သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။
သဒ္ဓါပဗ္ဗဇိတဿ၊ (ဝဋ်ဆင်းရဲမှ ထွက်မြောက်
ခြင်းငှါ လာသော) သဒ္ဓါတရားဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်သော။
(သံ-ဋီ-၂-၆၁-ရှု။)
ကုလပုတ္တဿ၊ (သီလစသော တရားငါးပါးကို ဖြည့်ကျင့်သော) အမျိုးကောင်းသား၏။ (
သံ--ဋ္ဌ၂၊ ၄၆ ရှု။)
အယံ အနုဓမ္မော၊ ဤလောကုတ္တရာတရားအားလျော်သော အကျင့်တရားသည်။
ဟောတိ၊ ၏။
ယံ၊ အကြင်အမျိုးကောင်းသားသည်။
ရူပေ၊ ရုပ်၌။
နိဗ္ဗိဒါဗဟုလော၊ များသော ငြီးငွေ့ခြင်းရှိသည်။
ဝါ၊ ငြီးငွေ့ခြင်းအဖြစ်များသည် ဖြစ်၍။
ဝိဟရေယျ၊ နေရာ၏။
ပ။
ယော၊ အကြင်အမျိုးကောင်းသားသည်။
ရူပေ၊ ရုပ်၌။
နိဗ္ဗိဒါဗဟုလော၊ များသော ငြီးငွေ့ခြင်းရှိသည်ဖြစ်၍။
ဝိဟရန္တော၊ နေသည်ရှိသော်။
ပ။
ရူပံ၊ ရုပ်ကို။
ပရိဇာနာတိ၊ ပိုင်းခြား၍ သိ၏။
ပ။
သော၊ ထိုအမျိုးကောင်းသားသည်။
ရူပံ၊ ရုပ်ကို။
ပရိဇာနံ၊ ပိုင်းခြား၍ သိသည်ရှိသော်။
ပ။
ရူပမှာ၊ ရုပ်မှ။
ပရိမုစ္စတိ၊ လွတ်မြောက်၏။
ပ။
ဒုက္ခသ္မာ၊ မှ။ ပရိမုစ္စတိ၊ ၏။ ဣတိ၊ ဤသို့။ ဝဒါမိ၊ ဟောတော်မူ၏။ ဣတိ၊ ဤကား လောကုတ္တရာတရားအားလျော်သော အကျင့်တရားတည်း။ ဣတိ၊ ပြီ။
ဒုက္ခသ္မာ၊ မှ။ ပရိမုစ္စတိ၊ ၏။ ဣတိ၊ ဤသို့။ ဝဒါမိ၊ ဟောတော်မူ၏။ ဣတိ၊ ဤကား လောကုတ္တရာတရားအားလျော်သော အကျင့်တရားတည်း။ ဣတိ၊ ပြီ။
ဧကာဒ သမံ၊ တစ်ဆယ့်တစ်ခုမြောက်သော သုတ်တည်း။