဒိတွာ၊ အရဟတ္တမဂ် ဓားသံလျက်ဖြင့် ခုတ်ဖြတ်၍။
သဂ္ဂမောက္ခကေ၊ နတ်ပြည်နတ်ရပ် နိဗ္ဗာန်ဓာတ်၌။
ဥပေမိ၊ ကောင်းမှုကံအလျောက်ကပ်ရောက်ရပါလို၏။
သဗ္ဗတ္ထ၊ အလုံးစုံသော။
အာဏာခေတ္တမှိ၊ အာဏာခေတ်အတွင်း၌လည်းကောင်း (ဝါ) ဘုရားရှင်၏ အာဏာတော်ပျံ့နှံ့ရာ စကြာဝဠာကုဋေတစ်သိန်း၌လည်းကောင်း။
အဝီစိမှိ၊ ဆင်းရဲဒုက္ခအကြားအလပ်မရှိရာဖြစ်သော အဝီစိငရဲ၌လည်းကောင်း။
ဘဝဂ္ဂတော၊ အကနိဋ္ဌတိုင်အောင်သော အထက်ဘဝဂ်၌လည်းကောင်း။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ဓမ္မာ၊ သုံးပုံပိဋကတ် ငါးရပ်နိကာယ် အသွယ်သွယ်သော တရားတော်တို့သည် (ဝါ) မဂ်, ဖိုလ်, နိဗ္ဗာန်, ဓမ္မက္ခန်ဟု ဆယ်တန်သောတရားတော်မြတ်တို့သည်။
အနုယာယန္တု၊ အစဉ်သွားပါစေကုန်သတည်း (ဝါ) ကပ်ရောက်ပါစေကုန်သတည်း။
[အနုပေတီတိ အနုယာယတိ၊ အနုပဂစ္ဆတိ− ဟူ၍ (ဒီ၊ဋ္ဌ၊၁။၁၄၉။) အနုပုဗ္ဗ ယာ− ဓာတ်ကို အနုပုဗ္ဗ ဂမုဓာတ်ဖြင့်လည်းကောင်း ''ဥပေတိ''ဟူ၍ ဥပပုဗ္ဗ ဣဓာတ်ဖြင့်လည်းကောင်း ဖွင့်ပြထားသည်။]
တယော လောကာ စ၊ သတ္တ, ဩကာသ, သင်္ခါရဟု လောက သုံးပါးတို့သည်လည်းကောင်း။
ဥတုပိ စ၊ နွေး, မိုး, ဆောင်းဟု ဥတုသုံးပါးတို့သည်လည်းကောင်း။
(ဥတုပိ− ကို ဥတူ+အပိဟု ဖြတ်ပါ။)
အနုယာယန္တု၊ ဆင်ပြေလျှောက်ပတ် လည်ပတ်နေပါစေကုန်သတည်း။
ဣတိ၊ ဤကား နိဂုံးစကား အာသီသတည်း။
အပဒါနဋ္ဌကထာ၊ အပဒါန်အဋ္ဌကထာသည်။
သမတ္တာ၊ ပြီးပြီ။