Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Pārājikakaṇḍa-aṭṭhakathā
Pārājikakaṇḍa-aṭṭhakathā

Vaggumudātīriyabhikkhuvatthuvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၉၃။ **တေန သမယေန၊ ပေ၊ အဓိဋ္ဌေမာ**တိ၊ ကား။ ဂိဟီနံ၊ တို့၏။ ခေတ္တေသုစေဝ၊ လယ်ယာတို့၌လည်းကောင်း။ အာရာမာ ဒီသုစ၊ သစ်သီးခြံ ပန်းခြံ အစရှိသည်တို့၌လည်းကောင်း။ ကတ္တဗ္ဗကိစ္စံ၊ ပြုဖွယ်ကိစ္စကို။ အဓိဋ္ဌာမ၊ စီမံပေးကြကုန်စို့။ [စီမံပုံကိုပြလို၍ "ဧဝံ" စသည်မိန့်။]
ဧဝံ၊ သို့။ ဝါ၊ နည်း။ န ကာတဗ္ဗံ၊ ထိုက်။ ဝါ၊ မပြုရ။ ဣတိ၊ သို့။ အာစိက္ခာမစေဝ၊ လက်တွေ့လည်း‌ ပြောကြကုန်စို့။ အနုသာသာမစ၊ ကြိုတင်၍လည်း သွန်သင်ကြကုန်စို့။ ဣတိ ဝုတ္တံ ဟောတိ၊
**ဒူတေယျန္တိ**၊ ကား။ ဒူတကမ္မံ၊ တစ်မန်သည်၏ အလုပ်ကို။ (ဟရာမ၊ ဆောင်ရွက်ကြကုန်စို့။) [ဒူတဿ+ ကမ္မံ-ဒူတေယျံ၊ စာကိုဖြစ်စေ, နှုတ်ဖြင့်မှာအပ်သော စကားကို ဖြစ်စေ ယူဆောင်၍ တစ်အိမ်မှတစ်အိမ်, တစ်ရွာမှတစ်ရွာသို့ ‌ပို့ပေးခြင်းအလုပ်။]
**ဥတ္တရိမနုဿ ဓမ္မဿာ**တိ၊ ကား။ မနုဿေ၊ တို့ကို။ ဥတ္တိဏ္ဏဓမ္မဿ၊ လွန်မြောက်ကြောင်းတရား၏။
မနုဿေ၊ တို့ကို။ အတိက္ကမိတွာ၊ ‌ ကျော်လွန်၍။ ဗြဟ္မတ္တံဝါ၊ ဗြဟ္မာ၏ အဖြစ်သို့သော်လည်းကောင်း။ (ဈာန်တရားကို ရည်ရွယ်သည်။) စတုဿစ္စဝိဒူ ။ ။အဝေဒီတိ ဝိဒူ၊ စတုဿစ္စံ+ဝိဒူ စတုဿစ္စဝိဒူ၊ ပစ္စေကဗုဒ္ဓ အရိယာသာဝကတို့လည်း စတုဿစ္စဝိဒူ ဖြစ်တော်မူကြပါပေ၏၊ သို့သော် ဘုရားရှင်ကား မိမိရှေ့က ညွှန်ပြမည့် ဆရာမရှိဘဲ သိခြင်း, ထိုသို့သိရာ၌လည်း (ပစ္စေကဗုဒ္ဓါများကဲ့သို့ တစ်စိတ်တစ်ပိုင်း သိခြင်းမဟုတ်ဘဲ) အလုံးစုံသိခြင်းဖြစ်သောကြောင့် အတိသယနည်းအား ဖြင့် ဗုဒ္ဓမြတ်စွာသာ "စတုဿစ္စဝိဒူ" ဟု ချီးမွမ်းတော်မူထိုက်ပါသည်။ နိဗ္ဗာနံဝါ၊ သို့သော်လည်းကောင်း။ (မဂ်တရားကို ရည်ရွယ်သည်။) ပါပနကဓမ္မဿ၊ ရောက်စေတတ်သောတရား၏။ (ဝဏ္ဏံ၊ ကို။ ဘာသိဿာမ၊ န်စို့။) ဣတိ အတ္ထော၊ နက်။ ဝါ၊ တစ်နည်း။
ဥတ္တရိမနုဿာနံ၊ မြတ်သောလူဖြစ်ကုန်သော။ ဝါ၊ လူထူးလူမြတ်ဖြစ်ကုန်သော။ သေဋ္ဌပုရိသာနံ၊ မြတ်‌သောယောက်ျားဖြစ်ကုန်သော။ ဈာယီနဉ္စ၊ ဈာန်ဝင်စား‌သောပုဂ္ဂိုလ်တို့၏လည်းကောင်း။ ဝါ၊ ဈာန်ရပုဂ္ဂိုလ်တို့၏ လည်းကောင်း။ အရိယာနဉ္စ၊ တို့၏လည်းကောင်း။ ဓမ္မဿ၊ ၏။
(ဝဏ္ဏံ ဘာသိသာမ)၊ **အသုကော ဘိက္ခူ**တိအာဒီသု၊ တို့၌။ (ဝေဒိတဗ္ဗော၊ ၌စပ်။) အတ္တနာ၊ ကိုယ်တိုင်။ ဧဝံ၊ ဤသို့။ မန္တယိတွာ၊ တိုင်ပင်ပြီး၍။ ပစ္ဆာ၊ နောက်၌။ ဂိဟီနံ၊ တို့အား။ ဘာသန္တာ၊ န်လသော်။ ဗုဒ္ဓရက္ခိတောနာမ၊ တမည်သော။ ဘိက္ခု၊ သည်။ မဌမဿ ဈာနဿ၊ ကို။ လာဘီီ၊ ရခြင်းရှိသူတည်း။ ဓမ္မရက္ခိတော (နာမ)၊ သော။ ဘိက္ခု၊ သည်။ ဒုတိယဿဈာနဿ၊ ကို။ လာဘီ၊ တည်း။ ဣတိဧဝံ၊ သို့။ နာမဝသေနေဝ၊ အမည်၏ အစွမ်းဖြင့်သာလျှင်။ ဝဏ္ဏံ၊ ကို။ ဘာသိံသု၊ န်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။ [ပါဠိတော်မှာ အသုကောဘိက္ခုဟု သာမညလာသော်လည်း တကယ်ပြောသောအခါ "ဗုဒ္ဓရက္ခိတောဘိက္ခု" စသည်ဖြင့် နာမည်တပ်၍ ပြောကြသည်-ဟူလို။]
တတ္ထ၊ ထိုသို့တိုင်ပင်ကြရာ၌။ (တစ်နည်း)တတ္ထ၊ ထိုသို့ တိုင်ပင်ကြောင်းစကားတွင်။ **ဧသောယေဝခေါ အာဝုသောသေယျော**တိ၊ ကား။ ကမ္မန္တာဓိဋ္ဌာနံ၊ အလုပ်ကို စီမံပေးခြင်းသည်လည်းကောင်း။ ဒူတေယျဟရဏဉ္စ၊ တမန်သည်၏ အလုပ်ကို ဆောင်ရွက်ခြင်းသည်လည်းကောင်း။ ဗဟုသပတ္ထံ၊ များသော ရန်သူရှိ၏။ မဟာသမာရမ္ဘံ၊ များစွာသော အားထုတ်ကြောင်း အဆောက်အအုံ ရှိ၏။မနုဿေ ဥတ္တိဏ္ဏဓမ္မဿ။ ။ဥတ္တရတိ+ဧတေနာတိ ဥတ္တရိ၊ ဥပုဗ္ဗ တရဓာတ် ဣပစ္စည်းဟုကြံပါ၊ [ပါပနက-ဟူသောကာရိတ်အဖွင့်ကိုကြည့်၍ ဥတ္တရိကိုကရဏသာဓ် ကြံသည်။] "မနုဿေ+ဥတ္တရိ (မနုဿဥတ္တရိ ဟု ဆိုလိုလျက် ရှေ့နောက်ပြန်၍) ဥတ္တရိ မနုဿော” ဟုဖြစ်၏။ “ဥတ္တရိမနုသောစ+သော+ဓမ္မောစာတိ ဥတ္တရိမနုဿဓမ္မော" ဟု ပြု၊ မနုဿကို လွန်ပုံပြလို၍ “မ‌နုဿေ၊ ပေ၊ အတ္ထော" ဟု အဓိပ္ပာယတ္ထ ဖွင့်ပြသည်၊ “လူတို့ကို လွန်မြောက်ကြောင်းဖြစ်သော ဈာန်မဂ်ဖိုလ်တရားဟုပေး။
ဥတ္တရိမနုဿာနံ၊ ပေ၊ ဓမ္မဿ။ ။ဥတ္တရိ သဒ္ဒါသည် သေဋ္ဌအနက်ဟောနိပါတ် ပုဒ်တည်း၊ ထို့ကြောင့် ဥတ္တရိကို သေဋ္ဌဟု ဖွင့်သည်၊“မနုဿ” အရ ယောက်ျား မိန်းမ အားလုံးကို ရသော်လည်း ပဓာနနည်းအားဖြင့် ပုရိသာနံဟု ဖွင့်သည်၊ ဥတ္တရိမနုဿာ နံကို “ဈာယီနဉ္စ အရိယာနဉ္စ” ဟု သရုပ်ထုတ်ပြသည်၊ “ဥတ္တရိစ+တေ+မနုဿာ စာတိ ဥတ္တရိမနုဿာ၊ ဥတ္တရိမနုဿာနံ+ဓမ္မော ဥတ္တရိမနုဿဓမ္မော” ဟုပြု၊ “မြတ်သောလူ ဟူသော ဈာယီ အရိယာပုဂ္ဂိုလ်တို့၏ ဈာန် မဂ် ဖိုလ်တရား” ဟုပေး။
န စ သမဏသာရုပ္ပံ၊ သမဏသာရုပ္ပလည်း မဖြစ်။ ဝါ၊ ရဟန်းတို့အားလည်းမလျော်။
ပန၊ ကား။ အမှာကံ၊ တို့၏။ ဝါ၊ တို့သည်။ ဂိဟီနံ၊ တို့အား။ အညမညဿ၊ တစ်ပါးတစ်ပါး၏။ ဝါ၊ အချင်းချင်း၏။ ဥတ္တရိမနုဿဓမ္မဿ၊ ၏။ ယော ဝဏ္ဏော၊ အကြင်ဂုဏ်ကျေးဇူးသည်။ ဝါ၊ ကို။ ဘာတိတော၊ ပြောဆိုအပ်သည်။ ဘဝိဿတိ၊ တံ့။ ဧသောဧဝ၊ ဤပြောဆိုအပ်သော ဂုဏ်ကျေးဇူးသည်သာ။ တတော ဥဘယတောပိ၊ ထိုနှစ်ပါးစုံသော ကမ္မန္တာဓိဋ္ဌာနဒူတေယျဟရဏတို့ထက်လည်း။ သေယျော ပါသံသတရော၊ အထူးသဖြင့် ချီးမွမ်းအပ်၏။ သုန္ဒရတရော၊ သာ၍ကောင်း၏။ ["ပသတ္ထ+ဣယ" မှ "သေယျော"ဟု ဖြစ်၏။ ထို ပသတ္ထ+ဣယ၌ ပသတ္ထကို ပါသံသ- ဟုလည်းကောင်း, ဣယကို တရ-ဟုလည်းကောင်း ထပ်ဖွင့်သည်။]
ကိံ၊ အဘယ်အနက်သည်။ ဝါ၊ ကို။ ဝုတ္တံဟောတိ၊
ဣရိယာပထံ၊ ထိုင်ခြင်းစသော ဣရိယာပုထ်ကို။ သဏ္ဌပေတွာ၊ ငြိမ်သက်စွာထား၍။ ဝါ၊ ဣန္ဒြေလုပ်၍။ နိသိန္နံဝါ၊ သည်မူလည်း ဖြစ်သော။ စင်္ကမန္တံဝါ၊ သော။ (ဘိက္ခုံ၊ ရဟန်းအကြောင်းကို။) ပုစ္ဆန္တာနံဝါ၊ မေးသည်မူလည်းဖြစ်ကုန်သော။ အပုစ္ဆန္တာနံဝါ၊ န်သော။ ဂိဟီနံ၊ တို့အား။ အသုကော နာမ၊ သော။ အယံ ဘိက္ခု၊ သည်။ ပဌမဿ ဈာနဿ၊ ကို။ လာဘီ၊ ရခြင်းရှိသူတည်း။ ဣတိ ဧဝမာဒိနာ၊ သော။ နယေန၊ ဖြင့်။ အမှာကံ၊ တို့၏။ ဝါ၊ တို့သည်။ အညေန၊ တစ်ပါးသောရဟန်းသည်။ အညဿ၊ ၏။ ဥတ္တရိမနုဿဓမ္မဿ၊ ၏။ ယော ဝဏ္ဏော ဘာသိတော ဘဝိဿတိ၊ ဧသော ဧဝ၊ ဤပြောဆိုအပ်သောဂုဏ်ကျေးဇူးသည်သာ။ သေယျော၊ အထူးသဖြင့် ချီးမွမ်းအပ်၏။ ဝါ၊ အထူးသဖြင့် မြတ်၏။ ဣတိ (ဝုတ္တံ ဟောတိ)၊
ပန၊ ဆက်။ အနာဂတသမ္ဗန္ဓေ၊ ဘဝိဿတိဟူသော အနာဂတ်ကြိယာနှင့်စပ်ခြင်းသည်။ အသတိ၊ မရှိလသော်။ ဧတေဟိ၊ ဤ ဝဂ္ဂုမုဒါ မြစ််ကမ်းနေ ရဟန်းတို့သည်။ သော၊ ထိုဂုဏ်ကျေးဇူးကို။ တသ္မိံခဏေ၊ တိုင်ပင်ကြရာ ထိုခဏ၌။ (ယသ္မာ၊ ကြောင့်။) ဘာသိတောဝ၊ ပြောအပ်ပြီးသည်ပင်။ န၊ မဟုတ်သေး။ တသ္မာ၊ ကြောင့်။ (ထိုသို့ တိုင်ပင်ကြရာခဏ၌ ပြောအပ်ပြီး မဟုတ်သေးသည်၏ အဖြစ်ကြောင့်။) (‌အတ္ထော၊ အနာဂတ်ကြိယာမပါသော အနက်သည်။) န ယုဇ္ဇတိ၊ မသင့်။ ဝါ၊ အတ္ထယုတ္တိမရှိ။ တသ္မာ၊ ကြောင့်။ (ထိုသို့အနာဂတ်ကြိယာမပါသော အနက်၏ မသင့်သည်၏ အဖြစ်ကြောင့်။) အနာဂတသမ္ဗန္ဓံ၊ ကို။ အနာဂတသမ္ဗ‌န္ဓေ ပနု။ ။ပါဠိတော်၌ “ဘဝိဿတိ” ဟူသော အနာဂတ်ကြိယာ မပါဘဲလျက် အဘယ်ကြောင့် ဘဝိဿတိ ဟူသော အနာဂတ်ကြိယာနှင့် စပ်မှုကိုပြု၍ (အနာဂတ်ကြိယာနှင့်စပ်ဖို့ရာ ဘဝိဿတိဟုထည့်၍) အနက်မှတ်ရသနည်းဟု မေးဖွယ် ရှိသောကြောင့်“အနာဂတ၊ ပေ၊အတ္ထော ဝေဒိတဗ္ဗော”ဟု မိန့်သည်၊ အနာဂတ်ကြိယာကို မထည့်ဘဲ ပါဠိတော်ရှိတိုင်း ဘာသိတောတွင်သာ အဆုံးသတ်လျှင် ဘာသိတော၌ တပစ္စည်းသည် အတိတ်အနက်ဟော ဖြစ်သောကြောင့် ထို တိုင်ပင်ကြရာခဏ၌ ဂုဏ်ကျေးဇူးကို ပြောပြီးပြီဟု အဓိပ္ပာယ်ရ၏။ အမှန်ကား ထိုအချိန်၌ ပြောပြီး မဟုတ်သေး၊ ထို့ကြောင့်“ဘဝိဿတိ” ဟူသော ပါဌသေသ မပါလျှင် အနက်အဓိပ္ပာယ် မရှိ (အတ္ထ ယုတ္တိ မရှိ) ရကား “ဘဝိဿတိ” ဟူသော အနာဂတ်ကြိယာကို ထည့်၍ အနက် မှတ်ရသည်-ဟူလို၊ ထိုသို့ဘဝိဿတိ ထည့်၍စပ်သောအခါ တ ပစ္စည်းလည်း အတိတ်ကို မဟော၊ အနာဂတ်ကိုသာ ဟောရတော့၏။ ဘာကြောင့်နည်း... အာချာတ်ကြိယာက ကိတ်ကြိယာထက် ပြဋ္ဌာန်းသောကြောင့်တည်း။ ကတွာ၊ ၍။ ယော၊ အကြင် ဂုဏ်ကျေးဇူးသည်။ ဝါ၊ ကို။ ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ (အသုကောနာမ ဘိက္ခု ပဌမဿ ဈာနဿ လာဘီ၊ စသောနည်းဖြင့်။) ဘာသိတော၊ ပြောဆိုအပ်သည်။ ဘဝိဿတိ၊ လတံ့။ သော ဧဝ၊ ထို ဂုဏ်ကျေးဇူးကိုသာ။ ဝါ၊ သည်သာ။ သေယျော၊ အထူးသဖြင့် ချီးမွမ်းအပ်၏။ ဝါ၊ ကောင်းမြတ်၏။ ဣတိ ဧဝံ၊ သို့။ ဧတ္ထ၊ ဤ (ယော အမှာကံ ဂိဟီနံ အညမညဿ ဥတ္တရိမနုဿဓမ္မဿ ဝဏ္ဏော ဘာသိတော ဟူသော) ဝါကျ၌။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
ပန၊ ဆက်။ လက္ခဏံ၊ မှတ်ကြောင်းသုတ်ကို။ သဒ္ဒသတ္ထတော၊ သဒ္ဒါကျမ်းမှ။ ပရိယေသိတဗ္ဗံ၊ ရှာမှီး၍ ယူထိုက်၏။ ဝါ၊ ရှာမှီး၍ယူပါလေ။မှတ်ချက်။ စာအုပ်များ၌“ယသ္မာ နယုဇ္ဇတိ” ဟု တွေ့ရ၏၊ အဓိပ္ပာယ်သွားကို ကြည့်၍လည်းကောင်း,“တသ္မာ ဘာသိတော ဘဝိဿတီတိ ပါဌသေသံ အကတွာ ဝုတ္တတ္ထော န ယုဇ္ဇတိ”ဟူသော ယောဇနာကို ထောက်၍လည်းကောင်း“တသ္မာ နယုဇ္ဇတိ" ဟု ရှိသင့်၏၊ ဤတသ္မာနှင့် တွဲဖို့ရန် ရှေ့ဝါကျ၌ “ယသ္မာ န ဘာသိတောဝ”ဟု ယသ္မာထည့်ခဲ့၏၊ အနာဂတသမ္ဗန္ဓေအသတိ ကိုလည်း န ယုဇ္ဇတိ၌စပ်၊"တသ္မာ၊ ပေ၊ ဒဋ္ဌဗ္ဗော” ဝါကျကား လဒ္ဓဂုဏ်ဝါကျတည်း။
လက္ခဏံ ပန။ ။အနက်တစ်ခုခုကို မှတ်သားကြောင်း ဖြစ်သောကြောင့် သဒ္ဒါ ကျမ်းလာသုတ်ကိုပင်“လက္ခဏ”ဟု ခေါ်သည်၊နဂိုရ်အတိတ်ဟောပစ္စည်းက အနာဂတ် ကြိယာနှင့် စပ်သော အခါ အနာဂတ်ကို လိုက်၍ ဟောရသည်-ဟူသော အနက်ကို ပြသော သုတ်ကို သဒ္ဒါကျမ်းမှ ထုတ်ယူကြပါလေ-ဟူလို၊ ထိုသုတ်ကား"ဓာတုသမ္ဗန္ဓေ ပစ္စယာ” ဟူသော ပါဏိနီ (၃,၄,၁) သုတ်တည်း။ [ဓာတုသမ္ဗန္ဓေ-ပဓာနဖြစ်သော ဓာတ်နက်ကြိယာတစ်ပါးနှင့် စပ်ခြင်းသည်၊ သတိ-သော်၊ အယထာကာလဝိဟိတာပိ- အကြင်ကြင် မိမိဟောရိုးကာလ၌ မစီရင်အပ်ပါကုန်သော်လည်း၊ ပစ္စယာ-တို့သည်၊ သာဓဝေါ-ကောင်းကုန်သည်၊ ဝါ-နောက်ကြိယာ၏ ကာလကို ဟောနိုင်ကုန်သည်၊ ဟောန္တိ- န်၏၊ (သုတ်နက်)၊] သာရတ္ထလည်း ဤသုတ်ကိုပြ၍ ဤအတိုင်း ဝုတ္တိဖွင့်၏၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ ကစ္စာယနသာရ၌လည်း“ကိတာ ဓာတွတ္ထသမ္ဗန္ဓေ, ဟောန္တိ ကာလန္တ ရေသွပိ” ဟု မိန့်သည်။
၁၉၄။ **ဝဏ္ဏဝါ အဟေသုန္တိ**၊ ကား။ နေသံ၊ ထိုရဟန်းတို့၏။ အညောယေဝ၊ ပင်ကိုအဆင်းမှ တစ်မျိုးတခြားသာလျှင်ဖြစ်သော။ အဘိနဝေါ၊ အသစ်ဖြစ်သော။ သရီရဝဏ္ဏော၊ ကိုယ်ရေအဆင်းသည်။ ဥပ္ပဇ္ဇိ၊ ပြီ။ တေနဝဏ္ဏေန၊ ထိုအသစ်ဖြစ်သော ကိုယ်အဆင်းဖြင့်။ (ဝိသေသန)၊ ဝဏ္ဏဝန္တော၊ လှပသောအဆင်းရှိကုန်သည်။ အဟေသုံ၊ န်ပြီ။
**ပိဏိန္ဒြိယာ**တိ၊ ကား။ ပဉ္စဟိ, ပသာဒေဟိ၊ ပသာဒတို့သည်။ အဘိနိဝိဋ္ဌောကာသဿ၊ စွဲမှီတည်နေအပ်သောအရပ်၏။ ပရိပုဏ္ဏတ္တာ၊ ပြည့်ဖြိုးသည်၏ အဖြစ်ကြောင့်။ မနစ္ဆဋ္ဌာနံ၊ မနိန္ဒြေလျှင် ခြောက်ပါးမြောက်ရှိကုန်သော။ ဣန္ဒြိယာနံ၊ စက္ခုစသော ဣန္ဒြေတို့၏။ အမိလာတဘာဝေန၊ မညှိုးနွမ်းကုန်သည်၏ အဖြစ်ကြောင့်။ ပိဏိန္ဒြိယာ၊ ပြည့်ဖြိုးသော ဣန္ဒြေရှိကုန်သည်။ဝဏ္ဏဝန္တော အဟေသုံ။ ။ဝဏ္ဏဝါပုဒ်သည် သဒ္ဒါကျမ်းတို့၌(ဂုဏဝါကဲ့သို့) ဧက ဝုစ်သာ ရှိ၏၊ ဤအဖွင့်ကိုထောက်လျှင် ရံခါ ဗဟုဝုစ်လည်း ရှိ၏-ဟုသိသာ၏၊ထိုသို့ဗဟုဝုစ်ရှိရာ၌ ကစ္စည်းသုတ်ဝယ် အာသိမှိ၌ “အာ” ဟူသော ယောဂဝိဘာဂဖြင့် လည်းကောင်း, မောဂ္ဂလ္လာန်သုတ်ဝယ်"န္တဿစ ဋဝံသေ”သုတ်၌“န္တဿစ ဋဝါ” ဟူသော ယောဂဝိဘာဂဖြင့်လည်းကောင်း, စီရင်ကြသည်၊ [“စက္ခုမာ အန္ဓိတာ ဟောန္တိ”-တိက နိပါတ်မုဒုပါဏိဇာတ်,“သီလဝါ ဟောထ”-ပဉ္စင်္ဂုတ္တရ, အန္ဓကဝိဏှဝဂ်-စသည်၌လည်း အလားတူရှိသောကြောင့် ပါဠိတော်၌ ဝဏ္ဏဝါကို “ဝဏ္ဏဝန္တော” ဟု မပြင်သင့်။]
ပိဏိန္ဒြိယာ။ ။သက္ကတ၌ “ပြိဏ-တပ္ပနေ”ဟု ဓာတ်ရှိ၏၊ “တပ္ပန - နှစ်သက် စေခြင်း”ဟူသည် ပြည့်ပြည့်ဖြိုးဖြိုးရှိ၍ သူတစ်ပါးကို နှစ်သက်စေခြင်းတည်း၊ ထို့ကြောင့် ပြည့်ဖြိုးခြင်းကိုလည်း “ပိဏ”ဟု ယူသင့်၏၊ ဤနေရာ၌ “ပရိပုဏ္ဏတ္ထာ”ကို ထောက်၍ စက္ခုပသာဒ၏တည်ရာ မျက်လုံးအိမ် စသည်တို့၏ ပြည့်ဖြိုးခြင်းကို “ပိဏ”ဟု ဆိုပါ၊ “ပိဏန္တီတိ ပိဏာနိ၊ ပိဏာနိ+ဣန္ဒြိယာနိ+ယေသံတိ ပိဏိန္ဒြိယာ” ဟုပြု၊ ဤနည်းအလို “ပိ”ဟု ရဿဖြင့်ရှိစေ။
ပီဏိန္ဒြိယာ။ ။သက္ကတ၌ “ပြီ-တပ္ပနေ”ဟု ပင် ဓာတ်ကျမ်းရှိပြန်၏၊ ပြီဓာတ်နောင် ယုကို အနပြု၍, ရကာရန္တဓာတ်နောင် နကို ဏပြန်လျှင် “ပီဏ”ဟု ဖြစ်နိုင် ပြန်၏၊ သို့ဖြစ်လျှင်“ပီ”ဟု ဒီဃဖြင့်လည်း အသင့်ဟု မှတ်သင့်၏။ သို့သော် ဝိမတိ၌ ယုပစ္စည်းဖြင့် “ပိဏနံ”ဟု ပါဠိရှိရကား“ပိဏ”ဓာတ်က သာ၍ အားရှိ၏။
အဘိနိဝိဋ္ဌောကာသဿ။ ။စက္ခုစသော ပသာဒဣန္ဒြေငါးပါးသည် ကမ္မဇရုပ် ဖြစ်သောကြောင့် ထူးခြား၍ မပြည့်ဖြိုးနိုင်၊ မနိန္ဒြကား သာ၍ပင်မထူးခြား၊ ထိုပသာဒ၏ တည်ရာ မျက်လုံး,နား,နှာခေါင်း,လျှာနှင့် ကိုယ်ခန္ဓာ၏ပြည့်ဖြိုးမှုကိုလည်းကောင်း,မန ၏မှီရာဟဒယဝတ္ထုလည်း ကိုယ်ခန္ဓာတွင် ပါဝင်ရကား ဟဒယဝတ္ထု၏ပြည့်ဖြိုးမှုကိုလည်း ကောင်း, စက္ခုပသာဒစသော ဣန္ဒြေများ၌တင်စား၍ ဌာနျူပစာရအားဖြင့် ဣန္ဒြေများ ကိုလည်း “ပိဏ”ဟု ခေါ်ထားကြောင်းပြလို၍ “အဘိနိဝိဋ္ဌောကာသဿ ပရိပုဏ္ဏတ္တာ” ဟုမိန့်၊ [အဘိနိဝိသီယတေ-စွဲမှီတည်နေအပ်၏၊ ဣတိ အဘိနိဝိဋ္ဌော (သြကာသော)။]
**ပသန္နမုခဝဏ္ဏာ**တိ၊ ကား။ အဝိသေသေန၊ ကိုယ်ခန္ဓာဟု,မျက်နှာဟု အထူးမမ သာမညအားဖြင့်။ ဝဏ္ဏဝန္တော၊ ကုန်သည်။ ကိဉ္စာပိ(ဟောန္တိ)၊ အကယ်၍ကား ဖြစ်ပါပေကုန်၏။ ပန၊ သော်လည်း။ သရီရဝဏ္ဏတော၊ ထက်။ နေသံ၊ ထိုရဟန်းတို့၏။ မုခဝဏ္ဏော၊ မျက်နှာ အဆင်းသည်။ အဓိကတရံ၊ သာ၍လွန်ကဲစွာ။ ပသန္နော အစ္ဆော၊ ကြည်လင်၏။
အနာဝိလော၊ မနောက်ကြု။ ပရိသုဒ္ဓေါ၊ ထက်ဝန်းကျင်စင်ကြယ်၏။ ဣတိ အတ္ထော၊ နက်။
**ဝိပ္ပသန္နဆဝိဝဏ္ဏာ**တိ၊ ကား။ တေ၊ ထိုရဟန်းတို့သည်။ မဟာကဏိကာရပုပ္ဖာဒိသဒိသေနေဝ၊ မဟာလှေကားပန်း အစရှိသည်တို့နှင့် တူသည်သာလျှင်ဖြစ်သော။ ယေန ဝဏ္ဏေန၊ ဖြင့်။ ဝဏ္ဏဝန္တော၊ န်သည်။ (အဟေသုံ၊ န်ပြီ။) အညေသမ္ပိ၊ ထိုရဟန်းတို့မှ အခြားလည်းဖြစ်ကုန်သော။ မနုဿာနံ၊ တို့၏။ ဝါ၊ တို့မှာ။ တာဒိသော၊ သော။ ဝဏ္ဏော၊ သည်။ အတ္ထိ၊ ရှိပါပေ၏။
ပန၊ ထိုသို့ပင် ရှိပါသော်လည်း။ ဣမေသံ၊ ဤရဟန်းတို့၏။ (ဆဝိဝဏ္ဏော၊ ကိုယ်ရေအဆင်းသည်။ ဝိပ္ပသန္နော၊ အထူးသဖြင့် ကြည်လင်သည်။) ဟောတိယထာ၊ ကဲ့သို့။
ဧဝံ၊ တူ။ တေသံ၊ ထိုအခြားလူတို့၏။ ဆဝိဝဏ္ဏော၊ သည်။ ဝိပ္ပာသန္နော၊ သည်။ န (ဟောတိ)၊ မဖြစ်။
တေန၊ ကြောင့်။ (သံဂီတိကာရေဟိ) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဝိပ္ပသန္နဆဝိဝဏ္ဏာတိ၊ ဟူ၍။
ဣတိ၊ လျှင်။ [ဟ- ပုဒ် အနက်မရှိ။] တေဘိက္ခူ၊ တို့သည်။ ဥဒ္ဒေသံ၊ ပါဠိသင်ယူခြင်းကို။ အနုယုဉ္စန္တာ၊ အဖန်ဖန် အားထုတ်ကုန်လျက်။ ဣမံ သရီရသောဘံ၊ ဤခန္ဓာကိုယ်၏ တင့်တတ်ခြင်းသို့။ နေဝ ပါပုဏိံသု၊ ရောက်ကုန်သည်မဟုတ်။ ပရိပုစ္ဆံ၊ အဖန်ဖန်မေးမြန်းခြင်းကို။ ဝါ၊ အဋ္ဌကထာ သင်ခြင်းကို။ အနုယုဉ္ဇန္တာ၊ န်လျက်။ ဣမံ သရီရသောဘံ၊ သို့။ န ပါပုဏိံသု၊ မဟုတ်။ ကမ္မဋ္ဌာနံ၊ ကို။ အနုယုဉ္ဇန္တာ၊ န်လျက်။ ဣမံ သရီရသောဘံ၊ သို့။ န ပါပုဏိံသု၊ မဟုတ်။ပသန္နမုခဝဏ္ဏာ။ ။ဝဏ္ဏဝါဖြင့် တစ်ကိုယ်လုံး အဆင်းလှပုံကို ပြပြီးသော်လည်း ထိုတစ်ကိုယ်လုံးတွင် မျက်နှာအဆင်းက ပို၍ ကြည်လင်သောကြောင့် “ပသန္နမုခဝဏ္ဏာ” ဟု ဆိုရပြန်သည်။
ဝိပ္ပသန္နာဝိဝဏ္ဏာ။ ။ဝဏ္ဏဝါဖြင့်ပြခဲ့သော အဆင်းလှပုံမျိုးသည် အခြားသူတို့မှာလည်း ရှိနိုင်၏၊ သို့သော် ဤဝဂ္ဂုမုဒါမြစ်ကမ်းမှလာသော ရဟန်းတို့၏ အဆင်းလှပုံမျိုးကား သူတစ်ပါးလှပုံမျိုးထက် ပို၍ကြည်လင်သည်ဟု ပြလို၍ “ဝိပ္ပသန္နာ”ဟု အထူးပြုလျက် “ဝိပ္ပသန္နဆဝိဝဏ္ဏာ”ဟု မိန့်သည်၊ [ဝဏ္ဏဝါတိ ဣမိနာ သကလသရီရာနုဂတဝဏ္ဏဿ မနာပတာ ဝုတ္တာ၊ ပသန္နမုခဝဏ္ဏာတိ ဣမိနာ သကလသရီရဝဏ္ဏတောပိ အဓိကတရံ မုခဝဏ္ဏဿ မနာပတာ ဝုတ္တာ၊ ၀ိပ္ပသန္နဆ၀ိဝဏ္ဏာတိဣမိနာ ပန ဝိဇ္ဇမာနဿေဝ သရီရ ဝဏ္ဏဿ အတိဝိယ ပသန္နတာ ဝုတ္တာ။]
အထခေါ၊ အဟုတ်သော်ကား။ ကုဟကတာယ၊ အံ့ဩဖွယ်ကိုဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်။ ဝါ၊ အထင်ကြီးအောင် ဟန်ပန်ဆောင်ခြင်းကြောင့်။ အဘူတဂုဏသံဝဏ္ဏနာယ၊ ထင်ရှားမရှိသောဂုဏ်ဖြင့် အချင်းချင်း ချီးမွမ်းခြင်းကြောင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ပဏီတဘောဇနာနိ၊ တို့ကို။ ဘုဉ္ဇိတွာ၊ ၍။ ယထာသုခံ၊ စွာ။ နိဒ္ဒါရာမတံ၊ အိပ်ခြင်း၌ မွေ့လျော်ခြင်းရှိသူတို့၏ အဖြစ်ကိုလည်းကောင်း။ သင်္ဂဏိကာရာမတဉ္စ၊ အပေါင်းအဖော်ကိလေသာတို့နှင့် ပေါင်းဖော််ခြင်း၌ မွေ့လျော်ခြင်းရှိသူတို့၏ အဖြစ်ကိုလည်းကောင်း။ အနုယုဉ္ဇန္တာ၊ န်လျက်။ ဣမံ သရီရသောဘံ၊ သို့။ ပါပုဏိံသု၊ န်ပြီ။ (ကိမိဝ၊ အဘယ်ကဲ့သို့နည်း။) ဘန္တမိဂပ္ပဋိဘာဂါ၊ တုန်လှုပ်သော သမင်နှင့်တူကုန်သော။ ဗာလာ၊ အကြောင်းအကျိုးကို မသိကုန်သော လူပြိန်းလူအတို့သည်။ (နိဒ္ဒါရာမတံ၊ ကိုလည်းကောင်း။ သင်္ဂဏိကာရာမတံ၊ ကိုလည်းကောင်း။ အနုယုဉ္ဇန္တာ၊ န်လျက်။ သရီရသောဘံ၊ သို့။ ပါပုဏန္တိယထာ၊ သို့တည်း။) ဣတိ၊ ဤသို့ မှတ်အပ်၏။
**ဝဂ္ဂုမုဒါတီရိယာ**တိ၊ ကား။ ဝဂ္ဂုမုဒါတီရဝါသိနော၊ ဝဂ္ဂုမုဒါမြစ်ကမ်း၌နေလေ့ရှိကုန်သော။ (ဘိက္ခူ၊ တို့သည်။) [ဝသတိအနက်၌ ဣယပစ္စည်းသက်၍ "တီရိယ"ဖြစ်သည်ဟု ပြသည်။ ဝဂ္ဂုမုဒါ၏အနက်ကို တတိယပါရာဇိကအဖွင့်၌ ပြခဲ့ပြီ။]
**ကစ္စိ ဘိက္ခဝေ ခမနီယန္တိ**၊ ကား။ ဘိက္ခဝေ၊ တို့။ ကစ္စိ၊ အသို့နည်း။ တုမှာကံ၊ တို့၏။ စတုစက္ကံ၊ ဣရိယာပုထ် ၄ ဖြာ, စက်ဘီးတပ်လျက်လည်းပါရှိထသော။ဣတိဟတေ ၊ပေ၊ ပါပုဏိံသု။ ။ဟ-သည် (အနက်ထူးမရ) နိပါတ်မျှသာ၊ ယောဇနာ၌ “တေဘိက္ခူ နေဝဥဒ္ဓေသံ၊ ပေ၊ အနုယုဉ္ဇန္တာ ဣမံ သရီရသောဘံ ပါပုဏိ သူတိ သမ္ဗန္ဓော”ဟု ရှိသောကြောင့် “န ကမ္မဋ္ဌာနံ အနုယုဉ္ဇန္တိ”ဟု အချို့ စာ၌ ရှိသည်မှာ မကောင်း၊ “န ကမ္မဋ္ဌာနံ အနုယုဉ္ဇန္တာ”ဟု ရှိသင့်၏၊ အနက်ကိုလည်း ယောဇနာအတိုင်း နိဿယ၌ ပေးထားသည်။
ကုဟက ပေ၊ ရာမတဉ္စ။ ။“ကုဟ-ဝိမှာပနေ (အံ့သြဖွယ်ကို ဖြစ်စေခြင်း, ကြွားဝါ ဟန်ဆောင်ခြင်း)”ဟု ဓာတ်နက်ရှိ၏၊.စုရာဒိတည်း၊ ကုဟယန္တိဝိမှာ ပယန္တီတိ ကုဟကာ၊ ကုဟကာနံ+ဘာဝေါ -ဖြစ်ကြောင်းဖြစ်ရာ (အထင်ကြီးအောင် ဟန်ဆောင်ခြင်း, ကြွားဝါခြင်း) ကုဟကတာ၊ နိဒ္ဒါ+အာရာမော ဧတေသံတိ နိဒ္ဒါရာမာ၊ သင်္ဂဏနံ-ပေါင်းဆုံခြင်း၊ သင်္ဂဏိကာ-ခြင်း၊ သင်္ဂဏိကာ-အဖော်အပေါင်း ကိလေသာတို့၌ ပေါင်းခြင်း ဟူသော+အာရာမော ယေသံတိ သင်္ဂဏိကာရာမာ။
စတုစက္ကံ။ ။စတုဣရိယာပထံ ဣဝိယာပထော ဟိ ဣဓပဝတ္တနဋ္ဌေန(အဆက်မပြတ် ဖြစ်တတ် လည်တတ်သည့်အတွက်) စက္ကန္တိ အဓိပ္ပေတော၊ [အိပ်ခြင်း ဣရိယာပုတ်မှ ထိုင်ခြင်းသို့လည်း, ထိုင်ခြင်း ဣရိယာပုထ်မှ ထခြင်းသို့လည်း, ထခြင်း ဣရိယာပုထ်မှ သွားခြင်းသို့လည်း, သွားပြီးလျှင်လည်းရပ်-ထိုင်-လျောင်းဟု လည်ပြန်ရကား စက်ဘီးလည် ပုံနှင့်တူသောကြောင့် ဣရိယာပုထ် ၄ ပါးကို “စက္က”ဟု ခေါ်ထားသည်၊ “စရတိ ဧတေနာတိ စက္ကံ၊စက္ကံဝိယာတိစက္ကံ”ဟု တဒ္ဓိတ်ဆင့်၊ တစ်နည်း-သဒိသူပစာံကြံ။
နဝဒွါရံ၊ ကိုးပေါက်ဒွါရ, အနာဝလည်းရှိထသော။ ဣဒံသရီရယန္ထံ၊ ဤ ခန္ဓာကိုယ်ဟူသော ယန္တရားသည်။ ဝါ၊ ဤခန္ဓာကိုယ်ဟူသောရထားသည်။ ခမနီယံ၊ သည်းခံနိုင်ပါ၏လော။ ဝါ၊ ခံ့ကြမ်းပါ၏လော။ ခမိတုံသဟိတုံ၊ သည်းခံခြင်းငှာ။ ပရိဟရိတုံ၊ ဒုက္ခကို ရှောင်လွှဲခြင်းငှာ။ သက္ကာ၊ စွမ်းနိုင်ပါ၏လော။ ကိဉ္စိ၊ သော။ ဒုက္ခံ၊ ကို။ န ဥပ္ပါဒေတိ၊ မဖြစ်စေဘဲရှိ၏လော။ ဣတိ၊ ဤကား အဓိပ္ပာယ်နက်တည်း။
**ကစ္စိ ယာပနီယန္တိ**၊ ကား။ ကစ္စိ၊ နည်း။ သဗ္ဗကိစ္စေသု၊ တို့၌။ ယာပေတုံ ဂမေတုံ၊ ‌ ရောက်စေခြင်းငှာ။ ဝါ၊ ပါဝင်ခြင်းငှာ။ သက္ကာ၊ ၏လော။ ကိဉ္စိ၊ သော။ အန္တရာယံ၊ ကို။ န ဒဿေတီ၊ မပြဘဲရှိ၏လော။ ဣတိ၊ ဤကား အဓိပ္ပာယ်နက်တည်း။
**ကုစ္ဆိ ပရိကန္တော**တိ၊ ကား။ ပရိကန္တိတော၊ ထက်ဝန်းကျင် ဖြတ်လှီးအပ်သော။ ကုစ္ဆိ၊ သည်။ ဝရံ၊ သည်။ ဘဝေယျ၊ ရာ၏။
ပရိကတ္တောတိ၊ ပရိကတ္တောဟူသော။ ပါဌောပိ၊ ပါဌ်သည်လည်း။ ယုဇ္ဇတိ၊ သင့်၏။ [ပရိပုဗ္ဗ, ကတိဓာတ် တပစ္စည်းချင်းတူသောကြောင့် သင့်မြတ်သည်-ဟူလို။]ခမနီယံ။ ။[ခမုဓာတ် အနီယ၊} သက္ကာဖြင့် အနီယပစ္စည်း၏ သက္ကအနက်ကိုပြ၏၊ သဟိတုံဖြင့် ခမုဓာတ်၏ (ရောစနအနက်ကို တားမြစ်၍) သဟနအနက်ပြ၏၊ ပရိဟရိတုံဖြင့် ညောင်းညာခြင်းစသော ဒုက္ခမဖြစ်အောင် ရှောင်ရှားနိုင်ခြင်း-ဟု အဓိပ္ပာယ် ဖွင့်၏၊ ခမန-သဟန (သည်းခံခြင်း) ဟူရာ၌ ရောက်လာသောဒုက္ခကို အောင့်၍ သည်းခံခြင်းကို မဆိုလို၊ ဒုက္ခမဖြစ်အောင် ရှောင်ရှားခြင်းကို ဆိုလိုသည်-ဟု အဓိပ္ပာယ် ဖွင့်ခြင်းဖြစ်သည်၊ [“ခမီယတေ-သည်းခံအပ်, သည်းခံနိုင်၏၊ ဣတိ ခမနီယံ"ဟု...ပြု "ယုတ္တ သက္ကာ, အရဟာဒိ, စရှိဖွင့်လတ်, ကမ္မသာဓ် ပေ”။
ယာပနီယံ။ ။[ယာဓာတ်-ဏာပေ, အနီယ၊] ယာဓာတ်၏ ဂတိအနက်ကို ပြလို၍ “ဂမေတုံ”ဟုဖွင့်သည်၊ သပိတ်ဖုတ်ခြင်း, သင်္ကန်းချုပ်ခြင်း စသော ရဟန်းကိစ္စများ၌ ဤခန္ဓာကိုယ်ကို ရောက်စေနိုင်-ပါဝင်စေနိုင်ရဲ့လား၊ ဤခန္ဓာကိုယ်က မပါဝင်နိုင်အောင် “နေမကောင်းဘူး, ညောင်းညာတယ်” စသည်ဖြင့် အန္တရာယ်တစ်ခုခုကို မပြဘဲ ရှိပါရဲ့ လား-ဟူလို။ [“ယာပီယတေ-ထိုထိုကိစ္စ၌ ရောက်စေအပ် ရောက်စေနိုင်၏၊ ဣတိ ယာပနီယံ” ဟု ပြု။]
ပရိကန္တော (ပရိကတ္တော)။ ကတိဓာတ်သည် ဆေဒနအနက်ကို ဟော၏၊ ဣကာရန္တ ဓာတ်ဖြစ်၍ နိဂ္ဂဟိတ်လာ, တပစ္စည်းသက်လျှင် “ကန္တော”ဟု ဖြစ်၏၊ သလ္လ ကတ္တော-စသည်၌ကား နိဂ္ဂဟိတ်မလာဘဲ တပစ္စည်းသာသက်၍ပြီး၏၊ ထို့ကြောင့် ကံဟောတပစ္စည်းဖြင့် “ပရိကတ္တော” ပါဌ်လည်း သင့်သည်-ဟု ဆိုသည်။
ဧဝံ၊ လျှင်။ ဝဂ္ဂုမုဒါတီရိယေ၊ ဝဂ္ဂုမုဒါမြစ်ကမ်း၌ နေကုန်သော ရဟန်းတို့ကို။ အနေကပရိယာယေန၊ တစ်ပါးမက များစွာသော အကြောင့်ဖြင့်။ ဝါ၊ ပရိယာယ်အမျိုးမျိုးဖြင့်။ ဝိဂရဟိတွာ၊ ကဲ့ရဲ့တော်မူပြီး၍။ ဣဒါနိ၊ ၌။ ယသ္မာ, တေဟိ၊ ထိုဝဂ္ဂုဒါမြစ်ကမ်း၌ နေကုန်သောရဟန်းတို့သည်။ ကတကမ္မံ၊ ပြုအပ်သောအမှုသည်။ စောရကမ္မံ၊ ခိုးသူ၏အမှုသည်။ ဟောတိ၊ ၏။ တသ္မာ၊ ‌ ကြောင့်။ (ဝဂ္ဂုမုဒါမြစ်ကမ်း၌ နေကုန်သော ရဟန်းတို့ ပြုအပ်သောအမှု၏ ခိုးမှု၏ အဖြစ်ကြောင့်။) အာယတိံ၊ ၌။ အညေသမ္ပိ၊ အခြားရဟန်းတို့၏လည်း။ ဧဝရူပဿ၊ သော။ ကမ္မဿ၊ ကို။ အကရဏတ္ထံ၊ မပြုခြင်းအကျိုးငှာ။ အထခေါ၊ ကဲ့ရဲ့တော်မူပြီးရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။ အာမန္တေသိ၊ သိစေတော်မူပြီ။ ဝါ၊ ခေါ်တော်မူပြီ။ [ကဲ့ရဲ့တော်မူချိန်၌ ဝဂ္ဂုမုဒါမြစ်ကမ်းကရဟန်းများသာရှိ၏။ ထို့ကြောင့် (တရားနာဖို့ရန်) အခြားရဟန်းများကိုထပ်၍ ခေါ်တော်မူသည်-ဟူလို။]
၁၉၅။ ပန၊ ဆက်။ အာမန္တေတွာ၊ ပြီး၍။ **ပဉ္စိမေ**၊ ပေ၊ အာဒိံ၊ အစရှိသောတရားကို။ အာဟ၊ ဟောတော်မူပြီ။
တတ္ထ၊ ထို ပဉ္စိမေ ဘိက္ခဝေ အစရှိသော တရားတော်၌။ **သန္တော သံဝိဇ္ဇမာနာ**တိ၊ ကား။ အတ္ထိစေဝ၊ ထင်ရှားလည်း‌ရှိကုန်၏။ ဥပလဗ္ဘန္တိစ၊ ပညာဖြင့်ကပ်၍လည်း ရအပ်ကုန်၏။ ဝါ၊ သိအပ်ကုန်၏။ ပေ၊
**ဣဓာ**တိ၊ ကား။ ဣမသ္မိံသတ္တလောကေ၊ ၌။
**ဧဝံ ဟောတီ**တိ၊ ကား။ ဧဝံ၊ သို့။ ပုဗ္ဗဘာဂေ၊ ဓားပြမှုကို မပြုမီရှေ့အဖို့၌။ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။
**ကုဒါဿု နာမဟန္တိ** ဧတ္ထ၊ ၌။ သုဣတိ၊ သုဟူသောပုဒ်သည်။ နိပါတော၊ တည်း။
ကုဒါနာမ၊ အဘယ်မည်သောအခါ၌။ ဣတိအတ္ထော၊
**သောအပရေနသမယေနာ**တိ၊ ကား။သန္တော။ ။သန္တော၌ “အသ”ဓာတ်ဖြစ်၍ “အတ္ထိ”ဟု ဖွင့်သည်၊ အတ္ထိ-ဟူသည်လည်း လောက ပြောရိုးအားဖြင့် ထင်ရှားရှိခြင်းတည်း၊ [ပုဂ္ဂိုလ်ဟူသည် ပရမတ္ထအားဖြင့် မရှိ, လောကပြောရိုးအားဖြင့်သာ ရှိသည်-ဟူလို၊] ထိုလောကအရှိကိုလိုက်၍ “သန္တောတိ ဣမိနာ တေသံ ဝိဇ္ဇမာနတံ ဒဿေတိ” ဟု ဋီကာဖွင့်သည်။
သံဝိဇ္ဇမာနာ။ ။သန္တောအရ ထင်ရှားရှိခြင်းအနက်ကို ယူလျှင် “သံဝိဇ္ဇမာနာ” အရ ထင်ရှားရှိခြင်းအနက်ကို မယူနိုင်တော့၊ ထို့ကြောင့် “ဥပလဗ္ဘန္တိ”ဟု ဖွင့်သည်၊ သံဝိဇ္ဇ၌ ဝိဒဓာတ် (ယ ·ပစ္စည်း)သည် ဝိန္ဒတိပုဒ်ကဲ့သို့ ရခြင်းအနက်ဟော-ဟူလို၊ “လဗ္ဘ-ရအပ်” ဟူသည်လည်း အထည်ဝတ္ထုကိုရခြင်းမျိုးမဟုတ်, ဉာဏ်ဖြင့် စဉ်းစား၍ ကြည့်သောအခါ “ဤကဲ့သို့ ပုဂ္ဂိုလ်များရှိကြ၏-ဟု သိအပ်”ကို ဆိုလိုရင်းတည်း၊ ထို့ကြောင့် “ဥပလဗ္ဘန္တီတိ-ဒိဿန္တိ (ထိုစောရတို့ကို လောက၌ တွေ့ မြင်အပ်ကုန်၏၊) ဉာယန္တိ (သိအပ်ကုန်၏)” ဟုဋီကာဖွင့်သည်၊ အဋ္ဌသာလိနီ မူလဋီကာ၌လည်း "ဥပလဗ္ဘတီတိ-ပညာယ ဥပဂန္တွာလဗ္ဘတိ" ဟု သဘောတူပင် ဖွင့်သည်။
သော၊ ထိုဓားပြသည်။ ပေ၊ဝဍ္ဎေန္တော၊ တိုးပွားစေလျက်။ ပန္ထဒူဟနကမ္မံ၊ ခရီးလမ်းကိုဖျက်ဆီးမှုလည်းကောင်း။ ဝါ၊ ခရီးသွား ခရီးလာကို ဖျက်ဆီးမှုလည်းကောင်း။ [ပန္ထဖြင့် ပန္ထိကတိုင်အောင် ယူ၊ ဌာနူပစာရတည်း။] ပစ္စန္တိမဂါမဝိလောပံ၊ အစွန်အဖျား၌ဖြစ်သော ရွာကို လုယက်ခြင်းလည်းကောင်း။ ဣတိ ဧဝမာဒီနိ၊ ဤသို့ အစရှိသော အမှုတို့ကို။ ကတွာ၊ ပြုပြီး၍။ ဝေပုလ္လပ္ပတ္တပရိသော၊ ပြန့်ပြောများပြား သည်၏အဖြစ်သို့ရောက်သော ပရိတ်သတ်ရှိသည်။ ဟုတွာ၊ ၍။ ဂါမေပိ၊ တို့ကိုလည်း။ အဂါမကေ၊ ရွာမဟုတ်သည်တို့ကို။ (ကရောန္တော၊ လျက်လည်းကောင်း။) ဇနပဒေပိ၊ ဇနပုဒ် တို့ကိုလည်း။ ဝါ၊ နယ်တို့ကိုလည်း။ အဇနပဒေ၊ တို့ကို။ ကရောန္တော၊ လျက်လည်းကောင်း။ **ဟနန္တော**၊ ကိုယ်တိုင်သတ်လျက်။ **ဃာတေန္တော**၊ နောက်လိုက်တို့ကို အသတ်ခိုင်းလျက်။ (တစ်နည်း) ဟနန္တော၊ ညှင်းဆဲလျက်။ ဃာတေ‌န္တော၊ သတ်လျက်။ **ဆိန္ဒန္တော**၊ ကိုယ်တိုင်သူတစ်ပါး၏ လက်ခြေ စသည်တို့ကို ဖြတ်လျက်။ **ဆေဒါပေန္တော**၊ ဖြတ်စေလျက်။ **ပစန္တော**၊ နှိပ်စက်သောအားဖြင့် အပူတိုက်လျက်။ **ပါစာပေန္တော**၊ အပူတိုက်စေလျက်။ (တစ်နည်း) ပစန္တော၊ အိမ်စသည်တို့ကို မီးရှို့၍ ဆိတ်, သိုးစသည်တို့ကို မီးဖုတ်လျက်။ ပါစာပေန္တော၊ စေလျက်။ (အာဟိဏ္ဍိဿမိ၊ လှည့်လည်ရပါအံ့နည်း။)
ဣတိ၊ လျှင်။ ဗာဟိရကမဟာစောရံ၊ သာသနာတော်မှအပ ဖြစ်သော သူပုန်ဓားပြကြီးကို။ ဒဿေတွာ၊ ပြီး၍။ တေန၊ ထိုသူပုန်ဓားပြကြီးနှင့်။ သဒိသေ၊ တူကုန်သော။ သာသနေ၊ တော်၌။ ဝါ၊ သာသနာထဲက။ ပဉ္စ၊ န်သော။ မဟာစောရေ၊ သူပုန်ကြီးတို့ကို။ ဒဿေတုံ၊ ငှာ။ **ဧဝမေဝ ခေါ**တိ အာဒိံ၊ ကို။ အာဟ၊ မူပြီ။
တတ္ထ၊ ထို ဧဝမေဝခေါအစရှိသော စကားရပ်၌။ **ပါပဘိက္ခုနော**တိ၊ ကား။ဟနန္တော ဃာတေန္တော။ ။ဟနန္တော-မာရေန္တော၊ ဃာတေန္တော- မာရာပေန္တော၊ (အထ ဝါ) ဟနန္တော-ဗန္ဓန တာဠနာဒီဟိ ဟိံသန္တော၊ ဃာတေန္တော-မာရေန္တော၊ [ဃာတေ-ဝယ် ရှေ့နည်း၌ ကာရိတ်ဏေပစ္စည်း၊ နောက်နည်း၌ စုရာဒိ ဏေပစ္စည်းဟု ခွဲ။]
ဆိန္ဒန္တော ပစန္တော။ ။ဆိန္ဒန္တော-ပရေသံ ဟတ္ထာဒီနိ ဆိဒ္ဒန္တော၊ ပစန္တော-‌ဒဏ္ဍေန ဥပ္ပီဠေန္တော၊ ပစန‌‌ဉှေတ္ထ ဒဟနံ ဝိဗာဓနံ အဓိပ္ပေတံ၊ [ပစန္တော၌ ပစနအရ အပူတိုက်ခြင်း, နှိပ်စက်ခြင်းကို အလိုရှိအပ်၏၊ ထို့ကြောင့် တုတ်ဖြင့်ညှဉ်းဆဲခြင်းကို ပစန္တောဟု ဆိုသည်-ဟူလို။] ပစန္တောတိဝါ တဇ္ဇေန္တော တာသေန္တော-ခြိမ်းခြောက်လျက်, ထိတ်လန့်စေလျက်၊ (အထဝါ) ပစန္တောတိ ဂါမေသု အဂ္ဂိပါတနဝသေန (ရွာတို့၌ မီးကျ‌စေခြင်း-မီးရှို့ ခြင်း၏အစွမ်းဖြင့်) ဂေဟာဒီနိ ဈာပေတွာ တတ္ထ အဇေဠကာဒီနိ ပစန္တော-ထိုအိမ်က ဆိတ်, သိုး စသည်တို့ကို မီးဖုတ်လျက်။
အညေသု၊ န်သော။ ဌာနေသု၊ တို့၌။ မူလစ္ဆိန္နော၊ သာသနာတော် ဝယ် ပြတ်ပြီးသော အမြစ်အရင်းရှိသော။ ပါရာဇိကပ္ပတ္တော၊ ပါရာဇိကသို့ ရောက်ပြီးသောရဟန်းကို။ ပါပဘိက္ခူတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ [မူလစ္ဆိန္နောကို ပါရာဇိကပ္ပတ္တောဟု ထပ်ဖွင့်သည်။ မူလံ+ဆိန္နံ ယဿာတိ မူလစ္ဆိန္နော။]
ဣဓ ပန၊ ဤအရာ၌ကား။ ပါရာဇိကံ၊ သို့။ အနာပန္နော၊ မရောက်သော။ ဣစ္ဆာစာရေ၊ ယုတ်မာသော အလို၏ ဖြစ်ခြင်း၌။ ဝါ၊ အလိုဆိုး၌။ [ဣစ္ဆာယ၊ အလို၏+စာရော-ဖြစ်ခြင်း၊ ဟိုဟာ လိုချင်, ဒီဟာလိုချင်နှင့် ယုတ်မာသော အလို၏ ဖြစ်ခြင်း။] ဌိတော၊ လျက်။ ခုဒ္ဒါနုခုဒ္ဒကာနိ၊ ငယ်ကုန်, ထိုအောက်ငယ်ကုန်သော။ သိက္ခာပဒါနိ၊ တို့ကို။ မဒွိတွာ၊ နှိမ်နင်း၍။ ဝါ၊ ကျူးလွန်၍။ ဝိစရန္တော၊ လှည့်လည်သော ရဟန်းကို။ ပါ ပဘိက္ခူတိ၊ ဟူ၍။ အဓိပ္ပေတော၊ အလိုရှိအပ်၏။
တဿာပိ၊ ထိုရဟန်း၏လည်း။ ဗာဟိရကစောရဿ ဝိယ၊ သာသနာတော်မှအပ၌ဖြစ်သော သူပုန် ဓားပြ၏ ကဲ့သို့။ ပုဗ္ဗဘာဂေ၊ ၌။ ဧဝံ၊ ဤအကြံသည်။ ဟောတိ၊ ၏။
(ကိံ) ၊ အဟံ၊ သည်။ ကုဒါနာမ၊ အဘယ်မည်သောအခါ၌။ သတေန ဝါ၊ နောက်လိုက်နောက်ပါ ရဟန်းတစ်ရာသည်သော်လည်းကောင်း။ သဟဿေနဝါ၊ နောက်လိုက်မြားမြောင် ရဟန်းတစ်ထောင်သည်သော်လည်းကောင်း။ ပရိဝုတော၊ ခြံရံသည်။ (ဟုတွာ)၊ ဂါမနိဂမရာဇဌာနီသု၊ ရွာ, နိဂုံး, မင်းနေပြည်တို့၌။ ဂဟဋ္ဌာနဉ္စေဝ၊ လူဝတ်ကြောင်တို့သည်သော်လည်းကောင်း။ ပဗ္ဗဇိတာနဉ္စ၊ ရှင်ရဟန်းတို့သည်သော်လည်းကောင်း။ သက္ကတော၊ ကောင်းစွာပြုအပ်သည်။ ဂရုကတော၊ အလေးပြုအပ်သည်။ မာနိတော၊ မြတ်နိုးအပ်သည်။ ပူဇိတော၊ ပူဇော်အပ်သည်။ အပစိတော၊ ရိုသေအပ်သည်။ (ဟုတွာ)၊ စီဝရပိဏ္ဍပါတ၊ **ပေ၊ ပရိက္ခာရာနံ**၊ သင်္ကန်း, ဆွမ်း, ကျောင်း, ဂိလာန၏ ရောဂါ၏ဆန့်ကျင်ဘက် အသက်၏ အရံအကာ ဆေးတို့ကို။ လာဘီ၊ ရခြင်းရှိသည်။ (ဟုတွာ)၊ စာရိကံ၊ ကို။ စရိဿာမိ၊ နည်း။ ဣတိ၊ ဤအကြံသည်။ (ဟောတိ၊ ၏။)
တတ္ထ၊ ထို ကုဒါဿုနာ မာဟံ အစရှိသော စကားရပ်၌။ **သက္ကတော**တိ၊ ကား။ သက္ကာရပ္ပတ္တော၊ ကောင်းစွာပြုအပ်သည်၏အဖြစ်သို့ရောက်သည်။ [ကာရ၌ ဘာဝပ္ပဓာန။]
**ဂရုကတော**တိ၊ ကား။ ဂရုကာရပ္ပတ္တော၊ အလေးပြုအပ်သည်၏အဖြစ်သို့ရောက်သည်။
**မာနိတော**တိ၊ ကား။ မနသာ၊ ဖြင့်။ ပိယာယိတော၊ ချစ်အပ်သူကိုပြုအပ်သည်။
**ပူဇိတော**တိ၊ ကား။ စတုပစ္စယာဘိဟာရပူဇာယ၊ ပစ္စည်းလေးပါးကို ရှေးရှုဆောင်ခြင်းဟူသော ပူဇော်ခြင်းဖြင့်။ ပူဇိတော၊ အပ်သည်။
**အပစိတော**တိ၊ ကား။ အပစိတိပ္ပတ္တော၊ အရိုအသေပြုခြင်းသို့ရောက်သည်။ (ဟုတွာ, စရိဿာမိ၊ အံ့နည်း။)
တတ္ထ၊ ထို ရဟန်းတို့တွင်။ ယဿ၊ အကြင်ရဟန်းအား။ စတ္တာရော ပစ္စယေ, သက္ကရိတွာ၊ ကောင်းစွာပြု၍။ သုဋ္ဌု၊ စွာ။ အဘိသင်္ခတေ၊ ပြုစီမံအပ်သည်တို့ကို။ ပဏီတပဏီတေ၊ မွန်မြတ်သည် ထက်မွန်မြတ်သည်တို့ကို။ ဝါ၊ အလွန်မွန်မြတ်သည်တို့ကို။ ကတွာ, [သုဋ္ဌု၊ ‌ပေ၊ ကတွာသည် သက္ကရိတွာ၏ အဖွင့်၊]ဒေန္တိ၊ သော၊ ထိုရဟန်းသည်။ သက္ကတော၊ သက္ကတမည်၏။
ယသ္မိံ၊ အကြင်ရဟန်း၌။ ဂရုဘာဝံ၊ အလေးပြုအပ်သည်၏အဖြစ်ကို။ ပဋ္ဌပေတွာ၊ ဖြစ်စေ၍။ ဒေန္တိ၊ သော၊ သည်။ ဂရုကတော၊ မည်၏။
ယံ၊ အကြင်ရဟန်းကို။ မနသာ၊ ဖြင့်။ ပိယာယန္တိ၊ ချစ်အပ်သည်ကို ပြုကုန်၏။ သော၊ သည်။ မာနိတော၊ မည်၏။
ယဿ၊ အကြင်ရဟန်း၏ အပေါ်၌။ ဧတံသဗ္ဗမ္ပိ၊ ဤအလုံးစုံသော သက္ကတ စသည်ကိုလည်း။ ကရောန္တိ၊ န်၏။ သော၊ သည်။ ပူဇိတော၊ မည်၏။
ယဿ၊ အကြင်ရဟန်း၏ အပေါ်၌။ အဘိဝါဒန၊ပေ၊ကမ္မာဒိဝသေန၊ ရှိခိုးခြင်း, ခရီးဦး ကြိုဆိုခြင်း, လက်အုပ်ချီမှုကို ပြုခြင်းအစရှိသည်တို့၏ အစွမ်းဖြင့်။ ပရမနိပစ္စကာရံ၊ အလွန်ရိုသေပျပ်ဝပ်မှုကို ပြုခြင်းကို။ ကရောန္တိ၊ သော၊ သည်။ အပစိတော၊ မည်၏။
စပန၊ ထပ်၍ဆက်ဦးအံ့။ သဗ္ဗမ္ပိ၊ သော။ ဣမံလောကာမိသံ၊ ဤလောကအာမိသကို။ ဝါ၊ ဤတဏှာဖြင့်သုံးသပ်အပ်သော လောကစည်းစိမ်ကို။ ပတ္ထယမာနဿ၊ တောင့်တသော။ ဣမဿ၊ ဤရဟန်း၏။ ဧဝံ၊ ဤ အကြံသည်။ ဟောတိ၊ ၏။
**သော အပရေန သမယေနာ**တိ၊ ကား။ သော၊ ထိုရဟန်းသည်။ ဗုဗ္ဗဘာဂေ၊ ၌။ [ကြံစည်အပ်သော သက္ကာရစသည်သို့ မရောက်မီ ရှေးအဖို့၌။] ဧဝံ၊ သို့။ စိန္တေတွာ၊ ၍။ အနုက္ကမေန၊ ဖြင့်။ သိက္ခာယ၊ ၃ ပါးသော သိက္ခာ၌။ အတိဗ္ဗဂါရဝေ၊ ထက်သန်သော ရိုသေလေးစားခြင်းမရှိကုန်သော။သက္ကတော။ ။သံပုဗ္ဗ+ကရဓာတ်တပစ္စည်း ထို တပစ္စည်းသည် များသောအားဖြင့် အတိတ်အနက်ကို ဟောသော်လည်း ဤနေရာ၌ အတိတ်ဟောမဟုတ်, ပစ္စုပ္ပန်ဟောတည်း၊ ထိုပစ္စုပ္ပန်အနက်လည်း “တကယ်ကောင်းစွာ ပြုအပ်သည်ကို ပြလိုရင်းမဟုတ်, ကောင်းစွာ ပြုအပ်သော အဆင့်အတန်းသို့ ရောက်နေခြင်းကို ပြလိုရင်းတည်း” ဟု သိစေလို၍ “သက္ကာရပ္ပတ္တော”ဟု အဓိပ္ပာယ်နက်ဖွင့်သည်၊ “သက္ကရီယတေတိ သက္ကတော”ဟု ပြု၊ နောက်ပုဒ်များ၌လည်း ဤနည်းပင်။
မာနိတော။ ။မာနဓာတ်၏ အနက်များစွာတွင် ပေမန (မြတ်နိုးခြင်း)အနက်ကို ပြလို၍ “မနသာ ပိယာယိတော”ဟု ဖွင့်သည်၊ “မာနီယတေတိ မာနိတော”ဟု ပြု, ပိယနာမ်ပုဒ်နောင် အာစာရအနက်၌ အာယပစ္စည်းသက်၍ “ပိယာယ”ဟု ဖြစ်၏။ တပစ္စည်း ဣအာဂုံ။
ပရမနိပစ္စကာရံ။ ။နိပတနံ-ပျပ်ဝပ်ခြင်း (ကိုင်းညွတ်၍ ရိုသေခြင်း) နိပစ္စံ၊[နိ+ပတ-ဏျ။] ပရမံ+နိပစ္စံ ပရမနိပစ္စံ၊ တဿ+ကာရော ပရမနိပစ္စကာရော။
ဥဒ္ဓတေ၊ အထက်အထက်သို့ လွင့်တက်ကုန်သော။ ဝါ၊ ပျံ့လွင့်ကုန်သော။ ဥန္နဠေ၊ အထက်သို့တက်သော ကျူရိုးအလား အချည်းနှီးတက်ကြွားသော မာန်မာနရှိကုန်သော။ စပလေ၊ ချစ်ခင်ဖွယ်ရာ အဆင်တန်ဆာကို ယူတတ်ကုန်သော။ ဝါ၊ လျှပ်ပေါ်လော်လီကုန်သော။ မုခ‌ရေ၊ ကြမ်းတမ်းသော နှုတ်ရှိကုန်သော။ ဝိကိဏ္ဏဝါစေ၊ ဖရိုဖရဲပြန့်ကြဲသောစကားရှိကုန်သော။ ဝါ၊ စကားဖွာတတ်ကုန်သော။ မုဋ္ဌဿတီ၊ ပျောက်ကင်းသော သတိရှိကုန်သော။ [မုစဓာတ်ထင်၍ "လွတ်သော သတိရှိကုန်သော" ဟု‌ပေးတတ်ကြ၏၊မုသဓာတ် တ ပစ္စည်းတည်း၊မုသ-နဿနေ။] အသမ္ပဇာနေ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောပညာမရှိကုန်သော။ ပါကတိန္ဒြိယေ၊ ပေါ်လွင်ထင်ရှားသော ဣန္ဒြေရှိကုန်သော။ ဝါ၊ ပင်ကိုယ်သဘော၌ တည်သော ဣန္ဒြေရှိကုန်သော။အတိဗ္ဗဂါရဝေ။ ။သိက္ခာပုဒ်၌ လေးစားခြင်းမရှိဘဲ အာပတ်ကို များစွာကျူးလွန် သူတို့ကို “အတိဗ္ဗဂါရဝ”ဟု ခေါ်သည်၊ တိဗ္ဗံ+ဂါရဝံ ယေသံဟိ တိဗ္ဗဂါရဝါ၊ န+တိဗ္ဗ ဂါရဝါ အတိဗ္ဗဂါရဝါ။
**ဥဒ္ဓတေ**။ ။ ဥ+ဟန+တ၊ ဟနဓာတ်သည် ဂတိအနက်ဟော၊ ဥဒ္ဓံ-အထက်အထက်သို့+ဟရတိ-လွင့်တက်သကဲ့သို့ ဖြစ်တတ်၏၊ လေခတ်အပ်သော တံခွန်ကဲ့သို့ မငြိမ်မသက် လွင့်တက်တတ်သူ၊ ဥဒ္ဓစ္စများသူ၊ [ဥဒ္ဓတေတိ ဥဒ္ဓစ္စပကတိကေ။]
ဥန္နဠေ။ ။အထက်သို့ ထောင်ထက်နေသော ကျူးရိုးသည် (အလွန်မြင့်သော်လည်း) အကျိုးမရှိ-အသုံးချ၍မရသကဲ့သို့ မိမိမှာ အထင်ကြီးစရာ တစ်စုံတစ်ခု အနှစ်မရှိပါဘဲ အချည်းနှီးအထင်ကြီးနေသူ(မာနကြီးနေသူ)များကို “ဥန္နဠ”ဟု ခေါ်သည်၊ ဥဂ္ဂတော+နဠော ဥန္နဠော၊ ဥန္နဠောဝိယာတိ ဥန္နဠော-ကျူးရိုးအလား အချည်းနှီးတက်ကြွားသော မာန်မာန၊ ဥန္နဠော ယေသံ အတ္ထီတိ ဥန္နဠာ။ [“ဥန္နဠေတိ ဥဂ္ဂတနဠသဒိသေန ဥဂ္ဂတတုစ္ဆမာနေန သဟိတေ”-ဝိမတိ။]
စပလေမုခရေ။ ။သပိတ်ကို အလှပြင်ခြင်း, သင်္ကန်းကိုအလှပြင်ခြင်း စသည်ဖြင့် ချစ်ခင်ဖွယ်ရှိအောင် ပြုတတ်သူကို “စပလ”ဟုခေါ်၏၊ စပံ-ချစ်ခင်ဖွယ်ကို+လာတိ- ယူတတ်၏၊ မုခရော၌ မုခသဒ္ဒါသည် ပါးစပ်ကို ဟောရင်းဖြစ်သော်လည်း ပါးစပ်ဖြင့် ပြောအပ်သောစကားကို ဌာနူပစာရအားဖြင့်ယူ၍ “မုခံ ယဿာတိ မုခရော” ဟု ပြု၊ ဤနေရာ၌ ကြမ်းတမ်းသော စကားပြောတတ်သူကို “မုခရ” ဟု ခေါ်သည်။
ပါကတိန္ဒြိယေ။ ။သံဝရာဘာဝေန ဂိဟိကာလေဝိယ ဝိဝဋဣန္ဒြိယေ-စက္ခု စသော ဣနြေတို့ကို စောင့်စည်းမှုမရှိသည့်အတွက် (ကြည့်ချင်ရာကြည့်, နားထောင်ချင်ရာ နားထောင်, စသည်ဖြင့်) လူတုန်းကကဲ့သို့ ဖွင့်လှစ်အပ်သော ဣန္ဒြေရှိကုန်သော (ပေါ်လွင် သော ဣန္ဒြေရှိကုန်သော)၊ ပါကတာနိ-ဣန္ဒြိယာနိ ယေသံတိ ပါကတိန္ဒြိယာ၊ [“ကြည့်ချင်သော်လည်း မကြည့်ဘဲ စောင့်စည်းလျှင် ပေါ်လွင်သော ဣန္ဒြေရှိသူမဟုတ်, ဖုံးထားအပ်သော ဣန္ဒြေရှိသူဖြစ်သည်” ဟု ပြောင်းပြန် ပြန်၍လည်း အဓိပ္ပာယ်သိပါ။]
အာစရိယုပဇ္ဈာယေဟိ၊ တို့သည်။ ပရိစ္စတ္တကေ၊ စွန့်လွှတ်အပ်ကုန်သော။ လာဘဂရုကေ၊ လာဘ်၌ အလေးပြုခြင်းရှိကုန်သော။ ပါပတိက္ခူ၊ တို့ကို။ သင်္ဂဏှိတွာ၊ သင်္ဂြိုဟ်ချီးမြှင့်ထောက်ပင့်၍။ ဝါ၊ သိမ်းသွင်း၍။ ဣရိယာပထသဏ္ဌပနာဒီနိ၊ ဣရိယာပုထ်ကို ကောင်းစွာထားခြင်းအစရှိကုန်သော။ ကုဟကဝတ္တာနိ၊ အံ့ဩဖွယ်ကို ဖြစ်စေတတ်သူ၏ ကျင့်ဝတ်တို့ကို။ သိက္ခာပေတွာ၊ သင်ပေးပြီး၍။ အယံ ထေရော၊ ဤဆရာတော်ကြီးသည်။ အသုကသ္မိံနာမသေနာသနေ၊ ၌။ ဝဿံ၊ မိုးလပတ်လုံး။ ဥပဂမ္မ၊ ချဉ်းကပ်၍။ ဝတ္တပဋိပတ္တိံ၊ ဝတ်ကျင့်ကို။ ပူရယမာနော၊ ဖြည့်ကျင့်လျက်။ ဝဿံ၊ လုံး။ ဝသိတွာ၊ သီတင်းသုံးတော်မူပြီး၍။ နိဂ္ဂတော၊ ထွက်တော်မူလာ၏။ ဣတိ၊ သို့။ လောကသမ္မတသေနာသနသံဝဏ္ဏနာဒီဟိ၊ လူအပေါင်းတို့သည် အသိအမှတ်ပြုအပ်သော ကျောင်းဖြင့် ချီးမွမ်းခြင်းအစရှိကုန်သော။ ဥပါယေဟိ၊ နည်းလမ်းတို့ဖြင့်။ [သံဝဏ္ဏိယမာနဂုဏော ဟုတွာ၌စပ်၊ အကျင့်ဘက်၌ နာမည်ကောင်းသော ကျောင်းကို "လောကသမ္မတသေနာသန" ဟု ခေါ်သည်။] လောကံ၊ လူအပေါင်းကို။ ပရိပါစေတုံ၊ ရင့်ကျက်စေခြင်းငှာ။ ဝါ၊ ညွှတ်လာစေခြင်းငှာ။ ပဋိဗလေဟိ၊ စွမ်းနိုင်ကုန်သော။ ဇာတကာဒီသု၊ ဇာတ်နိပါတ်အစရှိသည်တို့၌။ ကတပရိစယေဟိ၊ ပြုအပ်သော အလေ့အကျက် ရှိကုန်သော။ သရသမ္ပန္နေဟိ၊ အသံနှင့် ပြည့်စုံကုန်သော၊ (အသံကောင်းကုန်သော)။ ပါပဘိက္ခုဟိ၊ ယုတ်မာသော ရဟန်းတို့သည်။ သံဝဏ္ဏိယမာနဂုဏော၊ ချီးမွမ်းအပ်သော ဂုဏ်ရှိသည်။ ဟုတွာ၊ ၍။ သတေန ဝါ၊ သည်သော်လည်းကောင်း။ ပေ၊ ပရိက္ခရာနံ၊ တို့ကို။ လာဘိ၊ သည်။ (ဟုတွာစာရိကံ, စရတိ၊ ၏။)
**အယံ ဘိက္ခဝေ ပဌမော မဟာစောရော**တိ၊ ကား။ အယံ၊ ဤရဟန်းကို၊(ဝေဒိတဗ္ဗော၌စပ်။) သန္ဓိစ္ဆေဒါဒိစောရကာ ဝိယ၊ အိမ်အစပ်ကို ဖောက်ဖြတ်ခြင်းအစရှိသည်တို့ဖြင့် ခိုးတတ်သူကဲ့သို့။ ဧကံကုလံ၊ တစ်မျိုးကို။ ဝါ၊ တစ်အိမ်ကို။ (ဝဉ္စေတွာ၊ လှည့်ပတ်၍။) န (ဂဏှာတိ)၊ ယူသည်မဟုတ်။ ဒွေ (ကုလာနိ၊ တို့ကို။ ဝဉ္စေဟွာ၊ ၍။) န (ဂဏှာတိ)၊ မဟုတ်။ အထခေါ၊ မဟုတ်ကား။ မဟာဇနံ၊ များစွာသော လူအပေါင်းကို။ ဝဉ္စေတွာ၊ ၍။ စတုပ္ပစ္စယဂ္ဂဟဏတော၊ ပစ္စည်းလေးပါးတို့ကို ခံယူခြင်းကြောင့်။ **ပဌမော**၊ သော။ **မဟာစောရော**တိ၊ ခိုးသူကြီး၍။ ဝေဒိတဗ္ဗော၊ ၏။ တစ်နည်း။ ။"ပကတိယံ ဌိတိန္ဒြိယေ”ဟု ဝိမတိဖွင့်၏၊ ထိုအလို “ပကတိယံ+ ဌိတာနိ ပါကတာနိ၊ ပါကတာနိ+ဣန္ဒြိယာနိ ယေသံတိ ပါကတိန္ဒြိယာနိ"ဟု ပြု၊ ဆရာသမားတို့က မပြုပြင်အပ်သည့်အတွက် လူတုန်းကကဲ့သို့ ပင်ကိုယ်သဘောအတိုင်း တည်သော (မပြုမပြင်အပ်သော) စက္ခု စသော ဣန္ဒြေရှိသူတို့။
ပန၊ ဆက်။ သုတ္တန္တိကာဝါ၊ သုတ္တန်ဆောင်သော်လည်း ဖြစ်ကုန်သော။ အာဘိဓမ္မိကာဝါ၊ အဘိဓမ္မာဆောင်သော်လည်းဖြစ်ကုန်သော။ ဝိနယဓရာဝါ၊ ဝိနည်းဆောင်သော်လည်း ဖြစ်ကုန်သော။ ယေ ဘိက္ခူ၊ တို့သည်။ ဘိက္ခာစာရေ၊ ဆွမ်းအလို့ငှာ လှည့်လည်အပ်သော ဆွမ်းခံရွာသည်။ ဝါ၊ ဆွမ်းခံရွာ၌တည်သော ဆွမ်းသည်။ အသမ္ပဇ္ဇမာနေ၊ မပြည့်စုံလသော်။ ပါဠိံ၊ ပါဠိတော်ကို။ ဝါစေန္တာ၊ ဆိုစေကုန်လျက်လည်းကောင်း။ ဝါ၊ ပို့ချကုန်လျက်လည်းကောင်း။ အဋ္ဌကထံ၊ ကို။ ကထေန္တာ၊ ပြောကုန်လျက်လည်းကောင်း။ အနုမောဒနာယ၊ အဖန်ဖန် ဝမ်းမြောက်ကြောင်းဖြစ်သော။ ဓမ္မကထာယ၊ တရားစကားဖြင့်လည်းကောင်း။ ဣရိယာပထသမ္ပတ္တိယာစ၊ ဣရိယာပုထ်၏ပြည့်စုံ ခြင်းဖြင့်လည်းကောင်း။ [သွားပုံလာပုံ နေထိုင်ပုံထိုင်ပုံ စသည်၌ ကြည်ညိုဖွယ်ကောင်းသော ဣရိယာပုထ်တို့ဖြင့်။] လောကံ၊ လူအပေါင်းကို။ ပသာ‌ဒေန္တာ၊ ကြည်ညိုစေကုန်လျက်လည်းကောင်း။ သက္ကတာ၊ ကောင်းစွာ ပြုအပ်ကုန်သည်။ ဂရုကတာ၊ အလေးပြုအပ်ကုန်သည်။ မာနိတာ၊ မြတ်နိုးအပ်ကုန်သည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်သည်။ အပစိတာ၊ ရိုသေအပ်ကုန်သည်။ (ဟုတွာ)၊ ဇနပဒစာရိကံ၊ ဇနပုဒ် ‌‌ဒေသစာရီကို။ စရန္တိ၊ န်၏။ တေ၊ ထို ရဟန်းတို့ကို။ တန္တိပဝေဏိဃဋနကာ၊ သာသနာတော်၏ အစဉ်အဆက်ကို ဆက်စပ်တတ်ကုန်သော။ သာသနဇောတကာတိ၊ သာသနာတော်ကို ထွန်းလင်းစေတတ်သော ရဟန်းတော်တို့ဟူ၍။ ဝေဒိတဗ္ဗော၊ န်၏။ယေပန၊ပေ၊ ဇောတကာ။ ။လာဘ်ကိုမျှော်၍ မဟုတ်ဘဲ သန့်ရှင်းသော (သာသနာတော် ကို ချီးမြှောက်လိုသော) စိတ်ဖြင့် ကျမ်းစာချမှု တရားဟောမှုကိုပြု၍ ဒေသစာရီလှည့်လည်ကြသောပုဂ္ဂိုလ်, ထိုသို့လှည့်လည်ရင်း လာဘ်ရသောပုဂ္ဂိုလ်များအတွက် အပြစ်မရှိကြောင်း ကို ဆက်ပြလို၍ “ယေပန"စသည်မိန့် ၊ ထိုပုဂ္ဂိုလ်များမှာ အပြစ်မရှိသည့်အပြင် “သာသနာ အစဉ်တည်အောင် သာသနာထွန်းလင်းအောင် ပြုသူများ"ဟု အသိအမှတ် ပြုရမည်-ဟူလို။
ဘိက္ခာစာရေ။ ။“ဂေါစရဂါမေ-၌၊ ဘိက္ခာယ-ငှာ၊ စရိတွာ လာဘိတဗ္ဗပိဏ္ဍ ပါတေ”ဟု ဋီကာဖွင့်၏၊"စရိတဗ္ဗောတိ စာရော- လှည့်လည်အပ်သော ဆွမ်းခံရွာ၊ ထိုရွာ၌ တည်သော ဆွမ်းသည်လည်း ဌာနူပစာရအားဖြင့် ဘိက္ခာစာရမည်၏၊ ဘိက္ခာယ- ငှာ၊ စာရော ဘိက္ခာစာရော”ဟုပြု၊“ဘိက္ခာစာရေ အသမ္ပဇ္ဇမာနေကို ဇနပဒ စာရိကံ စရန္တိ၌စပ်၊ ပါဠိံဝါစေန္တာ စသည်၌ မစပ်လင့်၊ ပါဠိ'ဝါစေန္တာ စသောအလုပ်များကား အမြဲနေရာ၌လည်း ကောင်း ဇနပုဒ်၌လည်းကောင်း လုပ်ရမည့်အလုပ်များ-ဟု ဝိမတိ ဆိုသည်။]
တန္တိ ပဝေဏိ ဃတနကာ။ ။ပါဠိချမှုစသော အလုပ်များကို လာဘ်ရမှုမျှော်၍ လုပ်ခြင်းမဟုတ်, တာဝန်ဝတ္တရားအနေအားဖြင့် လုပ်ခြင်းဖြစ်သောကြောင့် "သာသနာ တော် အဆက်မပြတ်အောင် ဆက်စပ်သောပုဂ္ဂိုလ်များ” ဟု ဆိုရသည်။
**တထာဂတပ္ပဝေဒိတန္တိ**၊ ကား။ တထာဂတေန၊ သည်။ ပဋိပိဒ္ဓံ၊ ထိုးထွင်း၍သိတော်မူအပ်သော။ ပစ္စက္ခကတံ၊ မျက်မှောက်ပြုတော်မူအပ်သော။ ဝါ၊ တစ်နည်း။ ဇာနာပိတံ၊ ဝေနေယျတို့ကို သိစေတော်မူအပ်သော။ (ဓမ္မဝိနယံ၊ သုတ်အဘိဓမ္မာဝိနည်းကို။)
**အတ္တနော ဒဟတီ**တိ၊ ကား။ ပရိသမဇ္ဈေ၊ ၌။ ပါဠိံစ၊ ပါဠိတော်ကိုလည်းကောင်း။ အဋ္ဌကထဉ္စ၊ ကိုလည်းကောင်း။ သံသန္ဒိတွာ၊ နှီးနှော တိုက်ဆိုင်၍။ မဓုရေန၊ ချိုသာသော။ သရေန၊ အသံဖြင့်။ ပသာဒနီယံ၊ ကြည်ညိုအပ် ကြည်ညိုထိုက်သော။ ဝါ၊ ကြည်ညိုဖွယ်ကောင်းသော။ သုတ္တန္တံ၊ သုတ္တန်ကို။ ကထေတွာ၊ ဟောပြောပြီး၍။ ဓမ္မကထာဝသာနေ၊ တရားစကား၏အဆုံး၌။ အစ္ဆရိယဗ္ဘုတဇာတေန၊ ဖြစ်သော အစ္ဆရိယအဗ္ဘုတရှိသော။ ဝိညုဇနေန၊ တတ်သိနားလည်သူသည်။ [ပုစ္ဆိတော၌စပ်၊ ပညာရှိလူတစ်ယောက်က မေးအပ်သော်-ဟူလို။] ဘန္တေ, အဟော၊ ‌‌‌ဪ အံ့ဩဖွယ်ကောင်းပါပေစွ။ ပါဠိစ၊ သည်လည်းကောင်း။ အဋ္ဌကထာစ၊ သည်လည်းကောင်း။ သုပရိသုဒ္ဓါ၊ အလွန်သန့်ရှင်းပါပေစွ။ ကဿ၊ အဘယ်ဆရာ၏။ သန္တိကေ၊ ၌။ ဥဂ္ဂဏှိတ္ထ၊ သင်ယူခဲ့ပါကုန်သနည်း။ ဣတိ၊ သို့။ ပုစ္ဆိတော၊ မေးအပ်သည်။ (သမာနော၊ သော်။) ကော၊ အဘယ်သူသည်။ အမှာဒိသေ၊ ငါကဲ့သို့ရှုအပ်သူတို့ကို။ ဝါ၊ ငါ့လိုပုဂ္ဂိုလ်တို့ကို။ ဥဂ္ဂဟာပေတုံ၊ သင်ယူစေခြင်းငှာ။ ဝါ၊ ပို့ချခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်ပါအံ့နည်း။ ဣတိ၊ သို့။ အာစရိယံ၊ ကို။ အနုဒ္ဒိသိတွာ၊ မညွှန်ပြမူ၍။ [ရှိလျက်နဲ့ မညွှန်ပြမူ၍- ဟူလို၊] အတ္တနာ၊ မိမိသည်။ ဝါ၊ ကိုယ်တိုင်။ ပဋိဝိဒ္ဓံ၊ ထိုးထွင်း၍ သိအပ်သော။ သယမ္ဘုဉာဏာဓိဂတံ၊ အလိုလို ဖြစ်သောဉာဏ်ဖြင့် ရအပ်သော။ ဓမ္မဝိနယံ၊ သုတ် အဘိဓမ္မာ ဝိနည်းဟူ၍။ ပဝေဒေတိ၊ သိစေအပ်၏။ ဝါ၊ ပြောပြ၏။ ["အဘယ် ဆရာ့ထံ၌ သင်ယူခဲ့ပါသနည်း" ဟု မေးလာသူအား ပြောပြသည်- ဟူလို၊]
အယံ၊ ဤရဟန်းသည်။ ထတာဂတေန၊ သည်။ သတသဟဿ ကပ္ပာဓိကာနိ၊ ကပ္ပာတစ်သိန်းအလွန်ရှိကုန်သော။ စတ္တာရိ အသင်္ချေယျာနိ၊ တို့ပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို။ ပူရေတွာ၊ ပြည့်စေတော်မူပြီး၍။ ဝါ၊ ဖြည့်ကျင့်တော်မူပြီး၍။တထာဂတပ္ပဝေဒိတံ။ ။ပပုဗ္ဗ ဝိဒဓာတ်သည် သိခြင်းအနက်ကို ဟော၏၊ ပဌမ နည်း၌ ကာရိတ်မပါဘဲ “ကိုယ်တော်တိုင်သိအပ်”ဟု အနက်မှတ်စေလို၍ ပဋိဝိဒ္ဓံ- ပစ္စက္ခကတံ”ဟုဖွင့်၏၊ ဒုတိယနည်း၌ ကာရိတ်ပါသည်ဟုသိစေလို၍ “ဇာနာပိတံ”ဟု ဖွင့်သည်။ [ပဝေဒီယိတ္ထာတိ ပဝေဒိတံ၊ တထာဂတေန+ပဝေဒိတံ တထာဂတပ္ပဝေဒိတံ။]
အတ္တနော ဒဟတိ။ ။“အတ္တနော အဒဟန္တောတိ-မမေဒံတိ (ငါ၏ဥစ္စာဟူ၍) အတ္တနိ အဋ္ဌပန္တော"-သီလက္ခန် ဋီကာဟောင်း, ဧဝံမေသုတံပုဒ် အဖွင့်။ [ဒဟတိ၌ ဓာဓာတ်သည် ထပနအနက်ဟော။]
ကိစ္ဆေန၊ ငြိုငြင်သဖြင့်။ ကသိရေန၊ ပင်ပန်းသဖြင့်။ ပဋိဝိဒ္ဓဓမ္မတ္ထေနကော၊ ထိုးထွင်း၍ သိအပ်သော တရားကို ခိုးတတ်သော။ **ဒုတိယော**၊ သော။ **မဟာစောရော**၊ ခိုးသူကြီးတည်း။
**သုဒ္ဓံ ဗြဟ္မစာရိန္တိ**၊ ကား။ ခီဏာသဝဘိက္ခုံ၊ ရဟန္တာရဟန်းကို။
**ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တန္တိ**၊ ကား။ နိရုပက္ကိလေသံ၊ ဥပက္ကိလေသာမရှိသော။ သေဋ္ဌစရိယံ၊ မြတ်သောအကျင့်ကို။ စရန္တံ၊ ကျင့်နေသည်ကို။ ဝါ၊ တစ်နည်း။
အညမ္ပိ၊ ရဟန္တာမှ အခြားလည်းဖြစ်သော။ အနာဂါမိံ၊ ကို။ အာဒိံကတွာ၊ ၍။ ယာဝသီလဝန္တံ ပုထုဇ္ဇနံ၊ သီလရှိသော ပုထုဇဉ်တိုင်အောင်။ အဝိပ္ပဋိသာရာဒိဝတ္ထုကံ၊ နှလုံးသားရွှင်ခြင်း အစရှိသည်တို့၏ တည်ရာအကြောင်းဖြစ်သော။ ပရိသုဒ္ဓံ၊ ထက်ဝန်းကျင် စင်ကြယ်သော။ ဗြဟ္မစရိယံ၊ ကို။ စရန္တံ၊ ကျင့်နေသည်ကို။ (အနုဒ္ဓံသေတိ၊ စွပ်စွဲဖျက်ဆီး၏။)
**အမူလကေန အဗြဟ္မစရိယေန အနုဒ္ဓံသေတီ**တိ၊ ကား။ တသ္မိံ ပုဂ္ဂလေ၊ ၌။ အဝိဇ္ဇမာနေန၊ ထင်ရှားမရှိသော။ အန္တိမဝတ္ထုနာ၊ အဆုံး၌ဖြစ်သော ပါရာဇိကဝတ္ထုဖြင့်။ အနုဝဒတိ၊ စွပ်စွဲ၏။ စောဒေတိ၊ အပြစ်တင်၏။
အယံ၊ ဤရဟန်းသည်။ ဝိဇ္ဇမာနဂုဏမက္ခီ၊ ထင်ရှားရှိသော ဂုဏ်ကိုချေဖျက်ခြင်းရှိသော။ အရိယဂုဏတ္ထေနကော၊ အရိယာပုဂ္ဂိုလ်တို့၏ ဂုဏ်ကို ခိုးဝှက်ဖျက်ဆီးတတ်သော။ **တတိိယော**၊ သော။ **မဟာစောရော**၊ တည်း။ [အရိယာပုဂ္ဂိုလ်၌ ထင်ရှားရှိသောဂုဏ်ကို မိမိက ခိုး၍ မယူနိုင်သော်လည်း ပါရာဇိကဖြင့် စွပ်စွဲလျှင် ထိုဂုဏ်ကို ဖျက်ဆီးတတ်သောအားဖြင့် ခိုးရာရောက်၏။]
**ဂရုဘဏ္ဍာနိ ဂရုပရိက္ခာရာနီ**တိ၊ ကား။ အဒိန္နာဒါနေ၊ အဒိန္နာဒါနသိက္ခာပုဒ်၌။ (ဒုတိယပါရာဇိက သိက္ခာပုဒ်၌)၊ စတုရောဇနာ သံဝိဓာယ, ဂရုဘဏ္ဍံ အဝါဟရုန္တိ ဧတ္ထ၊ ဤပါဌ်ဖြင့်။ ပဉ္စမာသကဂ္ဃနကံ၊ ၅ပဲထိုက်တန်သောဝတ္ထုကို။ ဂရုဘဘဏ္ဍန္တိ၊ ဟူ၍။ ဝုစ္စတိယထာ၊ ကဲ့သို့။ ဣဓပန၊ ဤသိက္ခာပုဒ်၌ကား။ ဧဝံ၊ ဤသို့။ကိစ္ဆေန။ ။ပါရမီဖြည့်တော်မူစဉ်က မျက်လုံးကို ထုတ်လှူရခြင်း စသည်ဖြင့် ခန္ဓာ ကိုယ်၏ဆင်းရဲမှုကို ရည်ရွယ်၍ “ကိစ္ဆေန”ဟု ဆိုသည်၊ ဘုရားဖြစ်ခါနီး၌ မဂ် ၄ ပါး ရပုံမှာ သုခပဋိပဒါဖြစ်၍ မဆင်းရဲပါ၊ ကသိရေနသည် ကိစ္ဆေန၏ ပရိယာယ်တည်း။
အဝိပ္ပဋိသာရာဒိဝတ္ထုကံ။ ။ဗြဟ္မစရိယခေါ်သော သီလသည် ဝိပ္ပဋိသာရ စသည် တို့၏ အကြောင်းဝတ္ထု မဟုတ်, အဝိပ္ပဋိသာရ (နှလုံးသာရွှင်ခြင်း) စသည်တို့၏သာ အကြောင်းဝတ္ထုဖြစ်သည်။ အာဒိဖြင့် ပါမောဇ္ဇ, ပီတိ, ပဿဒ္ဓိစသည်ကိုယူ။ [ဟောတာဝိပ္ပဋိ သာရာယ၊ သီလံပါမောဇ္ဇဟေတု သော၊ တံ ပီတိဟေတု သာစာယံ,ပဿာဒ္ဈာဒိ ပသိဒ္ဓိယာ။]
န ဝုစ္စတိ၊ အပ်။ အထခေါ၊ စင်စစ်ကား။ ပဉ္စိမာနိ ဘိက္ခဝေ အဝိသဇ္ဇိယာနိ၊ ပေ၊ မတ္တိကာဘဏ္ဍန္တိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ ဝါ၊ ဟောတော်မူသည့်အတွက်။ အဝိသဇ္ဇိတဗ္ဗတ္တာ၊ မစွန့်အပ် မစွန့်ထိုက်ကုန်သည်၏အဖြစ်ကြောင့်။ ဂရုဘဏ္ဍာနိ၊ ဂရုဘဏ်တို့မည်၏။ [ဘိက္ခဝေ၊ တို့။ ပဉ္စ၊ န်သော။ ဣမာနိ အဝိသဇ္ဇိယာနိ၊ ဤမစွန့်အပ် မစွန့်ထိုက်သော ဝတ္ထုတို့ကို။ သံဃေနဝါ၊ သည်လည်းကောင်း။ ဂဏေနဝါ၊ လည်းကောင်း။ ပုဂ္ဂလေနဝါ၊ လည်းကောင်း။
န ဝိသဇ္ဇေတဗ္ဗာနိ၊ မစွန့်အပ် မစွန့်ထိုက်ကုန်။ ဝိသဇ္ဇိတာနိ၊ စွန့်အပ်ပြီးကုန်သည်။ (သမာနာနိပိ၊ န်သော်လည်း)။ အဝိသဇ္ဇိတာနိ၊ မစွန့်အပ်ကုန်သည်။ ဝါ၊ စွန့်အပ်ရာ မရောက်ကုန်သည်။ ဟောန္တိ၊ န်၏။ (အစွန့်ခံရသူမှာ အပိုင်မရ- ဟူလို၊)
ပေ၊
ကတမာနိ ပဉ္စ၊ အဘယ်၅ပါးတို့နည်း။
အာရာမော၊ အာရာမ်လည်းကောင်း။ အာရာမဝတ္ထု၊ အာရာမ်ရာလည်းကောင်း။ ပေ၊ မတ္တိကာ ဘဏ္ဍံ၊ လည်းကောင်းတည်း။]
မဉ္စိမာနိ၊ ပေ၊
မတ္တိကာဘဏ္ဍန္တိ၊ ဟူ၍။ ဝစနတော, အဝေဘင်္ဂိယတ္တာ၊ မဝေဖန်အပ် မဝေဖန်ထိုက်ကုန်သည်၏ အဖြစ်ကြောင့်။ သာဓာရဏပရိက္ခာရဘာဝေန၊ သံဃာအများနှင့် ဆက်ဆံသော ပရိက္ခရာ၏ အဖြစ်ကြောင့်။ ဂရုပရိက္ခာရာနိ၊ ပရုပရိက္ခရာတို့မည်၏။ ["ဘိက္ခဝေ, ပဉ္စ၊ န်သော။ ဣမာနိ အဝေဘင်္ဂိယာနိ၊ ဤမဝေဖန်အပ် မဝေဖန်ထိုက်သော ပရိက္ခရာတို့ကို စသည်ဖြင့် ရှေးနည်းမှီ၍ ပါဠိတော်ကို အနက်ပေးပါ။]
**အာရာမော အာရာမဝတ္ထူ**တိ အာဒီသု၊ တို့၌။ ယံ၊ အကြင်စကားကို။ ဝတ္တဗ္ဗံ၊ ၏။ တံတဗ္ဗံ၊ ထိုအလုံးစုံသောစကားကို။ ပဉ္စိမာနိ ဘိက္ခဝေ အဝိသဇ္ဇိယာနီတိ၊ ဟူ၍။ ခန္ဓကေ၊ စူဠဝါခန္ဓက၌။ အာဂတသုတ္တဝဏ္ဏနာယမေဝ၊ တိုက်ရိုက်လာသော ပါဠိတော်အဖွင့်၌သာလျှင်။ ဘဏိဿာမ၊ န်အံ့။
**တေဟိ ဂိဟိံ သင်္ဂဏှာတီ**တိ၊ ကား။ တာနိ၊ ထိုအာရာမစသော ဝတ္ထုတို့ကို။ ဒတွာ၊ ၍။ ဂိဟိံ၊ လူဝတ်ကြောင်ကို။ သင်္ဂဏှာတိ၊ သိမ်းယူ၏။ (သိမ်းသွင်း၏၊) အနုဂ္ဂဏှာတိ၊ ချီးမြှောက်၏။
**ဥပလာပေတီ**တိ၊ ကား။ အမှာကံ၊ တို့၏။ အယျော၊ အရှင်ဘုရားသည်။ အဟော၊ ဪအံ့ဩဖွယ်ကောင်းပါပေစွ။ ဣတိဧဝံ၊ သို့။ လပနကေ၊ ပြောဆိုတတ်သူတို့ကို။ (အခြားသူတို့ အထင်ကြီးလာအောင် ပြောပေးတတ်သူတို့ကို၊) ဂရု၊ပေ၊ ပရိက္ခာရာနိ။ ။တစ်ပါးပိုင်အဖြစ်ဖြင့် ပေါ့ပေါ့ဆဆ မလုပ်ကောင်း မပေး ကောင်းသောကြောင့် “ဂရူနိ−အလေးပြုအပ်ကုန်သော+ဘဏ္ဍာနိ ဂရုဘဏ္ဍာနိ"-ဟု ပြု၊ အများသဘောတူလည်း ခွဲခြားဝေဖန်၍ မသုံးကောင်းသောကြောင့် “ဂရူနိ+ပရိက္ခာရာနိ ဂရုပရိက္ခာရာနိ”ဟု ပြု၊ ထိုသို့မဝေဖန်ဘဲ အများဆိုင် သံဃိက အဖြစ်ဖြင့်သာ သုံးစွဲကောင်း သောကြောင့် “သာဓာရဏပရိက္ခာရဘာဝေန”ဟု ဆိုသည် အနုဗန္ဓနကေ၊ မိမိသို့ အစဉ်လိုက်သူတို့ကို။ သိနေဟေ၊ မိမိက ချစ်ခြင်းရှိသူတို့ကို။ ကရောတိ၊ ၏။
အယံ၊ ဤရဟန်းသည်။ အဝိသဇ္ဇိယံ၊ မစွန့်အပ် မစွန့်ထိုက်သည်လည်းဖြစ်သော။ အဝေဘင်္ဂီယဉ္စ၊ သော။ ဂရုပရိက္ခာရံ၊ အလေးပြုအပ်သော ပရိက္ခရာကို။ တထာဘာဝတော၊ ထို အဝိသဇ္ဇိယ အဝေဘင်္ဂီယအဖြစ်မှ။ ထေနေတွာ၊ ခိုး၍။ ဂိဟီနံ၊ တို့ကို။ သင်္ဂဏှနကော၊ သော။ **စတုတ္ထော**၊ သော။ **မဟာစောရော**၊ တည်း။
စပန၊ ထပ်၍ဆက်ဦးအံ့။ သော အယံ၊ ထိုကဲ့သို့သော ဤရဟန်းသည်။ ဣမံဂရုဘဏ္ဍံ၊ ဤဂရုဘဏ်ကို။ ကုလသင်္ဂဏှနတ္ထံ၊ ငှာ။ ဝိသဇ္ဇန္တော၊ စွန့်လသော်။ ဝါ၊ စွန့်ခြင်းကြောင့်။ ကုလဒူသကဒုက္ကဋံ၊ ကုလဒူသကဒုက္ကဋ်သို့။ အာပဇ္ဇတိ၊ ၏။
ပဗ္ဗာဇနီယကမ္မာရဟောစ၊ ပဗ္ဗာဇနီယ ကံထိုက်သည်လည်း။ ဟောတိ၊ ၏။
ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ အဘိဘဝိတွာ၊ လွှမ်းမိုး၍။ ဣဿရဝတာယ၊ မိမိကအစိုးရသူ၏ အဖြစ်ဖြင့်။ ဝိသဇ္ဇန္တော ထုလ္လစ္စယံ အာပဇ္ဇတိ၊ [ထုလ္လစ္စဉ်းအာပတ်သာမက, ဘဏ္ဍာစားလည်း ထိုက်၏၊]
ထေယျစိတ္တေန၊ ထေယျစိတ်ဖြင့်။ ဝိသဇ္ဇန္တော၊ သော်။ ဘဏ္ဍံ၊ ဘဏ္ဍာကို။ အဂ္ဃါပေတွာ၊ အဖိုးဖြတ်စေ၍။ ကာရေတဗ္ဗော၊ ၏။
**အယံ မဂ္ဂေါမဟာစောရော**တိ၊ ကား။ အယံ၊ ဤရဟန်းသည်။ ဣမေသံစောရာနံ၊ တို့တွင်။ ဇေဋ္ဌစောရာ၊ အကြီးဆုံးခိုးသူတည်း။ (အဂ္ဂေါကို ဇေဋ္ဌစောရောဟု ဖွင့်သည်၊)
ယော၊ အကြင်ရဟန်းသည်။ ပဉ္စိန္ဒြိယဂ္ဂဟဏာတီတံ၊ စက္ခုစသော ငါးပါးသော ဣန္ဒြေတို့ဖြင့် ယူနိုင်ခြင်းကိုလွန်သော။ (မယူနိုင်သော၊ ဟူလို။) အတိသဏှသုခုမံ၊ အလွန်သိမ်မွေ့နက်နဲသော။ လောကုတ္တရဓမ္မံ၊ ကို။ ထေနေတိ၊ ခိုး၏။
ဣမိနာ၊ ဤရဟန်းနှင့်။ သဒိသော၊ သော။ စာရောနာမ၊ မည်သည်။ နတ္ထိ၊ မရှိ။ ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကိုဆိုဦးအံ။ လောကုတ္တရဓမ္မော၊ သည်။ ဝါ၊ ကို။ ဟိရညသုဝဏ္ဏာဒီနိ ဝိယ၊ ရွှေငွေအစရှိသည်တို့ကဲ့သို့။ ဝဉ္စေတွာ၊ လှည့်ပတ်၍။ ထေနေတွာ၊ ခိုး၍။ ဂဟေတုံ၊ ငှာ။
သက္ကာကိံ၊ တတ်ကောင်းသလော။ ဣတိ၊ ဤကား အမေးတည်း။ (လောကုတ္တရဓမ္မော၊ သည်။ ဝါ၊ ကို။ ဝဉ္စေတွာ၊ ၍။ ထေနေတွာ၊ ၍။ ဂဟေတုံ၊ ငှာ။) နသက္ကာ၊ ကောင်း။ (ဣတိ၊ ဤကားအဖြေတည်း။) တေနေဝ၊ ကြောင့်ပင်။
**ယော အသန္တံ အဘူတံ ဥတ္တရိမနုဿဓမ္မံ ဥလ္လပတီ**တိ၊ တိဟူ၍။
အာဟ၊ ဟောတော်မူပြီ။ ဟိ၊ ဆက်။ အယံ၊ ဤရဟန်းသည်။ အတ္တနိ၊ ၌။ အသန္တံ၊ ထင်ရှားမရှိသော။ (အဘူတံ၊ မဖြစ်ဖူးသော။) တံ ဓမ္မံ၊ ထို လောကုတ္တရာတရားကို။ ကေဝလံ၊ ဌာနာစာဝန စသည်မဖက် သက်သက်။ မယှံ၊ ၏။ ဝါ၊ မှာ။ ဧသော၊ ဤလောကုတ္တရာတရားသည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ဥလ္လပတိ၊ ဝါကြွား၍ ပြော၏။ ဝါ၊ သီလအသက်, ကိုယ်မှထွက်အောင်ပြောဆို၏။ ပန၊ ဗျတိရိက်ကား။ ဌာနာ၊ မှ။ စာဝေတုံ၊ ငှာလည်းကောင်း။ အတ္တနိ၊ ၌။ သံဝိဇ္ဇမာနံ၊ ထင်ရှားရှိသည်ကို။ ကာတုံဝါ၊ လည်းကောင်း။ န သက္ကောတိ၊ မစွမ်းနိုင်။
အထ၊ ထိုသို့ခိုးယူခြင်းငှာ မစွမ်းနိုင်ပါလျက်။ ကသ္မာ၊ ကြောင့်။ စောရောတိ၊ ခိုးသူဟူ၍။ ဝုတ္တော၊ ဟောတော်မူအပ်သနည်း။
(ဣတိ၊ ဤကား အမေးတည်း)။ ယသ္မာ၊ ကြောင့်။ တံ၊ ထို လောကုတ္တရာတရားကို။ ဥလ္လပိတွာ၊ သီလအသက်, ကိုယ်မှထွက်အောင် ပြောဆို၍။ အသန္တသမ္ဘာဝနာယ၊ မိမိ၌ထင်ရှားမရှိသောဂုဏ်တိို့ဖြင့် ချီးမွမ်းခြင်းကြောင့်။ [အတ္တနော၊ အဝိဇ္ဇမာနဂုဏေဟိ၊ တို့ဖြင့်။ သမ္ဘာဝနာယ၊ ကြောင့်။ ဋီကာ၊ ] ဥပ္ပန္နေ၊ န်သော။ ပစ္စယေ၊ တို့ကို။ ဂဏှာတိ၊ ခံယူ၏။ (ဣတိ၊ ကြောင့်။ စောရောတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ။ ဣတိ၊ ဤကား အဖြေတည်း။)
ဟိ၊ မှန်။ ဧဝံ၊ ဤသို့ ပြောဆိုလျက်။ ဂဏှတာ၊ ယူသောရဟန်းသည်။ တေ ပစ္စယာ၊ တို့သည်။ ဝါ၊ တို့ကို။ သုခုမေန၊ သော။ ဥပါယေန၊ နည်းလမ်းတို့ဖြင့်။ ဝဉ္စေတွာ၊ ၍။ ဂဟိတာ၊ ယူအပ်ကုန်သည်။ ဟောန္တိ၊ ၏။
တေနေဝ၊ ကြောင့်ပင်။
**တံ ကိဿဟေတု**၊
**ထေယျာယ ဝေါ ဘိက္ခဝေရဋ္ဌပိဏ္ဍော ဘုတ္တော**တိ၊ ဟူ၍။ အာဟ၊ မူပြီ။
ဟိ၊ ဆက်။ ဧတ္ထ၊ ဤ တံ ကိဿဟေတု အစရှိသော ဝါကျ၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ အတ္ထော၊ တည်။
အယံ အဂ္ဂေါ မဟာစောရော၊ ယော အသန္တံ အဘူတံ ဥတ္တရိမနုဿဓမ္မံ ဥလ္လပတီတိ၊ ဟူသော။ ယံ၊ အကြင်စကားကို။အသန္တံပေ၊ ဥလ္လပတိ။ ။အသန္တံတိ-အဝိဇ္ဇမာနံ၊ အဘူတံတိ- အနုပ္ပန္နံ၊ "အသန္တံ - ထင်ရှား မရှိသော၊ အဘူတံ- ဖြစ်ပြီးမဟုတ်သော”ဟု ပေးစေလို၏] အနုပ္ပန္နတ္တာ ဟိတဿ(ထိုပုဂ္ဂိုလ်၏သန္တာန်၌)တံ အသန္တံ၊ ပုရိမဿ ပစ္ဆိမံ ကာရဏ ဝစနံ-အဘူတံ ဟူသော နောက်စကားသည် အသန္တံဟူသော ရှေ့စကား၏အကြောင်းပြတည်း၊ မဖြစ်ဖူးသော ကြောင့် ထင်ရှားမရှိ-ဟူလို၊ ဤ အဖွင့်ကို ကြည့်၍ “အသန္တိ အဘူတံ တံဓမ္မံ"ဟု ရှိသင့်၏၊ ယခုစာအုပ်များ၌“အဘူတံ” မပါ။
ဥလ္လပတိ။ ။ဥဂ္ဂတာယုကော လပတိ-ထွက်သွားသော အသက်ရှိသည်ဖြစ်၍ ပြောဆို၏၊ ဥ သည် “ဥဂ္ဂတ” အနက်ဟော၊ ရဟန်း၏ အသက်ဟူသည် သီလတည်း ထို သီလသည် ပြောဆိုသည်နှင့် တစ်ပြိုင်နက် ကင်းကွာရကား ထွက်သွားသကဲ့သို့ဖြစ်၏၊ ထိုကြောင့်“ဥလ္လပတိ- သီလအသက် ကိုယ်မှ ထွက်အောင် ပြောဆို၏"ဟု ပေးပါ။
ဧဝံ ဟိ၊ ပေ၊ ဟောန္တိ။ ။အသန္တသမ္ဘာဝနာအားဖြင့် ပစ္စည်း ၄ ပါးကို ခံယူ သူသည် ထို ပစ္စည်း ၄ ပါးကို ခိုးယူရာ ရောက်၏၊ ထင်ရှား မရှိသော ဂုဏ်တို့ဖြင့် မိမိကိုယ်ကို ချီးမွမ်းသောကြောင့် ထိုထင်ရှားမရှိသော လောကုတ္တရာ ဂုဏ်ကိုလည်း ခိုးယူရာရောက်သည်။
အဝေါစုမှ၊ ဆိုခဲ့ကုန်ပြီ။ **တံ ကိဿဟေတူ**တိ၊ ကား။ ကေန ကာရဏေန၊ ကြောင့်။ ဧတံ၊ ဤစကားကို။ အဝေါစုမှ၊ ကုန်သနည်း။ ဣတိစေ၊ ဤသို့မေးအံ့။
**ထေယျာယ ဝေါဘိက္ခဝေ ရဋ္ဌပိဏ္ဍော ဘုတ္တော**တိ၊ ကား။ ဘိက္ခ‌ဝေ၊ တို့။ ယသ္မာ၊ ကြောင့်။ တေန၊ ထိုရဟန်းသည်။ သော ရဋ္ဌပိဏ္ဍော၊ ထိုတိုင်းသားပြည်သူ, ကြည်ဖြူရွှင်လန်း, လှူဒါန်းအပ်သော ဆွမ်းကို။ ထေယျာယ၊ ခိုးသူ၏ဖြစ်ကြောင်းဖြစ်ရာစိတ်ဖြင့်။ ထေယျစိတ္တေန၊ ဖြင့်။ ဘုတ္တော၊ စားသောက်အပ်သည်။ ဟောတိ၊ ၏။ (တသ္မာ ဧတံ အဝေါစုမှ၊ ဣတိ၊ ဤကားအဖြေတည်း။)
ဟိ၊ ဆက်။ ဧတ္ထ၊ ဤထေယျာယဝေါ အစရှိသော ဝါကျ၌။ ဝေါ ကာရော၊ ဝေါ အက္ခရာသည်။ ယေ ဟိဝေါ အရိယာ အရညဝနပတ္တာနီတိအာဒီသုဝိယ၊ ပတ္တာနိအစရှိသော ပါဠိရပ်တို့ကဲ့သို့။ ပဒပူရဏမတ္တေ၊ ပုဒ်၏ ပြည့်ကြောင်းမျှ၌။ (ပဝတ္တော၊ သော။) နိပါတော၊ တည်း။
တသ္မာ၊ ကြောင့်။ တုမှေဟိ၊ တို့သည်။ ဘုတ္တော၊ စားသောက်အပ်ပြီ။ ဣတိ ဧဝံ၊ သို့။ အဿ၊ ထို ဝေါအက္ခရာ၏။ အတ္ထော၊ ကို။ န ဒဋ္ဌဗ္ဗော၊ မမှတ်ထိုက်။ ["ဝေါ- သင်တို့သည်" ဟု မပေးပါနှင့်- ဟူလို၊ ဘာကြောင့်နည်း- ရှေ့မှောက်ရောက်နေသော ရဟန်းများအတွက်သာ မိန့်တော်မူသည်မဟုတ်၊ ဥတ္တရိမနုဿဓမ္မကို ပြောသူဟူသမျှအတွက် မိန့်တော်မူသောကြောင့်တည်း။]
ဣဒါနိ၊ ၌။ တမေဝတ္ထံ၊ ထိုဆိုအပ်ပြီးသော အနက်အဓိပ္ပာယ်ကိုပင်။ ဂါထာဟိ၊ တို့ဖြင့်။ ဝိဘူတတရံ၊ သာ၍ ထင်ရှားသည်ကို။ ကရောန္တော၊ မူလိုသည်။ (ဟုတွာ၊) **အညထာ သန္တန္တိ**အာဒိံ၊ ဂါထာစကားကို။ အာဟ၊ မူပြီ။
တတ္ထ၊ ထိုအညထာ သန္တံအစရှိသော ဂါထာစကား၌။ **အညထာ သန္တန္တိ**၊ ကား။ အပရိသုဒ္ဓကာယသမာစာရာဒိကေန၊ မစင်ကြယ်သော ကိုယ်အကျင့်အစရှိသော။ [အာဒိဖြင့် ဝစီသမာစာရ, စိတ္တသမာစာရတို့ကို ယူ၊] အညေန၊ စင်ကြယ်သောကိုယ်အကျင့်အစရှိသောအခြင်းအရာမှတစ်ပါးသော။ အာကာရေန၊ အခြင်းအရာဖြင့်။ သန္တံ၊ ထင်ရှားရှိသော။ အတ္တာနံ၊ ကို။
**အညထာယော ပဝေဒယေ**တိ၊ ကား။ ပရိသုဒ္ဓကာယသမာစာရာဒိကေန၊ သော။ အညေန၊ မစင်ကြယ်သောကိုယ်အကျင့်အစရှိသော အခြင်းအရာမှတစ်ပါးသော။ အာကာရေန၊ ဖြင့်။ ပဝေဒေယျ၊ သိစေအံ့။ ဝါ၊ ပြောပြအံ့။
အဟံ၊ သည်။ ပရမပရိသုဒ္ဓေါ၊ အလွန်သန့်ရှင်းစင်ကြယ်သူတည်း။ မေ၊ ၏။ အဗ္ဘန္တရေ၊ ကိုယ်အတွင်း၌။ လောကုတ္တရဓမ္မော၊ သည်။ အတ္ထိ၊ ၏။ ဣတိ ဧဝံ၊ သို့။ ဇာနာပေယျ၊ သိစေအံ့။
စပန၊ ထပ်၍ ဆက်ဦးအံ့။ ပဝေဒေတွာ၊ ပြီး၍။ တာယ ပဝေဒနာယ၊ ကြောင့်။ ဥပ္ပန္နံ၊ သော။ ဘောဇနံ၊ ကို။ အရဟာဝိယ၊ ကဲ့သို့။ ဘုဉ္ဇတိ၊ ၏။
**နိကစ္စကိတဿေဝ, ဘုတ္တံ ထေယျန တဿ တန္တိ**(ဧတ္ထ)၊ တံဟူသောဤပါဠ်၌။ **နိကစ္စာ**တိ၊ ကား။ ဝဉ္စေတွာ၊ လှည့်ပတ်၍။ အညထာ၊ တစ်ပါးသောအခြင်းအရာအားဖြင့်။ သန္တံ၊ ထင်ရှားရှိ‌သော။ (အတ္တာနံ၊ ကို။) အညထာ၊ ထင်ရှားရှိသည်မှ တစ်ပါးသော အခြင်းအရာအားဖြင့်။ ဒဿေတွာ၊ ၍။
အဂုမ္ဗ အဂစ္ဆဘူတမေဝ၊ ပိတ်ပေါင်းမဟုတ် ချုံမဟုတ်သည်ဖြစ်၍ ဖြစ်သည်သာလျှင်ဖြစ်သော။ သာခါပလာသပလ္လဝါဒိစ္ဆာဒနေန၊ သစ်ခက် သစ်ရွက် ရွက်ညွန့် အစရှိသည်တို့ဖြင့် ဖုံးအုပ်ခြင်းဖြင့်။ ဂုမ္ဗမိဝ၊ ပိတ်ပေါင်းကိုကဲ့သို့လည်းကောင်း။ ဂစ္ဆမိဝ၊ ချုံကိုကဲ့သို့ လည်းကောင်း။ အတ္တာနံ၊ ကို။ ဒဿေတွာ၊ ၍။
**ကိတဝဿေဝါ**တိ၊ ကား။ ဝဉ္စကဿ၊ လှည့်ပတ်တတ်သော။ ကေရာဋိကဿ၊ ကောက်ကျစ်စဉ်းလဲမှု၌ယှဉ်သော။ ဂုမ္ဗဂစ္ဆသညာယ၊ ပိတ်ပေါင်းအမှတ် ချုံအမှတ်ဖြင့်။ အရညေ၊ ၌။ အာဂတာဂတေ၊ န်သော။ သကုဏေ၊ တို့ကို။ ဂဟေတွာ၊ ဖမ်းယူ၍။ ဇိဝိတကပ္ပကဿ၊ အသက်မွေးမှုကိုပြုသော။ သာကုဏိကဿ၊ ငှက်မုဆိုး၏။
(သကုဏဂ္ဂဟဏံ) ဣဝ၊ ငှက်တို့ကို ဖမ်းယူခြင်းကဲ့သို့။ **ဘုတ္တံ ထေယျန တဿ တံ**တိ၊ ကား။ အနရဟန္တဿေဝ၊ ရဟန္တာ မဟုတ်သည်ဖြစ်၍သာလျှင်။ သတော၊ ဖြစ်လျက်။ အရဟန္တဘာဝံ၊ ကို။ ဒဿေတွာ၊ ပြု၍။ လဒ္ဓဘောဇနံ၊ ကို။ ဘုဉ္ဇတော၊ သော။
တဿာပိ၊ ထိုရဟန်းသည်လည်း။ [ဘုတ္တံနာမ ဟောတိ၌စပ်။] ယံတံ၊ အကြင် ဘောဇဉ်ကို။ ဘုတ္တံ၊ ပြီ။ တံ၊ ထိုစားအပ်သော ဘောဇဉ်သည်။ ဝါ၊ ကို။နိကစ္စ။ ။နိပုဗ္ဗ, ကရဓာတ်၊ တွာပ္စည်းက ရစ္စပြု၊ နီဥသာရကြောင့် ကရဓာတ် လည်း “ဝဉ္စန” အနက်ကို ဟော၏၊ ထို့ကြောင့် ပဉ္စတွာဟုဖွင့်သည်၊ [သက္ကတ၌ “ကြိ” ဓာတ်ဟုရှိ၏၊ ပါဠိ၌ ထိုဓာတ်ကို မတွေ့ ရ၍ ကရဓာတ်ကြံသည်။] နိကစ္စကို "ဝဉ္စေတွာ" ဟု ဖွင့်၍ ထိုဝဉ္စေတွာအရ လှည့်ပတ်ပုံကို “အညထာ သန္တံ အညထာဒဿေတွာ” ဟု ဖွင့်ပြီးလျှင် ထိုအဖွင့်ကိုပင် အဓိပ္ပာယ်ထင်ရှားအောင် "အဂုမ္ဗ၊ ပေ၊ ဒဿေတွာ"ဟု ထပ်ဖွင့်သည်၊ ဂုမ္ဗသဒ္ဒါသည် အပေါင်းအနက်ကို ဟော၏၊ ပိတ်ပိတ်သဲသဲ ထူထဲသော သစ်ပင်အပေါင်းကို “ပိတ်ပေါင်း"ဟု ခေါ်သည်။ ရှေးနိဿယ၌ “အရုံ”ဟုလည်း ပေး၏။
ကိတဝဿ။ ။ သွာဒိ ကိဓာတ်သည် ညှဉ်းဆဲခြင်းအနက်ကို ဟော၏။ ဘော အနက်၌ တ ပစ္စည်းသက်၍ “ကိဏုတေ-ညှဉ်းဆဲခြင်း၊ ကိတံ-ခြင်း၊ ကိတေန- ညှဉ်းဆဲ ခြင်းဖြင့်+ဝါတိ ဖြစ်တတ်၏။ ဣတိ ကိတဝေါ"ဟု ကြံ၊ စဉ်းလဲကောက်ကျစ်သောအားဖြင့် သူတစ်ပါးကို ညှဉ်းဆဲတတ်သူ၊ ထို့ကြောင့် “ဝဉ္စကဿ ကေရာဋိကဿ"ဟု ဖွင့်သည်၊ ကေရာဋိကဿကိုလည်း“သဌဿ"ဟု ဋီကာဖွင့်သည်၊ ကိရာဋေ-စဉ်းလဲကောက်ကျစ်မှု၌+နိယုတ္တော ကေရာဋိကော” ဟု ပြု။
[ထေယျန ဘုတ္တံနာမ ဟောတိ၌စပ်၊] သာကုဏိက ကိတဝဿ၊ စဉ်းလဲသော ငှက်မုဆိုး၏။ နိကစ္စဝဉ္စေတွာ၊ လှည့်ပတ်၍။ သကုဏဂ္ဂဟဏံယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ ပေ၊ ဘောဇနဿ၊ ၏။ ဝါ၊ ကို။ ဘုတ္တတ္တာ၊ စားအပ်သည်၏ အဖြစ်ကြောင့်။ ထေယျေန၊ ခိုးသူ၏ ဖြစ်ကြောင်းဖြစ်ရာစိတ်ဖြင့်။ ဝါ၊ ခိုးခြင်းဖြင့်။ ဘုတ္တံနာမ၊ စားအပ်သည်မည်သည်။ ဟောတိ၊ ၏။
ပန၊ ဆက်။ ဣမံ အတ္ထဝသံ၊ ဤအကြောင်းအရာကို။ အဇာနန္တာ၊ န်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ (လှည့်ပတ်၍)၊ ဘုဉ္ဇန္တိ၊ န်၏။ **ကာသာဝကဏ္ဌာ**၊ သင်္ကန်းဖြင့် ရစ်ပတ်အပ်သော လည်ပင်းရှိကုန်သော။ ဝါ၊ လည်ပင်း၌ သင်္ကန်းဖြင့် ရစ်ပတ်ထားကုန်သော။ ဗဟဝေါ၊ များစွာသော။ ပါပဓမ္မာ၊ ယုတ်မာသော အကျင့်ရှိကုန်သော။ အသညတာ၊ ကာယဒွါရ အစရှိသည်တို့ဖြင့် စောင့်စည်းခြင်းမရှိကုန်သော။ ပါပါ၊ ယုတ်မာကုန်သော။ **တေ**၊ ထိုရဟန်းတို့သည်။ ပါပေဟိ၊ ယုတ်မာကုန်သော။ ကမ္မေဟိ၊ အမှုတို့ကြောင့်။ **နိရယံ**၊ ၌။ **ဥပပဇ္ဇရေ**၊ ဖြစ်ကြရကုန်၏။
ကာသာဝကဏ္ဍာတိ၊ ကား။ ကာသာဝေန ဖြင့်။ ဝေဌိတကဏ္ဌာ၊ ရစ်ပတ်အပ်သော။ ဝါ၊ လည်ပင်း၌ ရစ်ပတ်ထားကုန်သော။ ["ကာသာဝဝေဌိတကဏ္ဌာ"ဟု ဆိုလိုလျက် ဝေဌိတ အလယ်ပုဒ်ကို ချေဟုပြ၏၊] ယေသံ၊ အကြင်ရဟန်းတို့၏။ သာမညံ၊ သမဏ၏ဖြစ်ကြောင်း ကောင်းသော အကျင့်တရားသည်။ နတ္ထိ၊ မရှိ။ (တေသံ၊ တို့၏။) ဧတ္တကမေဝ၊ ဤမျှသာလျှင်ဖြစ်သော။ အရိယဒ္ဓဇ ဓာရဏမတ္တံ၊ အရိယာတို့၏ အောင်လံဖြစ်သော သင်္ကန်းကို ဆောင်ခြင်းမျှသည်။ (ဟောတိ၊ ၏။) ဣတိ ဝုတ္တံ ဟောတိ၊ ဧတံ၊ ဤ ကာသာဝကဏ္ဌာဟူသော အမည်သည်။
ဘဝိဿန္တိခေါ၊ ပေ၊ ကာသာဝကဏ္ဌာတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဝုတ္တဒုဿီလာနံ၊ ဟောတော်မူအပ်သော ဒုဿီလတို့၏။ အဓိဝစနံ၊ အမည်တည်း။ [အာနန္ဒ၊ န္ဒာ။ အနာဂတံ၊ သော။ အဒ္ဓါနံ၊ ကာလ၌။ ဂေါတြဘုနော၊ သမဏအနွယ်ကိုမျှသာ ခံစားတတ် ဆောင်ထားတတ်ကုန်သော။ ဂေါတြဘုနော။ ။ဂေါတ္တံ ဝုစ္စတိသာဓာရဏနာမံ-အများနှင့်ဆက်ဆံသော နာမည် တစ်မျိုးကို ဂေါတ္တဟု ဆိုအပ်၏၊ ဥပမာ-“ပုထုဇ္ဇနဂေါတ္တ-ပေါထုဇဉ်အနွယ်" ဟူရာ၌ ပုထုဇဉ်ဟူ သောအမည်သည် လူတစ်ယောက်၏အမည်မဟုတ်, လူအများနှင့် ဆက်ဆံသော (အများဆိုင်)အမည်ဖြစ်သကဲ့သို့လည်းကောင်း၊ ဂေါတမ-ဟူသောအမည်သည် ထိုအနွယ် ရှိသူ အားလုံးနှင့်ဆိုင်သော အမည်ဖြစ်သကဲ့သို့လည်းကောင်းတည်း၊ ဤနေရာ၌လည်း ရဟန်းဟူသမျှနှင့်ဆိုင်သော “သမဏ” "ဟူသော အမည်သည် ဂေါတ္တမည်၏၊ တ္တကို တြ ပြု၍ “ဂေါတြ”ဟုဖြစ်၏၊ မတ္တပုဒ်အကျေ ကြံ၍ ဂေါတ္တံ (ဂေါတ္တမတ္တံ)+ဘဝန္တိ (အနုဘဝန္တိ)-ခံစားတတ်ကုန်၏၊ ဓာရေန္တိ- န်၏၊ ဣတိ ဂေါတြဘုနော။ ကာသာဝကဏ္ဌာ၊ တို့သည်။ ဘဝိဿန္တိ၊ န်လတ္တံ့။ (ဥပရိပဏ္ဏာသ, ဒက္ခိဏဝိဘင်္ဂသုတ်၊)]
**ပါပဓမ္မာ**တိ၊ ကား။ လာမကဓမ္မာ၊ ယုတ်မာသော အကျင့်ရှိကုန်သော။
**အသညတာ**တိ၊ ကား။ ကာယာဒီဟိ၊ ကာယဒွါရအစရှိသည်တို့ဖြင့်။ အသညတာ၊ စောင့်စည်းခြင်းမရှိကုန်သော။
**ပါပါ**တိ၊ ကား။ လာမပုဂ္ဂလာ၊ န်သော။ (တေ၊ ထိုရဟန်းတို့သည်။)
**ပါပေဟိ ကမ္မေဟီ**တိ၊ ကား။ ကရဏကာလေ၊ ပြုရာအခါ၌။ အာဒီနဝံ၊ ကို။ အဒိသွာ၊ ၍။ ကတေဟိ၊ န်သော။ ပရဝဉ္စနာဒီဟိ၊ သူတစ်ပါးကိုလှည့်ပတ်ခြင်းအစရှိကုန်သော။ တေဟိ ပါပကမ္မေဟိ၊ ထိုမကောင်းသောအမှုတို့ကြောင့်။ (နိရယံ ဥပ္ပဇ္ဇရေ၌စပ်၊)
**နိရယံ တေ ဥပ္ပဇ္ဇရေ**တိ၊ ကား။ နိရဿာဒံ၊ သာယာအပ်သော သုခမရှိသော။ ဒုဂ္ဂတိံ၊ ဒုက္ခအပေါင်း၏ လဲလျောင်းရာဖြစ်သော အပါယ်ဘုံ၌။ တေ၊ ထိုရဟန်းသည်။ ဥပပဇ္ဇန္တိ၊ ဖြစ်ကြရကုန်၏။
တသ္မာ, **သေယျော အယောဂုဠော**တိ၊ ဟူသော။ ဂါထာ၊ ဂါထာသည်။ (ဟောတိ၊ ၏။) [ထိုရဟန်းတို့၏ မတရားသဖြင့် စားခြင်းကြောင့် ငရဲသို့ ကျရောက်ရသည့်အတွက် ဤဂါထာ ဖြစ်ပေါ်လာရသည်- ဟူလို၊]
တဿာ၊ ထိုဂါထာ၏။ အတ္ထော၊ အနက်ကား။ ဒုဿီလော၊ သီလမရှိသော။ အညတော၊ သော။ ဣစ္ဆာစာရေ၊ ၌။ ဌိတော၊ သော။ ကုဟနာယ၊ အံ့ဩဖွယ်ကိုဖြစ်စေခြင်းဖြင့်။ ဝါ၊ ကြွားဝါခြင်းဖြင့်။ လောကံ၊ လူအပေါင်းကို။ ဝဉ္စကော၊ သော။ အယံပုဂ္ဂလော၊ သည်။ တတ္တံ၊ လောလောပူသော. အဂ္ဂိသိခူပမံ၊ မီးတောက်မီးလျှံဟူသော ဥပမာရှိသော။ အယောဂုဠံ၊ သံတွေခဲကို။ သစေ ဘုဉ္ဇေယျ၊ အံ့။ သစေ အဇ္ဈောဟရေယျ၊ အကယ်၍ မျိုအံ့။ တဿ၊ ထိုရဟန်း၏။ ယံ ဧတံ ရဋ္ဌပိဏ္ဍံစ၊ အကြင်တိုင်းသားပြည်သူ ကြည်ဖြူရွှင်လန်းလှူဒါန်းအပ်သော ဆွမ်းကိုလည်း။ သစေ ဘုဉ္ဇေယျ၊ အံ့။ ယံ ဧတံ အယောဂုဠံစ၊ ကိုလည်း။ (သစေဘုဉ္ဇေယျ)၊ (ဧဝံသတိ)၊ ဒွီသု၊ န်သော။ တေသု၊ ထိုရဋ္ဌပိဏ္ဍအယောဂုဠတို့တွင်။ အယောဂုဠောဝ၊ သည်သာ။ ဝါ၊ ကိုသာ။ ဘုတ္တော၊ စားအပ်သည်။ (သမာနော)၊ သေယျော၊ အထူးသဖြင့် ကောင်းမြတ်သည်။ သုန္ဒရတရော၊ သာ၍ ကောင်းသည်လည်းကောင်း။ ပဏီတတရောစ၊ သာ၍ မွန်မြတ်သည်လည်းကောင်း။ ဘဝေယျ၊ ရာ၏။ [သေယျောကို "သုန္ဒရတရော ပဏီတတရောစ"ဟု ဖွင့်သည်၊] ဟိ၊ မှန်။ (တစ်နည်း) ဟိ (ယသ္မာ)၊ ကြောင့်။ အယောဂုဠဿ၊ ၏။ ဝါ၊ ကို။ ဘုတ္တတ္တာ၊ ကြောင့်။ သမ္ပရာယေ၊ ၌။ သဗ္ဗညုတညာဏေနာပိ၊ သဗ္ဗညုတဉာဏ်တော်ဖြင့်သော်မှလည်း။ ဒုဇ္ဇာနပရိစ္ဆေဒံ၊ ခဲယဉ်းသဖြင့် သိအပ်သော အပိုင်းအခြားရှိသော။ [ဒုက္ခေန+ ဇာနိတဗ္ဗောတိ ဒုဇ္ဇာနော၊ ဒုဇ္ဇနော+ ပရိစ္ဆေဒေါ ယဿာတိ ဒုဇ္ဇာနပရိစ္ဆေဒံ၊] ဒုက္ခံ န အနုဘဝတိ၊ ပန၊ ကား။
ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ (လှည့်ပတ်၍၊) ပဋိလဒ္ဓဿ၊ သော။ တဿရဋ္ဌပိဏ္ဍဿ၊ ၏။ ဝါ၊ ကို။ ဘုတ္တတ္တာ၊ ကြောင့်။ သမ္ပရာယေ၊ ၌။ ဝုတ္တပ္ပကာရံ၊ (သဗ္ဗညုတဉာဏေနာပိ စသည်ဖြင့်) ဆိုအပ်ပြီးသော အပြားရှိသော။ ဒုက္ခံ၊ ကို။ အနုဘောတိ၊ ၏။ (တသ္မာ သေယျော သုန္ဒရတရော ပဏီတတရောစ ဘဝေယျ)၊ ဟိ၊ မှန်။ အယံ၊ ဤလှည့်ပတ်၍စားသောက်ခြင်းသည်။ ကောဋိပ္ပတ္တော၊ အထွတ်အထိပ်သို့ရောက်သော။ မိစ္ဆာဇီဝေါ၊ မှားယွင်းသော အသက်မွေးခြင်းတည်း။ ဣတိအယံ၊ ကား။ (တဿာ၊ ထိုဂါထာ၏။ အတ္ထော၊ တည်း။)
ဧဝံ၊ လျှင်။ ပါပကြိယာယ၊ မကောင်းမှုကိုပြုခြင်း၏။ အနာဒီနဝဒဿာဝီနံ၊ အပြစ်ကိုရှုလေ့မရှိကုန်သော ရဟန်းတို့အား။ အာဒီနဝံ၊ အပြစ်ကို။ ဒဿေတွာ၊ ပြီး၍လည်းကောင်း။ အထခေါ၊ ၌။ ဘဂဝါ၊ သည်။ ပေ၊ ဝိဂရဟိတွာ၊ လည်းကောင်း။ ပေ၊ ဥဒ္ဒိသေယျာထ၊ ကုန်လော။ ဣတိ၊ သို့။ ဝတွာစ၊ မိန့်တော်မူပြီး၍လည်းကောင်း။ စတုတ္ထပါရာဇိကံ၊ ဇိကသိက္ခာပုဒ်ကို။ ပညပေန္တော၊ မူလိုသည်။ (ဟုတွာ)၊ **ယောပနဘိက္ခု အနဘိဇာနန္တိ**အာဒိံ၊ အစရှိသော သိက္ခာပုဒ်ကို။ အာဟ၊ မူပြီ။
ဧဝံ၊ လျှင်။ မူလစ္ဆေဇ္ဇဝသေန၊ သာသနာတော်ဝယ် အမြစ်အရင်းပြတ်ခြင်း၏ အစွမ်းဖြင့်။ ဒဠံ၊ ခိုင်မြဲသည်ကို။ ကတွာ၊ ၍။ စတုတ္ထပါရာဇိကေ၊ ကို။ ပညတ္တေ၊ ဆိုအပ်ပြီးသော်။ အပရမ္ပိ၊ ဝဂ္ဂုမုဒါတီရိယဝတ္ထုမှ တစ်ပါးလည်းဖြစ်သော။ အနုပညတ္တတ္ထာယ၊ အနုပညတ်အကျိုးငှာ။ အဓိမာနဝတ္ထု၊ သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။
တဿ၊ ထိုအဓိမာနဝတ္ထု၏။ ဥပ္ပတ္တိဒီပနတ္ထံ၊ ဖြစ်ပုံကိုပြခြင်းအကျိုးငှာ။
ဧဝဉ္စိဒံ ဘဂဝတာ ဘိက္ခူနံ သိက္ခာပဒံ ပညတ္တံ ဟောတီတိ၊ ဟူသော။ ဧတံ၊ ဤစကားကို။ (သံဂီတိကာရေဟိ) ဝုတ္တံ၊ ပြီ။