(ဧဝံ မေ သုတံ စသည် ပေးမြဲ။)
သောဏံ၊ သောဏမည်သော။
ဂဟပတိပုတ္တံ၊ သူကြွယ်၏သားကို။
ဘဂဝါ၊ မြတ်စွာဘုရားသည်—
သောဏ၊ သောဏ။
ယေ ကေစိ သမဏာ ဝါ၊ အကြင်ရဟန်းတို့သည် ၎င်း။
ယေ ကေစိ ဗြာဟ္မဏာ ဝါ၊ အကြင်ပုဏ္ဏားတို့သည်၎င်း။
အနိစ္စေန၊ အမြဲမရှိသော။
ဒုက္ခေန၊ ဆင်းရဲသော။
ဝိပရိဏာမဓမ္မေန၊ ဖောက်ပြန်ခြင်းသဘောရှိသော။
ရူပေန၊ ရုပ်ဖြင့်။
“အဟံ၊ ငါသည်။
သေယျော၊ မြတ်သူသည်။
အသ္မီတိ ဝါ၊ ဖြစ်၏” ဟူ၍လည်း။
သမနုပဿန္တိ၊ ရှုကုန်၏။
“အဟံ၊ သည်။
သဒိသော၊ တူသောသူသည်။
အသ္မိတိ ဝါ၊ ဖြစ်၏” ဟူ၍လည်း။
သမနုပဿန္တိ၊ ရှုကုန်၏။
“အဟံ၊ သည်။
ဟိနော၊ ယုတ်သောသူသည်။
အသ္မီတိ ဝါ၊ ဖြစ်၏” ဟူ၍လည်း။
သမနုပဿန္တိ၊ ရှုကုန်၏။ (တေ၊ ထိုရဟန်းပုဏ္ဏားတို့သည်။) ယထာဘူတဿ၊ ဟုတ်မှန်သောသဘောကို။ အဒဿနာ၊ မသိမမြင်ခြင်းမှ။ အညတြ၊ ကြဉ်၍။ ကိံ သမနုပဿန္တိ၊ အဘယ်မှာ ရှုနိုင်ကုန်အံ့နည်း
သမနုပဿန္တိ၊ ရှုကုန်၏။ (တေ၊ ထိုရဟန်းပုဏ္ဏားတို့သည်။) ယထာဘူတဿ၊ ဟုတ်မှန်သောသဘောကို။ အဒဿနာ၊ မသိမမြင်ခြင်းမှ။ အညတြ၊ ကြဉ်၍။ ကိံ သမနုပဿန္တိ၊ အဘယ်မှာ ရှုနိုင်ကုန်အံ့နည်း
၁။ကိမညတြ ယထာဘူတဿ အဒဿနာတိ ယထာဘူတဿ အဒဿနကော အညံ ကိံ ဘဝေယျ၊အဒဿနံ အညာဏမေဝ ဘဝေယျာတိ အတ္ထော၊ ဤအဋ္ဌကထာ, အညံ ကိံ ဘဝေယျာတိ အညံ ကိံကာရဏံ ဘဝေယျ၊ ဤဋီကာ။ ဤအဋ္ဌကထာဋီကာတို့၏အဖွင့်သည် အဓိပ္ပါယ်ဖွင့်ဖြစ်၏။ အကြောင်းကား ယေ ကေစိဟူသော အနိယမ၏ နိယမသဒ္ဒါ အဖွင့်မပါသောကြောင့်တည်း။ သို့ဖြစ်၍ ဤနိဿယ၌ အပြည့်အစုံ သမ္ဗန်လိုက်သည်။ ထိုရဟန်းပုဏ္ဏားတို့သည် ဟုတ်မှန်တိုင်းကို မသိခြင်းမှ ကြဉ်၍ ဝါ ဟုတ်မှန်တိုင်း မသိခြင်းကို ဖယ်ထားပြီး အဘယ်မှာရှုနိုင်ကုန်အံ့နည်း။ ဟုတ်မှန်တိုင်းကို မသိ၍ရှုကြကုန်သည်ဟူလို။
။
(အနိစ္စာယ ဝေဒနာယ စသော လေးဝါကျကိုလည်း ဤနည်းမှီး၍ ပေးပါလေ။)သောဏ၊ သောဏ။
ယေ စ ခေါ ကေစိ သမဏာ ဝါ၊ အကြင်ရဟန်းတို့သည်၎င်း။
ယေ စ ခေါ ဗြာဟ္မဏာ ဝါ၊ အကြင်ပုဏ္ဏားတို့သည် ၎င်း။
အနိစ္စေန၊ သော။
ဒုက္ခေန၊ သော။
ဝိပရိဏာမေန၊ သော။
ရူပေန၊ ရုပ်ဖြင့်။
“အဟံ၊ ငါသည်။
သေယျော၊ မြတ်သည်။
အသ္မီတိပိ၊ ဖြစ်၏” ဟူ၍လည်း။
န သမနုပဿန္တိ၊ မရှုကြကုန်။
“အဟံ၊ သည်။
သဒိသော၊ တူသောသူသည်။
အသ္မိတိပိ၊ ဖြစ်၏” ဟူ၍လည်း။
န သမနုပဿန္တိ၊ မရှုကြကုန်။
“အဟံ၊ သည်။
ဟီနော၊ ယုတ်သောသူသည်။
အသ္မီတိပိ၊ ဖြစ်၏” ဟူ၍လည်း။
န သမနုပဿန္တိ၊ မရှုကြကုန်။
(တေ၊ ထိုရဟန်းပုဏ္ဏားတို့သည်။)
ယထာဘူတဿ၊ ဟုတ်မှန်သောသဘောကို။
ဒဿနာ၊ သိမြင်ခြင်းမှ။
အညတြ၊ ကြဉ်၍။
ကိံ နသမနုပဿန္တိ၊ အဘယ်မှာ မရှုနိုင်ပဲရှိပါကုန်အံ့နည်း။
သောဏ၊ သောဏ။
တံ၊ ထိုငါဘုရားမိန့်တော်မူအပ်လတ္တံ့ သောစကားကို။
ကိံ မညသိ၊ အဘယ်သို့ မှတ်ထင်သနည်း။
ရူပံ၊ ရုပ်သည်။
နိစ္စံ ဝါ၊ မြဲသလော။
အနိစ္စံ ဝါ၊ မမြဲသလော။
ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ မြတ်စွာဘုရား။
အနိစ္စံ၊ မမြဲပါ။
ယံ ပန၊ အကြင်ရုပ်သည်ကား။
အနိစ္စံ၊ မမြဲ။
တံ၊ ထိုရုပ်သည်။
ဒုက္ခ ဝါ၊ ဆင်းရဲသလော။
သုခံ ဝါ၊ ချမ်းသာသလော။
ဣတိ၊ ၏။
ဘန္တေ၊ ရား။
ဒုက္ခံ၊ ဆင်းရဲပါ၏။
ယံ ပန၊ အကြင်ရုပ်သည်ကား။
အနိစ္စံ၊ မမြဲ။
ဒုက္ခံ၊ ဆင်းရဲ၏။
ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်သောသဘောရှိ၏။
တံ၊ ထိုရုပ်ကို။
“ဧတံ၊ ဤရုပ်သည်။
မမ၊ ငါ၏ရုပ်တည်း။
ဧသော၊ ဤရုပ်သည်။
အဟံ၊ ငါသည်။
အသ္မိ၊ ဖြစ်၏။
ဧသော၊ ဤရုပ်သည်။
မေ၊ ငါ၏။
အတ္တာတိ၊ အတ္တတည်း” ဟူ၍။
သမနုပဿိတုံ၊ ရှုခြင်းငှါ။
ကလ္လံနု၊ လျောက်ပတ်သလော။
ဣတိ၊ ၏။
ဘန္တေ၊ ရား။
ဧတံ၊ ဤသို့ ရှုခြင်းသည်။
နောဟိ၊ မလျောက်ပတ်ပါ။
(ဝေဒနာစသည်ကိုဤနည်း ပေး။
ဧဝံ ပဿံ စသည်ကိုလည်း နိစ္စသုတ် စာပိုဒ် ၁၂- ရှု၍ပေး။)
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။