သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။
ရုပဿ၊ ၏။
ယော ဥပ္ပါဒေါ၊ အကြင်ဖြစ်ခြင်းသည်။
ယာ ဌိတိ၊ အကြင်တည်ခြင်းသည်။
ယာ အဘိနိဗ္ဗတ္တိ၊ အကြင်ထင်ရှားသောဖြစ်ခြင်းသည်။
ယော ပါတုဘာဝေါ၊ အကြင်ထင်ရှားစွာ ဖြစ်ပေါ်ခြင်းသည်။
(အတ္တိ၊ ၏။
အဘိသဒ္ဒါ ဗျတ္တအနက်ဟော၊ ပါတုသဒ္ဒါ ပါကဋအနက်ဟော။)
ဧသော၊ ထိုရုပ်၏ဖြစ်ခြင်း တည်ခြင်းထင်ရှားစွာဖြစ်ပေါ်ခြင်းသည်။
ဒုက္ခဿ၊ ဆင်းရဲ၏။
ဥပ္ပါဒေါ၊ ဖြစ်ခြင်းမည်၏။
ရောဂါနံ၊ အနာရောဂါတို့၏။
ဌိတိ၊ တည်ခြင်းမည်၏။
ဇရာမရဏဿ၊ အိုခြင်း သေခြင်း၏။
ပါတုဘာဝေါ၊ ထင်ရှားစွာဖြစ်ပေါ်ခြင်းမည်၏။
(ဝေဒနာစသည်လည်း ဤနည်းပေး။)
ဘိက္ခဝေ၊ တို့။
ရူပဿ၊ ၏။
ယော စ ခေါ နိရောဓော၊ အကင်ချုပ်ခြင်းသည်။
ယော ဝူပသမော၊ အကြင်ငြိမ်းခြင်းသည်။
ယော အတ္ထင်္ဂမော၊ အကြင်ပျက်ခြင်းသို့ရောက်ခြင်းသည်။
(အတ္ထိ၊ ၏။
ဧသော၊ ဤချုပ်ခြင်း ငြိမ်းခြင်းပျက်ခြင်းသို့ ရောက်ခြင်းသည်။
ဒုက္ခဿ၊ ၏။
နိရောဓော၊ ချုပ်ခြင်းမည်၏။
ရောဂါနံ၊ တို့၏။
ဝူပသမော၊ ငြိမ်းခြင်းမည်၏။
ဇရာမရဏဿ၊ ၏။
အတ္ထင်္ဂမော၊ ပျက်ခြင်းသို့ ရောက်ခြင်းမည်၏။
( ဝေဒနာစသည်ကိုလည်း ဤနည်းပေး။)
နဝမံ၊ ကိုးခုမြောက်သောသုတ်တည်း။