ကထာနံ ဝတ္ထုဘာဝတောတိ၊ ဟူသောပါဌ်ဖြင့်။
ကထာသမုဒါယဿ၊ ကထာအပေါင်းဖြစ်သော။
ပကရဏဿ၊ ကျမ်း၏။
အတ္တနော၊ မိမိ ဟာသောကျမ်း၏။
ဧကဒေသာနံ၊ အစိတ်ဖြစ်သော ကထာတို့၏။
ဩကာသဘာဝံ၊ တည်ရာ၏အဖြစ်ကို။
(သင်္ဂဟကာရော) ဝဒတိ၊ ဆို၏။
ဟိ၊ မှန်။
သမုဒါယေ၊ အပေါင်း၌။
ဧကဒေသာ၊ အစိတ်တို့သည်။
အန္တောဂဓာ၊ အတွင်း၌ဖြစ်ကုန်၏။
ဝါ၊ အတွင်းဝင်ကုန်၏။
ဣတိ၊ ဤသို့မှတ်အပ်၏။
[တနည်းကသ္မာ၊ ကြောင့်။
ကထာနံ ဝတ္ထုဘာဝတောတိ၊ ဟူသောပါဌ်ဖြင့်။
ပေ၊ဝဒတိ၊ ဆို၏။
ဣတိ၊ သို့။
ဝိညာယတိ၊ နည်း။
ဟိ(ယသ္မာ)၊ ကြောင့်။
သမုဒါယေ၊ အပေါင်း၌။
ပေ၊ အန္တောဂဓာ၊ ကုန်၏။
တသ္မာ၊ ကြောင့်။
ကထာနံ ဝတ္ထုဘာဝတောတိ၊ ပါဌ်ဖြင့်။
ပေ၊ ဩကာသဘာဝံ၊ တည်ရာ၏အဖြစ်ကို။
(သင်္ဂဟကာရော) ဝဒတိ၊ ၏။
ဣတိ ဝိညာယတိ၊ ၏။]၁။ ကထာသမုဒါယဿ။ ပေ။ ဘာဝံ။ ။ကထာနံကို "အတ္တနော ဧက- ဒေသာနံ"ဟုဖွင့်၍ ဝတ္တုဘာဝကို "ဩကာသဘာဝ"ဟု ဖွင့်သည်။ "မိမိဟူသောတစ်ကျမ်းလုံး၏ အစိတ်ဖြစ်သော ကထာတို့၏ တည်ရာ၏အဖြစ်"ဟူလို၊ "ကထာသမုဒါယဿ ပကရဏဿ" ကား ဘာဝ၏သမ္ဗန်ကို အပိုပြသောစကားတည်း။ ဤစကားအရ"ကထာဝတ္ထုကျမ်းဟူသည် "အစိတ်ဖြစ်သော ကထာတို့၏တည်ရာဖြစ်သောကျမ်းတည်"ဟု မှတ်ပါ။
**၂**။ သမုဒါယေ။ ပေ။ အန္တောဂဓာ၊ ဤဝါကျသည် ရှေ့ဝါကျ၏ဒဠီကရဏတည်း။( တပ္ပါကဋီကရဏဟုလည်းဆိုကြ၏။) နောက်၌ ဣတိသဒ္ဒါပါသောကြောင့်ရှေ့ဝါကျ၏ ဉာပကဟေတုဝါကျအဖြစ်ဖြင့်လည်း အနက်ပေးရ၏။ အပေါင်းကျမ်းက အစိတ်ကထာတို့၏တည်ရာဖြစ်ပုံကို အနူဋီကာဝယ် "ရုက္ခေ+ သာခါ" ကို ဥပမာပြ၏။
ချဲ့ဦးအံ့- "ရုက္ခေ+ သာခေါ၊ သစ်ပင်၌ သစ်ခက်တွေ"ဟူရာဝယ် သစ်ပင်သည်အပေါင်းသမုဒါယ ဖြစ်၍ သစ်ခက်တို့သည် အစိတ်ဧကဒေသများဖြစ်ကြ၏။ ထိုအစိတ်သစ်ခက်တို့သည် အပေါင်းသစ်ပင်၌ ပါဝင်ကြ တည်ကြရသကဲ့သို့ အစိတ်အဖြစ်ဖြင့် ဟောတော်မူအပ်သော ပုဂ္ဂလကထာ, ပရိဟာနိကထာ, ဗြဟ္မစရိယကထာစသော ကထာတို့သည် ဤကျမ်း၌ ပါဝင်ကြ တည်ကြရသည်- ဟူလို။
သင်္ခေပေန၊ အကျဉ်းဥဒ္ဒေသဖြစ်သော။
ယေနပကာရေန၊ အကြင်အပြားအားဖြင့်။
(ဘဂဝါ၊ သည်။)
အဒေသယျ၊ ဟောတော်မူပြီ။
တံ၊ ထိုအကျဉ်းဥဒ္ဒေသဖြစ်သော အပြားကို။
ဒဿေန္တော၊ ပြလိုသည်၏အဖြစ်ကြောင့်။
"**မာတိကာဌပနေနေဝ ဌပိတဿာ**"တိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊ ပြီ။ကထာ ၃- မျိုး။ ။ "ကထာနံ+ ဝတ္ထု"နှင့်စပ်၍ ကထာ ၃-မျိုးကို အနူဋီကာ၌ပြထား၏။[ကထာနန္တိ တိဿော ကထာ ဝါဒေါဇပ္ပေါ ဝိတဏ္ဍာတိ။] ကထီယတိအတ္ထော ဧတာယာတိ ကထာ- မိမိဆိုလိုအပ်သော အနက်အဓိပ္ပါယ်ကို သူတပါးတို့နားလည်အောင် ပြောဆိုကြောင်း စကားဝါကျသည် ကထာမည်၏ထိုကထာသည် ဝါဒ, ဇပ္ပ, ဝိတဏ္ဍာအားဖြင့် ၃-မျိုးရှိသည်။
ဝါဒထာ။ ။ တေသုယေန(အကြင်စကားရပ်ဖြင့်) ပမာဏတက္ကေဟိ(ပမာဏပြုလောက်သော သစ္စဝါဒီပုဂ္ဂိုလ်, ကြံစည်ပြောဆိုတတ်သော ပရဝါဒီပုဂ္ဂိုလ်တို့သည်) ပက္ခပဋိပက္ခာနံ(မိမိဘက် ဆန့်ကျင်ဘကတို့ကို) ပတိဋ္ဌာပန ပဋိက္ခေပါ ဟောန္တိ(မိမိ ဘက်ကိုတည်စေခြင်း,သူ့ဘက်ကို ပယ်ရှားခြင်းတို့သည်ဖြစ်ကုန်၏။) သောဝါဒေါ(မိမိဘက်ကိုတည်စေကြောင်း သူ့ဘက်ကိုပယ်ရှားခြင်းကြောင့်ဖြစ်သော ထိုစကားဝါကျသည်။) ဝါဒေါ၊ မည်၏။ ဤဝါဒကထာမျိုး၌ အနက်တမျိုးတည်းမှာပင် သူ့အယူတမျိုး, ကိုယ့်အယူတမျိုးအားဖြင့် ၂မျိုးကွဲလျက်ရှိ၏။ ပါဠိတော်၌ ပုဂ္ဂလဟူသောအနက်တမျိုးကိုပင် သကဝါဒီက သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် မရှိဟု ဟူ၍ ပရဝါဒီက အရှိဟု ယူသကဲ့သို့တည်း။
ဇပ္ပကထာ။ ။ ယေန(အကြင်စကားရပ်ဖြင့်) ဆလဇာတိနိဂ္ဂဟဋ္ဌာနေဟိ(ဆလ, ဇာတိ, နိဂ္ဂဟဋ္ဌာနတို့ဖြင့်) ပက္ခပဋိပက္ခာနံ(တို့ကို) ပတိဋ္ဌာပနံ ပဋိက္ခေပါရမ္ဘော(တည်စေခြင်း, ပယ်ရှားခြင်းငှာ အားထုတ်ခြင်းသည်ဖြစ်၏။)သောဇပ္ပေါ။[သက္ကတ၌ "ဇလွ"သဒ္ဒါသည် ပါဠိ၌ "ဇပ္ပ"ဟုဖြစ်၏။ "ဝါဂိဝိသေသစကားအထူးအဆန်း"ဟူသော အနက်ကိုဟော၏။ ဤ၌ "အာရမ္ဘော" ဟု ဆိုသောကြောင့်အားထုတ်ရုံသာဖြစ်၏။မိမိဝါဒကိုတည်စေခြင်း, သူ့ဝါဒကို ပယ်ခြင်းတိုင်အောင် မပြီးစီးသေး"ဟု အဓိပ္ပါယ်ရသည်။]
**ဝိတဏ္ဍကထာ၊ ယာယ ပန(အကြင်စကားရပ်ဖြင့်ကား) ဆလဇာတိ နိဂ္ဂဟဋ္ဌာနေဟိ ပဋိပက္ခ ပဋိက္ခေပါယ( သူ့ဘက်ဝါဒကိုပယ်ရှားခြင်းငှာ) ဝါယမန္တိ၊ သာ ဝိတဏ္ဍာ၊ [ဤကထာ၌ကား မိမိဘက်ဝါဒကို တည်တံ့စေဖို့မပါ၊ သူ့ဝါဒပယ်ဖို့သာကြိုးစားခြင်းတည်း။]
ဝါဒကထာသာလိုရင်း။ ။ ဧဝံ ဝါဒဇပ္ပဝိတဏ္ဍပ္ပဘေဒါသု တီသု ကထာဟု ဣဓ(ဤကထာဝတ္ထုကျမ်း၌) ဝါဒကထာ "ကထာ"တိ အဓိပ္ပေတာ။ အနူ။ ဤကထာဝတ္ထုကျမ်းသည် သကဝါဒီကလည်း မိမိဝါဒကို တည်စေ၍ သူ့ဝါဒကိုပယ်သောကြောင့်၎င်း, ပရဝါဒီကလည်း သူ့ဝါဒကို တည်စေ၍ သကဝါဒီ၏ ဝါဒကိုပယ်သောကြောင့်၎င်း, ကထာ- ၃မျိုးတွင် ဝါဒကထာကိုယူရသည်။