(ဤသုတ်၌လည်း အာကာရဝါကျသာ ထူး၏။ အနက်ကား—)
“အတ္တာ၊ အတ္တသည်။
အရူပီ၊ အရူပဈာန်သမာပတ်၏ အာရုံ (ကသိဏုဂ္ဃါဋိမာကာသ, ပဌမာရုပ္ပဝိညာဏ်, နတ္ထိဘော, အာကိဉ္စညာယတန)တည်း
၁။အရူပီတိ ဈာနံ “အတ္တာ” တိ ဂဟိတဒိဋ္ဌိ၊ဋ္ဌ။
အရူပသမာပတ္တိနိမိတ္တံ ပန အတ္တာတိ , သမာပတ္တိသညဉ္စဿ သညာတိ ဂဟေတွာ ဝါ နိဂဏ္ဌာဒယော ဝိယ တက္ကမတ္တေနေဝ ဝါ “အရူပီ အတ္တာ ဟောတိ ပရံ မရဏာ သညီ” တိ နံ ပညပေန္တိ။ ဒီ-ဋ္ဌ ၁၊၁ဝ၉။
ကသိဏုဂ္ဃါဋိမာကာသပဌမာရုပ္ပဝိညာဏနတ္ထိဘာဝါအာကိဉ္စညာယတနာနိ ယထာရဟမရူပသမာပတ္တိနိမိတ္တံနာမ။ နိမ္ဗပဏ္ဏေ တပ္ပရိမာဏော တိတ္တကရသော ဝိယ သရီရပ္ပမာဏော အရူပီ အတ္တာ သရီရေ တိဋ္ဌတီတိ တက္ကမတ္တေနေဝ နိဂဏ္ဌာ “အရူပီ အတ္တာ သညီ” တိ ပညာ ပေန္တီတိ အာဟ “နိဂဏ္ဌာဒယော ဝိယာ” တိ။ ဒီ-ဋီ- (နဝ) ၁၊ ၄၄၂။
ထိုက်သင့်သည်အားလျော်စွာ အရူပဈာန်သမာပတ် ၄-ပါး၏ အာရုံဖြစ်သည့် ကသိဏုဂ္ဃါဋိမာကာသပညတ် ,ပဌမာရုပ္ပဝိညာဏ်, နတ္ထိဘောပညတ်, အာကိဉ္စညာယတနတို့ကို အတ္တဟုယူ၍ ထိုအတ္တ၏ ၎င်းအရူပဈာန်သမာပတ်အာရုံ၌ဖြစ်သည့် သမာပတ်သညာကို “သညာ” ဟု ဈာနလာဘီတို့က ပညတ်ကြသည်။
တက္ကီပုဂ္ဂိုလ်တို့သည်ကား နိဂဏ္ဌစသည်တို့ကဲ့သို့ အတွေးအဆမျှဖြင့်သာလျှင် ၎င်းအရူပဈာန်သမာပတ်အာရုံကို “တမာရွက်၌ အရွက်ပမာဏရှိသမျှ ခါးသောအရသာရှိသကဲ့သို့ အတ္တသည်လည်း ကိုယ်ခန္ဓာရှိသလောက်တည်၏” ဟု ကြံဆပြီးလျှင် “အတ္တသည် အရူပဈာန်သမာပတ်အာရုံတည်း၊ သေပြီးနောက် ပျက်စီးခြင်းမရှိ မြဲ၏ဟု၎င်း သညာရှိ၏ဟု၎င်း သမုတ်ခေါ်ဝေါ်ကြသည်” ဟု ဆိုလို၏။
။ မရဏာ၊ မှ။ ပရံ၊ ၌။ အရောဂေါ၊ နာကျင်ပျက်စီးခြင်းမရှိသည်။ ဟောတိ၊ ဖြစ်၏”။ (ဟူသည်တည်း။) ဝီသတိမံ၊ နှစ်ဆယ်ခုမြောက်သောသုတ်တည်း။