သာဝတ္ထိနိဒါနံ၊ သာဝတ္ထိနိဒါန်းတည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
သုပဏ္ဏယောနိယော၊ ဂဠုန်မျိုးတို့သည်။
ဣမာ စတဿော၊ ဤ ၄-မျိုးတို့တည်း။
ကတမာ စတဿော၊ အဘယ် ၄-မျိုးတို့နည်း။
အဏ္ဍဇာ၊ ဥ၌ဖြစ်ကုန်သော။
သုပဏ္ဏာ၊ ဂဠုန်တို့၎င်း။
ဇလာဗုဇာ၊ သားအိမ်၌ဖြစ်ကုန်သော။
သုပဏ္ဏာ၊ တို့၎င်း။
သံသေဒဇာ၊ အညှိ၌ဖြစ်ကုန်သော။
သုပဏ္ဏာ၊ တို့၎င်း။
သြပပါတိကာ၊ တစ်စုံတစ်ရာမှ ခုန်ကျလာသကဲ့သို့ ဖြစ်ကုန်သော။
သုပဏ္ဏာ၊ တို့၎င်းတည်း။
ဘိက္ခဝေ၊ တို့။
သုပဏ္ဏ ယောနိယော၊ ဂဠုန်မျိုးတို့သည်။
ဣမာ ခေါ စတဿော၊ ဤ ၄-မျိုးတို့တည်း။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။