ဝိဟာရဋ္ဌေပိ၊ ဝိဟာရဋ္ဌဘဏ္ဏာ၌လည်း။
စတူဟိ, ဌာနေဟိ၊ ဘူမိစသော ဌာနတို့ဖြင့်။
နိက္ခိတ္တံ၊ ထားအပ်သော ဘဏ္ဍာသည်။
ဝုတ္တနယမေဝ၊
စ၊ ဆက်။
ဧတ္ထ၊ ဤ ဝိဟာရဋ္ဌဘဏ္ဍာ၌။
အဘိယောဂေပိ၊ တရားစွဲခြင်း၌လည်း။
စာတုဒ္ဒိသံ၊ အရပ်လေးမျက်နှာရှိသော။
ဝါ၊ အရပ်လေးမျက်နှာ၌ အပိတ်အပင် မရှိ လှည့်လည်သွားလာသော။
သံဃံ၊ ကို။
ဥဒ္ဒိဿ၊ ရည်စူး၍။
ဘိက္ခူနံ၊ တို့အား။
ဒိန္နံ၊ သော။
ဝိဟာရံ ဝါ၊ ကျောင်းတိုက်ကိုသော်လည်းကောင်း။
ပရိဝေဏံ ဝါ၊ ကျောင်းတိုက်အတွင်း ပရိဝုဏ်ကို သော်လည်းကောင်း။
အာဝါသံ ဝါ၊ ပရိဝုဏ်အတွင်း ကျောင်းကိုသော်လည်းကောင်း။
မဟန္တမ္ပိ၊ အကြီးကိုလည်းကောင်း။
ခုဒ္ဒကမ္ပိ၊ ကိုလည်းကောင်း။
အဘိယုဉ္ဇတော၊ တရားစွဲသော ရဟန်း၏။
အဘိယောဂါ၊ သည်။
န ရုဟတိ၊ မတက်ရောက်။
ဝါ၊ အထ မမြောက်။
အစ္ဆိန္နိတွာ၊ လု၍။
ဂဏှိတုံပိ, န သက္ကောတိ၊ နိုင်။
ကသ္မာ၊ နည်း။
သဗ္ဗေသံ၊ အလုံးစုံသော ရဟန်းတို့၏။
ဓုရနိက္ခေပါဘာဝတော၊ ဓုရနိက္ခေပ မရှိသည်၏ အဖြစ်ကြောင့်တည်း။
(ကသ္မာ၊ အဘယ်ကြောင့် ဓုရေနိက္ခေပ=မရှိသနည်း။)
သဗ္ဗေသံ ပါရာဇိကံ။ ။ဤနေရာကို သတိထား၍ ဒုတိယ ပါရာဇိကကို လေးစားသော လဇ္ဇီပုဂ္ဂိုလ်များသည် တရားသူကြီး ဝိနည်းဓိုရ် လုပ်ရလျှင် လည်းကောင်း- သက်သေပါရလျှင်လည်းကောင်း အဂတိမလိုက်မိအောင် အထူးဆင်ခြင်ရာ၏၊ တရားသူကြီး ဝိနည်းဓိုရ် မလုပ်ရအောင်, သက်သေမလိုက်ရအောင် ရှောင်နိုင်လျှင်ကား သာ၍ အပြစ်ကင်း၏၊ မရှောင်သာ၍ ဝိနည်းဓိုရ်လုပ်ရလျှင်ကား သံသယ ဖြစ်လောက်သော အရာဝယ် မိမိက အပြီးအပြတ် မဆုံးဖြတ်လိုက်သေးဘဲ မိမိထင်မြင်ချက်ကိုသာ ပြောပြ၍ အခြားဝိနည်းဓိုရ်ထံ အဆုံးအဖြတ်် ခံပါဦးဟု- ညွှန်ပြပါလေ။
ဟိ၊ အကြင့်ကြောင့်။
ဧတ္ထ၊ ဤဝိဟာရ စသည်၌။
သဗ္ဗေ၊ ကုန်သော။
စာတုဒ္ဒိသာ၊ ကုန်သော။
ဝါ၊ ကုန်သော။
ဘိက္ခူ၊ တို့သည်။
ဓုရနိက္ခေပံ၊ ကို။
န ကရောန္တိ၊
ဣတိ၊ ကြောင့်တည်း။
ပန၊ ကား။
ဒီဃဘာဏကာဒိ ဘေဒဿ၊ ဒီဃဘာဏက အစရှိသော အပြားရှိသော။
ဂဏဿ ဝါ၊ ဂိုဏ်း၏သော်လည်းကောင်း။
ဧကပုဂ္ဂလဿ ဝါ၊ တစ်ပါးသော ပုဂ္ဂိုလ်၏ သော်လည်းကောင်း။
သန္တ ကံ၊ ကို။
အဘိယုဉ္ဇိတွာ၊ ၍။
ဂဏှန္တော၊ ယူသောရဟန်းသည်။
တေ၊ ထိုဂိုဏ်း, ပုဂ္ဂိုလ်တို့ကို။
ဓုရံ, နိက္ခိပါပေတုံ၊ လျှော့ချစေခြင်းငှာ။
သက္ကောတိ၊
တသ္မာ တတ္ထ၊ ထို ဝိဟာရဋ္ဌဘဏ္ဍာ၌။
ပေ၊
ဣတိ၊ တည်း။
ဝိဟာရဋ္ဌကထာ၊ သည်။
နိဋ္ဌိတာ၊