သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
သေယျထာပိ၊ ဖြစ်သင့်ဖြစ်ရာ ဥပမာကိုဟောတော်မူအံ့။
ပဗ္ဗတေယျာ၊ တောင်မှစီးဆင်းလာသော။
(ပဗ္ဗတေယျာတိ ပဗ္ဗတေ ပဝတ္တာ။ဋ္ဌ။
ပဗ္ဗတေယျာတိ ပဗ္ဗတတော အာဂတာ။ဋီ။)
ဩဟာရိနီ၊ ဒိုက်တို့ကို အောက်ဖက်သို့ မျှောဆောင်သွားသော။
ဒူရင်္ဂမာ၊ အဝေးသို့သွားတတ်သော။
သီဃသောတာ၊ လျင်မြန်သော ရေအယဉ်ရှိသော။
နဒီ၊ မြစ်သည်။
(အတ္ထိ၊ ရှိ၏။)
တဿာ၊ ထိုမြစ်၏။
ဥဘောသု တီရေသု၊ ကမ်းနှစ်ဖက်တို့၌။
ကာသာ၊ သက်ကယ်မြက်တို့သည်။
ဇာတာ၊ ပေါက်ကုန်သည်။
စေပိ အဿု၊ အကယ်၍မူလည်းရှိကုန်ငြားအံ့။
တေ၊ ထိုသက်ကယ်မြက်တို့သည်။
နံ၊ ထိုကမ်းနှစ်ဖက်ကို။
အဇ္ဈောလမ္ဗေယျုံ၊ လွှမ်းမိုးအုပ်ဖုံး၍ တွဲလဲဆွဲနေကုန်ရာ၏။
ကုသာ၊ သမန်းမြက်တို့သည်။
ပ။
ပဗ္ဗဇာ၊ ဗြိတ်မြက်တို့သည်။
ပ။
ဗီရဏာ၊ မြက်မွှေးတို့သည်။
( မောဂ်နိဿယ-နှာ ၄၇၂။
ပဗ္ဗဇာ၊ ပြိန်းမြက်တို့သည်။
ပ။
ဗီရဏာ၊ ပြိတ်မြက်တို့သည်ဟုသော်လည်း ပေး။)
ပ။
ရုက္ခာ၊ မြက်ပင်တို့သည်။
ပ။
အဇ္ဈောလမ္ဗေယျုံ၊ လွှမ်းမိုးအုပ်ဖုံး၍ တွဲလဲဆွဲနေကုန်ရာ၏။
ပုရိသော၊ ယောက်ျားသည်။
တဿာ၊ ထိုမြစ်၏။
သောတေန၊ ရေအယဉ်ဖြင့်။
ဝုယှမာနော၊ မျောလာသည်ရှိသော်။
ကာသေ၊ သက်ကယ်မြက်တို့ကို။
စေပိ ဂဏှေယျ၊ အကယ်၍မူလည်း ဆွဲငြားအံ့။
တေ၊ ထိုသက်ကယ်မြက်တို့သည်။
ပလုဇ္ဇေယျုံ၊ (မိမိအပေါ်၌) ပျက်စီးပြိုကျကုန်ရာ၏။
သော၊ ထိုယောက်ျားသည်။
တတော နိဒါနံ၊ ထို (မိမိအပေါ်၌) ပျက်စီးပြိုကျခြင်း ဟူသော အကြောင်းကြောင့်။
အနယဗျသနံ၊ ကြီးပွါး ချမ်းသာမရှိသော ပျက်စီးခြင်းသို့။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ကုသေ၊ သမန်းမြက်တို့ကို။
ပ။
ပဗ္ဗဇေ၊ ဗြိတ်မြက်တို့ကို။
ပ။
ဗီရဏေ၊ မြက်မွှေးတို့ကို။
ပ။
ရုက္ခေ၊ မြက်ပင်တို့ကို။
ပ။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ဘိက္ခဝေ၊ တို့။
ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။
အရိယာနံ၊ ဘုရားအစရှိသော အရိယာတို့ကို။
အဒဿာဝီ၊ ဉာဏ်မျက်စိဖြင့် မြင်လေ့မရှိသော။
ပ။
အဿုတဝါ၊ အာဂမ အဓိဂမဟူသော သုတမရှိ
သော (ဋ္ဌ)။
ဝါ၊ နာခံမှတ်သား ဆောင်ထားမှု သုတမရှိသော။
ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။
ရူပံ၊ ရုပ်ကို။
အတ္တတော၊ အတ္တဟူ၍။
သမနုပဿတိ၊ ရှု၏။
အတ္တာနံ၊ အတ္တကို။
ရူပဝန္တံ ဝါ၊ ရုပ်ရှိ၏ဟူ၍လည်း။
သမနုပဿတိ၊ ၏။
အတ္တနိ ဝါ၊ အတ္တ၌မူလည်း။
ရူပံ၊ ရုပ်ကို။
သမနုပဿတိ၊ ၏။
ရူပသ္မိံ ဝါ၊ ရုပ်၌မူလည်း။
အတ္တာနံ၊ အတ္တကို။
သမနုပဿတိ၊ ၏။
တဿ၊ ထိုအဿုတဝါပုထုဇဉ်၏။
တံ ရူပံ၊ ထို ( ဂါဟ ၄-မျိုးတို့ဖြင့် ရှုအပ်သော) ရုပ်သည်။
ပလုဇ္ဇတိ၊ ပျက်စီး၏။
သော၊ ထိုအဿုတဝါပုထုဇဉ်သည်။
တတောနိဒါနံ၊ ထို (မိမိဂါဟ ၄-မျိုးတို့ဖြင့် ရှုအပ်သော) ရုပ် ပျက်စီးခြင်းဟူသော အကြောင်းကြောင့်။
အနယဗျသနံ၊ ကြီးပွါးချမ်းသာမရှိသော ပျက်စီးခြင်းသို့။
အာပဇ္ဇတိ၊ ရောက်၏။
( ဝေဒနာ စသည်ကိုလည်း ဤနည်းအတိုင်းပေးပါလေ။)
ဘိက္ခဝေ၊ တို့။
တံ၊ ထိုငါဘုရား မိန့်တော်မူအပ်မည့် စကားကို။
ကိံ မညထ၊ အဘယ်သို့မှတ်ထင်ဖြေဆိုကြမည်နည်း။
ရူပံ၊ ရုပ်သည်။
နိစ္စံ ဝါ၊ မြဲသလော။
အနိစ္စံ ဝါ၊ မမြဲသလော။
ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘန္တေ၊ မြတ်စွာဘုရား။
အနိစ္စံ၊ မမြဲပါ။
(ဤသို့စသည်ဖြင့် ပဇာနာတီတိ အထိပေးလေ။ ရှေး၌ တွေ့ခဲ့လှပြီ။)
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။