သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။
ရူပသ္မိံ၊ ရုပ်၌။
ယော ဆန္ဒရာဂေါ၊ အကြင်လိုချင်တပ်မက်ခြင်းသည်။
( အတ္ထိ၊ ၏။)
တံ၊ ထိုရုပ်၌ လိုချင်တပ်မက်ခြင်း (တဏှာ) ကို။
ပဇဟထ၊ ပယ်စွန့်ကြကုန်လော။
ဧဝံ၊ ဤသို့ ( ရုပ်၌ လိုချင်မှုကို) ပယ်ကုန်သည်ရှိသော်။
တံ ရူပံ၊ ထိုရုပ်သည်။
ဝါ၊ ကို
ပဟီနံ၊ ပယ်အပ်ပြီးသည်။
ဥစ္ဆိန္နမူလံ၊ ဖြတ်အပ်ပြီးသော အမြစ်အရင်း ရှိသည်။
တာလာဝတ္ထုကတံ၊ ထန်းပင်တည်ရာ (ကျင်း) ကဲ့သို့ပြုအပ်သည်။
အနဘာဝံကတံ၊ တဖန် မဖြစ်အောင် ပြုအပ်သည်။
အာယတိံ၊ နောင်အခါ၌။
အနုပ္ပါဒဓမ္မံ၊ မဖြစ်ပေါ်ခြင်း သဘောရှိသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
(ဝေဒနာစသည်ကိုလည်း ဤနည်းပေး။)
ဣတိ၊ ၏။
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။