၁။ရူပဿ ဝိဘဝါတိ ဝိဘဝဒဿနေန၊ ဋ္ဌ၊ ဝိဘဝေါတိ ဥတ္တရပဒလောပေန ဝုတ္တန္တိ အာဟ ဝိဘဝဒဿနေ-နာတိ၊ ဋီ။ ဝိဘဝေါဟု ဋီကာပြသည်ကိုထောက်၍ “ရူပဿ ဝိဘဝေါ” စသည်ရှိလျှင် “ရူပဿ၊ ၏။ ဝိဘဝေါ၊ ပျက်စီးခြင်းကို ရှုမြင်သည်။ပ။ ဝိညာဏဿ၊ ၏။ ဝိဘဝေါ၊ ပျက်စီးခြင်းကို ရှုမြင်သည်။ ဟောတိ၊ ၏” ဟုသမ္ဗန်။ ဤ သော ရူပဿ ဝိဘဝေါ စသော ဝါကျဖြင့် အောက်မဂ် အောက်ဖိုလ် ၆-ပါးအထိ တက်ပုံကိုပြ၏။ ကထံ ပန စသော အမေးဝါကျဖြင့် အရဟတ္တမဂ်, ဖိုလ်အထိ တက်ပုံကိုမေး၏။ ပါဠိ၌ တဝါကျခဲ့သင့်၏၊ ဧဝံ ခေါ် ဘိက္ခု စသောဝါကျကို သီးခြားအဖြေဝါကျအဖြစ်ဖြင့် ထားသင့်၏။
။
( ရူပံ၊ ကို။
နာဘိနန္ဒတိ၊ မနှစ်သက်။
ပ။
ဝိညာဏံ၊ ကို။
နာဘိနန္ဒတိ၊ မနှစ်သက်။)
ဘိက္ခု၊ ရဟန်း။
ဧဝံ ခေါ၊ ဤသို့လျှင်။
(ဆိန္ဒေယျ၌ စပ်။)
“နော စေ အဿံ၊ အတ္တဟုစွဲလမ်းသောငါ အကယ်၍မရှိငြားအံ့။
မေ၊ ငါ၏ (အတ္တဟုစွဲလမ်းခြင်းကြောင့်ဖြစ်သော) ခန္ဓာငါးပါးသည်။
နော စ သိယာ၊ မရှိပေရာ။
န အဘဝိဿ၊ အနာဂတ်ခန္ဓာကို ဖြစ်စေတတ်သော ကံမဖြစ်ခဲ့ငြားအံ့။
မေ၊ ငါ၏အနာဂတ် ပဋိသန္ဓေသည်။
န ဘဝိဿတီတိ၊ မဖြစ်လတ္တံ့ ” ဟူ၍။
ဧဝံ၊ ဤသို့။
အဓိမုစ္စမာနော၊ နှလုံးသွင်းသော။
ဘိက္ခု၊ သည်။
ဩရမ္ဘာဂိယာနိ၊ ကုန်သော။
သံယောဇနာနိ၊ တို့ကို။
ဆိန္ဒေယျ၊ ဖြတ်စွမ်းနိုင်၏။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။၂။အနန္တရာ အာသဝါနံ ခယော ဟောတိ၌ အနန္တရာကို နပုဒ် အန္တရ ပုဒ်လုပ်ကြံ၍ နတ္ထိ ဧတိဿာဇာတိယာ အန္တရန္တိ အနန္တရာဟု ဋီ၌ ဝစနတ္ထပြု၏။ ဝိပဿနာ မဂ္ဂဿ အာသန္နာနန္တရံ နာမ၊ ဖလဿ ဒူရာနန္ထရံ နာမဟု ဋ္ဌ-၌ ဝိပဿနာနှင့် အနန္တရကိုအရတူ တုလျတ်လိင်္ဂတ်ဖွင့်ဆိုသောကြောင့် အနန္တရာပုဒ်၏အရ ဝိပဿနာရကြောင်း ထင်ရှား၏။ ယင်းသို့ ဝိပဿနာရသည့်အတွက် အညပုဒ်လိင်လိုက်၍ အနန္တရာ ဣတ္ထိလိင် အာကာရန္တဖြင့် နိပ္ဖန္နချ၏။ ဋ္ဌ၌ အနန္တရံဟု နပုံးဖြင့် နိပ္ဖန္နချသည်ကား ဝိပဿနာဟူသော ပဒဝိသေသကို မငဲ့ပဲ ပဒအားလုံး ဓမ္မအားလုံးနှင့် သက်ဆိုင်စေရန် သာမညအခိုက်အတံ့ကိုရည်၍ မိန့်ဆိုခြင်းဖြစ်ရာ၏။ ယင်းသို့ ဋ္ဌနှင့်ဋီတို့ အညပုဒ်ငဲ့ပုံချင်း ခြား နားသော်လည်း၊ နပုဒ်အန္တရပုဒ်ခွဲပုံ ဗဟုဗ္ဗိတွဲပုံချင်းကား မကွဲပြားပေ၊ ထိုကြောင့် အနန္တရာ၊ အခြားမရှိသည်ဖြစ်၍၊ ဝါ-ဝိပဿနာသည် အနန္တရပစ္စည်းတပ်သည်ဖြစ်၍ ဟု ပေးသည်။ ခယောကိုလည်း ခယတိ ဧတေနာတိ ခယောဟုပြု။ ဣဒါနိ ဥပရိမဂ္ဂဖလံ ပုစ္ဆန္တောဟူသောဋ္ဌနှင့် ဥပရိမဂ္ဂဖလန္တိ အဂ္ဂမဂ္ဂဖလံဟူသော ဋီတို့ကိုထောက်၍ အရဟတ္တမဂ်, အရဟတ္တဖိုလ် ၂-မျိုးလုံးကောက်။ အနန္တရာ၏အရ ဝိပဿနာနှင့် ခယော၏အရ အရဟတ္တမဂ်, ဖိုလ်ပစ္စည်းပစ္စယုပ္ပန်ဖြစ်ဟန်ကို သိလိုက ရှေးဦးစွာ “န-ဒ-မ-ဥ-ဝေါ-မဂ်-ဖိုလ်” ဟူသော ဝိထိအစဉ်ကိုသတိပြုရာ၏။ ၎င်းပြင် အနန္တရာပုဒ်၏ အရ ဝိပဿနာဟူသည် ဝီထိအစဉ်တွင်ပါရှိသော ဝေါဒါန်ပင်ဖြစ်သည်ကို၎င်း ၎င်းဝေါဒါန်ကို ဋီ- ၌ဂေါတြဘူဟု သုံးနှုံးသည်ကို၎င်း သတိပြုရာ၏။
။
အာသဝါနံခယော၊ အာသဝတို့၏ ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ်, ဖိုလ်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။
ဣတိ၊ ဤသို့ မေးလျှောက်၏။နော စေ အဿံ၊ အတ္တဟုစွဲလမ်းသောငါ အကယ်၍ မဖြစ်ငြားအံ့။
မေ၊ ငါ၏ (အတ္တဟုစွဲလမ်းခြင်းကြောင့်ဖြစ်သော) ခန္ဓာငါးပါးသည်။
နော စ သိယာ၊ မဖြစ်ရာ။
န အဘဝိဿ၊ အနာဂတ်ခန္ဓာကိုဖြစ်စေတတ်သော ကံအကယ်၍ မဖြစ်ခဲ့ငြားအံ့။
န ဘဝိဿတိ၊ အနာဂတ်ပဋိသန္ဓေမဖြစ်ရလတ္တံ့ ဟူသော။
ဧသော၊ ဤသဘောသည်။
တာသော၊ ထိတ်လန့်ကြောင်းတည်း။
(တာသောတိ တာသဟေတု တသတိ ဧတသ္မာတိ ကတွာ။ ဋီ။)
အနန္တရာ၏အရ ဝိပဿနာခေါ် ဝေါဒါန်ကိုကောက်၍ ခယောအရ မဂ်ကိုကောက်ရာ၌ အနန္တရပစ္စည်းတပ်ခြင်းထင်ရှား၏။ ယုံမှားဖွယ်မရှိ။ အကယ်၍ ဖိုလ်ကိုကောက်ခဲ့သော် ဝေါဒါန်နှင့်ဖိုလ်အကြား မဂ်စိတ်ခြားနေသောကြောင့် မည်သို့ အနန္တရပစ္စည်းတပ်သနည်းဟု မေးဖွယ်ရှိ၏။
ထိုကို ဋ္ဌ- ၌ရှင်းပြပုံကား— အနန္တရာ၏အရ ဝိပဿနာခေါ်ဝေါဒါန်သည် ဖိုလ်ကိုထောက်လျှင် ဒူရာနန္တရ၊ ဘာကြောင့်နည်း ဝေါဒါန်နှင့်ဖိုလ်ကြားဝယ် မဂ်ခြားသည့်အတွက် ဝေးသောကြောင့်တည်း။ မဂ်ကိုထောက်လျှင် အာသန္နာနန္တရ၊ ဘာကြောင့်နည်း ဝေါဒါန်နှင့်မဂ်အကြား တစ်စုံတစ်ခုမခြားပဲ တစ်ဆက်တည်းဖြစ်၍ လွန်စွာနီးကပ် သောကြောင့်တည်း။ ဤသို့လျှင် အနန္တရာ၏အရ ဝိပဿနာခေါ် ဝေါဒါန်သည် ခယော၏အရ ဖိုလ်အား ဒူရာနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၍ ခယော၏အရ မဂ်အား အာသန္နာနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ဟူသည်တည်း။
ဋီကာအဆို။ ။ ဋ္ဌ-နှင့် ဋီ ဆိုလိုရင်း မထူးသော်လည်း သိသာစေရန် ဋီ- အဆိုကို ထုတ်ပြအံ့။ အထက်ပါဝီထိစဉ်၌ ဥ- နု-ဝေါ-ဟူသော ဇောစိတ်တို့သည် ဝိပဿနာဇောစိတ်ချည်းပင် ဖြစ်ရကား ထို ၃မျိုးတွင် ပါဝင်သော ဝေါဒါန်သည် ဝိပဿနာဂတိကလည်း ဟုတ်၏၊ မဂ်သည် နိဗ္ဗာန်ကို အာရုံပြုသကဲ့သို့ ဝေါဒါန်လည်း နိဗ္ဗာန်ကိုပင် အာရုံပြုသောကြေင့် မဂ္ဂတိကလည်း ဟုတ်၏၊ ယင်းသို့ ဝေါဒါန်တစ်ခုတည်းက ဝိပဿနာဂတိက မဂ္ဂဂတိက ၂-ဖက်ရ ဖြစ်သောကြောင့် ဝေါဒါန်နှင့် မဂ်တို့ အလွန်နီးနီးကပ်ကပ် အနန္တရပစ္စည်းတပ်ပုံ ထင်ရှား၏။ ထိုကြောင့် အာသန္နာနန္တရဟု နာမည်ပေးကာ အဋ္ဌကထာဖွင့်ဆိုသော ဟူ၏။
အရဟတ္တဖိုလ်သည် ၀ိပဿနာဂတိက, မဂ္ဂဂတိက ၂-ဖက်ရ မဟုတ်၊ မဂ္ဂဂတိကဟူသော တစ်ဖက်ရသာဖြစ်၏။ မှန်၏။ မဂ်သည် နိဗ္ဗာန်အာရုံပြုသကဲ့သို့ ဖိုလ်လည်း နိဗ္ဗာန်ကိုပင် အာရုံပြု၏၊ မဂ်သည် ကိလေသာကို ပယ်ခြင်းကိစ္စကို ဆောင်ရွက်သကဲ့သို့ ဖိုလ်လည်း ဆောင်ရွက်၏၊ မဂ်သည် လောကုတ္တရာဇာတ်ဖြစ်သကဲ့သို့ ဖိုလ်လည်း လောကုတ္တရာဇာတ်တည်း၊ ယင်းသို့ အာရုံ, ကိစ္စ ဇာတ်အားဖြင့် တုသောကြောင့် ဖိုလ်သည် (မဂ်နှင့် အလားတူသော) မဂ္ဂဂတိကဖြစ်၏၊ ဝိပဿနာဂတိက မဟုတ်။
ယင်းသို့ဖိုလ်ဖြစ်လျက် မဂ်သဘောသက်ရောက်ခဲ့သော် ဝိပဿနာခေါ် ဝေါဒါန်နှင့် ဖိုလ်သည် မဂ်စိတ်ခြားဆီးနေ၍ ဝေးကွာနေစေကာမူ အနန္တရာ အာသဝါနံ ခယော ဟောတိ၌ အနန္တရာဟူသောအမည်ကို သုံးနှုံးနိုင်၏၊ သို့သော် မုချအနန္တရပစ္စည်းကား မတပ်နိုင်ရကား အဋ္ဌကထာ၌ (ဝိပဿနာ) ဖလဿဒူရာနုန္တရံနာမဟု မိန့်တော်မူသည် ဟူ၏။