ဘန္တေ၊ ရား။
တဿ မယှံ၊ ထိုတပည့်တော်၏။
တံ သမာဓိံ၊ ထို (စတုတ္ထဈာန်) သမာဓိကို။
နပ္ပဋိလဘတော၊ မရသည်ဖြစ်၍။
“အဟံ၊ ငါသည်။
နော စဿ ပရိဟာယာမီတိ၊ (သာသနာမှ)
မဆုတ်ယုတ်ပဲ ရှိပါ၏လော” ဟူသော
၁။နော စဿာဟံ ပရိဟာယာမီတိ ကစ္စိ နု ခေါ အဟံ န ပရိဟာယာမိ။ ဋ္ဌ။ နော စ သွာဟန္တိ နော စ သု အဟံ။ ဋီ။ ဤ ဋ္ဌ ဋီတို့တွင် ဋီဖြင့် ပုဒ်ဖြတ်၍ သု-နိပါတ်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြ၏။ ဋ္ဌ-ဖြင့် စ-နှင့်သု-နိပါတ်တို့ကို ကစ္စိ နု ခေါ-ပုဒ်တို့ကဲ့သို့ပင် သံသယအနက်ဟောဖြစ်ကြောင်း ဖွင့်ပြ၏။ ဘူတမိဒံ နောဿူတိ ဘိက္ခဝေ ကင်္ခတော ဥပ္ပဇ္ဇတိ ဝိစိကိစ္ဆာ (မ ၁-၃၂၆)စသည်၌ကဲ့သို့ပင် မှတ်အပ်၏။ ထိုကြောင့် စဿာဟံ-ကို စ+အဿ+ အဟံ-ဟူ၍ ၎င်း၊ စဿု-ကို စ+ အဿု-ဟူ၍၎င်း ပုဒ်ဖြတ်ပြီးလျှင် အဿ အဿု-တို့ကို ကြိယာပုဒ်ဟုယူ၍ နော စေ အဿ၊ အကယ်၍ သမာဓိမဖြစ်ငြားအံ့။ နော စေ အဿု၊ အကယ်၍ သမာဓိတို့သည်မဖြစ်ကုန်ငြားအံ့- ဟူ၍ အနက်မပေးသင့်။ ဋ္ဌ- ဋီတို့နှင့်အညီ အထက်ပါအတိုင်း သံသယအနက်သာ ပေးသင့်သည်။
။ ဧဝံ၊ ဤအကြံသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့အရှင်အဿဇိကလျှောက်ပြီ။
၂။သမာဓိ ဧဝ သာရော ဧတေသန္တိ သမာဓိသာရကာ- ဟု ဝစနတ္ထပြု၍ သမာဓိသာရကာ၊ သမာဓိလျှင်အနှစ်သာရရှိကုန်၏ဟု အနက်ပြန်သင့်သော်လည်း သမာဓိံ ယေဝ သာရဉ္စ သာမညဉ္စ မညန္တိ ဟူသော ဋ္ဌ-နှင့်အညီ အထက်ပါအနက်ကို အဓိပ္ပါယတ္ထ ဟု ယူအပ်၏။ သို့မဟုတ် သမာဓိ ဧဝ သာရောတိ ဧတေ မညန္တီတိသမာဓိသာရကာ-ဟု ပဌမာ ဗဟုဗ္ဗီဟိ သော်၎င်း၊ သမာဓိ ဧဝ သာရောတိ မတိ ဧတေသန္တိ သမာဓိသာရကာ-ဟု ဣတိနှင့် မတိပုဒ်ကြေသော ဆဋ္ဌီ ဗဟုဗ္ဗီဟိသော်၎င်း ကြံအပ်၏။ သမာဓိသာမညာ၌လည်း နည်းတူပင်။ မယှံ ပန သာသနေ န ဧတံ သာရံ၊ ဝိပဿနာမဂ္ဂဖလာနိ သာရံ၊ဋ္ဌ။ ဧတန္တိ သမာဓိမတ္တသာရံ၊ သီလမတ္တေပန ဝတ္တဗ္ဗမေဝ နတ္ထိ။ဋီ။ မြတ်စွာဘုရားသာသနာ၌ အနှစ်တရားကား ဝိပဿနာမဂ်ဖိုလ်တို့တည်း။ သမာဓိတရားမျှနှင့် သီလတရားမျှဖြင့် ရောင့်ရဲမနေရာ၊ ဝိပဿနာမဂ်ဖိုလ်ရောက်မှ အနှစ်သာရနှင့် ပြည့်စုံသည်ဟု ဋ္ဌ-ဋီတို့၌ မိန့်လိုရင်းဖြစ်၏။
။
တေသံ၊ ထိုရဟန်းပုဏ္ဏားတို့၏။
တံ သမာဓိံ၊ ထိုသမာဓိကို။
အပ္ပဋိလဘတံ၊ မရကုန်သည်ဖြစ်၍။၁။အထဿ တိပရိဝဋ္ဋဒေသနာဝသာနေ အရဟတ္တံ ပတ္တဿ သတတဝိဟာရံ ဒဿေန္တော သော သုခံစေ ဝေဒနံ ဝေဒယတီတိ အာဒိမာဟ။ ဋ္ဌ။ ရူပံ နိစ္စံ ဝါ အစ ဣတ္ထတ္တာယာတိ ပဇာနာတိ အထိ တိပရိဝဋ္ဋန ဒေသနာအဆုံး၌ အရှင်အဿဇိရဟန္တာဖြစ်၍ ၎င်းအရှင်အဿဇိရဟန္တာအား သတတဝိဟာရခေါ် “သော သုခံ” စသော ဒေသနာတော်ကို ဆက်လက်ဟောတော်မူသည်။
။
သုခံ ဝေဒနံ၊ သုခဝေဒနာကို။
စေ ဝေဒယတိ၊ အကယ်၍ ခံစားငြားအံ့။
သာ၊ ထိုသုခဝေဒနာသည်။
အနိစ္စာတိ၊ မမြဲဟု။
ပဇာနာတိ၊ သိ၏။၂။ဤအရာတွင် သုခဝေဒနာ၌ နှစ်သက်မှုဖြစ်တတ်၍ “မနှစ်သက်အပ်” ဟု သိခြင်းသည် သင့်လျော်၏။ ဒုက္ခဝေဒနာ၌ နှစ်သက်မှုမဖြစ်နိုင်သောကြောင့် ၎င်းကို “မနှစ်သက်အပ်” ဟု သိခြင်းသည်ကား မထူးခြား ဟုမှတ်ထင်တတ်၏။ အမှန်မှာဒုက္ခရောက်သောအခါ ဒုက္ခမဖြစ်လျှင်ကောင်းမှာဘဲဟု သုခကို တောင့်တသည်၊ ထိုသခကို တောင့်တခြင်းသည်ပင် ဆင်းရဲဒုက္ခကို တောင့်တခြင်း နှစ်သက်ခြင်း မည်ပေ၏။ မှန်၏၊ သုခကိုတောင့်တမှုသည် သုခမှပြောင်းလဲသောအခါ ဒုက္ခဖြစ်ပေါ်လာသောကြောင့် ဖြစ်ပေါ်မည့် ထိုဒုက္ခ၌ နှစ်သက်မှုဖြစ်ရလေ၏။ ထို့ကြောင့် သုခဝိပရိဝတ္တေ သုခဝိပရိဏာမဒုက္ခံ၊ တသ္မာ သုခံ အဘိနန္ဒန္တော အတ္ထတော ဒုက္ခံ အဘိနန္ဒတိ နာမ ဟု ဋီ-၌ မိန့်၏။ ထို့ကြောင့် “ဒုက္ခဝေဒနာကို လွန်စွာ မနှစ်သက်အပ်ဟု သိ၏” ဟု ဟောတော်မူသည် ဟူလို။
။
ပ။၃။အနဘိနန္ဒိတာနီတိ တဏှာဒိဟိ န အဘိနန္ဒိတာနိ။ ဣတိဝုတိ ဋ္ဌ၊ ၁၅၉-နှစ်သက်တတ်သော တဏှာစသည်တို့ဖြင့် မနှစ်သက်အပ် မစွဲလမ်းအပ်ဟု ဆိုလို၏၊ နှစ်သက်ဖွယ်မရှိကာမျှကြောင့်ဟူ၍ကား မယူအပ်။ ထိုသို့ ယူလျှင် ဝေဒနာဟူသမျှသည် နှစ်သက်ဖွယ်မရှိသည်သာဖြစ်သောကြောင့် ပုဂ္ဂိုလ်တိုင်း၏သန္တာန်၌ ထိုဝေဒနာတို့သည် ငြိမ်းပျောက်လေကုန်ရာ၏ ။
။
သီတီ ဘဝိဿန္တီတိ၊ ငြိမ်းပျောက်ကုန်လတ္တံ့ဟု။
ပဇာနာတိ၊ ၏။