သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။
စက္ခုဿ၊ စက္ခုပသာဒ၏။
ယော ခေါ ဥပ္ပါဒေါ၊ အကြင်ဖြစ်ခြင်းသည်။
ယာ ဌိတိ၊ အကြင်တည်ခြင်းသည်။
ယာ အဘိနိဗ္ဗတ္တိ၊ အကြင်ရှေးရှူဖြစ်ခြင်းသည်။
ယော ပါတုဘာဝေါ၊ အကြင် ထင်ရှားစွာဖြစ်ခြင်းသည်။
(အတ္ထိ၊ ရှိ၏။)
ဧသော၊ ဤ (စက္ခုပသာဒ၏) ဖြစ်ခြင်း တည်ခြင်း ထင်ရှားစွာဖြစ်ခြင်းသည်။
ဒုက္ခဿ၊ ဆင်းရဲ၏။
ဥပ္ပါဒေါ၊ ဖြစ်ခြင်းတည်း။
ရောဂါနံ၊ အနာရောဂါတို့၏။
ဌိတိ၊ တည်ခြင်းတည်း။
ဇရာမရဏဿ၊ အိုခြင်း သေခြင်း၏။
ပါတုဘာဝေါ၊ ထင်ရှားဖြစ်ခြင်းတည်း။
(သောတ ,ဃာန, ဇိဝှါ, ကာယ, မနတို့၌လည်းဤနည်းပေး။)
ဘိက္ခဝေ၊ တို့။
စက္ခုဿ၊ ၏။
ယော စ နိရောဓော၊ အကြင်ချုပ်ခြင်းသည်။
ယော ဝူပသမော၊ အကြင်ငြိမ်းခြင်းသည်။
ယော အတ္ထင်္ဂမော၊ အကြင်တွယ်ခြင်းသို့ ရောက်ခြင်းသည်။
(အတ္ထိ၊ ၏။)
ဧသော၊ ဤ (စက္ခုပသာဒ၏) ချုပ်ခြင်း ငြိမ်းခြင်း ကွယ်ခြင်းသို့ ရောက်ခြင်းသည်။
( အတ္ထိ၊ ၏။)
ဧသော၊ ဤ (စက္ခုပသာဒ၏) ချုပ်ခြင်း ငြိမ်းခြင်း ကွယ်ခြင်းသို့ ရောက်ခြင်းသည်။
ဒုခဿ၊ ဆင်းရဲ၏။
နိရောဓော၊ ချုပ်ခြင်းတည်း။
ရောဂါနံ၊ အနာရောဂါတို့၏။
ဝူပသမော၊ ငြိမ်းခြင်းတည်း။
ဇရာမရဏဿ၊ အိုခြင်း သေခြင်း၏။
အတ္ထင်္ဂမော၊ ကွယ်ခြင်းသို့ရောက်ခြင်းတည်း။
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။
(ဤသုတ်၌ ရူပါနံ၊ ရူပါရုံတို့၏- ဟု ပေး၊ ကြွင်းမထူး။
အာရုံ ၆-ပါးကို ဟောတော်မူသည်သာထူး၏။)
ဒုတိယံ၊ နှစ်ခုမြောက်သောသုတ်တည်း။
(ဤသုတ်၌ စက္ခုဝိညာဏဿ၊ စက္ခုဝိညာဉ်၏- ဟုပေး၊ ကြွင်းမထူး။
ဝိညာဉ် ၆-ပါးကိုဟောတော်မူသည်သာ ထူး၏)။
တတိယံ၊ သုံးခုမြောက်သောသုတ်တည်း။
(ဤသုတ်၌ စက္ခုသမ္ဖဿဿ၊ စက္ခုသမ္ဖဿ၏ ဟုပေး၊ ကြွင်းမထူး။
သမ္ဖဿ ၆-ပါးကို ဟောတော်မူသည်သာ ထူး၏)။
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။
(ဤသုတ်၌ စက္ခုသမ္ဖဿဇာယ၊ သော။
ဝေဒနာယ၊ ၏- ဟုပေး။
ဝေဒနာ ၆-ပါးကို ဟောတော်မူသည်သာ ထူး၏)။
ပဉ္စမံ၊ ငါးခုမြောက်သောသုတ်တည်း။
(သညာ ၆-ပါးကို ဟောတော်မူသည်သာ ထူး၏။)
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။
(သဉ္စေတနာ ၆-ပါးကို ဟောတော်မူသည်သာထူး၏။)
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။
(တဏှာ ၆-ပါးကို ဟောတော်မူသည်သာ ထူး၏။)
အဋ္ဌမံ၊ ရှစ်ခုမြောက်သောသုတ်တည်း။
(ဓာတ် ၆-ပါးကို ဟောတော်မူသည်သာ ထူး၏။)
နဝမံ၊ ကိုးခုမြောက်သောသုတ်တည်း။
(ခန္ဓာ ၅-ပါးကို ဟောတော်မူသည်သာ ထူး၏။)
ဒသမံ၊ ဆယ်ခုမြောက်သောသုတ်တည်း။
ဥပ္ပါဒသံယုတ္တံ၊ ဥပ္ပါဒသံယုတ်သည်။
သမတ္တံ၊ ပြီးပြီ။
(ဤဥဒ္ဒါန်းဂါထာလည်း ဩက္ကန္တသံယုတ် ဥဒ္ဒါန်းဂါထာအတိုင်းပေး။)