Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Khandhavaggo
(SN)Khandhavaggo

6. Karotosuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

(ဤသုတ်၌ အာကာရဝါကျနက်တစ်ခုသာ ထူး၏။ အာကာရဝါကျနက်ကား—)
ကရောတော၊ ကိုယ်တိုင်ပြုသော သူသည်၎င်း။ ကာရယတော၊ ပြုစေသောသူသည်၎င်း။ ဆိန္ဒတော၊ (သူတစ်ပါးတို့၏ လက်ခြေစသည်တို့ကို) ကိုယ်တိုင်ဖြတ်သောသူသည်၎င်း။ ဆေဒါပယတော၊ ဖြတ်စေသောသူသည်၎င်း။ ပစတော၊ တုတ် လှံတံဖြင့် ကိုယ်တိုင် ညှဉ်းပန်းသူသည်၎င်း။ (ပစတောတိ ဒဏ္ဍေန ပီဠေန္တဿ။ဋ္ဌ။ ပနံ ဒဟနံ ဝိဗာဓနန္တိ အာဟ “ဒဏ္ဍေန ပီဠေန္တဿာ” တိ။ဋီ။) ပါစာပယတော၊ ညှဉ်းပန်းစေသူသည်၎င်း။ သောစယတော၊ ကိုယ်တိုင် သူတစ်ပါး စိုးရိမ်ခြင်းကို ပြုသူသည်၎င်း။ သောစာပယတော၊ သူတစ်ပါး စိုးရိမ်ခြင်းကို ပြုစေသူသည်၎င်း။ ကိလမတော၊ ကိုယ်တိုင် ပင်ပန်းသူသည်၎င်း။ ကိလမာပယယော၊ ပင်ပန်းစေသူသည်၎င်း။ ဖန္ဒတော၊ ကိုယ်တိုင်တုန်လှုပ်သူသည်၎င်း။ ဖန္ဒာပယတော၊ တုန်လှုပ်စေသူသည်၎င်း။ ပါဏံ၊ သူ့အသက်ကို။ အတိ ပါတယတော၊ ကိုယ်တိုင်ချသူ, ချစေသူသည်၎င်း ၁။ပါဏမတိပါတယတောတိ ပါဏံ ဟနန္တဿာပိ ဟနာပေန္တဿာပိ။ ဧဝံ သဗ္ဗတ္ထ ကရဏ ကာရာပန ဝသေနေဝ အတ္ထော ဝေဒိတဗ္ဗော။ဋ္ဌ။ အတိပါတယတောတိ ပဒံ သုဒ္ဓကတ္တုအတ္ထေ ဟေတုကတ္တုအတ္ထေစ ဝတ္တတိ။ ဋီတို့နှင့်အညီ သုဒ္ဓကာရိုက် ၂-ချက်ရ ဧကသိသ်ကြုံ၍ ပေးသည်။ ။ အဒိန္နံ၊ သူတစ်ပါး မပေးအပ်သော ဥစ္စာကို။ အာဒိယတော၊ ကိုယ်တိုင်ယူသူ, ယူစေသူသည်၎င်း။ သန္ဓိံ၊ အိမ်အစပ် (နံရံ)ကို။ ဆိန္ဒတော၊ ကိုယ်တိုင်ပြတ်၍ ခိုးသူ, ဖြတ်၍ခိုးစေသူသည်၎င်း။ နိလ္လောပံ၊ အကြင်းမဲ့ လုယက်ခြင်းကို။ ဟရတော၊ ကိုယ်တိုင်လုယက်သူ, လုယက်စေသူသည်၎င်း။ ဧကာဂါရိကံ ကရောတော၊ တစ်အိမ်တည်းကို ဝန်းရံလုယက်သူ, လုယက်စေသူသည်၎င်း။ ပရိပန္ထေ တိဋ္ဌတော၊ ခရီးလမ်းတလျှောက်၌ တည်၍ လုယက်သူ, လုယက်စေသူသည်၎င်း။ ပရဒါရံ ဂစ္ဆတော၊ သူတစ်ပါး သားမယားကို သွားလာသူ, သွားလာစေသူသည်၎င်း။ မုသာ ဘဏတော၊ မဟုတ်မမှန်ပြောသူ, ပြောစေသူသည်၎င်း။ ပါပံ၊ မကောင်းမှုကို။ ကရောတော၊ ပြုသော်လည်း။ န ကရီယတိ၊ ပြုအပ်သည် မမည်။
ယော၊ အကြင်သူသည်။ ခုရပရိယန္တေန၊ သင်ဓုန်းသွားတပ်သော။ စက္ကေန၊ စက် (ဘီး)ဖြင့်။ ဣမိဿာ ပထ၀ိယာ၊ ဤမြေအပြင်၌။ ပါဏေ၊ သတ္တဝါ တို့ကို။ ဧကမံသခလံ၊ တစ်ခုတည်းသော အသားစုကို။ ဧကမံသပုဉ္စံ၊ တစ်ခုတည်းသော အသားစိုင်ကို။ စေပိ ကရေယျ၊ အကယ်၍ ပြုလုပ်ငြားအံ့။ တတောနိဒါနံ၊ ထိုအကြောင်းကြောင့်။ ပါပံ၊ မကောင်းမှုသည်။ နတ္ထိ၊ မရှိ။ ပါပဿ၊ မကောင်းမှု၏။ အာဂမော၊ ဖြစ်ပေါ်လာခြင်းသည်။ နတ္ထိ၊ မရှိ။

ဟနန္တော၊ ကိုယ်တိုင် သတ်သူသည်၎င်း။ ဃာတေန္တော၊ သတ်စေသူသည်၎င်း။ ဆိန္ဒန္တော၊ ကိုယ်တိုင်ဖြတ်သူသည်၎င်း။ ဆေဒါပေန္တော၊ ဖြတ်စေသူသည်၎င်း။ ပစန္တော၊ ညှဉ်းပန်းသူသည်၎င်း။ ပါစေန္တော၊ ညှဉ်းပန်းစေသူသည်၎င်း။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ ဒက္ခိဏံ တီရံ၊ တောင်ဖက်ကမ်းသို့

၂။ဒက္ခိဏန္တိ ဒက္ခိဏတီရေ မနုဿာ ကက္ခဠာ ဒါရုဏာ၊ တေ သန္ဓာယ “ဟနန္တော” တိ အာဒိ ဝုတ္တံ။ ဥတ္တရန္တိ ဥတ္တရတီရေ သဒ္ဓါ ဟောန္တိ ပသန္နာ ဗုဒ္ဓမာမကာ ဓမ္မမာမကာ သံဃမာမကာ၊ တေ သန္ဓာယ “ဒဒန္တော” တိအာဒိ ဝုတ္တံ။ဋ္ဌ။ ဂင်္ဂါယ ဒက္ခိဏာ ဒိသာ အပ္ပတိရူပဒေသော၊ ဥတ္တရဒသာ ပတိရူပဒေသောတိ အဓိပ္ပါယေန “ဒက္ခိဏဉ္စေပီ” တိအာဒိ ဝုတ္တန္တိ အာဟ “ဒက္ခိဏတီရေ မနုဿာ ကက္ခဠာ” တိ အာဒိ။ဋီ။

ဂင်္ဂါမြစ် တောင်ဖက်သားတို့သည် အပ္ပတိရူပအရပ်၌ဖြစ်သောကြောင့် ကြမ်းတန်းကုန်၏။ သို့အတွက် အကုသိုလ် အလုပ်ကို များစွာပြုလုပ်ကြ၏။ ဂင်္ဂါမြစ်၏ မြောက်ဖက်သားတို့သည် ပတိရူပအရပ်၌ ဖြစ်သောကြောင့်ရတနာသုံးပါးကိုလေးစားရိုသေကြည်ညိုကြ၍ ယဉ်ကျေးသိမ်မွေ့ကုန်၏။ သို့ဖြစ်၍ ကုသိုလ်ကောင်းမှုကိုပြုကြ ကုန်၏ ။

။ စေပိ ဂစ္ဆေယျ၊ အကယ်၍ သွားငြားအံ့။ ဝါ၊ သွားစေကာမူ `` ၃။သတ်ခြင်းစသည်ကိုပြုလျက် ထိုအရပ်သို့ သွား၍နေစေကာမူ— ဟု ဆိုလို၏။ `` ။ တတော နိဒါနံ၊ ထိုအကြောင်းကြောင့်။ ပါပံ၊ မကောင်းသည်။ နတ္ထိ၊ မရှိ။ ပါပဿ၊ မကောင်းမှု၏။ အာဂမော၊ ဖြစ်ပေါ်လာခြင်းသည်။ နတ္ထိ၊ မရှိ။
ဒဒန္တော၊ ကိုယ်တိုင် ပေးလှူသူသည်၎င်း။ ဒါပေန္တော၊ ပေးလှူစေသူသည်၎င်း။ ယဇန္တော၊ ကိုယ်တိုင် ယဇ်ကြီး ပူဇော်သူသည်၎င်း။ ယဇာပေန္တော၊ ယဇ်ကြီးပူဇော်စေသူသည်၎င်း။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ ဥတ္တရံ တီရံ၊ မြောက်ဖက်ကမ်းသို့။ စေ စေပိ ဂစ္ဆေယျ၊ အကယ်၍သွားငြားအံ့။ ဝါ၊ သွားစေကာမူ ၄။ပေးလှူခြင်းစသည်ကိုပြုလျက် ထိုအရပ်သို့ သွား၍နေစေကာမူ—ဟု ဆိုလိုသည်။ ။ တတော နိဒါနံ၊ ထိုအကြောင်းကြောင့်။ ပုညံ၊ ကောင်းမှုသည်။ နတ္ထိ၊ မရှိ။ ပုညဿ၊ ကောင်းမှု၏။ အာဂမော၊ ဖြစ်ပေါ်လာခြင်းသည်။ နတ္ထိ၊ မရှိ။
ဒါနေန၊ အလှူပေးခြင်းကြောင့်၎င်း။ ဒမေန၊ ဣန္ဒြေတို့ကို ဆုံးမခြင်း ဥပုသ်စောင့်သုံးခြင်းကြောင့်၎င်း။ ( လုတ္တနိဒ္ဒိဋ္ဌ စသဒ္ဒါဖြင့် ဆည်းသည်။ ဋီ။) သံယမေန၊ သီလစောင့်ထိမ်းခြင်းကြောင့်၎င်း။ သစ္စဝဇ္ဇေန၊ မှန်ကန်သော စကားကို ဆိုခြင်းကြောင့်၎င်း ၁။ယထာ ဟိ ပါပဓမ္မေသု မုသာဝါဒေါ ဂရု၊ ဧဝံ ပုညဓမ္မေသု သစ္စဝါစာ။ ဋီ။ ထို့ကြောင့် သစ္စဝါစာကို သီးခြားယူ၏။ ။ ပုညံ၊ ကောင်းမှုသည်။ နတ္ထိ၊ မရှိ။ ပုညဿ၊ ကောင်းမှု၏။ အာဂမော၊ ဖြစ်ပေါ်လာခြင်းသည်။ နတ္ထိ၊ မရှိ။ (ဟူသည်တည်း။)
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။