问题
选择版本
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Khandhavaggo
(SN)Khandhavaggo

9. Nandikkhayasuttaṃ

作者: sāsanāre-သာသနာရေး @ IAPT

သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။ ဘိက္ခု၊ ရဟန်းသည်။ အနိစ္စညေဝ၊ မမြဲသည်သာလျှင်ဖြစ်သော။ ရူပံ၊ ရုပ်ကို။ “အနိစ္စန္တိ၊ အမြဲမရှိ” ဟူ၍။ ပဿတိ၊ ရှုအံ့။
အဿ၊ ထိုရဟန်း၏။ သာ၊ ထိုအနိစ္စဟုရှုခြင်းသည်။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ (မှန်ကန်သော သိခြင်း) သည်။ ဟောတိ၊ ၏။
သမ္မာ၊ ဟုတ်မှန်သောအားဖြင့်။ ပဿံ၊ ရှုသည်ရှိသော်။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
နန္ဒိက္ခယာ၊ နန္ဒီ၏ကုန်ခန်းခြင်းကြောင့်။ ရာဂက္ခယော၊ ရာဂ၏ကုန်ခန်းခြင်းသည်။ ဟောတိ၊ ၏။ ရာဂက္ခယာ၊ ရာဂ၏ကုန်ခန်း‌ခြင်းကြောင့်။ နန္ဒိက္ခယော၊ နန္ဒီ၏ကုန်ခန်းခြင်းသည်။ ဟောတိ၊ ၏ ၁။နန္ဒီနှင့်ရာဂ အတူတူပင်။ သို့သော် နိဗ္ဗိဒါနုပဿနာဖြင့် ငြီးငွေ့လျှင် နန္ဒီခေါ် တဏှာကုန်ခန်း၏၊ ဝိရာဂါနုပဿနာဖြင့် တပ်မက်ခြင်းကင်းလျှင် ရာဂခေါ် တဏှာကုန်ခန်း၏။ ဤနန္ဒိက္ခယနှင့် ရာဂက္ခယဖြင့် မဂ်ကိုပြ၏၊ ဆိုလတ္တံ့ နန္ဒီရာဂက္ခယာ စိတ္တံ ဝိမုတ္တံ ဖြင့် ဖိုလ်ကိုပြ၏။ ။
နန္ဒီရာဂက္ခယာ၊ နန္ဒီရာဂမည်သော တဏှာ၏ ကုန်ခန်းခြင်းကြောင့်။ စိတ္တံ၊ စိတ်သည်။ ဝိမုတ္တံ၊ ကိလေသာတို့မှ လွတ်ပြီ။ “သုဝိမုတ္တန္တိ၊ ကောင်းစွာ ကိလေသာတို့မှလွတ်ပြီ” ဟူ၍။ ဝုစ္စတိ၊ အပ်၏။ (ဝေဒနာစသည်ကိုလည်း ဤနည်းမှီး၍ပေး။) ဣတိ၊ ၏။
နဝမံ၊ ကိုးခုမြောက်သောသုတ်တည်း။