Issues
Select Version
中文翻译1
中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Khandhavaggo
(SN)Khandhavaggo

1. Attadīpasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။ (တုမှေ၊ သင်တို့သည်။) အတ္တဒီပါ၊ မိမိသာလျှင် ကိုင်းကျွန်းပမာ မှီခိုရာရှိကုန်သည်ဖြစ်၍။ အတ္တသရဏာ၊ မိမိသာလျှင် ကိုးကွယ်ရာ ရှိကုန်သည်ဖြစ်၍။ အနညသရဏာ၊ မိမိမှတစ်ပါး အခြား ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍။ ဝိဟရထ၊ နေကြကုန်လော။ ဓမ္မဒီပါ၊ လောကုတ္တရာတရားသာလျှင် ကိုင်းကျွန်းပမာ မှီခိုရာရှိကုန်သည်ဖြစ်၍။ ဓမ္မသရဏာ၊ လောကုတ္တရာတရားသာလျှင် ကိုးကွယ်ရာရှိကုန်သည်ဖြစ်၍။ အနည သရဏာ၊ လောကုတ္တရာတရားမှတစ်ပါး အခြား ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍။ ဝိဟရထ၊ နေကြကုန်လော ၁။အတ္တဒီပါစသည်တို့နှင့် ဓမ္မဒီပါစသည်တို့သည် အနက်ကားဖြင့် တူကြ၏။ မှန်၏၊ အတ္တအရနှင့် ဓမ္မအရသည် လောကုတ္တရာတရားချည်းတည်း။ အတ္တဒီပါစသော ၆-ပုဒ်လည်း ပရိယာယ်အားဖြင့် ဟောတော်မူသည်။ အနက်အားဖြင့် အတူတူပင်တည်း။ အတ္တာ ဒီပေါ (ဒီပေါ ဝိယ) ဧတေသံပြု။ အညံ သရဏံ အညသရဏံ၊ နတ္ထိ အညသရဏံ ဧတေသံပြု။ ။
ဘိက္ခဝေ၊ တို့။ အတ္တဒီပါနံ၊ မိမိသာလျှင် ကိုင်းကျွန်းပမာ မှီခိုရာရှိကုန်သည်ဖြစ်၍။ အတ္တသရဏာနံ၊ မိမိသာလျှင် ကိုးကွယ်ရာရှိကုန်သည်ဖြစ်၍။ အနညသရဏာနံ၊ မိမိမှတစ်ပါး အခြား ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍။ ဝိဟရတံ၊ နေလိုကုန်သော ရဟန်းတို့သည်။ ဓမ္မဒီပါနံ၊ လောကုတ္တရာတရားသာလျှင်ကိုင်းကျွန်းပမာ မှီခိုရာရှိကုန်သည်ဖြစ်၍။ ဓမ္မသရဏာနံ၊ လောကုတ္တရာတရားသာလျှင် ကိုးကွယ်ရာရှိကုန်သည်ဖြစ်၍။ အနညသရ‌ဏာနံ၊ လောကုတ္တရာတရားမှတစ်ပါးအခြား ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍။ ဝိဟရတံ၊ နေလိုကုန်သောရဟန်းတို့သည်။
“သောက ပရိဒေ၀ ဒုက္ခဒေါမနဿုပါယာသာ၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည်။ ကိံ ဇာတိကာ၊ အဘယ်လျှင် ဇစ်မြစ်ရှိကုန်သနည်း။ ကိံ ပဟောတိကာတိ၊ အဘယ်လျှင် အမွန် အစရှိကုန်သနည်း” ဟူသော။ ယောနိ၊ အကြောင်းကို။ ဥပပရိက္ခိ တဗ္ဗာ၊ စူးစမ်းဆင်ခြင်အပ်၏။
ဘိက္ခဝေ၊ တို့။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ၊ တို့သည်။ ကိံ ဇာတိကာ စ၊ အဘယ်လျှင် ဇစ်မြစ်ရှိကုန်သနည်း။ ကိံ ပဟောတိကာ၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။ (ဣဓ ဘိက္ခဝေ စသော ဝါကျသည် နကုလပိတုသုတ်လာ ဣဓ ဂဟပတိ စသည့် ဝါကျနှင့်တူ၏။ အဟံ ရူပံ စသော ဝါကျမပါသည်သာ ထူး၏။)
ဘိက္ခဝေ၊ တို့။ ရူပဿတွေဝ၊ ရုပ်၏သာလျှင်။ အနိစ္စတံ၊ အမြဲမရှိသည်၏အဖြစ်ကို။ ဝိပရိဏာမံ၊ ဖောက်ပြန်ခြင်းကို။ ဝိရာဂံ၊ ပျက်စီးခြင်းကို။ နိရောဓံ၊ ချုပ်ခြင်းကို။ (ဝိပရိဏာမံ စသော ၃-ပုဒ်သည် နောက်ထည့်ပါဌ်။) ဝိဒိတွာ၊ သိ၍။ “ပုဗ္ဗေစေဝ ရူပံ၊ ရှေး၌ဖြစ်သော ရုပ်သည်၎င်း။ ဧတရဟိ စ ရူပံ၊ ယခုအခါ၌ဖြစ်သောရုပ်သည်၎င်း။ သဗ္ဗ ရူပံ၊ အလုံးစုံသော ရုပ်သည်။ အနိစ္စံ၊ အမြဲမရှိ။ ဒုက္ခံ၊ ဆင်းရဲ၏။ ဝိပရိဏာမဓမ္မန္တိ၊ ဖောက်ပြန်ခြင်းသဘောရှိ၏” ဟူ၍။ ဧဝံ၊ ဤသို့။ ဧတံ၊ ဤရုပ်ကို။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ သမ္မပ္ပညာယ၊ ဟုတ်မှန်စွာသိသော ဝိပဿနာပညာဖြင့်။ ပဿတော၊ ရှုသောသူ၏ (သန္တာန်၌။ ပဟီယန္တိ၌စပ်။) ယေ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ၊ အကြင်စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်။ (သန္တိ၊ ရှိကုန်၏။) တေ၊ ထိုစိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်။ ပဟီယန္တိ၊ ကင်းပျောက်ကုန်၏။
တေသံ၊ ထိုစိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့၏။ ပဟာနာ၊ ကင်းပျောက်ခြင်းကြောင့်။ န ပရိတဿတိ၊ မတပ်မက် မစွဲလမ်း။ အပရိတဿံ၊ မတပ်မက် မစွဲလမ်းသည်ရှိသော်။ သုခံ၊ ချမ်းသာစွာ။ ဝိဟရတိ၊ နေရ၏။ သုခဝိဟာရီ၊ ချမ်းသာစွာနေလေ့ရှိသော။ ဘိက္ခု၊ ရဟန်းကို။ တဒင်္ဂနိဗ္ဗုတောတိ၊ ထိုဝိပဿနာဟူသောအကြောင်းဖြင့် ကိလေသာငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍။ (မဂ်ဟူသောအကြောင်းဖြင့် ကိလေသာငြိမ်းအေးသူမဟုတ်၍ တခဏမျှ ကိလေသာငြိမ်းအေးသူဟူလို။) ဝုစ္စတိ၊ ဆိုအပ်၏။ (ဝေဒနာစသည်ကိုလည်း ဤနည်းပေး။)
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။