၉၇။ ဘိက္ခဝေ၊ တို့။
ဝေါ၊ သင်တို့အား။
(အဟံ၊ ငါဘုရားသည်။)
ပမာဒဝိဟာရိဉ္စ၊ မေ့လျော့သည်ဖြစ်၍ နေလေ့ရှိသောသူကို၎င်း။
အပ္ပမာဒဝိဟာရိဉ္စ၊ မမေ့မလျော့သည်ဖြစ်၍ နေလေ့ရှိသောသူကို၎င်း။
ဒေသေဿာမိ၊ ဟောတော်မူပေအံ့။
တံ၊ ထိုတရားကို။
(တုမှေ၊ သင်တို့သည်။)
သုဏာထ၊ နာကြကုန်လော့။
ဘိက္ခဝေ၊ တို့။
ကထဉ္စ၊ အဘယ်သို့လျှင်။
ပမာဒဝိဟာရီ၊ မေ့လျော့သည်ဖြစ်၍ နေလေ့ရှိသောသူသည်။
ဟောတိ၊ ဖြစ်သနည်း။
ဘိက္ခဝေ၊ တို့။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။
အသံဝုတဿ၊ မစောင့်စည်းသည်ဖြစ်၍။
ဝိဟရတော၊ နေသောသူ၏။
စိတ္တံ၊ စိတ်သည်။
စက္ခုဝိညေယျေသု၊ စက္ခုဝိဉာဏ်ဖြင့် သိအပ်ကုန်သော။
ရူပေသု၊ ရူပါရုံတို့၌။
ဗျာသိဉ္စတိ၊ ကိလေသာဖြင့် စွတ်စို၏။
ဗျာသိတ္တစိတ္တသာ၊ ကိလေသာတို့သည် သွန်းလောင်းအပ်သော စိတ်ရှိသော။
တဿ၊ ထိုသူအား။
ပါမောဇ္ဇံ၊ အားနည်းသော ဝမ်းမြောက်ခြင်းသည်။
န ဟောတိ၊ မဖြစ်။
ပါမောဇ္ဇေ၊ အားနည်းသော ဝမ်းမြောက်ခြင်းသည်။
အသတိ၊ မရှိလတ်သော်။
ပီတိ၊ အားကြီးသော နှစ်သက်ခြင်းသည်။
န ဟောတိ၊ မဖြစ်။
ပီတိယာ၊ အားကြီးသော နှစ်သက်ခြင်းသည်။
အသတိ၊ သော်။
ပဿဒ္ဓိ၊ ကိုယ်စိတ်၏ ငြိမ်းခြင်းသည်။
န ဟောတိ၊ မဖြစ်။
ပဿဒ္ဓိယာ၊ သည်။
အသတိ၊ သော်။
ဒုက္ခံ၊ ဆင်းရဲခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဒုက္ခိနော၊ ဆင်းရဲခြင်းရှိသော သူ၏။
စိတ္တံ၊ စိတ်သည်။
န သမာဓိယတိ၊ မတည်ကြည်။
စိတ္တံ၊ စိတ်သည်။
အသမာဟိတေ၊ မတည်ကြည်သည်ရှိသော်။
ဓမ္မာ၊ သမထ,ဝိပဿနာတရားတို့သည်။
န ပါတုဘဝန္တိ၊ ထင်ရှားမဖြစ်ကုန်။
ဓမ္မာနံ၊ သမထ, ဝိပဿနာတရားတို့၏။
အပါတုဘာဝါ၊ ထင်ရှားမဖြစ်ခြင်းကြောင့်။
ပမာဒဝိဟာရီတွေဝ၊ မေ့လျော့သည်ဖြစ်၍ နေလေ့ရှိသော သူဟူ၍သာလျှင်။
သင်္ခံ၊ ရေတွက်ခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ပ။ ဘိက္ခဝေ၊ တို့။
ဇိဝှိန္ဒြိယံ၊ ဇိဝိန္ဒြေကို။
အသံဝုတဿ၊ မစောင့်စည်းသည်ဖြစ်၍။
ဝိဟရကော၊ နေသောသူ၏။
စိတ္တံ၊ စိတ်သည်။
ဇိဝှါဝိညေယျေသု၊ ဇိဝှါဝိဉာဏ်ဖြင့် သိအပ်ကုန်သော။
ရသေသု၊ ရသာရုံတို့၌။
ဗျာသိဉ္စတိ၊ ကိလေသာဖြင့် စွတ်စို၏။
ဗျာသိတ္တစိတ္တဿ၊ ကိလေသာတို့သည် သွန်းလောင်းအပ်သော စိတ်ရှိသော။
တဿ၊ ထိုသူအား။
ပ။ ပမာဒဝိဟာရီတွေဝ၊ သာလျှင်။
သင်္ခံ၊ သို့။
ဂစ္ဆတိ၊ ၏။
ပ။ ဘိက္ခဝေ၊ တို့။
ဧဝံ ခေါ၊ ဤသို့လျှင်။
ပမာမဝိဟာရီ၊ မေ့လျော့သည်ဖြစ်၍ နေလေ့ရှိသောသူသည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။
ကထဉ္စ၊ အဘယ်သို့လျှင်။
အပ္ပမာဒဝိဟာရီ၊ မမေ့မလျော့သည်ဖြစ်၍ နေလေ့ရှိသောသူသည်။
ဟောတိ၊ ဖြစ်သနည်း။
ဘိက္ခဝေ၊ တို့။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။
သံဝုတဿ၊ စောင့်စည်းသည်ဖြစ်၍။
ဝိဟရတော၊ နေသောသူ၏။
စိတ္တံ၊ စိတ်သည်။
စက္ခုဝိညေယျေသု၊ စက္ခုဝိဉာဏ်ဖြင့် သိအပ်ကုန်သော။
ရူပေသု၊ ရူပါရုံတို့၌။
န ဗျာသိဉ္စတိ၊ ကိလေသာဖြင့် မစွတ်စို။
အဗျာသိတ္တစိတ္တဿ၊ ကိလေသာတို့သည် မသွန်းလောင်းအပ်သော စိတ်ရှိသော။
တဿ၊ ထိုသူအား။
ပါမောဇ္ဇံ၊ အားနည်းသော ဝမ်းမြောက်ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
ပမုဒိတဿ၊ အားနည်းသော ဝမ်းမြောက်ခြင်းရှိသောသူအား။
ပီတိ၊ အားကြီးသော နှစ်သက်ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
ပီတိမနဿ၊ ပီတိနှင့် ယှဉ်သော စိတ်ရှိသောသူအား။
ဝါ၊ ၏။
ကာယော၊ နာမကာယ ရူပကာယသည်။
ပဿမ္ဘတိ၊ ငြိမ်း၏။
ပဿဒ္ဓကာယော၊ ငြိမ်းပြီးသော နာမကာယ ရူပကာယရှိသောသူသည်။
သုခံ၊ ချမ်းသာစွာ။
ဝိဟရတိ၊ နေရ၏။
သုခိနော၊ ချမ်းသာခြင်းရှိသောသူ၏။
စိတ္တံ၊ စိတ်သည်။
သမာဓိယတိ၊ တည်ကြည်၏။
စိတ္တေ၊ စိတ်သည်။
သမာဟိတေ၊ တည်ကြည်သည်ရှိသော်။
ဓမ္မာ၊ သမထ, ဝိပဿနာတရားတို့သည်။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
ဓမ္မာနံ၊ သမထ, ဝိပဿနာတရားတို့၏။
ပါတုဘာဝါ၊ ထင်ရှားဖြစ်ခြင်းကြောင့်။
အပ္ပမာဒ ဝိဟာရီတွေဝ၊ မမေ့မလျော့သည်ဖြစ်၍ နေလေ့ရှိသောသူ ဟူ၍သာလျှင်။
သင်္ခံ၊ ရေတွက်ခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ပ။ ဘိက္ခဝေ၊ တို့။
ဧဝံ ခေါ၊ ဤသို့လျှင်။
အပ္ပမာဒဝိဟာရီ၊ မမေ့မလျော့သည်ဖြစ်၍နေလေ့ရှိသောသူသည်။
ဟောတိ၊ ၏။
ဣတိ၊ ၏။
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။