ကုသသင်္ကာမနဝတ္ထုကထာ
သုတ္တံ၊ ချည်သည်။ သစေ (ဘဝိဿတိ၊ ဧဝံသတိ)၊ န ဂဏှိဿာမိ၊ အံ့။ ဣတိ၊ သို့။ ပရိကပ္ပေတွာ၊ ကြံဆ၍။ အန္ဓကာရေ၊ ၌။ ပသိဗ္ဗကံ၊ အိတ်ကို။ ဂဏှိတိ၊ ယူ၏။
ပသယှာဝဟာရ။ ။ ပပုဗ္ဗ သဟဓာတ်သည် အဘိဘဝနအနက်ကို ဟော၏၊ တွာပစ္စည်း ယပြု၊ ဟနှင့်ယ ရှေ့နောက်ပြန်၊ ပသယှ-ဥစ္စာရှင်ကို လွှမ်းမိုး နှိပ်စက်၍၊ အဝဟာရော-ဆောင်ယူခြင်း၊ ပသယှာဝဟာရော-ခြင်း၊ တောပုန်းဓားပြလုပ်၍ ခရီးသွားများကို လုယက်သော ပန္ထဃာတက (လမ်းဖျက်) လူဆိုးတို့၏ ယူခြင်းမျိုး, တစ်အိမ်ဖြစ်စေ ရွာလုံးကျွတ် ဖြစ်စေ ဓားပြတိုက်သော ဂါမဃာတက (ရွာဖျက်) လူဆိုးတို့၏ ယူခြင်းမျိုးနှင့် ရသင့်သော အခွန်အတုတ်ထက် အပိုအမို ခြိမ်းခြောက်၍ မင်းမှုထမ်းတို့၏ ယူခြင်းမျိုးတည်း၊ [ယခုအခါ ရပ်ရွာဘုန်းကြီး အချို့သည် "ငါပြောသလို အလှူငွေ မထည့်လျှင် သပိတ် မှောက်မည်” စသည်ဖြင့် ခြိမ်းခြောက်၍ အလှူငွေ ထည့်စေကြ၏၊ ထိုအမှုလည်း (မပေးချင်ဘဲ ပေးရလျှင်) ပသယှာဝဟာရပင်တည်း။] ပရိကပ္ပာဝဟာရော။ ။ပရိကပ္ပေန-ကြံဆခြင်းအားဖြင့်+အဝဟာရော-ခိုးခြင်းသည်၊ ပရိကပ္ပာဝဟာရော-မည်၏၊ ဘဏ္ဍဿ-ပရိကပ္ပော ဘဏ္ဍပရိကပ္ပော-ဘဏ္ဍာကို ကြံဆခြင်း၊ သြကာသဿ+ပရိကပ္ပော ဩကာသပရိကပ္ပော။ တတြ၊ ထိုအိတ်၌။ သာဋကော စေ ဟောတိ၊ (ဧဝံသတိ)၊ ဥဒ္ဓါရေယေဝ ပါရာဇိကံ (ဟောတိ)၊
သုခါဒိတံ။ ။(ဝေဘင်္ဂိ ယ ဘဏ္ဍာဖြစ်လျှင်) ကျောင်းတိုက်တွင်း၌ ဖြစ်စေ, ပြင် ဘက်၌ ဖြစ်စေ တည်ရှိသော သံဃိကပစ္စည်းကို ကျောင်းတိုက်ပြင်ဘက်၌ တည်နေသော ရဟန်းတို့သည် ဝေခြင်းငှာ မအပ်၊ ကျောင်းတိုက်တွင်းရှိ ရဟန်းတို့သည်သာ အများသိအောင် ပြုပြီးမှ ဝေဖန်ကောင်း၏။ "ဃဏ္ဍ" ပာရိတွာ၊ ပ၊ သုခါဒိကံ" ဟူသော စကား သည် ကျောင်းတိုက်အတွင်းမှာနေ၍ ခေါင်းလောင်းထိုးမှု စသည်ဖြင့် အများကြားရအောင် ပြုပြီးမှ မိမိအတွက်ကျ-ရအောင် လုပ်ပြီး၍ စားအပ်သောကြောင့် "သုခါဒိတံ” ဆိုသည်-ဟု ဋီကာများ ဖွင့်ကြ၏။
ယေ၊ အကြင်သစ်ပင်တို့ကို။
ဖလပရိဘောဂတ္ထာယ၊ အသီးကို သုံးဆောင်ခြင်းအကျိုးငှာ။ ဒိန္နာ၊ ကုန်ပြီ။ အာဝါသိကာပိ၊ တို့သည်လည်း။ နေ၊ ထိုသစ်ပင်တို့ကို။ ပေ၊ တေသုယေဝ၊ ထိုသစ်ပင်တို့၌သာ။ တေသံ၊ ထို အာဝါသိကရဟန်းတို့၏။ ကတိကာယ၊ ၌။ ဌာတဗ္ဗံ၊ ရာ၏။ **တေသံ ကတိကာယ ဌာတဗ္ဗံ**။ ။ဘာဇေတွာ န ခါဒိတဗ္ဗန္တိဝါ(ဝေဖန်၍ မစားကြရ-ဟူ၍လည်းကောင်း) ဇတ္တကေသု ရုက္ခေသု ဖလာနိဂဏှိဿာမာတိဝါ(ဤမျှ လောက်ကုန်သော သစ်ပင်တို့က အသီးတို့ကို ဆွတ်ယူကြစို့ဟူ၍လည်းကောင်း) ဧတ္တကာနီ ဖလာနိ ဂဏှိဿာမာတိဝါ (ဤမျှလောက်ကုန်သော အသီးတို့ကို ယူကြစို့ဟူ၍လည်းကောင်း) ဧတ္တကာနံ ဒိဝသာနံ အဗ္ဘန္တရေ ဂဏှိဿာမာတိဝါ (ဤနေ့ရက်အတွင်း၌ ယူကြစို့ ဟူ၍လည်းကောင်း၊ န ကိဉ္စိ ဂဏှိဿာမာတိဝါ-အနည်းငယ် တစ်လုံးတလေကိုမျှ မယူ ကြကုန်အံ့ဟူ၍လည်းကောင်း၊) ဧဝ ကတာယ အဝါသိကာနံ ကတိကာယ အာဂန္တုကေဟိ ဌာတဗ္ဗံ၊
မူလဝတ္ထုစ္ဆေဒံ ကတွာ။ ။ကျောင်းတွေ အားလုံးကုန်အောင်တော့ မစွန့်ပါနှင့်ဟု ဂဏ္ဌိပုဒ် ၃ စောင်၌ အဓိပ္ပာယ်ဆို၏၊ "ကျောင်းမြေများကိုတော့ မစွန့်ပါနှင့်" ဟု သာရတ္ထဋီကာ ဆရာက ဆိုချင်သည်။