အဒုတိယေန ဒုတိယံ အဒုတိယေန။ ။ ပထမပါရာဇိကပါဠိတော်ကို ဖွင့်ပြပြီး၍ ဒုတိယပါရာဇိကပါဠိ တော်ကို ဖွင့်ပြတော်မူလိုသောကြောင့် "ဒုတိယ အဒုတိယန" စသည်ကို မိန့်၊ ဘုရားရှင်၌ ဂုဏ်တော်များစွာ ရှိပါသော်လည်း ဒုတိယပါရာဇိကနှင့် လိုက်လျောအောင် “အဒုတိယေန”ဟူသော ဂုဏ်ပုဒ်ဖြင့် ချီးမွမ်းတော်မူသည်။ [ပကတိဟေသာ အာစရိယာနံ၊ ယဒိဒံ အာရမ္မာနုရူပထောမနာ- အားထုတ်အပ်လတ္တံ့ ဖြစ်သောကျမ်းအားလျော်စွာ ဘုရားရှင်ကို ချီးမွမ်းခြင်းသည် ကျမ်းဆရာများ ၏ ထုံးစံတည်း။] ၊ အတူကင်းပျောက်, ၂ ဆူမြောက် ရှိတော်မမူသော။ ဝါ၊ အတူမဲ့ ဖြစ်တော်မူသော။ ဇိနေန၊ ငါးမာရ်အောင်မြင် ဘုရားရှင်သည်။ ဒုတိယံ၊ ၂ပါးမြောက် ဖြစ်သော။ ယံပါရာဇိကံ၊ အကြင် ပါရာဇိက သိက္ခာပုဒ်ကို။ ပကာသိတံ၊ ထင်ရှား ပြတော်မူအပ်ပြီ။ တဿ၊ ထိုဒုတိယပါရာဇိက၏။ သံဝဏ္ဏနာက္ကမော၊ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာအစဉ်သည်။ ဒါနိ၊ ပထမပါရာဇိကကို ဖွင့်ပြီးရာ ယခုအခါ၌။ ယသ္မာ၊ ကြောင့်။ ပတ္တော၊ ဆိုက်ရောက်လာ၏။ [ဒါနိကိုထောက်၍ ပစ္စုပ္ပန်ဟော။] တသ္မာ၊ ကြောင့်။ (ဒုတိယပါရာဇိကအဖွင့် အစဉ်၏ဆိုက်ရောက်လာသည်၏ အဖြစ်ကြောင့်။) [ဟောတိ၊ ၌စပ်။] ယံ၊ အကြင်ပုဒ်ကို။ (သောတူဟိ၊ စာသင်သားတို့သည်။) သုဝိညေယျံ၊ လွယ်ကူစွာသိနိုင်၏။ ဝါ၊ သိလွယ်၏။ ယဉ္စ၊ အကြင်ပုဒ်ကိုလည်း။ (မယာ) ပုဗ္ဗေ၊ ၌။ ပကာသိတံ၊ ထင်ရှားပြအပ်ပြီ။ တံ တဗ္ဗံ၊ ထိုအလုံးစုံသော သုဝိညေယျာ ပုဗ္ဗေ ပကာသိတ ပုဒ်ကို။ ဝဇ္ဇယိတွာန၊ ရှောင်ကြဉ်၍။ အယံ သံဝဏ္ဏနာ၊ ဤဖွင့်ကြောင်း ဖွင့်ရာ, အဋ္ဌကထာသည်။ ဟောတိ၊ ၏။ ဝါ၊ ဖြစ်တော့လတ္တံ့။ [ သမီပ ဝတ္တမာန်။]
၈၄။ တေန သမယေန။ ပေ။ ဂိဇ္ဈကုဋေ ပဗ္ဗတေတိ ဧတ္ထ၊ ၌။ ရာဇဂဟေတိ၊ ကား။ ဧဝံ နာမကေ ဧဝံနာမကေ။ ပေ။ ဝုစ္စတိ။ ။ ဧဝံ (ဤသို့သော)+နာမံ ယဿာတိ ဧဝံနာမကံ၊ [သမာသန္တကပစ္စည်း၊] ထိုစကားကို ခိုင်မြဲစေလို၍, တစ်နည်း-ရာဇဂဟအမည်ရခြင်း၏အကြောင်း ကို ပြလို၍ “တံဟိ၊ ပေ၊ ဝုစ္စတိ" ဟု မိန့်၊ ဤဝါကျမျိုးသည် သဒ္ဒပ္ပဝတ္တိနိမိတ် (ရာဇဂဟသဒ္ဒါ ဖြစ်ပေါ်လာခြင်း၏ အကြောင်း ကိုပြသော ဝါကျတည်း။ [ရှေးဆရာတို့က “မန္ဓာတု မဟာဂေါဝိန္ဒာ ဒီဟိ ပရိဂ္ဂဟိတတ္တာ" ကို နာမလာဘဟိတ် (နာမည်ရခြင်း၏အကြောင်းပြဟိတ်)ဟု ခေါ်ကြ၏၊ သဒ္ဒပ္ပဝတ္တိနိမိတ်-ဟူသော စကားနှင့် သဘောတူပင်တည်း။] ၊ ဤသို့ရာဇဂဟ အမည်ရှိသော။ နဂရေ၊ မြို့၌။ ဟိ၊ မှန်၏။ (တစ်နည်း) ဟိ၊ အကြောင်းကို ပြဦးအံ့။ တံ၊ ထိုမြို့ကို။ (တဿ၊ ထိုမြို့၏။) [ဟိတ်၏သမ္ဗန်ခံ။ မန္ဓာတုမဟာဂေါဝိန္ဒာဒီဟိ၊ မန္ဓာတ်စကြာမင်း, မဟာဂေါဝိန္ဒပုရောဟိတ် အစရှိသော ပုဂ္ဂိုလ်တို့သည်။ ပရိဂ္ဂဟိတတ္တာ မန္ဓာတု။ ပေ။ ပရိဂ္ဂဟိတတ္တာ။ ။ ဤဟိတ်ကိုကြည့်၍“ဂယတီတိ ဂဟံ၊ (ဝိမတိဝိဂ္ဂဟ) ရာဇူနံ-တို့၏၊ ဝါ-တို့သည်+ဂဟံတိရာဇဂဟံ” ကို ဝိဂ္ဂဟပြု၊ [အဋ္ဌကထာ၌ “သိမ်းပိုက်အပ် တွင် စပ်လို၍ “ရာဇူဟိ”ဟု ကတ္တုရုပ် ထားသော်လည်း “ဂဟံ” ဟုပြီးသောအခါ “မြို့”ကို အရကောက်ရသောကြောင့် ဋီကာတို့၌ “ရာဇူနံ” ဟု သာမီသမ္ဗန်ထားသည်၊ “မင်းတို့၏မြို့+ဝါ - နေပြည်တော်မြို့” ဟူလို၊ ဂဟဓာတ်အပစ္စည်း၏ မူလလိင်မှာ ပုလ္လိင်တည်း၊ သို့သော် “နဂရံ” ဟူသော အဘိဇေယျပုဒ်၏ လိင်သို့လိုက်၍ "ရာဇဂဟံ”ဟု နပုလ္လင်ထားရသည်။] ဆက်ဦးအုံ ရာဇအရကို “မန္ဓာတုမဟာဂေါဝိန္ဒ" ဟု သရုပ်ပြရာ၌ မန္ဓာတ်မင်းသာလျှင် “ရာဇ” ဖြစ်၏။ မဟာဂေါဝိန္ဒမှာ ရေဏုမင်း၏ ပုရောဟိတ်ပုဏ္ဏားတည်း၊ ထို့ကြောင့် မဟာဂေါဝိန္ဒ၏ သိမ်းပိုက် ခြင်းဖြင့် ရေဏုမင်း၏ သိမ်းပိုက်ခြင်းကို မှတ်သားပြသော ဥပလက္ခဏနည်းဟု မှတ်၊ ၊ နေပြည်တော်အဖြစ်ဖြင့် သိမ်းပိုက်အပ်သည်၏ အဖြစ်ကြောင့်။ ရာဇဂဟန္တိ၊ ဟဟူ၍။ ဝုစ္စတိ၊ ၏။
တစ်နည်း။ ။ -("ဂိဇ္ဈသဒိသကူဋော") ဟုဆိုလိုလျက် “သဒိသ” အလယ်ပုဒ်ကျေသော မဇ္ဈေပဒလောပီ တပ္ပုရိသ်သမာသ်တည်း၊ ဥပမာ - အစွမ်းသတ္တိကို နှစ်သက်သော မင်းကို “သာကပ္ပိယပတ္တိဝ” ဟု ဆိုလိုလျက် “ပိယ" အလယ်ပုဒ်ကိုချေ၍ “သာကပတ္ထိဝ” ဟု သကဲ့သို့တည်း။ [ဂိဇ္ဈသဒိသကူဋောတိ ဂိဇ္ဈကုဋောတိဝါ မဇ္ဈပဒလောပီသမာသော၊ ယထာ သာကပတ္တိဝေါ၊ ဋီကာ။] ပတ္ထိဝ, ပတ္တဝ-၂ ပုဒ်သင့်သောနည်းရှိ၏။ ထိုနည်းများကို မေဂ္ဂလ္လာန် နိဿယသစ် (၃)ကဏ္ဍ (၁၁)သုတ်အဖွင့်နှင့်သမာသ်ကစ္စည်း ဘာသာဋီကာ-အမာဒယော- ပရပဒေတိ သုတ်အဖွင့်တို့မှာ ရှုပါ။ ၊ လင်းတတို့သည်။ ဝသိံသု၊ နေကုန်ပြီ။ ဝါ၊ နည်း။ တဿ၊ ၏။ ဂိဇ္ဈသဒိသာနိ၊ လင်းတနှင့်တူကုန်သော။ ကုဋာနိ၊ တို့သည်။ (သန္တိ)။
၁။ ပရိယတ်တရားတော်မည်သည် ပဋိပတ် ပဋိဝေဓ သဒ္ဓမ္မ ၃ပါးလုံးကို တည်တံ့စေနိုင်၏၊ ထို့ကြောင့် လေးလေးစားစား၊ ဥဒ္ဒိသထ- ပါဠိကို ရွတ်ပြသောအားဖြင့် ပို့ချကြ၊ ဥဒ္ဒိသာပေထ- လေးလေးစားစား ရွတ်ပြစေသောအားဖြင့် စာတက်ကြ၊ သဇ္ဈာယံ ကရောထ - စာအံကြ စာပြန်ကြ၊ ကမ္မဋ္ဌာန်းကျောင်း၌ နေသူတို့ကို မထိခိုက်စေဘဲ (မဆူညံစေဘဲ) ကိုယ့်ကျောင်း အတွင်း၌သာ စာအံ - စာတက် - စာချကြ၊ တရားနာမှုကိုလည်း ပြည့်စုံအောင် ပြုလုပ်ကြ။
၂။ ရှင်ပြုပေးလျှင် ထိုရှင်လောင်းကို အပြစ်မှ စင်ကြယ်စေ၍ (ဝိနည်းထုံးစံအတိုင်း) ရှင်ပြု ပေးကြ၊ ရဟန်းပြုပေးလျှင် ရဟန်းလောင်းကို စစ်ဆေးမေးမြန်းသော အားဖြင့် သုတ်သင်၍ ရဟန်း ပြုပေးကြ၊ နိဿရည်းပေးလျှင် သူ၏လဇ္ဇီ ဟုတ် မဟုတ်ကို သုတ်သင်၍ စုံစမ်း စစ်ဆေးပြီးမှ နိဿရည်းပေးကြ၊ အမျိုးကောင်းသား တစ်ယောက်လောက် ရှင်- ရဟန်းဖြစ်လာလျှင် သာသနာတော် အားလုံးကို တည်တံ့စေနိုင်ပါသည်။
၃။ မိမိ၏အားအစွမ်းလိုက်၍ စွမ်းနိုင်သမျှ ဓုတင်တို့ကိုလည်း ဆောက်တည်ကြ။
၄။ ဝါတွင်းဆိုတာ တစ်နေ့လုံးလည်းကောင်း ညဉ့်၏ ပုရိမယံ ပစ္ဆိမယံ၌လည်းကောင်း မေမေ့ မလျော့ မပေါ့မဆ ဝီရိယကို ကြိုးစားရပါသည်။
၅။ ရှေးမဟာထေရ်တို့လည်း ဝါတွင်း၌ ပလိဗောဓ အားလုံးဖြတ်၍ တစ်ပါးတည်း ကျင့် ခြင်းဟူသော ကျင့်ဝတ်ကို ဖြည့်ကြပါသည်။
၆။ စကားပြောခြင်း၌ အတိုင်းအရှည်ကိုသိ၍ အင်္ဂုတ္တိုရ် နဝကဝဂ်၌လာသော အပ္ပိစ္ဆတာ, သန္တုဋ္ဌိတာ စသော ဆယ်မျိုးသောစကား, အသုဘ စသော ကမ္မဋ္ဌာန်းစကားကိုသာ ပြောသင့်ပါသည်။ နေ့တိုင်း သီလကိုဆင်ခြင်၍ ဗုဒ္ဓါနုဿတိ, မေတ္တာ, အသုဘ, မရဏဿတိ ဟူသော ၄ပါးသော ကိုယ်စောင့်တရားကို မယုတ်မလျော့စေကြပါနှင့်၊ ဤသို့ စသော ကတိကဝတ်များတည်း။ ၊ ကတိကဝတ်တို့ကိုလည်းကောင်း။ ခန္ဓကဝတ္တာနိ စ၊ တို့ကိုလည်းကောင်း။ အဓိဋ္ဌာယ၊ ဆောက်တည်၍။ တီသု၊ ကုန်သော။ သိက္ခာသု၊ တို့၌။ သိက္ခမာနာ၊ ကျင့်ကုန်လျက်။ ဝဿံ၊ သို့။ ဥပဂစ္ဆိံသု၊ န်ပြီ။
သို့သော်- ထိုပဝါရဏာနေ့၌ “ဣမံတေမာသံ ဝဿံဥပေမိ” ဟူသော ပဋိညာဉ်နှင့်ညီ အောင် ၃လ မပြည့်သေး၊ သီတင်းကျွတ်လပြည့်ကျော် ၁ရက် ရောက်ဖို့. အရုဏ်တက်မှ ၃လပြည့်သောကြောင့် “ဝဿံ ဝုဋ္ဌာနံ ပဝါရေတုံ”၌ပါသော ဝဿံဝုဋ္ဌသည် “ဝဿံဝုဋ္ဌ" မုချမဟုတ်သေး၊ အနည်းငယ်ကျန်သေးသော အချိန်ကို ဂဏန်းမဖွဲ့ဘဲ ပဝါရဏာပြုမှုကို အကြောင်းပြု၍ သီတင်းကျွတ် လပြည့်နေ့ကို ပရိယာယ်အားဖြင့် "ဝဿံ ဝုဋ္ဌ" ဟုမိန့်တော်မူခြင်းသာတည်း။
ထို့ကြောင့် သာရတ္ထဝါဒကို ဝိမတိနှင့် တကွဆရာမြတ် တို့ နှစ်သက်တော်မမူကြ။
မှတ်ချက်။ ။အရှင်မနိယ၌ ကုဋီဆောက်လုပ်ရာဝယ် ပိုးငယ်ကလေးများကို သေစေ လိုသော စေတနာမရှိပါပေ၊ သို့သော် အရင်းခံကရုဏာ မရှိခြင်းကြောင့်သာ “ငါက မြေတူးမှု စသည်ကို ပြုလျှင် ပိုးကောင်ကလေးတွေ သေကြလိမ့်မည်” ဟု ဆင်ခြင်မှု မရှိရကား ထို မဆင် မခြင်ပြုမှုကြောင့် ရှင်ဓနိယကို ပြစ်တင်ကဲ့ရဲ့တော်မူသည်။ ၊ စိတ်၏ တုန်လှုပ်ခြင်းသည်။