``**မုဒုတ္တာ ဧဝ။ ပေ။ ယောဂ္ဂေ**။ ။[ဤ၌လည်း စ- ပိုဟန်တူ၏။] ကမ္မနိယဖြစ်ခြင်း၏ အကြောင်းကား အခြားမဟုတ်, မုဒုတ္တပင်ဖြစ်သည်- ဟူလို။ ထို့ကြောင့် ဧဝဖြင့် ဆိုသည်၊ ကမ္မနိယ၌ "ကမ္မနိ- ပုဗ္ဗေနိဝါသာနုဿတိစသော အဘိညာဉ်အမှု၌+ခမံ၊ ခံ့သော စိတ်တည်း၊ ကမ္မနိယံ" ဟု ခမအနက်၌ ဣယပစ္စည်းသက်ထားကြောင်း သိစေလို၍ "ကမ္မက္ခမေ"ဟု ဖွင့်သည်။ (န်) အာဂုံ၊ မောဂ္ဂလာန် တဒ္ဓိတ် (၇၃)သုတ်၌ နိယပစ္စည်းဟု ဆို၏၊ "အမှု၌+ခံ့" ဟူသည် ထိုအဘိညာဉ်အမှုအား သင့်လျော်သော အရည်အချင်း ရှိနေခြင်းတည်း၊ ထို့ကြောင့် "ကမ္မယောဂ္ဂေ"ဟု ဥဇုကတ္ထပြသည်၊ ယုဇ္ဇိတဗ္ဗံ- ယှဉ်စပ်ထိုက်၏၊ ဣတိ ယောဂ္ဂံ (ယုဇ+ဏျ၊ ကမ္မေ+ယောဂ္ဂံ ကမ္မယောဂ္ဂံ- အမှု၌+ယှဉ်စပ်ထိုက်၏ (သဒ္ဒတ္ထ။) အမှုအား+လျောက်ပတ်၏ (အဓိပ္ပါယတ္ထ)။ `` မုဒုတ္တာ ဧဝ၊ နူးညံ့သည်၏အဖြစ်ကြောင့်ပင်၊ ကမ္မနိယေ ကမ္မက္ခမေ၊ အဘိညာဉ်အမှု၌ခံလေသော်။ ကမ္မယောဂ္ဂေ၊ အဘိညာဉ်အမှု၌ ယှဉ်စပ်ထိုက်လသော်။ ဝါ၊ အဘိညာဉ်အမှုအား လျောက်ပတ်လသော်။ ဣတိ ဝုတ္တံ ဟောတိ။
ာ ပွားစေအပ်သည်၏ အဖြစ်ကြောင့်ပင်။ (ဟောတိ။)
သုဓန္တံ၊ ကောင်းစွာမှုတ်အပ်ပြီးသော။ ဝါ၊ လှော်ပြီး ဦးပြီးသော။ သုဝဏ္ဏံ၊ ရွှေသည်။ ကမ္မနိယံ၊ ပုတီး, နားဍေား စသည်ကို ပြုလုပ်မှု၌ ခံ့သည်။ ဟောတိ ဣဝ၊ ကဲ့သို့။ (ဧဝံ၊ တူ။)
မုဒုဟိ။ ပေ။ သုဓန္တမိဝသုဝဏ္ဏံ
မုဒုဟိ။ ပေ။ သုဓန္တမိဝသုဝဏ္ဏံ။ ။ လှော်ပြီး ဦးပြီးဖြစ်၍ နူးညံ့သော ရွှေသည် ပုတီး လက်ကောက်စသော တန်ဆာကို ပြုရာ၌ လိုသလို ဆွဲငင်ဖို့ရန် အထုအရိုက် ခံနိုင်သကဲ့သို့, ကိလေသာ အညစ်ကြေးကင်း၍ သန့်ရှင်းသော စိတ်လည်း နူးညံ့နေသဖြင့် အဘိညာဉ်အမှုကို ပြုဖို့ရန် ခံနိုင်ရည်ရှိသည်- ဟူလို၊ [ဓမီယိတ္ထာတိ ဓန္တံ- မီးဖြင့် ကပ်၍မှုတ်အပ်သော ရွှေ၊ သုဋ္ဌု+ဓန္တံ သုဓန္တံ- ကောင်းစွာ မှုတ်အပ်သော ရွှေ, ရွှေကို အညစ်အကြေးထုတ်ရာ၌ မီးဖြင့် မှုတ်၍ ထုတ်ရ၏၊ တစ်ခါတစ်ရံ လှော်၍လည်း ထုတ်ရ၏၊ ထိုသို့ အညစ်အကြေးထုတ်သည်ကို "လှော်သည် ဦးသည်"ဟုလည်း ခေါ်၏။] မုဒု၊ နူးညံ့သော။ စိတ္တံ၊ သည်။ ကမ္မနိယံ၊ အဘိညာဉ် အမှု၌ ခံ့သည်။ ဟောတိ။ စ၊ ဆက်။ တဒုဘယမ္ပိ၊ ထို မုဒု, ကမ္မနိယ ၂ ပါးသည်လည်း။ သုဘာဝိတတ္တာ ဧဝ၊ ကောင်းစွာ ပွားစေအပ်သည်၏ အဖြစ်ကြောင့်ပင်။ (ဟောတိ။)
**မှတ်ချက်**။ ။ "ယထာ အာနေဉ္ဇဘာဝံ အာနေဉ္ဖပ္ပတ္တံ ဟောတိ။ ဧဝံ ဌိတေ" ဟု ပါဌ်ပျက်တွေ့ရ၏။ ဝိသုဒ္ဓိမဂ်၌ "ယထာ အာနေဉ္ဇပ္ပတ္တံ ဟောတိ။ ဧဝံ ဌိတေ" ဟုသာ ရှိ၏။ ထို့ကြောင့် အာနေဉ္ဇဘာဝံသည် အာနေဉ္ဇံကို ဝိဂြိုဟ်လုပ်ပြရာမှ အပိုပါဌ်ဖြစ်ဟန်တူ၏။ ထိုပါဌ်ကို ပါစေလိုလျှင် "အနဉ္ဇဿ+ဘာဝေါ၊ အာနေဉ္ဇံ"ဟု ဝိဂြိုဟ်ပြုရသည့်အတိုင်း "ယထာအနိဉ္ဇ ဘာဝံ (တုန်လှုပ်ခြင်းမရှိသည်၏ အဖြစ်ဟူသော) အာနေဉ္ဇံ (အာနေဉ္ဇသို့) ပတ္တံ ဟောတိ" ဟု ရှိရမည်။ ယထာ၊ အကြင်အခြင်းအရာအားဖြင့် တည်လသော်။ အာနေဉ္ဇပ္ပတ္တံ၊ တုန်လှုပ်ခြင်းမရှိသည်၏ အဖြစ်သို့ရောက်သည်။ ဟောတိ၊ ၏။
နိဝုတ္ထာတိ။ ပေ။ နိရုဒ္ဓါနိဝုတ္ထာတိ။ ပေ။ နိရုဒ္ဓါ။ ။ နိဝုတ္ထက္ခန္ဓာဟူသည် နေရာဌာနေ ဘုံဘဝ မဟုတ်။ အဇ္ဈာဝုတ္ထာ (အဓိ+အာဝုတ္ထာ)- မိမိသန္တာန်၌ စွဲ၍+နေအပ်ဖူးကုန်သော ခန္ဓာများတည်း၊ ထိုအဇ္ဈာဝုတ္ထခန္ဓာဟူသည် အနုဘူတာ(အနုအနု+ဘူတာ)- အဖန်ဖန် ဖြစ်ခဲ့ဖူးသော ခန္ဓာတို့တည်း၊ "အနုဘူတ" ဟူသည် "အတ္တနော သန္တာနေ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါ- မိမိသန္တာန်၌ ဖြစ်ပြီး၍ ချုပ်ခဲ့ဖူးသော (မိမိ၏ဆိုင်ရာ) ခန္ဓာတို့တည်း"၊ ဤသို့ နိဝုတ္ထပုဒ် နက်ကို ပေါ်လွင်အောင် ထပ်၍ထပ်၍ ဖွင့်ပြလေသည်။ ၊ ဟူသည်ကား။ အဇ္ဈာဝုတ္ထာ၊ စွဲမှီ၍ နေအပ်ဖူးကုန်သော။ အနုဘူတာ၊ အဖန်ဖန်ဖြစ်ပြီးကုန်သော။ အတ္တနော၊ မိမိ၏။ သန္တာနေ၊ သန္တာန်၌။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ နိရုဒ္ဓါ၊ ချုပ်ပြီးကုန်သော။ ခန္ဓာ၊ တို့တည်း။ ဝါ၊ တစ်နည်း။ **နိဝုတ္ထဓမ္မာ ဝါ** နိဝုတ္ထဓမ္မာ၊
**မှတ်ချက်**။ ။ ဋီကာအလိုအားဖြင့် "နိဝုတ္ထဓမ္မာဝါ နိဝုတ္ထာ, ဂေါစရနိဝါသေနနိဝုတ္ထာ"ဟု ဣတိမပါဘဲ ပါဌ်ရှိရမည်၊ ထိုအလိုသုတ်ကို ဝုတ္တိဖွင့်သကဲ့သို့ နိဝုတ္ထာကို "ဂေါစရဝသေန နိဝုတ္ထာ"ဟု ဣတိမပါဘဲ ဖွင့်သည်ဟု ဆိုလိုသည်၊ ယခုစာများ၌ "နိဝုတ္ထဓမ္မာဝါ၊ နိဝုတ္ထာတိဂေါစရိနိဝါသေန နိဝုတ္ထာ"ဟု ရှိ၏၊ ဤစာရှိ အလို "နိဝုတ္ထဓမ္မာဝါ"သည် ပုဗ္ဗေနိဝါသောဝယ် နိဝါသော၏ အဖွင့်၊ ထိုနိဝါတ္ထကိုမှ "နိဝုတ္ထာတိ"ဟု တည်၍ "ဂေါစရနိဝါသေန နိဝုတ္ထာ" ဖွင့်သည်ဟု မှတ်ပါ။ [ဤအဖွင့်များကိုထောက်၍ "အဇ္ဈာဝုတ္ထနိဝါသ, ဂေါစရနိဝါသ"ဟု ပုဗ္ဗေနိဝါသ ၂ မျိုး ကိုလည်း မှတ်။]
နေအပ်ဖူးသော တရားတို့သည်။
(ပုဗ္ဗေနိဝါသောတိ၊ ဝါသမည်၏။ ရှေ့ပြန်စပ်)
နိဝုတ္ထာတိ၊ ကား။
ဂေါစရနိဝါသေန၊ အာရုံဖြစ်သော နိဝါသအားဖြင့်။
နိဝုတ္ထာ၊ နေအပ်ပြီးကုန်သော တရားတို့တည်း။
အတ္တနော။ ပေ။ ပရိစ္ဆိန္နာ
အတ္တနော။ ပေ။ ပရိစ္ဆိန္နာ။ ။ ထိုပုဗ္ဗေနိဝါသတရားသည် "မိမိဝိညာဉ်ဖြင့် သိအပ်သောတရား, သူတစ်ပါးဝိညာဉ်ဖြင့် သိအပ်သောတရာ"ဟူ၍ ၂ မျိုးရှိ၏၊ ထိုတွင် "အတ္တနော။ ပေ။ ပရိစ္ဆိန္နာ"ပါဌ်ဖြင့် မိမိဝိညာဉ်ဖြင့် သိအပ်သောတရားများကို ပြ၏၊ ရှေးရှေးဘဝ၌ မိမိခန္ဓာနှင့်ဆက်သွယ်၍ မိမိနာမည် အနွယ်အဆင်း အစာ သုခ ဒုက္ခတို့သည် လည်းကောင်း, မိမိ၏ မိဘ ဆွေမျိုး အဖော်အပေါင်းစသူတို့နှင့် နေရာဌာနတို့သည် လည်းကောင်း, မိမိဝိညာဉ်ဖြင့် တွေ့ကြုံခံစာခဲ့ရသော အာရုံများတည်း၊ ထိုသို့သိရာ၌ ရှေးရှေးဘဝက စက္ခုဝိညာဉ်စသော ဝိညာဉ် ၆ ပါးဖြင့် သိကာမတ္တမဟုတ်၊ မနောဒွါရိကဝီထိစိတ်ဖြင့် အမည်အနွယ်စသည် ခွဲခြား၍ ကွဲကွဲပြားပြား သိအပ်သည် ဟု ပြလို၍ ဝိညာတာကို "ပရိစ္ဆိန္နာ"ဟု ထပ်ဖွင့်သည်။ [ဈာန်အဘိညာဉ်ရသော သာသနာပ (တိတ္ထိယ-ခေါ်) ရသေ့များနှင့် ပစ္စေကဗုဒ္ဓါ သာဝကတို့သည် မိမိ၏ ရှေးဖြစ်ပုံကိုသာ ဤအဘိညာဉ်ဖြင့် သိနိုင်ကြ၏၊ ထို့ကြောင့် ဤနည်းကို နောက်နည်းမှ သီးခြားပြရသည်၊ "တိတ္ထိယာ စ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အတ္တနာ ဒိဋ္ဌကတသုတမေဝ အနုဿရန္တိ၊ တထာ သာဝကာ စ ပစ္စေကဗုဒ္ဓါ စ"- မဟာပဒါနသုတ် အဋ္ဌကထာ။]
၊ ၏။
ဝိညာဏေန၊ ဖြင့်။
ဝိညာတာ၊ သိအပ်ပြီးကုန်သော။
ပရိစ္ဆိန္နာ၊ ပိုင်းခြားအပ်ပြီးကုန်သော တရားတို့တည်း။
ဝါ၊ သည်သာမကသေး။
**ဆိန္နဝဋုမကာနုဿရဏာဒီသု**၊ ပြတ်ပြီးသော သံသရာလမ်း ခရီးရှိသော ရဟန္တာတို့ကို အောက်မေ့ခြင်း အစရှိသည်တို့၌။**ဆိန္နဝဋုမကာနုဿရဏာဒီသု**။ ။ ဤစကားသည် ပရိဝိညာဏဝိညာတဖြစ်သော ပုဗ္ဗေနိဝါသတို့တွင် သိခါပတ္တ (ထိပ်တန်းအကျဆုံး) ပုဗ္ဗေနိဝါသကို ဥဒါဟရုဏ်ပြသော စကားတည်း။ "ဆိန္နဝဋုမက"ဟူသည် ပြတ်ပြီးသော သံသရာခရီးရှိသော ရဟန္တာတည်း။ [ဆိန္နံ+ဝဋုမံ (သံသာရမဂ္ဂေါ) ယေသံတိ ဆိန္နဝဋုမကာ။] "တံပန သိခါပတ္တံ ပရဝိညာဏဝိညာတံ ပုဗ္ဗေနိဝါသံ ဒဿေတုံ ဆိန္နဝဋုမကာနုသရဏာဒီသူတိ ဝုတ္တံ။ တတ္ထဆိန္နဝဋုမကာ အတီတေ ပရိနိဗ္ဗုတာ ခီဏာသဝါ, ဆိန္နသံသာရမဂ္ဂတ္တာ။ ဝိမတိ။ မဟာပဒါနသုတ် အဋ္ဌကထာ၌ကား "ဝဋုမန္တိ၊ ကုသလာ ကုသလကမ္မဝဋ္ဋံ ဝုစ္စတိ"ဟု တစ်မျိုးဖွင့်၏။
**အဘိညာဉ်သိပုံ**။ ။ ပရိနိဗ္ဗာန်စံပြီးသော ရှေးဘုရားတစ်ဆူဆူကို အကြောင်းပြု၍ "ထိုဘုရားသည် ဤသို့ ဝိပဿနာ ရှုတော်မူ၏။ ဤသို့ မဂ်ကို ဖြစ်စေတော်မူ၏။ ဤသို့ ဖိုလ်နိဗ္ဗာန်တို့ကို မျက်မှောက်ပြုတော်မူ၏။ ဤသို့ ဝေနေယျတို့ကို တရားဟောပြ ဆုံးမတော်မူ၏"။ ဟု ရှေးဘုရားတို့ ဝိညာဉ်ဖြင့် သိအပ်ပြီးသော (ရှေးဘုရားတို့၏) ပုဗ္ဗေနိဝါသကို ဤဘုရားရှင်က ဤအဘိညာဉ်ဖြင့် ပြန်၍ သိတော်မူသည်။ ဆိန္နဝဋုမကာနုဿရဏာဒီသု၌ အာဒိဖြင့် ပရိနိဗ္ဗာန် မစံသေးသော ရဟန္တာတို့၏ ပရဝိညာဏဝိညာတပုဗ္ဗေနိဝါသ သိခြင်းကိုယူ။ ထိုသို့ သိရာ၌ ခန္ဓာအစဉ်အတိုင်း တစ်ဘဝပြီး တစ်ဘဝ လိုက်မနေဘဲ လိုရာဘဝကို ခုန်၍သိနိုင်၏။ ထိုသို့သိခြင်းကို သီဟောက္ကန္တိက (ခြင်္သေ့၏ လိုရာခုန်လွှားသော)နည်းဟု ဆိုသည်။ ["အာဒိသဒ္ဒေန အပရိနိဗ္ဗုတာနံ (တို့၏) ပရဝိညာဏဝိညာတာနမ္ပိ သီဟောက္ကန္တိကဝသေန အနုဿရဏံ ဂဟိတံ"၊ ဝိမတိ။] **ပရဝိညာဏဝိညာတာပိဝါ**၊ သူတစ်ပါးတို့ ဝိညာဏ်ဖြင့် သိအပ်သည်လည်း ဖြစ်ကုန်သော။**ပရဝိညာဏဝိညာတာပိဝါ**။ ။ ဝါသဒ္ဒါသည် အနက်တစ်မျိုးကို ပြသော အတ္တန္တရဝိကပ်။ ပိသဒ္ဒါကား၊ အတ္တနော ဝိညာဏဝိညာတကို ပေါင်းသော သမ္ပိဏ္ဍန။ မိမိဝိညာဏ်ဖြင့် သိအပ်သော အာရုံမျာသာ နိဝုတ္ထမဟုတ်သေး။ ပရိဝိညာဏ ဝိညာတအာရုံများလည်း နိဝုတ္ထမည်သည်=ဟူလို။ ["ပရိဝိညာဏဝိညာတာပိဝါ နိဝုတ္ထာတိ သမ္ဗန္နော"=ဋီကာ။] ကိုယ်တွေ့မဟုတ်ဘဲ သူတစ်ပါးတို့တွေ့ကြုံခံစားခဲ့ရသော အာရုံများကိုလည်း ပုဗ္ဗေနိဝါသ အဘိညာဉ်ရသူက ပြန်၍ သိနိုင်သည်=ဟူလို။ သို့သော် ဤအဘိညာဉ်ကား ဘုရားရှင်တို့ အဘိညာဉ်သာ။ [ဗုဒ္ဓါ ပန အတ္တနာ ဝါ ပရေဟိ ဝါ ဒိဋ္ဌကတ- သုတံ သဗ္ဗမေဝ အနုဿရန္တိ။ သုတ်မဟာဝါ အဋ္ဌကထာ။]
မှတ်ချက်။ ။ ဓမ္မပဒ အဋ္ဌကထာ စက္ခုပါလထေရ ဝတ္ထု၌ စက္ခုပါလထေရ်၏ ဆေးသမားဘဝတုန်းက ပြုလုပ်ခဲ့သော အမှုသည် ဘုရားရှင်ကိုယ်တိုင် ထိုစဉ်က မတွေ့ခဲ့ရသော်လည်း ဘုရားဖြစ်သောအခါ စက္ခုပါလ၏ ဝိညာဉ်ဖြင့် တွေ့ကြုံခံစားခဲ့ရသော အာရုံအကြောင်းအရာစုကို ဤအဘိညာဉ်ဖြင့် ပြန်၍ သိတော်မူသည်။ ဘုရားအလောင်း မပါခဲ့သော အတိတ်ဝတ္ထုများကို ပြန်၍ ဟောရာ၌ ဤပရဝိညာဏဝိညာတအာရုံများကို ပုဗ္ဗေနိဝါသ အဘိညာဉ်ဖြင့် သိတော်မူခြင်း ချည်းတည်း။ (ပရိစ္ဆိန္နာ၊ ပိုင်းခြားအပ်သော တရားတို့တည်း။ ဤသို့ ပရိစ္ဆိန္နာပုဒ်ကို လိုက်စေ။)
မှတ်ချက်။ ။ ထိုဘဝစသည်တို့တွင် ကာမဘဝဆိုလျှင် ယောနိ ၄ ပါး။ ဂတိ ၅ ပါးလုံး ပါဝင်နေ၏။ ဌိတိသတ္တာဝါသနိကာယတို့လည်း အများပါဝင်၏။ ထို့ကြောင့်ဘဝကို အောက်မေ့လျှင် ယောနိစသည်ကို အောက်မေ့ချင်မှ အောက်မေ့မည်။ ဘဝကိုသာ အောက်မေ့၍ ယောနိစသည်ကို မအောက်မေ့ဘဲလည်း ရှိမည်။ ထိုအားလုံးကို ဆက်ကာဆက်ကာ အောက်မေ့ခြင်းလည်း ရှိမည်။ ထို့ကြောင့် ဝါ သဒ္ဒါတို့ကို အရ လုံးလုံး မကွဲသောကြောင့် သမုစ္စည်းလည်း မဆိုသင့်။ တစ်ခုမရ တစ်ရသော ဝိကပ်လည်း မဆိုသင့်ရကား အနိယမတ္ထဟု ဆိုသင့်၏။ ထို့ကြောင့်ပင် "အဟောသိံ ဣတိ ဝါ"ဟု ပုဒ်တိုင်း လိုက်စေ၍ အဆုံးကျမှ အနုဿရာမိ ဟု ထည့်စပ်စေသည်။ ၊ ထိုမည်သော သံဝဋ္ဋကပ်၌။ အဟံ၊ သည်။ အမုမှိဘဝေ၊ ထိုမည်သောဘဝ၌။ အဟောသိံ၊ ပြီ။ ဣတိဝါ၊ ဤသို့သော်လည်းကောင်း။ (အမုဿံ) ယောနိယာ၊ ထိုမည်သောယောနိ၌။ အဟောသိံ။ ဣတိ၊ ဝါ။ လည်းကောင်း။ (အမုဿံ) ဂတိယာ၊ တိ၌။ အဟောသိံ။ ဣတိဝါ။ အမုဿံ ဝိညာဏဋ္ဌိတိယာ၊ ဋ္ဌိတိ၌။ အဟောသိံ။ ဣတိဝါ။ အမုမှိသတ္တာဝါသေ၊ ဝါသ၌။ အဟောသိံ။ ဣတိဝါ။ အမုမှိ သတ္တနိကာယေ၊ ထိုမည်သော သတ္တဝါအပေါင်း၌။ အဟောသိံ။ ဣတိ ဝါ, (အနုဿရာမိ၊ ၏။ ဟု ထည့်စပ်)
**မှတ်ချက်**။ ။ ဝေဿန္တရောဝါ၊ ဝေဿန္တရာ အမည်ရှိသည် လည်းကောင်း။ ဘဂ္ဂဝေါဝါ= ဘဂ္ဂဝအနွယ်ရှိသည် လည်းကောင်း" စသည်ဖြင့် အနက်ပေးကြ၏။ "ရှိ" ဟု အဿတ္ထိဝိဂ္ဂဟ မဖြစ်နိုင်သောကြောင့် ထိုအနက်မျိုးကို အမြဲရှောင်ပါ။ ၊ ကား။ ဝေဿန္တရော ဝါ၊ ဝေဿန္တရာ မည်သူသည်သော်လည်းကောင်း။ ဇောတိပါလောဝါ၊ သော်လည်းကောင်း။
မှတ်ချက်။ ။ ဤနေရာဝယ် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ "တသ္မာ ဣဓူပပန္နော တိဣမိဿာ ဣဓူပပတ္တိယာ အနန္တရမေဝဿ ဥပ္ပတ္တိဋ္ဌာနံ သန္ဓာယ အမုတြ ဥဒပါဒိံ ဣဒံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ" ဟု ပါဌ်ရှိ၏. ထိုကိုမှီ၍ ဤ၌လည်း "အနန္တရံ တုသိတဘဝနံ သန္ဓာယ အမုတြ ဥဒပါဒိန္တိ အာဟာတိ ဝေဒိတဗ္ဗံ" ဟုရှိလျှင် အနန္တရံကို အမုတြ ဥဒပါဒိံတိ၌ မစပ်ဘဲ တုသိတဘဝနံ၌ စပ်ရသောကြောင့် သာ၍ ရှင်းလင်းစရာ ရှိသည်။ ၊ ကြောင့်။ ဣဓူပပန္နောတိ၊ ဟူ၍။ (ဝုတ္တာယ၊ ဟောတော်မူအပ်သော။) ဣမိဿာ ဣဓူပပတ္တိယာ= ဤ ဣဓူပပတ္တိ၏။ အနန္တရံ၊ အခြားမဲ့ဖြစ်သော။ အမုတြ ဥဒပါဒိံတိ၊ အမုတြ ဥဒပါဒိံ ဟူသော စကားကို။ တုသိတဘဝနံ၊ တုသိတာဘုံကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ အာဟ၊ မိန့်တော်မူပြီ။ ဣတိ ဝေဒိတဗ္ဗံ။
ဝီရိယာတာပေန၊ ကိလေသာတို့ကို လွန်စွာလောင်မြှိုက်တတ်သော ဝီရိယဖြင့်။
အာတာပိနော အာတာပိနော။ ။ "တပဓာတ်သည် ဒါဟ အနက်၌ စုရာဒိတည်း၊ ကိလေသေ- တို့ကို၊ အာတာပေတိ- လွန်စွာလောင်မြိုက်တတ်၏၊ ဣတိ အာတာပေါ၊ ဝီရိယရ၏၊ အာတာပေါ ယဿ အတ္ထီတိ အာတာပီ၊ ကလေသာတို့ကို လွန်စွာ လောင်မြိုက်တတ်သော လုံ့လဝီရိယရှိသူ။ ၊ ကိလေသာတို့ကို လွန်စွာလောင်မြှိုက်တတ်သော ဝီရိယရှိသော။ ဝါ၊ ရှိသည်ဖြစ်၍။