အရှင်ဇနကာဘိဝံသ၏
ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
- ၁။ အရှင်ဇနကာဘိဝံသဆရာတော်လောင်းသူငယ်ကို စစ်ကိုင်းတိုင်းရွှေခရိုင်ဝက်လက်မြို့နယ် သရိုင်ရွာ ဦးဇောတိ'ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ် တပို့တွဲလပြည့်ကျော် (၁၄)ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီလ ၂၇ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။
- ၂။ ၁၂၆၆-ခုနှစ်၌ ပဌမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
- ၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
- ၄။ ၁၂၇၉-ခုနှစ်၊ သက်တော် ၁၈-နှစ် အရွယ်တွင် ပဌမကြီးတန်း စာမေးပွဲကိုအောင်တော်မူသည်။
- ၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌ ပဌမအကြိမ် ရဟန်းအဖြစ်ခံဘဓတော်မူသည်။
- ၆။ ၂၁၈၁-ခုနှစ်၊ နယုန်လပြည်နေ့၌ ဒုတိယအကြိမ် ၁၂၈၁-ချနှစ်၊တပေါင်းလပြည့်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
- ၇။ ၁၂၈၇-ခုနှစ်၌ "ပဌမကျော်"အောင်မြင်တော်မူသည်။
- ၈။ ၁၂၈၉-ချနှစ်၌ "သကျသီဟ စာမေးပွဲ'ခေါ်'ပရိယတ္တိသာသနဟိတဓမ္မာစရိယ"ဘွဲ့ ရရှိအောင်မြင်တော်မူသည်။
- ၉။ ၁၃၀၃-ခု၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျန်စစ်တပ်များ မြန်မာပြည်သို့ဝင်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရဟာဂန္ဓာရုံကျောင်းတိုက် နေရာသို့ ပြောင်းရွှေ့ သီတင်းသုံတော်မူသည်၊ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃောတော် ငါးပါးများသာရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်သုံးလျက်ရှိသည်။
- ၁၀။ (လွတ်လပ်ရေး ရရှိပြီးနောက်) ၁၃၁၂-ချနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ (ရှေးဦးစွာ) "အဂ္ဂမဟပဏ္ဍိတ"ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။
၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော် စာသင်ကျောင်းများ၌ သင်ကြားရန်မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။
၁၂။ ၁၃၁၅'ခုနှစ်၌ (က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက၊
(ခ) ဆဋ္ဌသံဂီတိ ဘာရတ္ထာရက၊
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက၊
(ဃ) ဆဋ္ဌသံဂီတိ ဩသာနသောဓေယျပတ္တပါဌကအဖြစ် တင်မြှောက်မေူခြင်းကို ခံယူရသည်။
၁၃။ ၁၃၃၇'ခုနှစ်၊ ပဲခူးမြို့၌ ကျင့်ပအပ်သော ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီးက ရွှေကျင်ဂိုဏ်ကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ်တင်မြှောက်ခြင်ူကိုခံယူတော်မူသည်။
၁၄။ ၁၂၉၁'ခု၊ သက်တော် (၄၀)မှစ၍ ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၂၉၃'ခုနှစ်တွင် ပဌမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈'ခု၊ တန်ဆောင်မုန်လတွင်"နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ"ကျမ်းစာကို ရေးသားပြီလျှင်"တဘဝသံသရာ"အမည်ဖြင့် ဌေရုပ္ပတ္တိကိုကိုယ်တိုင် ရေးတော်မူများခဲ့သည်၊ ပဉ္စပကရဏဘာသာဋီကာနှင့် မူလဋီကာနိဿယ ပါဠိတော်နိဿယများကို ၁၃၃၆-ခု၊ တန်ဆောင်မုန်းလဆန်း၅-ရက်(၁၈-၁၁-၇၄)တနင်းလာနေ့ ၁-နာရီအချိန် စတင်ပို့ချရေးသား၍ ၁၃၃၉-ခု၊ ဝါခေါင်လဆန်း ၁၂-ရက် နေ့မှာ ပြီးဆုံးခဲ့ပါသည်၊ သုတ်မဟာဝါဘာသာဋီကာကို ၁၃၃၇-ခု၊ ဝါဆိုလပြည့်ကျော် ၂ရက်နတ္တော်လဆန်း ၁၃-ရက် (၂၃-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ ၅-ရက် အလိုတွင် ပြီးတော်မူခဲ့ပါသည်။ ပါထေယျဘာသာဋီကာကိုပင် တရက်မျှသာ ရေးသားပို့ချခဲ့ပါသေးသည်။
၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော်(၇၈)နှစ် အရောက် နတ္တော်လပြည့်ကျော်၂-ရက် (၁၉၇၇-ခု၊ ဒီဇင်ဘာလ ၂၇-ရက်)အင်္ဂါနေ့ ညနေ(၄)နာရီမနှစ်(၃၀)တွင် တဘဝအတွက် ငြိမ်းတော်မူပါသည်။
အရှင်ဇနကာဘိဝံသ၏
ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
- ၁။ အရှင်ဇနကာဘိဝံသဆရာတော်လောင်းသူငယ်ကို စစ်ကိုင်းတိုင်းရွှေခရိုင်ဝက်လက်မြို့နယ် သရိုင်ရွာ ဦးဇောတိ'ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ် တပို့တွဲလပြည့်ကျော် (၁၄)ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီလ ၂၇ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။
- ၂။ ၁၂၆၆-ခုနှစ်၌ ပဌမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
- ၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
- ၄။ ၁၂၇၉-ခုနှစ်၊ သက်တော် ၁၈-နှစ် အရွယ်တွင် ပဌမကြီးတန်း စာမေးပွဲကိုအောင်တော်မူသည်။
- ၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌ ပဌမအကြိမ် ရဟန်းအဖြစ်ခံဘဓတော်မူသည်။
- ၆။ ၂၁၈၁-ခုနှစ်၊ နယုန်လပြည်နေ့၌ ဒုတိယအကြိမ် ၁၂၈၁-ချနှစ်၊တပေါင်းလပြည့်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
- ၇။ ၁၂၈၇-ခုနှစ်၌ "ပဌမကျော်"အောင်မြင်တော်မူသည်။
- ၈။ ၁၂၈၉-ချနှစ်၌ "သကျသီဟ စာမေးပွဲ'ခေါ်'ပရိယတ္တိသာသနဟိတဓမ္မာစရိယ"ဘွဲ့ ရရှိအောင်မြင်တော်မူသည်။
- ၉။ ၁၃၀၃-ခု၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျန်စစ်တပ်များ မြန်မာပြည်သို့ဝင်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရဟာဂန္ဓာရုံကျောင်းတိုက် နေရာသို့ ပြောင်းရွှေ့ သီတင်းသုံတော်မူသည်၊ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃောတော် ငါးပါးများသာရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်သုံးလျက်ရှိသည်။
- ၁၀။ (လွတ်လပ်ရေး ရရှိပြီးနောက်) ၁၃၁၂-ချနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ (ရှေးဦးစွာ) "အဂ္ဂမဟပဏ္ဍိတ"ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။ ၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော် စာသင်ကျောင်းများ၌ သင်ကြားရန်မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။ ၁၂။ ၁၃၁၅'ခုနှစ်၌ (က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက၊ (ခ) ဆဋ္ဌသံဂီတိ ဘာရတ္ထာရက၊ (ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက၊ (ဃ) ဆဋ္ဌသံဂီတိ ဩသာနသောဓေယျပတ္တပါဌကအဖြစ် တင်မြှောက်မေူခြင်းကို ခံယူရသည်။ ၁၃။ ၁၃၃၇'ခုနှစ်၊ ပဲခူးမြို့၌ ကျင့်ပအပ်သော ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီးက ရွှေကျင်ဂိုဏ်ကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ်တင်မြှောက်ခြင်ူကိုခံယူတော်မူသည်။ ၁၄။ ၁၂၉၁'ခု၊ သက်တော် (၄၀)မှစ၍ ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၂၉၃'ခုနှစ်တွင် ပဌမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈'ခု၊ တန်ဆောင်မုန်လတွင်"နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ"ကျမ်းစာကို ရေးသားပြီလျှင်"တဘဝသံသရာ"အမည်ဖြင့် ဌေရုပ္ပတ္တိကိုကိုယ်တိုင် ရေးတော်မူများခဲ့သည်၊ ပဉ္စပကရဏဘာသာဋီကာနှင့် မူလဋီကာနိဿယ ပါဠိတော်နိဿယများကို ၁၃၃၆-ခု၊ တန်ဆောင်မုန်းလဆန်း၅-ရက်(၁၈-၁၁-၇၄)တနင်းလာနေ့ ၁-နာရီအချိန် စတင်ပို့ချရေးသား၍ ၁၃၃၉-ခု၊ ဝါခေါင်လဆန်း ၁၂-ရက် နေ့မှာ ပြီးဆုံးခဲ့ပါသည်၊ သုတ်မဟာဝါဘာသာဋီကာကို ၁၃၃၇-ခု၊ ဝါဆိုလပြည့်ကျော် ၂ရက်နတ္တော်လဆန်း ၁၃-ရက် (၂၃-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ ၅-ရက် အလိုတွင် ပြီးတော်မူခဲ့ပါသည်။ ပါထေယျဘာသာဋီကာကိုပင် တရက်မျှသာ ရေးသားပို့ချခဲ့ပါသေးသည်။ ၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော်(၇၈)နှစ် အရောက် နတ္တော်လပြည့်ကျော်၂-ရက် (၁၉၇၇-ခု၊ ဒီဇင်ဘာလ ၂၇-ရက်)အင်္ဂါနေ့ ညနေ(၄)နာရီမနှစ်(၃၀)တွင် တဘဝအတွက် ငြိမ်းတော်မူပါသည်။
**ဗုဒ္ဓပ္ပဏာမ** မဟာကာရုဏိကော၊ ကရုဏာ၌, စွဲပိုက်အစဉ်, ယှဉ်တော်တတ်, မြတ်သော ပုဂ္ဂိုဠ်ဖြစ်တော်မူထသော၊ (ကာရုဏိက၌ စပ်သောနည်း)။
ဝါ၊ ကြီးကျယ် မြင့်မြတ်, ကရုဏာဓာတ်၌, မပြတ်အစဉ်, ယှဉ်တော်မူထသော၊ (မဟာကို ကရုဏာ၌ စပ်သောနည်း)။
ယော နာထော၊ အကြင် သတ္တလောက၏ ကိုကွယ်ရာ မြတ်စွာဘုရားသည်။
ကပ္ပကောဋီဟိပိ၊ ကမ္ဘာကုဋေတို့ဖြင့်သော်မှ လည်း။
အပ္ပမေယျံ၊ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သော။
ဝါ၊ မရေတွက်အပ် မရေတွက်နိုင်သော။
ကာလံ၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး။
လောကဟိတာယ၊ သတ္တလောက၏ စီးပွားအလို့ငှာ။ဗုဒ္ဓပ္ပဏာမ။ ။ကျမ်း၏အစ၌ ပဏာမမင်္ဂလာကို ပြုရာဝယ် ဂုဏ်ထူးဝိသေသကို ဖော်ပြ၍ ပဏာမပြုလျှင် သဒ္ဓါတရား သာ၍ တိုးပွားဖွယ်ရှိသောကြေင့် ဂုဏ်ထူးဝိသေသကို ဖော်ပြသော ထောမနာ ပဏာမကို ပြုလိုသော အရှင်ဗုဒ္ဓဃောသထေရ်သည် "ယော ကပ္ပကောဋီဟိ" စသော ဂါထာကို မိန့်၊ "လေးသအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး သတ္တဝါတို့ အကျိုးငှာ ခဲယဥ်းစွာ ပြုအပ်သော ကောင်းမှုပါရမီတို့ကို ပြုကျင့်ရသည်ဖြစ်၍ ခန္ဓာကိုယ်၏ ပင်ပန်းခြင်းသို့ ရောက်တော်မူခဲ့ရသော မဟာကရုဏာရှင် ထိုဘုရားသခင်အား ရှိခိုးပါ၏" ဟူလို။
အားရမ္ဘာနုရူပထောမနာ။ ။ထိုသို့ထောမနာ ပဏာမကို ပြုရာ၌ ဘုရားရှင်ကို ချီးမွမ်းဖို့ရာ ဂုဏ်တော်များစွာ ရှိပါသော်လည်း အားထုတ်အပ်သော ကျမ်းအားလျော်စွာ ချီးမွမ်းခြင်းသည် ကျမ်းဆရာတို့၏ ထုံးစံဖြစ်၏၊ ["ပကတိဟေသာ, ယဒိဒံ အာရမ္ဘာနုရူပ ထောမနာ" ဋီကာ။] ထိုကြောင့် ဝိနည်းဒေသနာတော်သည် (သုတ္တန်ကဲ့သို့ ကာရုဏာ ပညာ ၂ပါးစုံ ပြဋ္ဌာန်းသည်လည်းမဟုတ်, အဘိဓမ္မာဒေသနာတော်ကဲ့သို့ ပညာပြဋ္ဌာန်းသည်လည်းမဟုတ်) ကရုဏာပြဋ္ဌာန်းသော ဒေသနာတော်ဖြစ်ရကား ကရုဏာကို ပဓာနထား၍ ထောမနာပြုတော်မူသည်။
မှန်၏- ဘုရားရှင်သည် မဟာကရုဏာ ပြင်းပြတော်မူသောကြောင့်သာ ဝေရဉ္ဇာမြို့၌ အာဟာရဒုက္ခကို ခံတော်မူလျက် ဝိနည်းပညတ်ဖို့ရန် တောင်းပန်ချိန်ကို စောင့်၍ နေတော်မူ၏၊ မဟာကရုဏာတော်ကြောင့်ပင် နောင်လာနောင်သားတို့ကို ထောက်ထားငဲ့ညှာတော်မူ၍ "မေထုန်မှီဝဲတာ မှန်သလား၊ သိခရဏီ. သိ- အင်္ဂါဇာတ်ပြင်ဘက်၌ အသားစွန်း ထွက်နေသလား" စသည်ဖြင့် လူကြီးလူကောင်းတို့ မပြောစကောင်းသော စကားမျိုးကိုပင် ပြောဆိုမေးမြန်း၍ သိက္ခာပုဒ် ပညတ်တော်မူရလေသည်။ အတိဒုက္ကရာနိ၊ အလွန်အမင်း ခဲယဉ်းစွာပြုအပ်သော ကောင်းမှုတို့ကို။ ကရောန္တော၊ ပြုတော်မူရသည်။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်ခြင်းကြောင့်။)

ခေဒံ၊ ခန္ဓာကိုယ်၏ ပင်ပန်းခြင်းသို့။
ဂတော၊ ရောက်တော်မူရလေပြီ။
မဟာကာရုဏိကဿ၊ သော။
ဝါ၊ သော။
တဿ နာထဿ၊ သတ္တလောက၏ ကိုးကွယ်ရာ ထိုမြတ်စွာဘုရားအား။
(မေ၊ ငါ၏။)
နမော၊ ရှိခိုးခြင်းသည်။
အတ္ထု၊ ဖြစ်ပါစေသတည်း။ဧကပက္ခဒဿနနည်း။ ။ယောကို နာထောနှင့်တွဲ၊ ယောဟူသော အနိယမနှင့် တွဲဖို့ရာ"နာထော"ဟု တိုက်ရိုက်ပါသကဲ့သို့ မဟာကာရုဏိကဿ၏ နောက်၌ တဿ စွဲဖို့ရာတိုက်ရိုက်မပါ။ ဤသို့ တစ်ဘက်၌သာ ပါ၍ တစ်ဘက်၌ မပါရာဝယ် အနိယမဘက်၌ ပါသော နာထောပုဒ်ကို နိယမဘက်သို့ လိုက်စေ၍လည်းကောင်း, နိယမဘက်၌ပါသော မဟာကာရုဏိကပုဒ်ကို အနိယမဘက်သို့ လိုက်စေ၍လည်းကောင်း အနက်ပေးရိုး ပြုကြသည်၊ ၂ ဘက်လုံး၌မပြဘဲ တစ်ဘက်၌သာ ပြထားခြင်းကို ဧကပက္ခဒဿနနည်းဟု ဆို၏၊ ထိုသို့တစ်ဘက်သာ ပြသဖြင့်လည်း စာနေကျဥ်း၍ ကျမ်းစာပေါ့ပါးခြင်း အကျိုးရှိသည်။
မဟာကာရုဏိကာ။ ။ကိရတိ- သူတစ်ပါးဒုက္ခကို ပယ်ရှားတတ်၏၊ ဣတိကရုဏ၊ ပရဒုက္ခံ ဝိက္ခိပတိ အပနေတီတိ အတ္ထော၊ ကရုဏာသည် ဆင်းရဲသူ၏ ဒုက္ခကို ဖယ်ရှားလို၏၊ တတ်နိုင်လျှင် ကယ်တင်သောအားဖြင့် ဒုက္ခကို ဖယ်ရှားလိုက်၏၊ [ဤနည်း၌ "ကိရ-ဝိက္ခိပနေ" ဟူသော ဓာတ်, ယုပစ္စည်းကို အနပြု၊ နကို(ရ်နောက်ဖြစ်၍)ဏပြု၊ အာပစ္စည်းဖြင့် "ကိရဏာ"ဟု ပြီးပြီးနောက် ဣကို အ, ရ၏ အကို ဥပြု၍ "ကရုဏာ"ဟုပြီးသည်၊ တစ်နည်း-ဒုက္ခိတေသု-ဒုက္ခိတသတ္တဝါတို့အပေါ်၌၊ ကိရီယတိ ပသာရီယတိ- ဖြန့်အပ်၏၊ ဣတိ ကရုဏာ၊ ဒုက္ခိတသတ္တဝါကို အာရုံပြုသောကြောင့် ထိုသတ္တဝါတို့အပေါ်၌ ဖြန့်အပ်သောတရားတည်း။][ပုဒ်ပြီးပုံမှာ ရှေ့အတိုင်းသာ။]
တစ်နည်း။ ။ကိဏာတိ-ညှင်းဆဲတတ်, ဖျတ်ဆီးတတ်၏၊ ပရဒုက္ခေ-သူတစ်ပါးဆင်းရဲခြင်းသည်၊ သတိ-သော်၊ ကာရုဏိကံ-သနားခြင်းရှိသူကို၊ ဟိံသတိ ဝိဗာဓတိ-ညှင်းဆဲနှိပ်စက်တတ်၏၊ တိနာသေတိ ဝါ ပရဿဒုက္ခံ-တစ်နည်း သူတစ်ပါးဒုက္ခကို ဖျက်ဆီးတတ်၏၊ ဣတိ အတ္ထော-ဤကား ကိဏာတိ၏ အနက်၊ ကရုဏာသည် ကရုဏာရှင်ကိုလည်း(စိတ်မချမ်းမသာ ဖြစ်လာအောင်) ညှင်းဆဲတတ်, သူတစ်ပါးဒုက္ခကိုလည်း (ကယ်ဆယ်သောအားဖြင့်) ဖျက်ဆီးတတ်သည်-ဟူလို၊ ဤအလို-ကိဓာတ်, ယုကို အနပြု၊ ရ်လာ၊ ကိ၏ ဣကို အ-ပြု။
တစ်နည်း။ ။ပရဒုက္ခေ သတိ, သာဓူနံ-ကရုဏာရှင် သူတော်စဥ်တို့၏၊ ကမ္ပနံ-စိတ်နှလုံး၏ တုန်လှုပ်ခြင်းကို၊ ဟဒယခေဒံ-စိတ်နှလုံး၏ ပင်ပန်းခြင်းကို၊ ကရောတိ ဣတိကရုဏာ၊ ကရုဏာရှင် သူတော်စဥ်များသည် သူတစ်ပါး ဒုက္ခရောက်နေသည်ကို မြင်လျှင်ကရုဏာအရင်းခံလျက် စိတ်မချမ်းသာမှုဖြစ်တတ်၏၊ ထိုစိတ်မချမ်းသာမှုကို ကရုဏာကပြုရာရောက်သည် ဟူလို။[ကရဓာတ်, ယုပစ္စည်းဖြင့် "ကရုဏာ"ဟု ပြီးရသည်။]
တစ်နည်း။ ။ကံ(သုခံ)-ချမ်းသာကို+ရုန္ဓတိ-ပိတ်ဆို့တတ်၏၊ ဣတိ "က+ရုန္ဓဏာ"ဟု ဖြစ်သင့်လျက် နိရုတ္တိနည်းအားဖြင့်(န္ဓ)ချေ၍ "ကရုဏာ"ဟု ပြီးသည်၊ ကရုဏာသည် သူတစ်ပါးဒုက္ခကို ပယ်ရှားလိုခြင်း လက္ခဏာရှိ၏၊ သူတစ်ပါးဒုက္ခကို ပယ်လိုလျှင် မိမိ၏ သုခကို(အနည်းဖြစ်စေ, အများဖြစ်စေ) စွန့်လွှတ်ရမြဲဖြစ်သောကြောင့် ကရုဏာသည် သုခကိုပိတ်ဆို့တတ်သည်-ဟူလို။
နိယုတ္တတဒ္ဓိတ်။ ။ကရုဏာယ-၌၊ နိယုတ္တော-ယှဥ်သော ပုဂ္ဂိုလ်တည်း၊ ကာရုဏီကော-ပုဂ္ဂိုလ်၊ "ဒွါရေ+နိယုတ္တော" အရဒေါဝါရိကမည်သော တံခါးစောင့်သည် တံခါးအရပ်မှတစ်ပါး အခြားအရပ်သို့ လှည့်ပတ်သွားလာခိုက်၌လည်း (သူ၏ အသက်မွေးမှုက တံခါးနှင့် ဆက်သွယ်နေသောကြောင့်) "ဒေါဝါရိကဟူသော နာမည် မပျက်သကဲ့သို့ ထို့အတူ ဘုရားရှင်သည် ကရုဏာမှတစ်ပါး မေတ္တာစသည်၌ ဖြစ်ပါသော်လည်း အရင်းခံ ကရုဏာဓာတ် မပြတ်ရှိနေသောကြောင့် "ကရုဏိက"ဟူသော နာမည်တော် မပျက်တော့ပေ။
တစ်နည်း-အဿတ္ထိ။ ။ကရုဏာ(သနားခြင်း) သီလံ ယဿာတိ ကာရုဏိကော၊ ဆွမ်းခံလေ့ရှိသောကြောင့် ဘိက္ခုအမည်ရသူသည် ဆွမ်းမခံခိုက်မှာလည်း ဘိက္ခုအမည်ရမြဲရသကဲ့သို, ထို့အတူ သတ္တဝါတို့ အပေါ်၌ သနားလေ့ရှိသောကြောင့် ကာရုဏိကအမည်ရသော ဘုရားရှင်သည် မေတ္တာစသည်ဖြစ်ခိုက်လည်း "ကာရုဏိက" အမည်တော် ရမြဲ ရသည်သာ၊ ဤနည်းများ၌ မဟာကို ကရုဏာတရား၌ မစပ်ဘဲ ကာရုဏိကပုဂ္ဂိုလ်၌ စပ်၍ "မဟန္တော+ကာရုဏိကော မဟာကာရုဏိကော-မြတ်သော ကာရုဏိကပုဂ္ဂိုလ်"ဟု မှတ်၊ မဟာဝေယျာ ကရဏိကော (မြတ်သော ဗျာကရုဏ်းကျမ်းတတ်ပုဂ္ဂိုလ်) ကဲ့သို့တည်း။ [မဟာကို ကာရုဏိက၌ စပ်သောနည်း ၂မျိုးတွင် ပဌမနည်းကိုသာ နိဿယ၌ ပေးထားသည်။]
မဟာကို ကရုဏာ၌ စပ်သောနည်း။ ။ မဟတီ-ကြီးကျယ်သော+ကရုဏာ-မဟာကရုဏာ၊ ဘုရားရှင်၏ ကရုဏာတော်သည် သတ္တဝါအားလုံးအပေါ်၌ ပြန့်နှံ့သောကြောင့် ဝိသယ(ပြန့်နှံ့ရာနယ်) ကျယ်ဝန်း၏၊ တစ်ယောက်တစ်ယောက် အပေါ်၌ပင် အလွန်ပြင်းပြတော်မူရကား အနုဘာဝ(သတ္တိ) အားဖြင်းလည်း ကြီးမား၏၊ ထိုကရုဏာတော်ကြောင့် သတ္တဝါတို့၏ အကျိုးကို ပြီးစေရာ၌လည်း လောကီသုခသာ-မက နိဗ္ဗာန်အထိ ပြီးစေနိုင်ရကား အကျိုးကြီးကျယ်မှုကို အကြောင်း ကရုဏာ၌ တင်စား၍ ဖလူပစာရအားဖြင့်လည်း မဟာကရုဏာအမည်ရနိုငပေသည်။ [မဟာဝိသယတာယ, မဟာနုဘာဝတာယ, မဟာဖလ (ဗလ) တာယစ မဟတီ+ကရုဏာ မဟာကရုဏာ။] မဟာကရုဏာယ+နိယုတ္တော မဟာကာရုဏိကော။ [နိဿယ၌ ဤနည်းအတိုင်း ဒုတိယတစ်နည်းပေးထားသည်။]
တစ်နည်း။ ။အခြားသူတို့ ကရုဏာထက် မြင့်မြတ်၍ ပူဇော်အပ်သောကြောင့် မဟီယတေတိ မဟတီ၊ (အန္တပစ္စည်း, ဤပစ္စည်း၊) မဟတီစ+သာ+ကရုဏာစာတိ မဟာကရုဏာ၊ "မဟာကရုဏာ အဿ အတ္ထီတိ မဟာကာရုဏိကော- ချီးမွမ်းပူဇော်အပ်သော ကရုဏာရှိသော"ဟု ပေး။ ဤနည်းကို နိဿယ၌ မပေးပါ။ [အထဝါ မဟတီ ပသတ္ထာ+ကရုဏာ အဿ အတ္ထီတိ မဟာကရုဏိကော၊ ပူဇာဝနော ဟေတ္ထ မဟန္တသဒ္ဒေါ၊ မဟာပုရိသောတိ အာဒီသုဝယ။]
မှတ်ချက်။ ။ကာ၌ ဝုဒ္ဓိရှိသောကြောင့် "ကာရုဏိက"ဟု ပြီးစေပြီးမှ မဟာနှင့်တွသောပဌမနည်းသည် သဒ္ဒါသွားဖြောင့်၏၊ သို့သော် မဟာကာရုဏိကဟူသော ပုဂ္ဂလာဓိဋ္ဌာန်ပါဌ်ဖြင့် ကရုဏာတော်၏ မဟာကရုစာဖြစ်ကြောင်းကို ဆက်သွယ်၍ ပြနေရသောကြောင့် အဓိပ္ပာယ်ကောက်သည်၊ ဘုရားရှင်၏ ကရုဏာတော်ကိုယ်က ကြီးကျယ်သောကြောင့် မဟာကို ကရုဏာနှင့်တွဲပြီးမှ ဏိကပစ္စည်းသက်ရသော နောက်နည်းသည် သုတ်ကြီးဖြင့် ဝုဒ္ဓိပြုရမည်ဖြစ်၍ သဒ္ဒါသွား ထောင့်သော်လည်း အဓိပ္ပါယ်ကား ဖြောင့်လှပေ၏။
နာထော။ ။"နာထောတိ လောကပ္ပဋိဿရဏော"ဋီကာ၊ ဤအဖွင့်အလို နာထသဒ္ဒါသည် သတ္တလောက၏ ကိုးကွယ်ရာ (ဘုရား) ဟူသော အနက်ကို ဟောသော အနိပ္ဖန္နပါဋိပဒိကပုဒ်ဖြစ်၍ ဝဂြိုလ်လုပ်ဖွယ် မလို၊ ဘုရားရှင်သည် သတ္တဝါတို့၏ အကျိုးမဲ့ကို ပယ်ရှာင်း၍ စီးပွားချမ်းသာရေးကို စီစဥ်ပေးတော်မူရာ၌ ကြောင့်ကြစိုက်တော်မူပုံမှာ "မေတ္တာ ကရုဏာကြီးပါပေ့"ဟု ဆိုရသော ဘယ်မိ ဘယ်ဖ ဘယ်ဆရာသမားနှင်မျှ မတူပါပေ၊ ဤသို့ သတ္တဝါတို့အပေါ်မှာ မိဘ ဆရာတို့ထက် သာလွန်၍ ကျေးဇူးပြုပေးတော်မူနိုင်သည့်ပြင်, မနှိုင်းယှဥ်အပ်သော ဂုဏ်တော်တို့နှင့်လည်း ပြည့်စုံတော်မူရကား ကမ္ဘာလောက၏ တစ်ဆူတည်းသော ကိုးကွယ်ရာဖြစ်တော်မူပါပေသည်။
တစ်နည်း။ ။"နာထ-ယာစနောပတာပိဿရိယသီသာသု"ဟု ဓာတ်ကျမ်းရှိရကား "နာထတိ ယာစတီတိ နာထော-ဘိက္ခုတို... သင်တို့ကို တောင်းပန်ပါတယ်၊ မိမိမှာ ရဟန်းဘဝ၌ ဘာများပြည့်စုံနေပြီလဲ"ဟု စဥ်းစား၍ "မပြည့်စုံသေးလျှင် ပြည့်စုံအောင် ကျင့်ကြစမ်းပါ"ဟု တောင်းတောင်းပန်ပန် တိုက်တွန်းတော်မူတတ်သောကြောင့် နာထမည်တော်မူ၏။
တစ်နည်း။ ။နာထတိ ဥပတာပေတီတိ နာထော-ဝေနေယျတို့ သန္တာန်၌ရှိသော ကိလေသာတို့ကို (တရားဟောပြ ဆုံးမတော်မူသောအားဖြင့်) လောင်မြိုက်ပေးတတ်သောကြောင့် နာထမည်တော်မူ၏၊ (တစ်နည်း) နာထတိ ဤသတီတိ နာထော-ဝေနေယျတို့ကို လွှမ်းမိုးအုပ်စိုးနိုင်သောကြောင့် နာထမည်တော်မူ၏၊ (တစ်နည်း) နာထတိ အာသီသတီတိ နာထော-ဝေနေယျတို့၏ စီးပွားချမ်းသာကို မေတ္တာဖြင့် လိုလားတောင့်တတော်မူသောကြောင့် နာထမည်တော်မူ၏၊ ဤသို့ ယာစန, ဥပတာပ, ဣဿရ, အာသီသအနက်တို့ဖြင့်လည်း ဝိဂ္ဂဟပြုကြ၏။ [နာထဓာတ်, အပစ္စည်း။]
ကပ္ပ၊ ပေ၊ ကာလံ။ ။ကပ္ပါနံ+ကောဋိယော-ကပ္ပကောဋိယော၊ ပမေတဗ္ဗံတိ ပမေယျံ၊ ပ ပုဗ္ဗ မာ ဓာတ်သည် နှိုင်းယှဥ်ခြင်း အနက်ဟော၊ ဤ နှိုင်းယှဥ်ခြင်းကိုပင် "ဤရွေ့, ဤမျှ"ဟု ပိုင်းခြားခြင်း-ရေတွက်ခြင်း ဟုဆိုကြသည်၊ မာ ဓာတ်နောင် ဏျ ပစ္စည်းကို ဓာတွန်နှင့်တကွ ဧယျပြု၍ "ပမေယျ" ဟု ဖြစ်၏၊ ထို ဏျပစ္စည်းသည် သက္ကအနက်ကို ထွန်းပြ၏၊ ထို့ကြောင့် "ပမေတုံ+အသက္ကုဏေယျံ"ဟု ဋီကာဖွင့်၏၊ န+ပမေယျံ-အပ္ပမေယျံ၊ ကောဋီဟိပိ၌ ပိသဒ္ဒါသည် အများနောင်ထိုင်သော သမ္ဘာဝနတ္ထနိပါတ်၊ ထိုပိဖြင့် ဂရတ္ထ (ကဲ့ရဲ့အပ်သော) အနည်းအနက်ကို ဆည်းပါ၊ "ထိုကာလကိုကမ္ဘာကုဋေ တို့ဖြင့် သော်မှလည်း နှိုင်းယှဥ် ရေတွက်ခြင်းငှာ မတတ်နိုင်တုံ သေး၏၊ (သမ္ဘာဝနာဖြစ်ပုံ) ၁နှစ် ၂နှစ်စသော နှစ်အရေအတွက်ဖြင့်ကား ဆိုဘွယ်ရာပင်မရှိ" (ဂရဟာကိုဆည်းပုံ)၊ ကမ္ဘာကုဋေချီ၍ တွက်လို့သာမရသည်၊ ကမ္ဘာအသေင်္ချေနှင့်ချီ၍ တွက်လျှင်ကား "၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းရှိသည်"ဟု ဆိုလိုသည်။
[နိယာမ်] ဗဟုပဏီတ, ဝါစက နောက်, ရောက်သည့် သမ္ဘာဝနာ, ပိသဒ္ဒါကား, ဂရဟာကို ပေါင်းဆည်းထွန်းမြဲ။
အတိဒုက္ကရာနိ။ ။ဒုက္ခေန+ကရိယန္တေတိ ဒုက္ကရာနိ၊ အတိဝိယ+ဒုက္ကရာနိ အတိ ဒုက္ကရာနိ၊ ဗုဒ္ဓမြတ်စွာသည် မဟာကရုဏာတော် အစွမ်းကြောင့် သတ္တဝါတို့၏ အကျိုးကို ဆောင်တော်မူလိုလှသဖြင့် လက်တော်အနီး ရောက်နေသော နိဗ္ဗာန်ကိုပင် စွန့်လွှတ်တော်မူကာ သာမန်လူတို့ (တကယ်ပြုဖို့ကို မဆိုထားဘိ) ကြံစည်ရုံမျှ မကြံစည်ဝံ့သော စွန့်ခြင်းကြီး ၅ ပါးစသော ကောင်းမှုပါရမီများကို ဖြည့်ကျင့်တော်မူခဲ့ပေသည်။
ခေဒံဂတော။ ။"ထိုသို့ခဲ့ယဥ်းစွာ ပြုကျင့်အပ်သော ကောင်းမှုတို့ကို ပြုတော်မူခဲ့ခြင်းကြောင့် အဘယ်အရာကို ရတော်မူခဲ့ပါသနည်း"ဟု မေးဖွယ်ရှိ၍ "ခေဒံဂတော-ခန္ဓာကိုယ်၏ ပင်ပန်းခြင်းကို ရတော်မူခဲ့သည်"ဟု မိန့်သည်။ ["ကာယိကံ ခေဒမုပါဂတော၊ ပရိဿမံ (ပင်ပန်းခြင်းသို့) ပတ္တောတိ အတ္ထော"-ဋီကာ။] ဤစကားဖြင့် "ပါရမီဖြည့်တော်မူစဥ်တုန်းက ခန္ဓာကိုယ်သာ ပင်ပန်းတော်မူသည်။ စိတ်တော်ကား မဆင်းရဲပါ"ဟု ပြသည်။ ["သဟိတုံ- သည်းခံခြင်းငှာ၊ အသက္ကုဏေယျံ-မတတ်နိုင်လောက်အောင်၊ ခိဇ္ဇနံ-ပင်ပန်းခြင်း"နှင့်အညီ ဒုက္ခကို "ခေဒ"ဟုခေါ်၏၊ ဒိဝါဒိ ခိဒဓာတ်, ဏပစ္စည်း၊ သာရတ္ထ၌ "ခိဇ္ဇတိ-ပင်ပန်းရ၏"ဟု ကတ္တုသာဓ်ပြု၏။]
လောကဟိတာယ။ ။သံသရာဝဋ်ဒုက္ခ၏ အနှိပ်စက်ဒဏ်ကို ခံနေရှာကြရသော သတ္တဝါအပေါင်းကို ထိုဒုက္ခမှ လွတ်မြောက်စေ၍ နိဗ္ဗာနသုခရဖို့ရှိသည်ကို ပြုတော််မူအံ့ဟုကြံတော်မူကာ သတ္တလောက၏ စီးပွားကို ဆောင်ရွက်ဖို့ရာ+အလွန်ခဲယဥ်းသော စွန့်ခြင်းကြီးငါးပါးစသော ကောင်းမှုပါရမီတို့ကို ပြုတော်မူသည်။ ထို့ကြောင့် လောကဟိတာယကို ကရောန္တော၌ တဒတ္ထသမ္ပဒါန်အဖြစ်ဖြင့်စပ်၊ တစ်နည်း-ခေဒံဂတော၌စပ်၍ "လောက၏စီးပွားကို ပြုခြင်းငှာ (ပြုလို၍) ဆင်းရဲခံတော်မူခဲ့ရသည်" ဟူလို။ [လောကပုဒ်၏ ဝစနတ္ထကို လောကဝိဒူအဖွင့်ကျမှ ပြအံ့။]
နမောတဿ။ ။နမောယောဂသမ္ပဒါဖြစ်၍ "တဿနာထဿ-အား"ဟု ပေး၊ "အတ္ထုတိ ပါဌသေသော"ဟု ဋီကာတို့ဆိုသောကြောင့် အတ္ထုထည့်သည်၊ "ငါ၏ ရှိခိုးခြင်းသည် (အခြားသူအား မဖြစ်စေဘံ) ထို မြတ်စွာဘုရားအား ဖြစ်ပါစေ၊ မဟာကာရုဏိက နာထဂုဏ် တို့နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကိုသာ ရှိခိုးပါသည်"ဟူလို။ [ဘုရားရှေ့တော်၌ လျှောက်ထားနေခြင်း မဟုတ်သောကြောင့် "မေ-ငါ၏"ဟု ပေးသည်၊ "ရှင်ဗုဒ္ဓဃောသတည်းဟူသော ငါ၏" ဟူလို။]

ဗုဒ္ဓနိသေဝိတံ၊ ဘုရားရှင်သည်, ကုန်စင်မလတ်, မှီဝဲတော်မူအပ်သော။
ယံ ဓမ္မဝရံ၊ အကြင် မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော တရားတော်မြတ်ကို။
အသမ္ဗုဓံ၊ ကောင်းစွာပိုင်ပိုင်, မသိနိုင်ခြင်းကြောင့်။
ဝါ၊ ကောင်းစွာပိုင်ပိုင်, မသိနိုင်သည်၏ အဖြစ်ကြောင့်။
ဇီဝလောကော၊ သတ္တလောကသည်။
ဘဝါ၊ တစ်ခုသော ဘဝမှ။
ဘဝံ၊ တစ်ခုသော ဘဝသို့။ဓမ္မပ္ပဏာမ။ ။မဟာကရုဏာတော်ဖြင့် ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်အားလုံးကိုချုံးလျက် ဗုဒ္ဓထောမနာပဏာမကို ပြုပြီး၍ ယခုအခါ တရားတော်ကို ထောမနာပဏာမ ပြုလိုသောကြောင့် "အသမ္ဗုဓံ"စသော ဂါထာကိုမိန့်၊ "ဘုရားရှင်သည် အကုန်အစဥ် မပြတ်မှီတဲတော်မူအပ်သော အကြင်တရားတော်မြတ်ကို သတ္တလောကသည် မသိခြင်းကြောင့် တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းသွားနေရ၏၊ ထိုတရားတော်မြတ်အား ရှိခိုးခြင်းဖြစ်ပါစေ"ဟူလို။
ဗုဒ္ဓနိသေဝိတံ။ ။"သဗ္ဗဓမ္မေ အဗုဇ္စျီတိ ဗုဒ္ဓေါ"နှင့် အညီ သိဖွယ်ဟူသမျှကို လုံးဝကုန်စင် သိမြင်တတ်သော သဗ္ဗညုတဉာဏ်တော်နှင့်တကွ ဂုဏ်တော်များစွာတို့၏ တည်ရာဖြစ်၍ သဝါသနာကိလေသာတို့မှ သန့်စင်သော ခန္ဓာတော်အစဥ်သည် "ဗုဒ္ဓ" မည်တော်မူ၏၊ နိသေဝီယတေ (နိရဝသေသံ+သေဝီယတေ)-ဂေါစရဘာဝနာ ၂ဖြာတို့ဖြင့် အကြွင်းမရှိအောင်+မှီဝဲခံစားတော်မူအပ်၏၊ ဣတိ နိသေဝိတော၊ (ဓမ္မော)၊ [နိပုဗ္ဗ+သေဝဓာတ်။] ဗုဒ္ဓေန နိသေဝိတော-ဗုဒ္ဓနိသေဝိတော။
သေဝနာ ၂မျိုး။ ။ဤနိသေဝိတောနှင့်စပ်၍ ဂေါစရသေဝနာ- ဘာဝနာ သေဝနာဟု သေဝနာ ၂ မျိုးကို ဖွင့်ကြ၏၊ ဂေါစရတော- အာရုံပြုသောအားဖြင့်+သေဝနာ-မှီဝဲခြင်းတည်း၊ ဂေါစရသေဝနာ၊ ဘာဝနာယ- မိမိသန္တာန်၌ ဖြစ်စေခြင်း တိုးပွားစေခြင်းအားဖြင့်+သေဝနာ ဘာဝနာသေဝနာ၊ နိဗ္ဗာန်, မဂ်, ဖိုလ်, ဓမ္မက္ခန္ဓာ (ပရိယတ်)ဟု တရား ၄ မျိုးခွဲခြားရာ၏ ထိုတွင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လည်းကောင်း, ပစ္စဝေက္ခဏာဉာဏ်ဖြင့်လည်းကောင်း, အဘိညာဥ်ဉာဏ်ဖြင့်လည်းကောာင်း အားရုံပြုအပ်သော နိဗ္ဗာန်ကို ဂေါစရသေဝနာဖြင့် မှီဝဲအပ်၏၊ ဘုရားရှင်၏ သန္တာန်၌ ဖြစ်စေသော မဂ်ဖိုလ်တရားတို့ကို ဘာဝနာသေဝနာဖြင့် မှီဝဲအပ်၏၊ [ဘာဝနာ-မိမိသန္တာန်၌ ဖြစ်စေခြင်း၊] သူတစ်ပါးသန္တာန်၌ဖြစ်သော မဂ်ဖိုလ်တို့ကို စေတောပရိယ(ပရစိတ္တဝိဇာနန) ဉာဏ်ဖြင့် အာရုံပြုအပ်ရကား ဂေါစရသေဝနာဖြင့် မှီဝဲအပ်၏၊ ပရိယတ္တိဓမ္မကို ဒေသနာဉာဏ်ဖြင့်လည်းကောင်း, သုံးသပ်ဆင်ခြင်သော သမ္မသနဉာဏ်ဖြင့်လည်းကောင်း အာရုံပြုအပ်ရကား ဂေါစရသေဝနာဖြင့် မှီဝဲအပ်၏။
ဥက္ကဋ္ဌနည်း။ ။ပစ္စေကဗုဒ္ဓနှင့် သာတကတို့လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို အာရုံပြုနိုင် မိမိတို့သန္တာန်၌ ဖြစ်စေနိုင်ရကား ထိုသေဝနာ ၂ မျိုးဖြင့် မှီဝဲအပ်သည်သာ၊ သို့ရာတွင် မှီဝဲသူတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ်ကို ပိုင်းခြားသော ဥက္ကဋ္ဌပရိစ္ဆေဒနည်းအားဖြင့် "ဗုဒ္ဓနိသေဝိတံ"ဟု မိန့်တော်မူသည်။ [ကိဉ္စာပိ မဂ္ဂဖလနိဗ္ဗာနာနိ ပစ္စေကဗုဒ္ဓ ဗုဒ္ဓသာဝကေဟိပိ နိသေဝိတန္တိဝုတ္တံ၊-သာရတ္ထ။ .....ဝဇိရဗုဒ္ဓိ၌ကား "ဗုဒ္ဓနိသေဝိတံ"၌ ဗုဒ္ဓအရ ဗုဒ္ဓ, အနုဗုဒ္ဓမည်သော သာဝက, ပစ္စေကဗုဒ္ဓတို့ကိုပါ ဧကသေသနည်း သာမညနိဒ္ဒေသနည်းအားဖြင့် ယူလေသည်။] (တစ်နည်း) ဘဝါဘဝံ၊ ငယ်သော ဘဝ, ကြီးသော ဘဝသို့။ ဂစ္ဆတိ၊ သွားရ၏။

အဝိဇ္ဇာဒိကိလေသဇာလဝိဒ္ဓံသိနော၊ အဝိဇ္ဇာ အစရှိသော ကိလေသာပိုက်ကွန်ကို ဖျက်ဆီးလေ့ ရှိတော်မူသော။
တဿ ဓမ္မဝရဿ၊ မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော ထိုတရားတော်မြတ်အားလည်း။
(မေ၊ ငါ၏။)
နမော၊ သည်။
အတ္ထု၊ တည်း။**အသမ္ဗုဓံ**။ ။[န+သမ္ဗုဓံ၊ သမ္ဗုဓံ၌ သံပုဗ္ဗ ဗုဓဓာတ်-အန္တပစ္စည်း၊ န္တကို အံပြု။] ထိုအန္တပစ္စည်းလည်း "ပဌန္တော၊ ရွတ်ဖတ်လိုခြင်းကြောင့်၊ နိသီဒတိ-နေ၏"၌ ကဲ့သို့ ဟိတ်အနက်ကိုဟော၏၊ "အပ္ပဋိဝိဇ္စျနတော"ဟု ဖွင့်သောကြောင့် ဘောအနက်ဟောဟုယူကြ၏၊ [အသမ္ဗုဓန္တိ ပုဗ္ဗကာလကြိယာနိဒ္ဒေသော (ဂစ္ဆတိ၏ ပုဗ္ဗကာလကြိယာကို ညွန်ပြသောသဒ္ဒါ)၊ တဿ အသမ္ဗုဇ္စျန္တော အပ္ပဋိဝိဇ္စျန္တောတိ အတ္ထော၊ ယထာသဘာဝံ အပ္ပဋိဝိဇ္စျနတောတိ ဝုတ္တံ ဟောတိ၊ ဟေတုအတ္ထော ဟေတ္ထ အန္တသဒ္ဒေါ၊ ပဌန္တော နိသီဒတီတိ အာဒီသုဝိယ။]
ဘာဝပ္ပဓာန။ ။ဘာဝပုဒ်မပါဘဲ ဘာဝပုဒ်၏ အနက်ကို ယူရသောပုဒ်များ၌ ဘာဝပ္ပဓာနနည်းဟုဆို၏၊ "ဒဿေန္တော-ပြလိုသည်၏ အဖြစ်ကြောင့်"ဟု အနက်ပေးရာ၌ ပြလိုသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ (ပြလိုခြင်း) အလိုဆန္ဒကို အရကောက်ရသကဲ့သို့ ဤအသမ္ဗုဓံ၌လည်း (ဘာဝပ္ပဓာနနည်းဖြင့်) မသိသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ (မသိခြင်း)ကို အရကောင်လျှင် "အပ္ပဋိဝိဇ္စျနတော" အဖွင့်နှင့် အဓိပ္ပာယ် ထပ်မိ၏၊ ထို့ကြောင်း နိဿယ၌ အနက် ၂ မျိုးပေးထားသည်၊ ဤဘာဝပ္ပဓာနကြံသော နည်း၌ အန္တပစ္စည်းလည်း ဟိတ်အနက်နှင့်တကွ ကတ္တား ဟောသာတည်း။
ဘဝါဘဝံ။ ။ဤပုဒ်ကို"ပဉ္စမျန္တ ဘဝါတစ်ပုဒ်, ဒုတီယန္တဘဝံတစ်ပုဒ်"ဟု ၂ ပုဒ်ကြံ၍ "ဘဝတော ဘဝန္တိ အတ္ထော"ဟု လည်းကောင်း, ဒွန်သမာသ် တစ်ပုဒ်တည်းဟု ကြံ၍ "ဒုဂ္ဂတိ သုဂတိဝသေန, ဟီနပဏီတဝသေနစ ခုဒ္ဒကံ မဟန္တဉ္စ ဘဝန္တိ အတ္ထော"ဟုလည်းကောင်း ဋီကာဖွင့်၏၊ သမာသ်ကြံသောနည်၌ ဘဝ+အဘဝဟု ပုဒ်ဖြတ်၍ အသဒ္ဒါသည် ဝုဒ္ဓိ(တိုးပွားခြင်း) အနက်ဟောဟု ကြံ၊ အသေက္ခာဓမ္မာ၌ အသဒ္ဒါသည် သေက္ခအဆင့်မှ တိုးတတ် ကြီးပွားသော အရဟတ္တဖိုလ်တရားကို ဟောသကဲ့သို့တည်း၊ အဘဝပုဒ်က ဘဝအကြီးစားကို ဟောလျှင် တွဲဘက်ဘဝပုဒ်က (ပါရိသေသနည်းအားဖြင့်) အဘဝပုဒ်က ဘဝအသေးစားကို ဟောရတော့၏၊ ထို့ကြောာင့် "ခုဒ္ဒကံ မဟန္တဉ္စ"ဟု ဖွင့်သည်။
ဒွန်သမာသ်။ ။ဘဝေါစ-သေးငယ်သော ဒုဂ္ဂတိဘဝလည်း၊ ဝါ-အထက်အထက်ကိုထောက်၍ အောက်ကျသေးငယ်သော ဘဝလည်း၊ (နတ်ဘဝထောက်လျှင် လူ့ဘဝသည်သေးငယ်၏, စသည်) အဘဝေါစ-ကြီးမားသော သုဂတိဘဝလည်း၊ ဝါ- အောက်အောက်ဘဝထောက်၍ အထက်အထက် ကြီးကျယ်သော ဘဝလည်း၊ ဘဝါဘဝေါ- ငယ်သောဘဝကြီးသောဘဝ။ [သမာဟာရဒွန်အချို့၌ ပုလ္လိန်ကိုလည်း အလိုရှိကြ၏၊ ထို့ကြောင့် "ဘဝါဘဝေါ"ဟု ပုလ္လိန်ဖြင့် ဋီကာဖွင့်သည်။]
တစ်နည်း။ ။ဘူဓာတ်သည် ဝုဒ္ဓိအနက်ကိုလည်း ဟော၏၊ ထို့ကြောင့် "ဘဝနံ ဝဍ္ဎနံ- တိုးပွားခြင်း၊ ဘဝေါ- ခြင်း၊ န+ဘဝေါ အဘဝေါ- တိုးပွားခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ဆုတ်ယုတ်ခြင်း"ဟု ကြံ၍ "ဘဝေါတိ ဝုဒ္ဓိ, အဘဝေါတိ ဟာနိ"ဟု ဖွင့်၏၊ "ဘဝတိ-အမြဲထင်ရှားရှိ၏၊ ဣတိ ဘဝေါ" ဤသို့ ဝိဂ္ဂဟပြု၍ အမြဲဖြစ်သော အရာရ၏၊ "အမြဲဖြစ်၏"ဟု ယူသော သဿတဒိဋ္ဌိကား (အကြောင်းအာရုံ၏ အမည်ကို တင်စားသော) ကာရဏူပစာရအားဖြင့် ဘဝမည်၏၊ "န+ဘဝေါ အဘဝေါ"ဟု ပြု၍ သဿတဒိဋ္ဌိ၏ ဆန့်ကျင်ဘက် ဥစ္ဆေဒဒိဋ္ဌိကို အဘဝဟုလည်းကောင်း, တစ်နည်းဖွင့်သေး၏၊ ဤအလို "ဘဝါဘဝံ-တိုးပွားခြင်းဆုတ်ယုတ်ခြင်းသို့၊ ဝါ-သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိသို့"ဟု အနက်ပေး။
ဇီဝလောကော။ ။လောကအရ သတ္တု, သြကာသ, သင်္ခါရဟု လောက ၃ မျိုးနှင့် ဆိုင်နေသောကြောင့်"ဇီဝ"ဟု ဝိသေသန ကူမသည်၊ ထိုဇီဝသဒ္ဒါဖြင့် သြကာသ-သင်္ခါရ ၂ ပါးကို တားမြစ်၏၊ ဇီဝတိ-အသက်ရှင်တတ်၏၊ ဝါ-အသက်ရှိ၏၊ ဣတိ ဇီဝေါ၊ ဇီဝေါစ+သော+လောကောစာတိ ဇီဝလောကော။ ["ဇီဝလောကောတိသတ္တလောကော၊ ဇီဝဂ္ဂဟဏေန ဟိ သင်္ခါရဘာဇနလောကံ (သင်္ခါရနှင့် တည်ရာသြကာသ လောကကို) နိဝတ္တေတိ"- ဋီကာ။]
အဝိဇ္ဇာဒိ၊ ပေ၊ ဝိဒ္ဓံသိနော။ ။" အဝိန္ဒိယံ- မရေထိုက်သော ကာယဒုစရိုက်စသည်ကို+ဝန္ဒတိ-ရတတ်(ရအောင်ပြုတတ်)၏၊ ဣတိ အဝိဇ္ဇာ၊ ဝိန္ဒိယံ- ရထိုက်သောသုစရိတ်ကို+နဝိန္ဒတိ-မရတတ်၊ ဣတိ အဝိဇ္ဇာ၊ အဝိဒိတံ-ခန္ဓာစသည်တို့၏ အနက်သဘောကို မထင်ရှားအောင်၊ ကရောတိ- ပြုတတ်၏၊ ဣတိ အဝိဇ္ဇာ၊ ဤအားလုံးကားပဋိစ္စသမုပ္ပါဒဝိဘင်္ဂဋ္ဌကထာမှ ဋီကာယူထားသော စကားတည်း၊ အားလုံး ဝိဂြိုလ်စစ်မဟုတ်, ဝိဂြိုပြချည်း ဖြစ်၏။
**ဝိဂြိုလ်စစ်**။ ။"ဝိန္ဒတီတိ ဝိဇ္ဇာ၊ ဝိဒတီတိ ဝိဇ္ဇာ"ဟု ပြုပြီးမှ "န+ဝိဇ္ဇာ-အဝိဇ္ဇာ၊ ဝိဇ္ဇာ၏ ဆန့်ကျင်ဘက်"ဟု ဝိဂြိုလ်စစ်ပြု၊ "ဝိန္ဒတိ-မရသင့်သော ဒုစရိုက်ကို မရဘဲ ရသင့်သော သုစရိုက်ကို ရတတ်၏၊ ဝိဒတိ-ခန္ဓာ စသည်တို့၏ အနက်သဘောကို သိတတ်၏"ဟု အနက်ပေး၊ [သိ-ဆိုသည်ကား သိအပ်သော သဘောတရားအဖြစ်ကို ပြုခြင်းတည်း၊ ထို့ကြောင့် "ဝိဒိတံ ကရောတိ"ဟု ဖွင့်ပါ။]
ထို့ပြင်- အန္တဝိရဟိတေ(အစပိုင်းအခြားမှ ကင်းသော သံသရာ၌)၊ ဇဝါပေတိ- သတ္တဝါတို့ကို မရပ်မနား လျင်စွာသွားစေတတ်၏၊ ဣတိ အဝိဇ္ဇာ၊ ဤ၌ "အန္တဝိရဟိတဇဝါ"ဟု ဆိုလိုလျက် "အ-ဝိ-ဇာ"တို့ကိုသာ ယူ၍ ကျန်သမျှကို ဝဏ္ဏနာသနိရုတ္တိနည်းဖြင့် ချေ, ဒွေဘော်လာလျှင် အဝိဇ္ဇာဟုပြီး၏၊ "အဝိဇ္ဖမာနေသု- ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာစသည်တို့၌+န ဇဝတိ - မဖြစ်တတ်"ဟု ပြောင်းပြန် အနက်ယူ၊) ဣတိ အဝိဇ္ဇာ၊ "အဝိဇ္ဇမာနဇဝါ"ဟု ဆိုလိုလျက် ရှေးနည်းအတိုင်း"အဝိ-ဇာ"ကိုယူ, ကုန်သမျှချေ၍ အဝိဇ္ဇာဟုပြီး၏၊။ [ဝိဘင်းမူလဋီကာကိုမှီးသည်။]
အဝိဇ္ဇာဒိ၊ ပေ၊ ဝိဒ္ဓံသီ**။ ။ အဝိဇ္ဇာ+အာဒိ ယေသံ (အကြင် တဏှာစသောကိလေသာတို့၏) ဣတိ အဝိဇ္ဇာဒယော၊ ကိလိဿန္တိ ဧတေဟီတိကိလေသာ-သတ္တဝါတို့၏ ပူလောင်ကြောင်း ညစ်နွမ်းကြောင်းတရားကို။ [ဒိဝါဒိကိလိသဓာတ်, အပစ္စည်း၊] အဝိဇ္ဇာဒယော စ+တေ+ကိလေသာစာတိ အဝိဇ္ဇာဒိကိလေသာ၊ ဇာလယတိ အစ္ဆာဒေတိ(ဖုံးအုပ်၏) ဧတေနာတိ ဇာလံ- ငါးတို့ကို ဖုံးအုပ်ကြောင်း ပိုက်ကွန်၊ စုရာဒိ ဇလဓာတ်, အစ္ဆာဒန အနက်ဟော၊ ဏပစ္စည်း၊ (သက္ကတ၌ ပုလ္လိန်ဟု ရှိသောလည်း ပါဠိ၌ နပုလ္လိန်သုံးကြ၏၊) ဤ၌ သဒိသူပစာရအားဖြင့် ကိလေသာကို ဇာလဟုခေါ်၊ အဝိဇ္ဇာဒိ ကိလေသာဧဝ+ဇာလံ အဝိဇ္ဇာဒိကိလေသဇာလံ၊ ဝိဒ္ဓံသတိ သီလေနာတိ ဝိဒ္ဓံသီ၊ (ဝိပုဗ္ဗ ဓံသုဓာတ်, ဏီ ပစ္စည်း၊) အဝိဇ္ဇာဒိကိလေသဇာလံ+ဝိဒ္ဓံသီ အဝိဇ္ဇာဒိ ကိလေသဇာလဝိဒ္ဓံသီ။
ဖျက်ဆီးပုံ။ ။မဂ်တရားသည် ကိလေသာတို့ကို တိုက်ရိုက်ဖျက်ဆီး၏၊ မဂ်က ဖျက်ဆီးရာ၌ နိဗ္ဗာန်ကို အာရုံပြု၍ ဖျက်ဆီးရသောကြောင့် အဝိနာဘာဝ နည်းဖြင့် နိဗ္ဗာန်ကလည်း ဖျက်ဆီးရာရောက်၏၊ အကျိုးအာရမဏီက မဂ်၏ ဝိဒ္ဓံသနသတ္တိကို အကြောင်းအာရုံပေါ်တင်စားသော ဖလူပစာရလည်းသင့်၏၊ မဂ်၏ဝိဒ္ဓံသနကိစ္စသည် ဖိုလ်ကျမှပြီး၏၊ ထို့ကြောင့် ဖိုလ်လည်း ကိလေသာကို ဖျက်ဆီးရာရောက်၏၊ အကြောင်းမဂ်၏ ဝိဒ္ဓံသနသတ္တိကို အကျိုးဖိုလ်၌ တင်စားသော ကာရဏူပစာရလည်း သင့်၏၊ ပရိယတ် တရားတော်ကား ကိလေသာကို ဖျက်ဆီးခြင်း၏ အကြောင်းအရင်း ဖြစ်သောကြောင့် ကိလေသဝိဒ္ဓံသီ ဟုပင် မည်ထိုက်၏၊ ဤ၌လည်းအကျိုးမဂ်၏ သတ္တိကို အကြောင်းရင်းပရိယတ်၌ တင်စားသော ဖလူပစာရလည်းသင့်၏။
ဓမ္မဝရဿ။ ။ယထာနုသိဋ္ဌံ-ဆုံးမတော်မူအပ်သည့်အတိုင်း၊ ပတိပဇ္ဇမာနေ-ကျင့်သူတို့ကို၊ အပါယေသု- အပါယ် ၄ ပါးတို့၌၊ အပတမာနေ-မကျသည်တို့ကို၊ (ကတွာ- ၍၊) ဓာရေတိ- ဆောင်ထားတတ်၏၊ ဣတိ ဓမ္မော၊ "အပါယ်မကျအောင်ဆောင်"ဟူရာ၌ အောက်ဆုံး သောတာပတ္တိမဂ်တရားကို ရည်ရွယ်သည်၊ တရား ၄ မျိုးတွင် မဂ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် အပါယ်ရောက်ကြောင်း ကိလေသာကိုပယ်သောကြောင့် မဂ်နှင့် နိဗ္ဗာန်သည် အပါယ်မကျအောင် မုချဆောင်၏၊ ဖိုလ်လည်း ပဋိပဿဒ္ဓိပဟာန သတ္တိဖြင့် ထိုကိလေသာကို ငြိမ်းစေတတ်သောကြောင့်၎င်း, ပရိယာယ်အားဖြင့် အပါယ်မကျအောင် ဆောင်သည်မည်၏၊ [ပရိယာယ်ဟူရာ၌ ပြခဲ့သည့်အတိုင်း ကာရဏူပစာ-ဖလူပစာကြံ။] "ဓမ္မောစ+သော +ဝရောစာတိ ဓမ္မဝရော- မိမိထက် အမြတ်မရှိ၍ အမြတ်ဆုံးတရားတော"ဟူလို။

ယော အရိယသံဃော၊ အကြင်အရိယာသံဃာတော်သည်။
သီလသမာဓိပညာ ဝိမုတ္တိဉာဏပ္ပဘူတီဟိ၊ သီလ, သမာဓိ, ပညာ, အရဟတ္တဖိုလ်, ပစ္စဝေက္ခဏာဉာဏ် အစရှိကုန်သော။
ဂုဏေဟိ၊ လောကီလောကုတ္တရာဂုဏ်တို့နှင့်။
ယုတ္တော၊ ယှဥ်တော်မူ၏။
ကုသလတ္ထိကာနံ၊ ကုသိုလ်ဖြင့် အလိုရှိကုန်သော။
ဝါ၊ ကုသိုလ်ဖြင့် အကျိုးရှိကုန်သော။
ဝါ၊ ကုသိုလ်ကို အလိုရှိကုန်သော။
ဇနာနံ၊ သတ္တဝါတို့၏။
ခေတ္တံ၊ လယ်ယာမြေကောင်းဖြစ်တော်မူသော။
တံ အရိယသံဃံ၊ ထိုအရိယာသံဃာတော်ကိုလည်း။
(အဟံ၊ သည်။)
သိရသာ၊ ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့်။
နမာမိ၊ ကိုင်းညွတ်ရိုကြိုး ရှိခိုးပါ၏။သံဃပ္ပဏာမ။ ။တရားတော်ကို ထောမနာပဏာမ ပြုပြီး၍ ယခုအခါ၌ သံဃာတော်ကို ထောမနာပဏာမပြုတော်မူလိုသောကြောင့် "ဂုဏေဟိယော"စသော ဂါထာကိုမိန့်၊ "သီလစသော လောကီလောကုတ္တရာဂုဏ်တော်တို့နှင့် ပြည့်စုံ၍ ကုသိုလ်လိုလားသူတို့၏ လယ်ယာမြေကောင်းဖြစ်တော်မူသော အရိယာသံဃာတော်ကိုလည်း ရှိခိုးပါ၏"ဟူလို။
သီလ၊ ပေ၊ ပဘုတီဟိ။ ။စတုပါရိသုဒ္ဓိစသော သီလ,စျာန်တည်းဟူသော သမာဓိ (သမာဓိကို ခေါင်းတပ်၍ စျာန်တရားကိုပင် ပြသည်၊), မဂ်ပညာ, ဖိုလ် (ဝိမုတ္တိဖြင့် ကိလေသာတို့မှလွတ်သော ဖိုလ်ကိုပြသည်၊), ထိုဝိမုတ္တိကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ် ("ဝိမုတ္တိ-ဝိမုတ္တိညာဏ"ဟု ဆိုလိုလျက် ဂါထာဖြစ်၍ ဧကဒေသ သရူပေကသေသ နည်းအားဖြင့် ဝိမုတ္တိ တခုကို ချေထားသည်၊) ပဘုတိ သဒ္ဒါသည် အာဒိ၏ ပရိယာယ်ဖြစ်သော နိပါတ်ပုဒ်တည်း၊ ထို ပဘုတိဖြင့် ပဋိသမ္ဘိဒါ-အဘိညာဥ်တို့ကိုယူ။
သာရတ္ထ။ ။စတုပါရိသုဒ္ဓိသီလာဒိ သီလန္တိ ဝုစ္စတိ၊ သမာဓီတိ ပဌမဇ္စျာနာဒိ၊ သမာဓိသီသေန ဟိ ပဌမဇ္စျာနာဒယော ဝုတ္တာ၊ ပညာတိ မဂ္ဂပညာ၊ ဝိမုတ္တိစ+ ဝိမုတ္တိ ညာဏဉ္စ ဝိမုတ္တိဝိမုတ္တိညာစန္တိ ဝတ္တဗ္ဗေ ဧကဒေသသရူပေကသေသနယေန ဝိမုတ္တ ညာဏန္တိ ဝုတ္တံ၊ တတ္ထ ဝိမုတ္တီတိ ဖလံ၊ ဝိမုတ္တညာဏန္တိ ပစ္စဝေက္ခဏညာဏံ၊ ပဘုတိသဒ္ဒေန ဆဠဘိညာစတုပဋိသမ္ဘိဒါဒယော ဂုဏာ သင်္ဂဟိတာတိ ဒဋ္ဌဗ္ဗာ၊ ဧတ္ထစ သီလာဒယော ဂုဏာ လောကိယာ လောကုတ္တရာစ ယထာသမ္ဘဝံ နိဒ္ဒိဋ္ဌာတိ ဝေဒိတဗ္ဗာ။
ဂုဏေဟိ။ ။သီလ-ဟူသည် ဝိရတိစေတနာတို့တည်း၊ ထိုတရားတို့သည် မဟာကုသိုလ်၌၎င်း မဂ်ဖိုလ်တို့၌၎င်း ယှဥ်ရကား လောကီသီလ လောကုတ္တရာသီလ ၂ မျိုးလုံးကို သီလ ဟု ယူ၊ စျာန်လည်း လောကီစျာန် လောကုတ္တရာစျန် ၂ မျိုးတည်း၊ မဂ်ဖိုလ်တို့ကား လောကုတ္တရာသက်သက်၊ ပစ္စဝေက္ခဏာဉာဏ်နှင့် ပဋိသမ္ဘိဒါဉာဏ်တို့ကား လောကီသာ၊ အဘိညာဥ်မှာ လောကီ လောကုတ္တရာတည်း။
**ကုသလတ္ထိကာနံ**။ ။အတ္ထိကာ၌ အတ္ထဓာတ်သည် ယာစ (လိုလားတောင့်တခြင်း)အနက်ကို ဟော၏၊ အတ္ထသဒ္ဒါနှင့် ယှဥ်ရာဝယ် ရူပသိဒ္ဓိ၌ တတိယာ ဝိဘတ်သက်၍ "ဓနေန+အတ္ထော၊ ဥစ္စာဖြင့်လိုလားသူ"ဟု လာ၏၊ ထို့ကြောင့် "ကုသလေန+အတ္တော ကုသလတ္တေထာ၊ ကုသလတ္ထော ယေသံ အတ္ထီတိ ကုသလတ္ထိကာ= ကုသိုလ်ဖြင့် လိုလားခြင်းရှိသူတို့ (ကုသိုလ်ဖြင့် အလိုရှိသူတို့)" ဟုပြု၊ ယောဇနာ၌ အတ္ထကို ပယောဇန(အကျိုး)အနက်ယူ၍ "ကုသိုလ်ဖြင့် အကျိုးရှိသူတို့"ဟု ဆို၏၊ ပဌမပါရာဇိက အဖွင့်၌ကား "ပဋိပက္ခံ, အတ္ထယန္တိ ဣစ္ဆန္တီတိ ပစ္စတ္ထိကာ"ဟု တွေ့ရ၏၊ ထိုအလို "အတ္ထယန္တီတိ အတ္ထိကာ၊ (ဏွုကိုအကပြု၍, အကိုဣပြု)၊ ကုသလံ+အတ္ထိကာ-ကုသလတ္ထိကာ= ကုသိုလ်ကို အလိုရှိသူတို့"ဟု ပြု။
ရှေးနိယာမ်။ ။နိယာမ်ဆရာတို့ကား "အတ္ထိက၏ယှဥ်ရာဝယ် ဒုတိယာသက်လျှင် "အတ္ထ"ဟူသော အန္တတ္ထတွင်စပ်၊ တတိယာသက်လျှင် အတ္ထဟူသော အန္တတ္ထနှင့် ဏိက၏ အနက်ဖြစ်သော ဗာဟျတ္ထ ၂ ပါးလုံး၌ စပ်"ဟု ဆို၏။ ["အတ္ထိက အယှဥ်, ရှေ့ပုဒ်စဥ်မှာ, ဒုတိယာဝိဘတ်, သက်တုံလတ်က, အန္တတ်တွင်သာ, စပ်လေပါ၊ .... တတိယာကား, ၂ ပါး အန္တတ်-စပ်ဗာဟျတ်"- နိယာမ်။] ဤသို့ ဆိုကြသော်လည်း တတိယာသည် အတ္တသဒ္ဒါနှင့် ယှဥ်သောကြောင့် သက်ရခြင်းဖြစ်ရကာ "ကုသလေန+အတ္ထော"ဟု သမာသ်တွဲပြီးမှ ဏိကသက်ရမည်ဖြစ်၍ ကုသလေနကို ဏိက၌ စပ်ခွင့်ပင်မရှိချေ၊ နိယာမ်တချို့ကား "တတိယာကို ကံအနက်၌သက်"ဟု ဆိုသေး၏၊ "ပဋိပက္ခံ+အတ္ထယန္တိ"ဟု ဒုတိယာ တိုက်ရိုက်သက်ထားသော အဋ္ဌကထာ ရှိပြီးဖြစ်ရကား ထိုစကားလည်း အပိုပင်။
**ခေတ္တံ**။ ။ခိပီတေ-ကြဲချအပ်၏၊ ဣတိ ခိတ္တံ၊ ကြဲချအပ်သော မျိုးစေ့ [ခိပ-တ] ခိတ္တံ-ကြဲချအပ်သော မျိုးစေ့ကို+တာယတိ-စောင့်ရှောက်တတ်သော လယ်, ယာ။ [ခိတ္တသဒ္ဒူပ ပဒ, တာဓာတ်, အ။] ဤကား- "ခိတ္တံ ဗီဇံ မဟပ္ဖလဘာဝကရဏေန တာယတီတိ ခေတ္တံ"ဟူသော ဋီကာနှင့်အညီတည်း၊ ဤနည်း၌ ခိ ၏ ဣ ကို ဧပြုမှု, တ-တလုံးချေမှုကို သုတ်ကြီးဖြင့်ပြု၊ ဏွာဒိမောဂ္ဂလ္လာန် ၈၂ သုတ်၌မူ "ခိပီယတိ ဧတ္ထာတိ ခေတ္တံ-မျိုးစေ့ကို ကြဲချအပ်ရာ လယ်ယာ"ဟု ပြု၏၊ အရိယသံဃာတော်ကား ထိုလယ်ကဲ့သို့ ကုသိုလ် ကောင်းမှု မျိုးစေ့စုကို အကျိုးများအောင် စောင့်ရှောက်တတ်သောကြောင့် သဒိသူပစာရအားဖြင့် "ခေတ္တံ"ဟု (နပုလ္လိန်အမည် မပျက်) ရသည်။
မှန်၏-ဥပစာမတင်ဘဲ "ခေတ္တံ ဝိယ"ဟု ဥပမာတဒ္ဓိတ်လုပ်လျှင် "တဒ္ဓိတာ ဘိဓေယျလိင်္ဂါ"နှင့် အညီ အဘိဓေယျလိန်လိုက်၍ "ခေတ္တော"ဟု ချရလိမ့်မည်၊ ခေတ္တောဟု မရှိဘဲ ခေတ္တံ ဟု ချည်းရှိရကား ဤဂါထာ၌၎င်း "အနုတ္တရံ ပုညက္ခေတ္တံ လောကဿ"၌၎င်း "တံသဒိသတ္တာ အရိယသံဃောပိ ခေတ္တန္တိ ဝုစ္စတိ"ဟု သဒိသူပစာရ အဖြစ်ဖြင့် ဋီကာတို့ဖွင့်ကြသည်၊ ယောဇနာ၌ "ခေတ္တံ ဝိယာတိ ခေတ္တံ"ဟု ဥပမာတဒ္ဓိတ်ပြုသည်ကိုဆင်ခြင်။
**အရိယသံဃံ**။ ။ကိလေသေဟိ အာရကာတိ အရိယာ၊ ကိလေသာတို့မှ ဝေးကွာသော ပုဂ္ဂိုလ်တို့၊ နိရုတ္တိ နည်းဖြင့် အာကို ရဿပြု, ရ၏ အကိုဣ, ကကို ယပြု၍ "အရိယာ"ဟု ပြီးသည်၊ တနည်း-"အယေ+ဣရိယန္တီတိ အရိယာ= ကြီးပွားကြောင်း အကျင့်၌+ဖြစ်တတ်ကုန်သောကြောင့် အရိယာတို့မည်၏၊ အယသဒ္ဒူပပဒ ဣရိယဓာတ်, အပစ္စည်း၊ "အယိရိယ"ဟု ပြီးမှ နိရုတ္တိနည်းဖြင့် ရနှင့် ယ ရှေ့နောက်ပြန်၊ ဣယကိုချေ၍ "အရိယ"ဟု ဖြစ်သည်၊ အရိယာနံ+သံဃော (အပေါင်းတည်း) - အရိယသံဃော၊ (တနည်း) ဒိဋ္ဌိသီလသာမညေန- မဂ်ဒိဋ္ဌိ မဂ်သီလတို့၏ တူမျှကုန်သည်၏ အဖြစ်ဖြင့်+သံဟညတေ-ပေါင်းစပ်အပ်၏၊ ဣတိ သံဃော၊ [သံပုဗ္ဗ+ဟနဓာတ်, ရ ပစ္စည်း။] အရိယောစ+သော+သံဃောစာတိ အရိယသံဃော၊နိဿယ၌ ပိသဒ္ဒါ အကြေကြံ၍ "အရိယာသံဃာတော်ကိုလည်း"ဟု ပေးထား၏၊ ထိုကြေသောပိဖြင့် ဘုရား-တရားကို ပေါင်းသည်၊ ဓမ္မတုန်းကလည်း ပိ အကျေကြံ၍ ဘုရားကိုပေါင်းပါ။
သိရသာ နမာမိ။ ။ဗုဒ္ဓ- ဓမ္မပဏာမတို့၌ "နမော"ဟု ဆို၍ ဤသံဃပဏာမကျမှ ဘာကြောင့် "သိရသာ နမာမိ"ဟု ဆိုရသနည်း၊ အဖြေကား-ဘုရားရင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက်၌ ဘုရားအကြောင်း တရားအကြောင်းတို့ကို ကောင်းကောင်းသိရခြင်းသည် သံဃာ့ရတနာနှင့် ဆက်စပ်နေ၏၊ (သံဃာတော် ရှိသေးသောကြောင့်သာ ဘုရားတရားအကြောင်းကို သိရ၏၊) ဤသို့ သံဃာ့ရတနာ၏ ကျေးဇူးများကြောင်းကို ပြလို၍ ဤသံဃပဏာမကျမှ "သိရသာ" ထည့်၍ဆိုသည်၊ [ဘဂဝတော အပရဘာဂေ ဗုဒ္ဓဓမ္မရတနာနံပိ သမဓိဂမော သံဃရတနာ ဓိနောတိ အရိယသံဃဿ ဗဟူပကာရတံ ဒဿေတုံ ဣဓေဝ သိရသာ န မာမိတိ ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ၊ - ဋီကာ။] ဤသို့ ဖွင့်သော်လည်း ကျမ်းဆရာ ကိုယ်တိုင်ကမူ ထိုသို့ ရည်ရွယ်ဟန်မတူပါ၊ ဂါထာဖြစ်၍ သင့်တော်သလို စီကုံးထားဟန်တူပါသည်။

**ပယောဇဥ်**။ ။ဣစ္စေဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။
အစ္စန္တံ၊ စင်စစ်၊
ဝါ၊ အပိုင်းအခြားကိုလွန်၍။
နမဿနီယံ၊ ရှိခိုးသင့်ရှိခိုးထိုက်သော။
ရတနက္ကယံ၊ ရတနာ ၃ ပါးအပေါင်းကို။
နမဿမာနော၊ ရှိခိုးသော။
(အဟံ၊ ငါသည်။)
ဝိပုလံ၊ ပြန့်ပြောများပြားသော။
ယံ ပုညာဘိသန္ဒံ၊ အကြင်ကောင်းမူတည်းဟူသော မြစ်ရေအယဥ်ကို။
အလံတ္ထံ၊ ရပေပြီ။
တဿ ပုညာဘိသန္ဒဿ၊ ၏။
အာနုဘာဝေန၊ အစွမ်းသတ္တိဖြင့်။
ဝါ၊ ကြောင့်။
ဟကန္တရာယော၊ ပယ်ဖျောက်အပ်ပြီးသော အန္တရာယ်ရှိသည်။
(ဟုတွာ၊ ဖြစ်၍။)
ဝဏ္ဏယိဿံ၊ ၌စပ်။ပယောဇဥ်။ ။ရတနတ္တယ ပဏာမကိုပြုပြီး၍ ထို ပဏာမစေတနာကို မိမိရည်ရွယ်အပ်သော အကျိုး၌ ညွတ်စေလို (ထိုအကျိုးကို ပေးစေလို) သောကြောင့် "ဣစ္စေဝံ"စသော ပါဌ်ကိုမိန့်၊ ပဘောဇီယတေ- မိမိအလိုရှိအပ်သော အရာ၌ ယှဥ်ကပ်သုံးစွဲအပ်၏၊ ဣတိ ပယောဇနံ၊ အန္တရာယ်ကင်းခြင်းဟူသော ဒိဋ္ဌဓမ္မအကျိုးသည်ပင် (မိမိအလိုရှိအပ်သော ကျမ်းပြီးဘို့အရေး၌) ယှဥ်ကပ်သုံးစွဲအပ်သောကြောင့် ပယောဇနပြ၏၊ "ဣစ္စေဝံ၊ ပေ၊ အလတ္ထံ"ဖြင့်ကား အကြောင်းပဏာမ စေတနာ၏ ကြီးကျယ်များပြားပုံကို ပြသည်။
ဣစ္စေဝံ။ ။ဣတိ+ဧဝံ နိပါတ် ၂ ခုအပေါင်းသည် ဆိုအပ်ပြီးသော ပဏာမ ၃ ဂါထာဖြင့်ပြအပ်သောအနက်ကို ညွှန်ပြသော နိဒဿနတ္ထတည်း၊ ထိုကြောင့် ဋီကာ၌ "ယထာဝုတ္တနယေန"ဟု ဖွင့်သည်၊ ဣစ္စေဝံကို နမဿမာနော၌ နိဒဿန+နိဒဿနဝန္တစပ်၊ [ဝဇိရဗုဒ္ဓိ၌ "ဣတိသည် (ရတနာ ၃ ပါးပူဇော်ခြင်း-ဟူသော အစီအရင်၏) ပရိသမတ္တ (ပြီးဆုံးခြင်း) အနက်ရှိ၏၊ ဧဝံကား ဆိုအပ်ပြီးသော အစီအရင်ကို ညွှန်ပြခြင်း နိဒဿန အနက်ရှိ၏"ဟု ဆို၏၊ ထိုအလို "ဣစ္စေဝံ- ဤပြီးဆုံးပြီးသော ရတနာ ၃ ပါးကို ရှိခိုးပူဇော်ခြင်းဟူသော အစီအရင်ဖြင့်"ဟု အနက်ပေး။]
အစ္စန္တံ နမဿနီယံ။ ။အတိ+အန္တံ- အပိုင်းအခြားကို+လွန်၍၊ နမဿိတဗ္ဗံတိ နမဿနီယံ- ရှိခိုးသင့်ရှိခိုးထိုက်သော၊ "မည်သည့် အချိန်အခါ၌သာ ရှိခိုးထိုက်၏"ဟု အပိုင်းအခြားမထားဘဲ အမြဲရှိခိုးနေခြင်းငှာ ထိုက်တန်သော ရတနာ ၃ ပါး ဟူလို၊ ဤကား သဒ္ဒတ္ထ၊ အစ္စန္တံကို "ဧကန္တေန"ဟူသော အဖွင့်နှင့် "စင်စစ်"ဟူသော မြန်မာနက်များကာ အဓိပ္ပါယတ္ထသာ။
မှတ်ချက်။ ။သီဟိုဠ်မူ၌ နမဿဓာတ်, အနီယပစ္စည်းဖြင့် "နမဿနီယံ"ဟု ရှိ၏၊ "မနဿိတဗ္ဗ"ဟု အနီယ၏ ပရိယာယ် တဗ္ဗပစ္စည်းဖြင့် ဖွင့်သော သာရတ္ထလည်း အနီယပစ္စည်းဖြင့်ကြောင်းကိုပင် ပြ၏၊ နမဿာရဟံ- ဟု ဖွင့်သော ဝဇီရကား အနီယပစ္စည်း၏ အရဟတ္ထကိုပြ၏၊ ဤသို့သဒ္ဒါအနက်ရှင်းနေပါလျက် "နမဿနေယျံ"ပါဌ်ကို အတည်ပြု၍ "နမဿနံ+အရဟတီတိ နမဿနေယျံ"ဟု ကြံကြခြင်းမှာ သက်သက် အပိုသာတည်း၊ မှန်၏- အရဟတိအနက်၌ ဏေယှသက်လျှင် "နာမဿ နေယျံ"ဟု နာ၌ ဝုဒ္ဓိရောက်မှ စည်းကမ်းကျ၏၊ ထိုဝုဒ္ဓိကား မရှိ၊ ထို့ပြင်- အနီယပစ္စည်း တချက်တည်းဖြင့် သဒ္ဒါအနက် ပြီးစီးပါလျက် "နမသီယတေ နမဿနံ"ဟု ဘာဝသာဓန ကိတ်ပြီးနောက်မှ တဒ္ဓိတ်ဆက်ရခြင်းကား အချိန်ကုန်လူပင်ပန်း၍ စည်းကမ်းပျက်ရုံသာ။
ရတနတ္တယံ။ ။ရတိံ-မွေ့လျော်ခြင်းကို+ဇနေတိ-ဖြစ်စေတတ်၏၊ ဣတိရတနံ၊ ("ရတိ+ဇနန"ဟု ဖြစ်သင့်လျက် နိရုတ္တိနည်းဖြင့် တိ၏ ဣကို(အ)ပြု၊ ဇနပုဒ်ကိုချေ၍) ရတနံဟု ဖြစ်သည်၊ ဘုရားကို အာရုံပြုနေရလျှင်လည်း ဤနည်းပင်။ ["ယသ္မိံမဟာနာမ ... သမယေ အရိသသာဝကော ထထာဂတံ အနုဿရတိ၊ ပေ၊ လဘတိ ဓမ္မူပသဉှိတံ ပါမောဇ္ဇံ- တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကိုရ၏" စသော ပါဠိတော်ကား သာဓကတည်း။] တိဏ္ဏံ သမူဟော-တယံ၊ ရတနာနံ+ တယံ-ရတနတ္တယံ။
အခြားအနက်များ။ ။ရတန သဒ္ဒါသည် ပြခဲ့သော ဝိဂြိုလ်ဝါကျနက်အပြင် "အလေးပြုအပ်"ဟူသော အနက်, "အဘိုးများစွာထိုက်တန်"ဟူသော အနက်, "အတူမရှိ"ဟူသော အနက်, "အလွန်တွေ့မြင်ရခဲ"ဟူသောအနက်, "အထက်တန်းပုဂ္ဂိုလ်၏ အသုံးအဆောင်"ဟူသော အနက်, ဤအနက်များကိုလည်း ဟောနိုင်၏၊ ထိုသို့ဟောရာ၌ ဓာတ်ပစ္စည်းခွဲ၍ ဝိဂ္ဂဟ မပြုရသော အနိပ္ပန္နပါဋိပဒိကပုဒ်ဟုမှတ်။
စိတ္တီကတံ မဟဂ္ဃဉ္စ, အတုလံ ဒုလ္လဘ ဒဿနံ၊ အနောမသတ္တပရိဘောဂံ, ရတနံ တေန ဝုစ္စတိ။
ပုညာဘိသန္ဒံ။ ။အဘိသန္ဒတိ- တသွင်သွင် စီးတတ်၏၊ ဣတိ အဘိသန္တော- တသွင်သွင် စီးတတ်သော မြစ်ရေအယဥ်တည်း၊ ဤနေရာ၌ မြစ်ရေအယဥ် ကဲ့သို့ ဆက်ကာ ဆက်ကာ ဖြစ်၍လာသော ကောင်းမှုကုသိုလ် တို့ကို သဒိသူပစာရ အားဖြင့် "အဘိသန္ဒ"ဟု ခေါ။ ["အဝိစ္ဆေဒေန ပဝတ္တမာနံ ဟိ ပုညံ အဘိသန္ဒနဋ္ဌေန ပုညာဘိ သန္ဒောတိ ဝုစ္စတိ"- ဋီကာ။] အတ္တနော သန္တာနံ- မိမိကိန်းရာ စိတ်အစဥ်ကို၊ ပုနာတိ- စင်ကြယ်စေတတ်၏၊ ဣတိ ပုညံ။ [သက္ကတ၌ ပူဓာတ် ဍအနုဗန်ရှိသော ဥဏျပစ္စည်းဖြင့် "ပုဏျ"ဟု ရှိ၏၊ ပါဠိ၌ "ပူဓာတ်" ဥညပစ္စည်းဖြင့်ပြီး၏။] ပုညံစ+တံ+အဘိသန္ဒောစာတိ ပုညာဘိသန္ဒော။
ဝိပုလံ အလတ္ထံ။ ။ထို ပုညာဘိသန္ဒသည် ဗုဒ္ဓပ္ပဏာမ ပြုခိုက်၌ပင် မရေမတွက်နိုင်အောင် ဇောဝီထိအကြိမ်များစွာဖြစ်၍ ခန္ဓာအစဥ်၌ (ကမ္မပစ္စယသတ္တိဖြင့်) ပါဝင်နေရကား မြစ်ရေအယဥ်ကို ဥပစာတင်၍ ပြောရလောက်အောင်များ၏၊ ဓမ္မပ္ပဏာမ- သံဃပ္ပဏာမ ပြုခိုက်၌လည်း ဤနည်းပင်၊ ထို့ကြောင့် "ဝိပုလံ"ဟု မိန့်သည်။ ["ဝိပုဗ္ဗ+ပုလဓာတ်, ဝိတ္ထာရေ (ချဲ့ထွင်ခြင်း, ကျယ်ပျံ့ခြင်း၌) ကပစ္စည်း"ဟု ထောမနိဓိရှိ၏၊ က်အနုဗန်ချေ၊ ဝိပေါလတိ- ကျယ်ပျံ့များပြား၏၊ ဣတိ ဝိပုလံ။] လဘဓာတ်နောင် ဣံဝိဘတ်ကို တ္ထံပြု၍ "အလတ္ထံ"ဟု ဖြစ်၏, အမှယောဂဖြစ်၍ "နမဿမာနော (အဟံ)"ဟု ထည့်သည်။
**အာနုဘာဝေန**။ ။အာနုဘာဝသဒ္ဒါသည် တေဇ (တန်ခိုး), ဥဿာဟ (အားထုတ်ခြင်း), မန္တာ (သိခြင်း), ပဘူ (အစိုးရသူ), သတ္တိ (အစွမ်း)ဟု ၅ နက်ရှိ၏၊ ထိုတွင် ဤနေရာ၌ သတ္တိအနက်ကိုဟော၏၊ ထို့ကြောင့် "အာနုဘာဝေန- တန်ခိုးရှိန်စော် အာနုဘော်"ဟု ပေးရိုးရှိသော်လည်း မပေးဘဲ "အစွမ်းသတ္တိ"ဟု ပေးသည်၊ ထိုသတ္တိဟူသည်လည်း ကမ္မပစ္စယသတ္တိပင်တည်း၊ ["တေဇော ဥဿာဟ မန္တာစ, ပဘူသတ္တီတိ ပဉ္စိမေ၊ အာနုဘာဝေါတိ ဝုစ္စန္တိ, ပဘာဝေါတိစ တေဝဒေ"တိ ဝုတ္တေသု ဟိ အတ္ထေသု ဣဓ သတ္တိယံ ဝတ္တိယံ ဝတ္တတိ။ (သီလက္ခန် ဋီကာသစ်)] အနု (ပုနပ္ပုနံ) တံ သမဂိံ ဘာဝေတိ ဝဍ္ဎေတီတိ အနုဘာဝေါ၊ အနုဘာဝေါယေဝ (သွတ္ထ၌ ဏပစ္စည်းသက်၍) အာနုဘာဝေါ၊ မိမိကိန်းရာဖြစ်သော ခန္ဓာအစဥ်ကို အဖန်ဖန် တိုးတတ်ကြီးပွားစေတတ်သော သတ္တိ။
ချဲဦးအံ့။ ။ရတနတ္တယပဏာမစေတနာ ဟူသောကောင်းမှု၌ ထိုကဲ့သို့ သတ္တိထူးရှိ၏၊ ထိုသတ္တိသည် မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ဇနကသတ္တိ မဟုတ်သော်လည်း ရှေးကံကို၊ (အားသေးနေလျှင်) ထောက်ပံ့အားပေးနိုင်သော (အားရှိနေပြန်လျှင်)ထပ်မံတိုးပွားအောင် ကူညီနိုင်သော ဥပတ္ထမ္ဘကသတ္တိတည်း၊ ထိုသတ္တိသည် အန္တရာယ်ကို တိုက်ရိုက်ဖျက်ဆီးရာ၌ (ဖျက်ဆီးခြင်း ကြိယာနှင့် သဟစရဏဖြစ်သော) ကရဏ ကာရကလည်း ဟုတ်၏၊ အန္တရာယ်မဖြစ်အောင် ကာကွယ်ရာ၌ (အန္တရာယ်မဖြစ်ခြင်း၏ အကြောင်းမျှသာဖြစ်၍) ဟိတ်လည်း ဟုတ်၏၊ ထို့ကြောင့် "အစွမ်းသတ္တိဖြင့်၊ ဝါ-ကြောင့်၊"ဟု ၂ နက်ပေးသည်။ ["သာစ သုဝိဟတန္တရာယတာယ (၏) ကရဏံ ဟေတုဝါသမ္ဘဝတိ"- သီလက္ခန် ဋီကာသစ်။]
ဟတန္တရာယော။ ။အဟညီ-ဖျက်ဆီးအပ်ပြီ၊ ဣတိ ဟတော၊ အန္တရေ+ဧတီတိ အန္တရာယော၊ အန္တရသဒ္ဒူပပဒ ဣ (ဧ, အယ) ဓာတ်, အပစ္စည်း၊ ရှေးကုသိုလ်ကံကြောင့် ဖြစ်နေသော ရုပ်နာမ် (ခန္ဓာ) အစဥ်သည် ကောင်းမွန်ပြည့်စုံသော သမ္ပတ္တိအစဥ် ဖြစ်၏၊ ထို အစဥ်၏ အကြား၌ ရှေးအကုသိုလ်ကံကြောင့်ဖြစ်စေ, ယခုဘဝ အကုသိုလ်ကံကြောင့်ဖြစ်စေ, ရောဂါဖြစ်ခြင်း စိတ်ဆင်းရဲစရာနှင့် တွေ့ကြုံရခြင်းသည် အနတ္ထ (မကောင်းကျိုး) မည်း၏၊ ထိုမကောင်းကျိုးများကို "အန္တရာယ"ဟုခေါ်သည်၊ "အန္တရေ- ရှေးကုသိုလ်ကံကြောင့် သမ္ပတ္တိဖြစ်နေသော ခန္ဓာအစဥ်၏ အလယ်အကြား၌+ဧတိ- ဖြစ်ပေါ်လာတတ်၏"ဟု ပေး။ [ဟတော+အန္တရာယော အဿ (၏၊ ဝါ- သည်၊) ဣတိ ဟတန္တရာယော။ (ဋီကာ ဝဂ္ဂဟ)]
အန္တရာယ်ဖျက်ပုံ။ ။ကျမ်းပြုပုဂ္ဂိုလ်၏ ရတနာ ၃ ပါးအပေါ်၌ ယုံကြည်(ကြည်ညို) ခြင်းဟူသော ပသာဒကုသိုလ်၏ သမ္ပတ္တိဖြစ်ခြင်း, [ပညာ ဝီရိယ သတိ သမာဓိတို့ဖြင့် ပြည့်စုံ လုံလောက်နေခြင်းကို သမ္ပတ္တိဖြစ်ခြင်းဟု ဆိုသည်။] ရတနာ ၃ ပါးတည်းဟူသော ရှိခိုးရာခေတ်၏ သမ္ပတ္တိဖြစ်ခြင်း, [ကောင်းသော လယ်ယာသည် အပင်အသီးကို ဝေဆာထွားကြိုင်းစေသကဲ့သို့ ရတနာ ၃ ပါးတည်းဟူသော လယ်ယာ၏လည်း စေတနာမျိုးစေ့ကို အကျိုးများစွာ ဖြစ်စေနိုင်လောက်အောာင် ဂုဏ်တော်တို့နှင့် ပြည့်စုံခြင်းကို "သမ္ပတ္တိဖြစ်ခြင်း"ဟု ဆိုလိုသည်။] ဤ သမ္ပတ္တိ ၂ ပါးကြောင့် ပဏာမ စေတနာသည် ရှေးကုသိုလ်ကံကို ထောက်ပံ့သောအားဖြင့်၎င်း, ရှေးအကုသိုလ်ကံ အကျိုးမပေးနိုင်အောင် ကာကွယ်သောအားဖြင့်၎င်း, ထိုအန္တရယ်ကို ဖျက်ဆီးခြင်း၌စွမ်းနိုင်သည်။ [ဧတေန တဿ ပုညပ္ပဝါဟဿ (ကောင်းမှု ရေအယဥ်၏) အတ္တနေ ပသာဒသမ္ပတ္တိယာ ရတနတ္တယဿစ ခေတ္တဘာဝသမ္ပတ္တိယာ အတ္ထဝဏ္ဏနာယ (အဋ္ဌကထာဖွင့်ခြင်း၏) ဥပဃာတကဥပဒ္ဒဝါနံ ဟနနေ သမတ္ထတံ ဒီပေတိ။]

**သံဝဏ္ဏေတဗ္ဗ ထောမနာစသည်**။ ။ယသ္မိံ၊ အကြင် ဝိနည်းပိဋကသည်။
ဌိတေ၊ ပါဠိအနက်, မပျက်စုံညီ, လဇ္ဇီပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်တည်သည်ရှိသော်။
အဋ္ဌိတဿ၊ ကာမသုခလ္လိက အတ္တကိလမထာနုယောဂဟူသော အဖို့ ၂ ပါး၌ တည်တော်မမူသော။
သုသဏ္ဌိတဿ၊ မဇ္စျိမ ပဋိပတ်, အကျင့်မြတ်၌ ကောင်းစွာ တည်တော်မူသော။
ဘဂဝတော၊ ၏။
သာသနံ၊ သိက္ခာသုံးရပ်, သိမ်းကျုံးအပ်သည့်, သာသနာတော်မြတ်သည်။
ပတိဋ္ဌိတံ၊ မြဲမြံခိုင်ခံ တည်တံ့ည်။
ဟောတိ၊ ဖြစ်၏။
တံ ဝိနယံ၊ ထို ဝိနည်းပိဋကကို။
အမိဿံ၊ ဂိုဏ်းတစ်ပါးတို့၏ အဖွင့်သံဝဏ္ဏနာနှင့် မရောမယှက်အောင်။
ပုဗ္ဗာစရိယာနုဘာဝံ၊ ရှေးဆရာတော်, အာနုဘော်ဟု, ခေါ်ဝေါ်ရတောင်း, အဋ္ဌကထာဟောင်းကို။
နိဿယ၊ အားကိုးတစ်ခု, မှီငြမ်းပြု၍။
ဝဏ္ဏယိဿံ၊ ဖွင့်ပြပေအံ့။ထောမနာစသည်။ ။ပဏာမပယောဇဥ်ကိုပြပြီး၍ ယခုအခါ၌ ဖွင့်အပ်လတံ့သော ဝိနည်းပိဋက၏ ဂုဏ်ထူးကိုပြလျက် ချီးမွမ်းထောမနာလိုသောကြောင့် "ယသ္မိံဌိတေ"စသော ပါဌ်ကိုမိန့်၊ "အကြင်ဝိနည်းပိဋက တည်ရှိလသော် သာသနာတော် တည်၏"ဟူလို၊ [ဤဂါထာ၌ "ယသ္မိံ၊ ပေ၊ ပတိဋ္ဌိတံ ဟောတိ သုသဏ္ဌိတဿ"သည် ဖွင့်ပြထိုက်သော သံဝဏ္ဏေတဗ္ဗ ဝိနည်းပိဋကကို (သာသနာတည်ရေး၌ ကြီးလေးသော အကြောင်းဖြစ်၏) ဟု ချိးမွမ်းသောစကားတည်း၊ "တံ ဝဏ္ဏသိဿံ ဝိနယံ" ကား ပဋိညာဥ် စကားတည်း၊ "အမိဿံ" ကား ဖွင့်ပုံ အခြင်းအရာကို အကျဥ်းပြသော ကရဏပ္ပကာရ စကားတည်း၊ "နိဿာယ ပုဗ္ဗာစရိယာနုဘာဝံ"ကား အဋ္ဌကထာသစ်၏ မှီရာနိဿယကို ပြသောစကားတည်း။]
**ယသ္မိံဌိတေ**။ ။"ပါဠိတောစ- ပါဠိတော်အားဖြင့်၎င်း၊ အတ္ထတောစ၊ အဋ္ဌကထာအားဖြင့်၎င်း၊ အနူနံ ကတွာ= မယုတ်မလျော့ (မပျက်မစီး) ဖြစ်၍၊ လဇ္ဇိပုဂ္ဂလေသု- လဇ္ဇိပုဂ္ဂိုလ်တို့သန္တာန်၌၊ ပဝတ္တနဋ္ဌေ- ဖြစ်ခြင်းသဘောအားဖြင့်၊ ဌိတေ- တည်လသော်"ဟု သာရတ္ထဖွင့်၏၊ ဤအဖွင့်ဖြင့် "ဝိနည်း+တည်"ဟူရာ၌ ပါဠိအဋ္ဌကထာ အပြည့်အစုံ တတ်သိနားလည်သောအားဖြင့် လဇ္ဇိပုဂ္ဂိုလ်များ၌ တည်ရှိနေသည်ကို ဆိုလိုကြောင်းပြ၏၊ အစာအုပ် စာပေ ကျောက်ပြားတို့၌ တည်ရှိခြင်းကို၎င်း, အလဇ္ဇိပုဂ္ဂိုလ်တို့ဝိနည်း တတ်သိနားလည်ခြင်းကို၎င်း "ဝိနည်း+တည်ခြင်း"ဟု မဆိုလိုကြောင်းကိုလည်း ဗျတိရေကနည်းအားဖြင့် ပြသည်။
သာသနံ။ ။"အဓိသီလ အဓိစိတ္တ အဓိပညာ သင်္ခါတ သိက္ခတ္တယ သင်္ဂဟိတံ သာသနံ"ဟုဖွင့်၏၊ အဓိသီလ သိက္ခာဖြင့် သိမ်းယူလိုက်လျှင် သီလဆိုင်ရာ ဘုရားအဆုံအမတော်များ အကုန်ပါဝင်လာ၏၊ အဓိစိတ္တသိက္ခာဖြင့် သိမ်းလိုက်လျှင် သမာဓိဆိုင်ရာ စျာန်တရားဟူသော ဘုရားအဆုံးအမတော်များအကုန်ပါဝင်လာ၏၊ အဓိပညာသိက္ခာဖြင့် သိမ်းယူလိုက်လျှင် ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာဟူသော ဘုရားအဆုံအမတော်များအကုန်ပါဝင်လာ၏၊ ထို့ကြောင် "သိက္ခတ္တယသင်္ဂဟိတံ သာသနံ"ဟု ဖွင့်သည်၊ "ဝိနည်းပိဋကတ် တည်လသော် ဤပြခဲ့သော သာသာနာတော် ၃ ရပ်တသည်သည်"ဟူလို။
**မှတ်ချက်**။ ။အမှတ်တမဲ့စဥ်းစားသူတို့သည် "ရဟန်း သာမဏေများကို သာသနာ"ဟု ထင်မှားကြ၏၊ ရဟန်း သာမဏေများသည် သာသနာမဟုတ်၊ ပြခဲ့သောသာသနာတော် ပျောက်ကွယ် မသွားအောင် ထမ်းဆေင်ထားသော "သာသနာ့ဝန်ထမ်း၊ သာသနာ့ဝန်ဆောင်များ"သာတည်း၊ ထိုပုဂ္ဂိုလ်များလည်း ပရိယတ်သာသာနာတော် ကွယ်မသွားအောင် သင်ယူပို့ချ၍, သီလ-သမာဓိ-ပညာ တိုးပွားအောင် ကြိုးစားနေမှသာ သာသနာ့ဝန်ကိုထမ်းဆောင်ရာရောက်၏၊ ထိုသို့မထမ်းဆောင်ပါဘဲ အရေအတွက်များသော်လည်း သီလ-သမာဓိ-ပညာ သာသနာတော်ကား စည်ကားမည်မဟုတ်၊ ထိုသူများအတွက် သူတော်ကောင်းတွေပါ မကောင်းဘက်ပါသွားစရာရှိရကား သာသနာတော်ကို ပစ္စည်း ၄ ပါး ထောက်ပံ့ရာဝယ် သူတို့ကိုပါ ထောက်နေရသဖြင့် တာဝန်ပို၍ လေးနေသောကြောင့် သာသနာ့ဝန်စီးများသာဖြစ်ရုံမက, ထိုသူ့တို့အတွက် သာသနာ မြန်မြန်ကွယ်သွားဘွယ်ပင် ရှိနေလေသည်။
**အဋ္ဌိတဿ**။ ။"ကာမသုခလ္လိကတ္တကိလမထာနုယောဂသင်္ခါတေ အန္တဒွယေ အဋ္ဌိတဿာတိအတ္ထော"- သာရတ္ထ၊ နိဿယ၌ ဤနည်းအတိုင်း အနက်ပေးထား၏၊ အန္တဒွယေ၌ အန္တသဒ္ဒါလည်း ဘာဂ (အဖို့အစု) အနက်ဟော၊ "ဒွေ မေ ဘိက္ခဝေ အန္တာတိ ဒွေ ဣမေ ဘိက္ခဝေ ကောဋ္ဌာသာ၊ ဒွေ ဘာဂါတိ အတ္ထော"-မဟာဝါ, တေရသကဏ်။ [နိဒါန ဝဂ္ဂသံယုတ် အာဟာရဝဂ် ပဉ္စမသုတ်၌ကား အန္တကို လာမကန္တဟု လာမကပုဒ်ထည့်၍ ဖွင့်၏။] လောက၌ အကျင့်သည် "ကာမသုခလ္လိက(ကာမဂုဏ်ခံစားသော)အကျင့်, အတ္တကိလမထ(ခန္ဓာကိုယ်ကို ပင်ပန်းအောင် နှိပ်စက်သော)အကျင့်, မဇ္စျိမပဋိပဒါ (ထို ၂ မျိုး၏အလယ်၌ဖြစ်သောအကျင့်)ဟု ၃ ဖို့ ၃ စုရှိ၏၊ ထိုတွင် ၁၂-အဖို့၌ မတည်သည်ကို "အဋ္ဌိတဿ"ဟု ဆိုသည်၊ "အပတိဋ္ဌံ ခွါဟံ အာဝုသော အနာယူဟံ သြဃမတရိံ၊ ငါသည် ကာမသုခလ္လိကအကျင့်ဖြင့် ရပ်၍လည်း မနေဘဲ, အတ္တကိလမထအကျင့်ဖြင့် အားလည်းမထုတ်ဘဲ သြဃကို(သံသရာရေအယဥ်ကို) ကူးမြောက်တော်မူခဲ့ပြီ။ [ကာမဂုဏ်ခံစားနေခြင်းသည် အလုပ်မလုပ်အားမထုတ်ဘဲ ရပ်နေခြင်းနှင့်တူ၏၊ ရပ်နေလျှင် ဝဲသြဃရေထဲ၌ မြုပ်သွာဖွယ်ရှိ၏၊ ခန္ဓာကိုယ်ပင်ပန်းအောင် အလွန်အားထုတ်ခြင်းကား လှုပ်ရှားနေခြင်းနှင်တူ၏၊ ထိုသို့လှုပ်လျှင်လည်း ရေအယဥ်သြဃ၌ မျောသွားပြန်၏၊ မရပ်မလှုပ်ဘဲ မဇ္စျိမပဋိပဒါဖြင့် သြဃကို ကူးလာခဲ့ လွန်လာခဲ့သည် - ဟူလို။ ... သံယုတ်, ပဌမ သြဃတရဏသုတ်။]
သုသဏ္ဌိတဿ။ ။"ယထာဝုတ္တ ကာမသုခလ္လိကာဒိ အန္တဒွယေ အဋ္ဌိတတ္တာယေဝ(ဆိုအပ်ခဲ့သော အန္တဒွယ၌ မတည်သောကြောင့်ပင်) မဇ္စျိမာယ ပဋိပဒါယ သမ္မာဌိတတ္တာ သုသဏ္ဌိတဿာတ ဧဝမတ္ထော ဂဟေတဗ္ဗော"- ဤဋီကာအတိုင်း နိဿယ၌ အနက်ပေးသည်။ [ဝိနည်းပညတ်တော်သည် မလျော့လွန်း မတင်းလွန်းသော မဇ္စျိမပဋိပဒါတည်း၊ ထို့ကြောင့် မဇ္စျိမပဋိပတ်ပြသော ဝိနည်းအားလျော်စွာ ဘုရားရှင်ကိုလည်း "မဇ္စျိမပဋိပတ်၌ ကောင်းစွာ တည်တော်မူသော"ဟု ထောမနာပြုသည်။]
အသမ္မိဿံ။ ။အဘယဂိရိဝါသီ, ဇေတဝနဝါသီဂိုဏ်းသားတို့၏ အဖွင့်တို့နှင့် ရောယှက် ရှုပ်ထွေးခြင်း မရှိစေဘဲ မဟာဝိဟာရဝါသီ ဂိုဏ်းသား ဖြစ်သော ဆရာအစဥ်အဆက်၏ အဖွင့် သံဝဏ္ဏနာအတိုင်းသာ ဖွင့်ပြမည်- ဟူလို။ [အသမ္မိဿန္တိ- ဘာဝနပုံသက နိဒ္ဒေသော- ကြိယာဝိသေသနဟု ခေါ်သော ဘာဝနပုံသကကို ညွန်ပြသော သဒ္ဒါ၊ နိကာယန္တရလဒ္ဓီဟိ အသမ္မိဿံ ကတွာ အနာကုလံ ကတွာ]
နိဿာယ ပုဗ္ဗာစရိယာနုဘာဝံ။ ။သိက္ခာပုဒ် ပညတ်တော်မူသင့်ရာ အချိန်အခါကိုမျှ အရှင်သာရိပုတြာစသော ပညာရှိကြီးများ မသိနိုင်ရကား ဝိနည်းပိဋကသည် ဗုဒ္ဓရှင်တော်မြတ်၏ အရာတော်သာဖြစ်၏၊ ထိုမျှလောက် မြင့်မြတ်သော ဝိနည်းပိဋကကို "အတ္တနော မတိ(မမိဉာဏ်) အစွမ်းဖြင့် ဖွင့်ပြပေအံ့"ဟု အရှင်မဟာဗုဒ္ဓဃောသထေရ် မိန့်လေသည်၊ အာနုဘာဝသဒ္ဒါသည် အစွမ်းသတ္တိအနက်ကိုဟော၏၊ ထိုဉာဏ်ရည်ဉာဏ်စွမ်းဖြင့် ဖွင့်ပြအပ်သော အဋ္ဌကထာလည်း အကြောင်းဉာဏ်စွမ်း၏ အမည်ကို အကျိုးအဋ္ဌကထာပေါ်၌ တင်စား၍ ကာရဏူပစာရအားဖြင့် "အာနုဘာဝ" မည်၏၊ ထို့ကြေင့် "ပုဗ္ဗာစရိယာနုဘာဝေါနာမ- အတ္ထတော (လိုရင်းအနက်အားဖြင့်) ပုဗ္ဗာစရိယေဟိ သံဝဏ္ဏိတာ အဋ္ဌကထာ" ဟု ဋီကာမိန့်သည်။

**နူနဘာဝနှင့်ဝိသေသပယောဇန**။ ။စ၊ ဆက်ဦးအံ့။
ဉာဏမ္ဗုနိဒ္ဓေါတ မလာသဝေဟိ၊ အရဟတ္တမဂ်ဉာဏ် တည်းဟူသော ရေစင်ဖြင့် အကြွင်းမဲ့ ဆေးအပ်ပြီးသော ရာဂ အစရှိသော အညစ်အကြေး, ကာမာသဝအစရှိသော အာသဝေါရှိတော်မူကြကုန်သော။
ဝါ၊ ရာဂအစရှိသော အညစ်အကြေး, ကာမာသဝ အစရှိသော အာသဝေါတို့ကို အရဟတ္တမဂ်ဉာဏ် တည်းဟူသော ရေစင်ဖြင့် အကြွင်းမဲ့ ဆေးကြောပြီးတော်မူကြကုန်သော။အနူနဘာဝနှင့် ဝိသေသပယောဇန။ ။"နိဿာယ ပုဗ္ဗာစရိယာနုဘာဝံ"အရ ရှေးဆရာတို့၏ အဋ္ဌကထာဟောင်းရှိနေကြောင်းကို သိရ၏၊ ထိုသို့ သိရသဖြင့် "အဋ္ဌကထာဟောင်းရှိနေလျှင် အဋ္ဌကထာသစ်ကို စီရင်ခြင်းဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း"ဟု စောဒနာဖွယ်ရှိပြန်၏၊ ထို့ကြောင့် အဋ္ဌကထာဟောင်း၏ အနူနဘာဝ (မယုတ်မလျော့ တည်ရှိနေကြောင်း)ကို၎င်း, အဋ္ဌကထာသစ်၏ ပယောဇန ဝိသေသ (အကျိုးထူးရှိကြောင်း)ကို၎င်း ပြလိုသောကြောင့် "ကာမဉ္စ၊ ပေ၊ သမာရဘိဿံ၊ ပေ၊ သမနုဿရန္တော"ဟူသော ၄ ဂါထာကို မိန့်သည်၊ မှန်၏ - ထိုဂါထာတို့၌ "ကာမဉ္စ၊ ပေ၊ သမ္ဗုဒ္ဓဝရနွယေဟိ"တို့ဖြင့် ရှေးအဋ္ဌကထာဟောင်း၏ မယုတ်မလျော့ တည်ရှိကြောင်းကိုပြ၏၊ "သံဝဏ္ဏနာ၊ ပေ၊ သမာရဘိဿံ"ဖြင့် ဤအဋ္ဌကထာသစ်၏ အကျိုးထူးရှိကြောင်းကို ပြ၏၊ "အဇ္စျေသနံ၊ ပေ၊ သမနုဿရန္တော"ဖြင့် အဋ္ဌကထာသစ်၏ စီရင်ရန် တောင်းပန်သူ (အဇ္စျေသကပုဂ္ဂိုလ်)ကိုပြသည်။ [အထပေါရာဏဋ္ဌကထာသု ဝိဇ္ဇမာနာသု ပုန ဝိနယသံဝဏ္ဏနာယ ကိံ ပယောဇနံတိ ယောဝဒေယျ၊ တဿ ပေါရာဏဋ္ဌကထာယ အနူနဘာဝံ အတ္တနောစ သံဝဏ္ဏနာယ ပယောဇနံ ဒဿေန္တော ကာမဉ္စာတိ အာဒိမာ၏။]
ကာမဉ္စ။ ။ဤ"ကာမံ" ပုဒ်ကို ယဒိပိ ကိဉ္စာပိပုဒ်တို့ကဲ့သို့ အနုဂ္ဂဟတ္ထ နိပါတ်ဟု ကြံ၍"ကာမံ သံဝဏ္ဏိတော-အကယ်၍ကား ဖွင့်အပ်ပါပေပြီ"ဟု အနက်ပေးလေ့ရှိကြ၏၊ ထိုအနက်သည် "ကာမံ ယဒျပိ သဒ္ဒတ္ထေ"ဟူသော အဘိဓာန်နှင့် လျော်ပေ၏၊ သို့သော် "ကာမန္တိ ဧကန္တေန၊ ယဒိစ္ဆကံဝါ, သဗ္ဗသော (ဖွင့်လိုသမျှ အကုန်စုံအောင်) တိ ဝုတ္တံ ဟောတိ"ဟူသော ဋီကာဖွင့်နှင့်ကား လုံးလုံးမတူတော့ချေ၊ ထို့ကြောင့် ဤနိဿယ၌ ဋီကာဖွင့်အတိုင်းသာ ပေးလိုက်သည်။ [ဧကန္တေနဖြင့် ကာမံကို ဧကံသတ္ထ နိပါတ်ဟုပြ၏၊ ယဒိစ္ဆကံဖြင့် "ကမု-ဣစ္ဆာယံ ဓာတ်, ဏ ပစ္စည်း, ကြိယာဝိသေသနတ္ထ အဝိဘတ်" ဟုပြ၏၊ ကာမေတီတိ ကာမော, "တံ-ကာမံ" ဟု ဝိဘတျန္တခံ။] စသဒ္ဒါလည်း "အဋ္ဌကထာဟောင်းရှိလျှင် အဋ္ဌကထာသစ်ကို စီရင်ခြင်းဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း"ဟု စောဒနာဘွယ်ရှိ၍ "ကာမံ"စသောစကားကို ဆိုရကြောင်းပြသော ဝါကျာရမ္ဘဇောတကတည်း။ [ပြတ်ပြီးစင်းစင်း, စုဒ်ထုတ်လျှင်းမူ, ဖြစ်ခြင်းဝါကျာရမ္ဘပြီ"- နိယာမ်။] ဝိသုဒ္ဓဝိဇ္ဇာ ပဋိသမ္ဘိဒေဟိ၊ အထူးသဖြင့် စင်ကြယ်သော ဝိဇ္ဇာ, ပဋိသမ္ဘိဒါ ရှိတော်မူကြကုန်သော။ သဒ္ဓမ္မ သံဝဏ္ဏနကောဝိဒေဟိ၊ ပရိယတ္တိ သဒ္ဓမ္မကို ဖွင့်ပြခြင်း၌ ကျွမ်းကျင်တော်မူကြကုန်သော။

သလ္လေခိယေ၊ သလ္လေခိယ အကျင့်၌။
ဝါ၊ ပရိက္ခရာတို့ကို နည်းပါးအောင် ခြစ်ပစ်တတ်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းအကျင့်၌။
နောသုလဘူပမေဟိ၊ လွယ်ကူစွာ ရအပ်သော ဥပမာရှိတော်မမူကြကုန်သော။
မဟာဝိဟာရဿ၊ မဟာဝိဟာရဂိုဏ်း၏။
ဓဇူပမေဟိ၊ အလံဥပမာ ရှိတော်မူကြကုန်သော။
ဝါ၊ အလံသဖွယ် ဖြစ်တော်မူကြကုန်သော။ပုဗ္ဗာစရိယာသဘေဟိ။ ။"အဘယ်ပုဂ္ဂိုလ်တို့သည် ထိုအဋ္ဌကထာဟောင်းကို ဖွင့်အပ်ခဲ့ပါသနည်း"ဟု မေးဖွယ်ရှိ၍ ပုဗ္ဗာစရိယာသဘေဟိ-စသည်ကိုမိန့်၊ အာသဘသဒ္ဒါ အကမ္ပိယဋ္ဌ (မတုန်မလှုပ်စေအပ်, မတုန်မလှုပ်စေနိုင်ဟူသော) အနက်နှင့် ဥတ္တမတ္ထကို ဟော၏။ ["ဝိသိဋ္ဌာရိယနာဂေကာသဘဂ္ဂါမောက္ခပုင်္ဂဝါ" ဝိသေသျာဓီနဝဂ် အဘိဓာန်။] ပုဗ္ဗာစရိယာစ+တေ+အာသဘာစာတိ ပုဗ္ဗာစရိယာသဘာ-ပရဝါဒီတို့၏ လှုပ်ချောက်ချားမှုကြောင့် မတုန်လှုပ်တတ်, သီလစသော ဂုဏ်တော်တို့ဖြင့် မြင့်မြတ်သော အရှင်မဟာကဿပစသော ထေရ်များ။
ဉာဏမ္ဗု၊ ပေ၊ ဓဇူပမေဟိ။ ။"ထိုရှေးဆရာမြတ်တို့သည် အဘယ်ဂုဏ်ထူးရှိကြပါသနည်း"ဟု မေးဖွယ်ရှိသောကြောင့် "ဉာဏပ္ဗု၊ ပေ၊ ဓဇူပမေဟိ"ဟု ဝိသေသန (ဂုဏ်) ပုဒ်တို့ကိုပြသည်၊ ဉာဏသင်္ခါတံ+အမ္ဗု ဉာဏမ္ဗု။ [အမ္ဗု, သလိသံ-ရေ။] နိဿေသေန+ဓောတာ-နိဒ္ဓေါတာ၊ ဉာဏမ္ဗုနာ+နိဒ္ဓေါတာ+ဉာဏမ္ဗုနိဒ္ဓေါတာ၊ မလာနိစ (ရာဂ ဒေါသ မောဟ ဟူသော အညစ်အကြေးတို့လည်း)+အာသဝါစ (ကာမစသော အာသဝေါတို့လည်း) မလာသဝါ၊ နိဒ္ဓေါတာ+မလာသဝါ ယေဟီတိ နိဒ္ဓေါတမလာသဝါ၊ ဤစကားဖြင့် ထိုပုဗ္ဗာစရိယတို့၏ ခီဏာသဝ ဖြစ်ကြောင်းကိုပြ၏။
ဝိသုဒ္ဓဝိဇ္ဇာပဋိသမ္ဘိဒေဟိ။ ။ဝိသေသေန+သုဒ္ဓါ ဝိသုဒ္ဓါ၊ ဝိဇ္ဇာစ+ပဋိသမ္ဘိဒါစ ဝိဇ္ဇာပဋိသမ္ဘိဒါယော၊ ဝိသုဒ္ဓါ+ဝိဇ္ဇာပဋိသမ္ဘိဒါယော ယေသံတိ ဝိသုဒ္ဓဝိဇ္ဇာပဋိသမ္ဘိဒါ၊ ဤစကားဖြင့် "သုက္ခဝိပဿက ခီဏာသဝများမဟုတ်ကြ၊ တေဝိဇ္ဇ- ပဋိသမ္ဘိဒါပတ္တ ခီဏာသဝများဖြစ်ကြ၏"ဟု ပြသည်။ ပုဗ္ဗာစရိယာသဘေဟိ၊ အရှင်မဟာကဿပ အစရှိသော ရှေးဆရာမြတ်တို့သည်။ စိတ္တေဟိ၊ ဆန်းကြယ်ကုန်သော။ သမ္ဗုဒ္ဓတရနွယေဟိ၊ ဘုရားမြတ်သို့ အစဥ်လိုက်ကုန်သော။ ဝါ၊ ဘုရားမြတ်၏ အလိုသို့ အစဥ်လိုက်ကုန်သော။ နယေဟိ၊ နည်းတို့ဖြင့်။ အယံ ဝိနယော၊ ဤ ဝိနည်းပါဠိတော်ကို။ ကာမံ၊ စင်စစ်ဧကန်, အမှန်အားဖြင့်။ ဝါ၊ အလိုရှိတိုင်း။ သံဝဏ္ဏိတော၊ ကောင်းစွာဖွင့်ပြအပ်ပါပေပြီ။ [နောက်၌ "ပန"ရှိသောကြောင့် "ဉာဏမ္ဗု ၊ပေ၊ ကာမံ-တိုင်း၊ ကိဉ္စာပိ သံဝဏ္ဏိတော- အကယ်၍ကား ဖွင့်အပ်ပါပေပြီ" ဤသို့ ထပ်၍ပေးပါဦး။]သဒ္ဓမ္မသံဝဏ္ဏနာကောဝိဒေဟိ။ ။ပဋိသမ္ဘိဒါပတ္တ ရဟန္တာများဖြစ်သောကြောင့် ပိဋကတော်၏ အတ္ထဓမ္မနိရုတ္တိတို့၌ ကျွမ်းကျင်ပြီးဖြစ်ရကား "သဒ္ဓမ္မ၊ ပေ၊ ကောတိဒေဟိ"ဟု ဘူတကထနဝိသေသနဂုဏ်ကို ပြပြန်သည်၊ [ဘူတ-ထင်ရှားအောင်+ကထန-ပြောသောဝိသေသန၊ သဒ္ဓမ္မဿ+သံဝဏ္ဏနာ သဒ္ဓမ္မသံဝဏ္ဏနာယံ+ကောဝိဒါ သဒ္ဓမ္မသံဝဏ္ဏနကောဝိဒါ၊ ကဝတီတိ ကော-အသံပြုတတ်သော ဝေဒကျမ်းစာ၊ ဝါ-ပိဋကကျမ်းစာ၊ ကုဓာတ်, အပစ္စည်း၊ ကံ+ဝိဒတီတိ ကောဝိဒေါ- ဝေဒတတ်သိ ပညာရှိ၊ (ဝါ-ပိဋကတတ်သိ ပညာရှိ၊) ထောမနိဓိ၊ ကောဖြစ်အောင် သုတ်ကြီးဖြင့် အကို သြပြု။]
သလ္လေခိယေ ၊ပေ၊ ပမေဟိ။ ။ပရိက္ခာရဗာဟုလ္လံ-သင်္ကန်းစသော ပရိက္ခရာတို့၏ ပေါများကုန်သည်၏ အဖြစ်ကို၊ သလ္လိခတိ-ခြစ်ပစ်သကဲ့သို့ နည်းပါးအောင် ပြုတတ်၏၊ ဣတိ သလ္လေခေါ၊ [သံပုဗ္ဗ+လိခဓာတ်၊ ဏ ပစ္စည်း၊] သင်္ကန်းစသော ပရိက္ခရာကို အပိုအမို အများအပြားမထားဘဲ (ပိုလျှင် စွန့်ကြဲပေးကမ်း လှူဒါန်း၍) မျှတရုံထားသော ပုဂ္ဂိုလ်တည်း၊ သလ္လေခဿ+ဘာဝေါ သလ္လေခိယံ- ပရိက္ခရာ နည်းနည်းပါးပါး သုံးစွဲတတ်သော အပိစ္ဆတာ သန္တုဋ္ဌိတာ စသောဂုဏ်တည်း၊ [ဝိမတိ၌ သလ္လေခအရ အပိစ္ဆတာ စသော ဂုဏ်ကို ယူ၍ "သလ္လေခေန-သလ္လေခအကျင့်ဖြင့်+နိဗ္ဗတ္တံ-ဖြစ်သော ဓုတင်ဆောင်ခြင်းစသော အကျင့်"ဟု ဆိုသည်။] သုလဘာ+ဥပမာ သုလဘူပမာ၊ နတ္ထိ သုလဘူပမာ ယေသံတိ နောသုလဘူပဓာ "ထို အရှင်မဟာကဿပ စသော မထေရ်မြတ်တို့၏ သလ္လေခိယအကျင့်ကို ကျင့်ကြပုံမှာ ယခုအခါ မည်သည့်ပုဂ္ဂိုလ်များ၏ ကျင့်ပုံနှင့် တူသည်"ဟု ဥပမာပြဖို့ မလွယ်ကူပါ - ဟူလို။
မဟာ ၊ပေ၊ ဓဇူပမေဟိ။ ။"မဟာဝိဟာရ"ဟူသည် သီဟိုဠ်ကျွန်းသို့ သာသနာတော် ရောက်စ၌ အရှင်မဟိန္ဒအား သံဃိကလှူအပ်သော မေဃဝန်ဥယျာဥ်၌ တည်ဆောက်အပ်သော ပဌမဆုံးကျောင်းတိုက်တည်း၊ ဤမဟာဝိဟာရဿပါဌ်ဖြင့် ထိုမဟာဝိဟာရ၌ နေလေ့ရှိသော မထေရ်များကို ဌာနူပစာရအားဖြင့်လည်းကောင်း, ထိုထေရ်တို့နှင့် အယူတူသော အခြားကျောင်းတိုက်နေသူတို့ကို ပရမ္ပရူပစာရအားဖြင်းလည်းကောင်း ယူ၍၊ ဤမဟာဝိဟာရဿ ပါဌ်ဖြင့်ပင် အဘယဂိရိဝါသီ ဇေတဝနဝါသီ ဂိုဏ်းသားတို့ကို ကန့်သည်၊ ရထား(ကား) ကို မည်သူစီးလာသည်ဟု မသိလျှင် အလံကို ကြည့်၍ သိရသကဲ့သို့ "မဟာဝိဟာရဝါသီဂိုဏ်းသားတို့သည် ဘယ်လိုပုဂ္ဂိုလ်များ"ဟု မသိလျှင် အစဖြစ်သော အရှင်မဟာကဿပ စသော မထေရ်တို့ကို ကြည့်၍ သိရသည်၊ ထို့ကြောင့် အရှင်မဟာကဿပထေရ်တို့ကိုပင် "ဓဇော+ဥပမာ ယေသံ"ဟူသော ဝိဂ္ဂဟအရ "ဓဇူပမ"ဟုဆိုသည်။

**ပယောဇနဝသေသ**။ ။ပန၊ ထို့သို့ ဖွင့်ပြအပ်ပြီးပါသောလည်း။
ဧသာ သံဝဏ္ဏနာ၊ အဲသည် အဋ္ဌကထာဟောင်းသည်။
သီဟဠဒီပကေန၊ သီဟိုဠ်ကျွန်း၌ဖြစ်သော။
ဝါကျေန၊ စကားဖြင့်။
(တစ်နည်း) သီဟဠဒီပကေန ဝါကျေန၊ သီဟိုဠ်ဘာသာဖြင့်။
သင်္ခတတ္တာ၊ စီရင်အပ်သည်၏အဖြစ်ကြောင့်။
ဒီပန္တရေ၊ သီဟိုဠ်ကျွန်းမှ တစ်ပါးသော ကျွန်း၌။
ဘိက္ခုဇနဿ၊ ရဟန်းအပေါင်း၏။
ကိဉ္စိအတ္ထံ၊ တစ်စုံတစ်ခုသော အကျိုးကို။
ယသ္မာ၊ အကြင့်ကြောင့်။ဝိမတိ။ ။ဝိဟာရသိသေန ဟေတ္ထ တတ္ထဝါသီနဉ္စေဝ တေဟိ သမလဒ္ဓိကာနဉ္စ သဗ္ဗေသံ ဘိက္ခူနံ ဂဟဏံ ဒဋ္ဌဗ္ဗံ၊ တသ္မာ မဟာဝိစာရဝါသီနံ ဒိဋ္ဌိသီလဝိသုဒ္ဓိယာ ပဘတတ္တေန (အစအမွန်၏အဖြစ်ဖြင့်) သညာဏ (အမှတ်အသား) ဘူတတ္တာ ဓမ္မသင်္ဂါဟကာ မဟာကဿပတ္ထေရာဒယော ဓဇူပမာတိ တုတ္တာ။ [သာရတ္ထ၌ တစ်မျိုးဖွင့်သေး၏၊ ရှုလေတော့။]
**သံဝဏ္ဏိတော ၊ပေ၊ နွယေဟိ**။ ။[သံဝဏ္ဏတော+အယံ။]သံသည် သမ္မာအနက်ဟော၊ သမ္မာဟူသည် မယုတ်မလျော့ခြင်း ပြည့်စုံခြင်းတည်း၊ ထို့ကြောင့် "အနူနံ ကတွာ"ဟု သမ္မာကို ထပ်ဆင့်၍ ဋီကာဖွင့်သည်၊ ထိုသို့ဖွင့်ရာ၌ နီတတ္ထနည်း နေယျတ္ထနည်း စသောနည်းမျိုးစုံပါသောကြောင့် "စိတ္တေဟိ နယေဟိ"ဟု လည်းကောင်း, ဘုရားရှင် အလိုတော်ကျဖြစ်သောကြောင့် "သမ္ဗုဒ္ဓဝရနွယေဟိ"ဟုလည်းကောင်း မိန့်သည်။ [အနွယ၊ အနု+အယ၊ သမ္ဗုဒ္ဓဝရံ+အနုအယန္တိ အနုဂစ္ဆန္တီတိ သမ္ဗုဒ္ဓဝရနွယာ-ဘုရားမြတ်၏ အလိုသို့ အစဥ်လိုက်သောနည်းများ၊ ပုဗ္ဗာစရိယာသဘေဟိ၏ ဝိသေသနလုပ်၍ "ဘုရားမြတ်သို့ အစဥ်လိုက်ကုန်သော ရှေးဆရာမြတ်တို့"ဟုလည်း သာရတ္ထ ဖွင့်သေး၏။]
ပယောဇနဝိသေသ။ ။ရှေးအဋ္ဌကထာဟောင်း၏ မယုတ်မလျော့ ဖွင့်ထားကြောင်းကို ပြပြီး၍ မိမိအဋ္ဌကထာသစ်၏ အကျိုးထူးကို ပြလိုသောကြောင့် "သံဝဏ္ဏနာ ၊ပေ၊ သမာရဘိဿံ" ပါဌ်ကို မိန့်၊ ထိုဆိုအပ်ပြီးသော ဂုဏ်နှင့် ပြည့်စုံသော ရှေးဆရာမြတ်တို့ အပြည့်အစုံ ဖွင့်အပ်ပြီးသော အဋ္ဌကထာဟောင်းရှိပါသော်လည်း ထိုအဋ္ဌကထာဟောင်းကို အရှင်မဟိန္ဒ စသောထေရ်များက သီဟိုဠ်ကျွန်းသို့ ဆောင်ယူသောအခါ သီဟိုဠ်ကျွန်းသား ရဟန်းများသည် သီဟိုဠ်ဘာသာဖြင့် ပြင်လိုက်ကြ၏၊ ထိုကြောင့် ထိုသီဟိုဠ်ဘာသာဖြင့်တည်နေသော အဋ္ဌကထာသည် မြန်မာနိုင်ငံကဲ့သို့ အခြားကျွန်း၌နေသော ပုဂ္ဂိုလ်များ၏ အကျိုးတစ်စုံတစ်ခုကိုမျှ မပြီးစေနိုင်၊ ထို့ကြောင့် ဗုဒ္ဓသိရီ၏ တောင်းပန်မှုကို အကြောင်းပြု၍ သီဟိုဠ်ဘာသာမှ ပြောင်းလွှဲ၍ ပါဠိဘာသာဖြင့် အဋ္ဌကထာအသစ် စီရင်ပါမည်-ဟူလို။ န အဘိသမ္ဘုဏာတိ၊ မပြီးစေနိုင်။

တသ္မာ၊ ထို့ကြောင့်။
(အဲသည်အဋ္ဌကထာဟောင်း၏ သီဟိုဠ်ဘာသာဖြင့် စီရင်ထားသည့်အတွက် ကျွန်းတစ်ပါး ရဟန်းအပေါင်း၏ တစ်စုံတစ်ခုသော အကျိုးကို မပြီးစေနိုင်သည်၏ အဖြစ်ကြောင့်)။
ဗုဒ္ဓသိရိဝှယဿ၊ ဗုဒ္ဓသိရီ အမည်ရှိသော။
ထေရဿ၊ ထေရ်၏။
အဇ္စျေသနံ၊ တိုက်တွန်းတောင်းပန်ခြင်းကို။
သမ္မာ၊ ကောင်းစွာ။
သမနုဿရန္တော၊ အစဥ်မပြတ် အမှတ်ရသည်။
ဟုတွာ၊ ဖြစ်၍။
ဣမံ၊ သံဝဏ္ဏနံ-ဤအဋ္ဌကထာသစ်ကို။
ပါဠိနယာနုရူပံ၊ ပါဠိတော်နည်းအား လျော်စွာ။
ဝါ၊ ပါဠိတော်နည်းအား လျော်သောမာဂဓဘာသာဖြင့်။
ဒါနိ၊ ယခုအခါ၌။
သမာရဘိဿံ၊ ကောင်းစွာအားထုတ်ပေအံ့။သံဝဏ္ဏနာ။ ။ဝဏ္ဏဓာတ်သည် ဝိတ္ထာရ-ချဲ့ခြင်း ဖွင့်ခြင်းအနက်ကိုလည်း ဟော၏၊ ထို့ကြောင့် ပါဠိတော်၏ အနက်ကို အကျယ်ချဲ့ပြကြောင်း စကားကို "သံဝဏ္ဏနာ"ဟု ခေါ်၏၊ သံဝဏ္ဏီယတိ အတ္ထော ဧတ္ထ ဧတာယဝါတိ သံဝဏ္ဏနာ၊ ထိုသံဝဏ္ဏနာကိုပင် "အတ္ထော ကထီယတိ ဧတ္ထ ဧတာယဝါတိ အဋ္ဌကထာ"ဟု ခေါ်၏။ [တ္ထကို ဋ္ဌပြု။]
သီဟဠဒီပကေန။ ။သီဟံ-အဘဖြစ်သော ခြင်္သေ့ကို+လာတိ ဂဏှာတိ-ဖမ်းယူတတ်၏၊ ဣတိ သီဟဠော၊ (သီဟသဒ္ဒူပပဒ+လာဓာတ်၊ အပစ္စည်း၊ လကို ဠပြု၊) ဤဝိဂ္ဂဟအရ သီဟဗာဟု မင်းသားသည် သီဟဠမည်၏၊ ထိုမင်း၏ အဆက်အနွယ်ဖြစ်သော ဝိဇယမင်းသားလည်း ကာရဏူပစာရအားဖြင့် သီဟဠမည်၏၊ ထိုမင်းသား၏ နေရာကျွန်းသည် ဌာနျူပစာရအားဖြင့် သီဟဠမည်၏၊ သီဟဠောစ+သော+ဒီပေါစာတိ သီဟဠဒီပေါ၊ သီဟဠဒီပေ+ဇာတံ သီဟဠဒီပကံ။ (ဝါကျံ-ဘာသာစကား)
သင်္ခတတ္တာ။ ။"သင်္ခတတ္တာတိ ရစိတတ္တာ (စိရင်အပ်သည်၏ အဖြစ်ကြောင့်)"ဟု ဝိမတိ ဖွင့်၏၊ မာဂဓဘာသာဖြင့် ရှိသော အဋ္ဌကထာကို သီဟိုဠ်ဘာသာဖြင့် ပြောင်း၍စီရင်အပ်သည် - ဟူလို၊ ဥပမာ - ပါဠိတော်ကို မြန်မာလို ပြန်ထားသကဲ့သို့တည်း။ [အချို့ကား-"ယခုအခါ မြန်မာနိဿယကဲ့သို့ ပါဠိ-သီဟိုဠ်ဘာသာ ၂ မျိုး တွဲ၍ စီရင်ထားသည်"ဟုလည်း ဆိုကြ၏။]
အဘိသမ္ဘုဏာတိ။ ။အဘိ+သံ+ပုဗ္ဗ သွာဒိဂိုဏ်း ဘူဓာတ်သည် ရောက်ခြင်းအနက်ကို ဟော၏၊ ထို့ကြောင့် "ကိဉ္စိအတ္ထံ န အဘိသမ္ဘုဏာတိ-တစ်စုံတစ်ခုသော အကျိုးသို့ မသက်ရောက်"ဟု သဒ္ဒတ္ထ ဖြစ်၏၊ ထို"မသက်ရောက်ခြင်း"ဟူသည် "အကျိုးကို မပြီးစေခြင်းပင်တည်း"ဟု ပြလို၍ "န သာဓေတိ"ဟု အဓိပ္ပာယတ္ထ ဖွင့်ကြသည်။ [ဒီပန္တရေ၌ အန္တရသဒ္ဒါသည် အဘိဓာန်လာ အနက်တို့တွင် "အည" အနက်ဟောတည်း၊ "ဒီပေါစ+သော+အန္တရောစ (သီဟိုဠ်ကျွန်းမှ တခြားလည်းဟုတ်၏) ဣတိ ဒီပန္တရော။]
ပါဠိနယာနုရူပံ။ ။"ပါဠိတော်၏+နည်း"ဟူသည် ယခုအခါ ပါဠိတော်မှာ ရှိသော ပါဠိဘာသာတည်း၊ ပါဠိယာ-ပါဠိတော်၏+နယော-သိကြောင်းနည်းတည်း၊ ပါဠိနယော-နည်း၊ ထိုပါဠိတော်နည်းအားလျော်သော ဘာသာဟူသည် မာဂဓဘာသာ (မဂဓတိုင်းသုံး စကား)တည်း၊ ပါဠိတော်ဘာသာနှင့် မာဂဓဘာသာကို သဘောတူပင်ဟု ဆိုကြ၏၊ သို့သော် စာအနေအထား အသွားအလာမှာ ပါဠိတော်သွားပုံက အစီအစဥ် မပျက် ဆက်ကာဆက်ကာ ဣန္ဒြေရရ သွား၏၊ အဋ္ဌကထာဖွင့်သောအခါ အရပ်စကား ပြောသကဲ့သို့ တစ်ခါတစ်ခါ ရှည်ရှည် တစ်ခါတစ်ခါ တိုထောင့်ထောင့် ဖွင်ရ၏၊ ထို့ကြောင့် "ပါဠိယေန"ဟု မဆိုဘဲ "ပါဠိနယာနုရူပံ"ဟု ဆိုဟန်တူသည်။
အဇ္စျေသနံ ၊ပေ၊ သမနုဿရန္တော။ ။အဓိ + ဣသဓာတ်သည် ရိုရိုသေသေစေခိုင်းခြင်း (မြန်မာလို "တောင်းပန်တိုက်တွန်းခြင်း")အနက်ကို ဟော၏၊ "သမနုဿရန္တော"ဟု ဆိုသောကြောင့် ယခုမှ တောင်းပန်သည် မဟုတ်၊ ရှေးတုန်းက တောင်းပန်ဘူးကြောင်းသိရ၏၊ သီဟိုဠ်ဘာသာဖြင့် ရှိနေသော အဋ္ဌကထာကို ပါဠိဘာသာဖြင့် ပြောင်းဖို့ရန် အရှင်ဗုဒ္ဓသိရီက တောင်းပန်ဘူးသည်ကို အမှတ်ရသောကြောင့် ယခုအဋ္ဌကထာသစ်ကို စီရင်မည်-ဟူလို။ [အဝှယီယတေ ဧတေနာတိ အဝှယော-ခေါ်ဝေါ်အပ်ကြောင်းနာမည်၊ အာပုဗ္ဗ, ဝှေဓာတ်, အပစ္စည်း၊ အာကို ရဿ, ဧကို အယပြု၊ ဗုဒ္ဓသိရီတိ+အဝှယော ယဿာတိ ဗုဒ္ဓသိရီဝှယော။]
မှတ်ချက်။ ။"ဧသာ ပန"၌ ပနသည် အရုစျတ္ထဇောတက (ရှေးအဋ္ဌကထာ ဟောင်း၏ သီဟိုဠ်ဘာသာဖြင့် တည်ရှိနေသည့်အတွက် နှစ်သက်ဖွယ် မကောင်းကြောင်းကို ထွန်းပြသော) နိပါတ်ပုဒ်တည်း၊ ထိုနိပါတ်မျိုး ရှိနေလျှင် ရှေ့ဝါကျ၌ ကိဉ္စာပိ ရှိရ-မရှိလျှင်လည်းထည့်ရသည်၊ ထို့ကြောင့် ရှေ့ဝါကျ၌ ကိဉ္စာပိထည့်၍ အနက်ပေးပုံကို ပြထား၏၊ သာရတ္ထ၌ ပနအဖွင့်ကျမှ "ကိဉ္စာပိ ပုဗ္ဗာစရိယာသဘေဟိ၊ ပေ၊ သံဝဏ္ဏိတော၊ တထာပိ (ပနအဖွင့်) ယသ္မာန အဘိသမ္ဘုဏာတိ"ဟု ဖွင့်သည်၊ ထိုသို့ ကိဉ္စာပိရှိရာ၌ "နနု" ထည့်၍ စောဒနာဝါကျ ထုတ်ရိုးရှိ၏၊ သို့သော် ကျမ်းအစ၌ အသိဉာဏ်ရှုပ်ထွေး၍ ဝန်လေးမည်စိုးသောကြောင့် လစ်လျူရှုပါသည်၊ ပို့ချသော ဆရာတို့ကမူ စာဆိုသူ၏ ဉာဏ်လိုက်၍ ထိုက်သလို ပို့ချကြပါလေ။
ဝါကျဖွဲ့။ ။"ကာမဥ္စ ၊ပေ၊ သံဝဏ္ဏိတော နယေဟိ" သည် ရှေ့ဝါကျကို ထောက်လျှင် (စောဒနာဖွယ်ရှိ၍ တတ်လာသော) ဝါကျာရမ္ဘ ဝါကျ၊ ရှေ့ "တံ ဝဏ္ဏယိဿံ" ဆိုင်ရာ ဝါကျသည် အာရဒ္ဓဝါကျ၊ (စ) သည် ဝါကျာရမ္ဘဇောတက နိပါတ်၊ တစ်နည်း-ကိဉ္စာပိ ထည့်ထားသော ကာမဉ္စဝါကျသည် နောက်ဝါကျထောက်လျှင် အနုဂ္ဂဟတ္ထ (သမ္ဘာဝနာ) ဝါကျ၊ "သံဝဏ္ဏနာ ၊ပေ၊ ယသ္မာ" တိုင်အောင် ဝါကျသည် အရုစျတ္ထ (ဂရဟာ) ဝါကျ၊ ဧသော ပန၌ ပနသည် ကာရဏဝါကျ၊ "တသ္မာ ၊ပေ၊ သမာရဘိဿံ၊ ... သမနုဿရန္တော"သည် ဖလဝါကျ။ [နနုထည့်၍ စောဒနာဝါကျထုတ်လျှင် ကိဉ္စာပိ စသော ဝါကျတို့ကို တစ်မျိုးနာမည်မှည့်ရသေး၏၊ နောက်မှပြဦးမည်။]

**ကရဏပ္ပကာရ**။ ။တဉ္စသံဝဏ္ဏနံ၊ ထိုအဋ္ဌကထာသစ်ကိုလည်း။
သမာရဘန္တော၊ ကောင်းစွာအားထုတ်လတ်သော်။
(ဝါ၊ သော။
အဟံ၊ သည်။)
မဟာအဋ္ဌကထံ၊ မဟာအဋ္ဌကထာကို။
တဿာ၊ ထိုအဋ္ဌကထာသစ်၏။
သရီရံ၊ အထည်ကိုယ်ကို။
ဝါ၊ မူကို။
ကတွာ၊ ပြု၍။
မဟာပစ္စရိယံ၊ မဟာပစ္စရီ အဋ္ဌကထာ၌။
ယော ဝိနိစ္ဆယော၊ အကြင်အဆုံးအဖြတ်ကို။
ဝုတ္တော၊ အမည်ရှိကုန်သော။
ဝိဿုတာသု၊ ထင်ရှားကုန်သော။
အဋ္ဌကထာသု၊ အဋ္ဌကထာတို့၌။
ယော ဝိနိစ္ဆယော၊ ကို။
ဝုတ္တော၊ ပြီ။
တတောပိ၊ ထိုအဆုံးအဖြတ်မှလည်း။
ယုတ္တံ၊ သင့်တင့်သော။
အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။
အပရိစ္စဇန္တော၊ မစွန့်ဘဲ။
အန္တော ဂဓထေရဝါဒံ၊ အတွင်း၌ပါဝင်သော ထေရဝါဒရှိအောင်။
သံဝဏ္ဏနံ၊ အဋ္ဌကထာသစ်ကို။
သမ္မ(သမ္မာ)၊ ကောင်းစွာ။
သမာရဘိဿံ၊ အားထုတ်ပေအံ့။ကာရဏပ္ပကာရ။ ။ဣဒါနိ အတ္တနော သံဝဏ္ဏနာယ ကရဏပ္ပကာရံ ဒဿေန္တောသံဝဏ္ဏနံတဉ္စတိ အာဒိမာဟ၊ (ဋီကာ) [ကရဏ-ကျမ်းပြုခြင်း၏+ပကာရ+အပြား၊ "ဘယ်လို ဘယ်ပုံနည်းပြုမည်"ဟု ကျမ်းပြုပုံ အချိုးအစား။] "ထိုအဋ္ဌကထာသစ်ကို အားထုတ်လသော် (အားထုတ်သောအခါ) မဟာအဋ္ဌကထာကို အထည်ကိုယ် (မူ) ထားမည်၊ [မူလ-အရင်းခံကို "မူ"ဟု ခေါ်၏။] မဟာပစ္စရီ အဋ္ဌကထာနှင့် ကုရုန္ဒီစသော ထင်ရှားသော အဋ္ဌကထာတို့မှ သင့်မြတ်သော အဆုံးအဖြတ်ကိုလည်း ယူမည်၊ ထင်ရှားသော ထေရ်များ၏ ဝါဒကိုလည်း ပါဝင်စေမည်၊ ဤသို့သော အချိုးအစားဖြင့် ဤအဋ္ဌကထာသစ်ကို စီရင်မည်"ဟူလို။
**မဟာပစ္စရိယံ ၊ပေ၊ နာမာဒီသု**။ ။ပစ္စရီတိ ဥဠုမ္ပံ ဝုစ္စတိ-ဖောင်ကို "ပစ္စရီ"ဟု ခေါ်၏၊ တတ္ထ နိသီဒိတွာ ကတတ္ထာ တမေဝနာမံ ဇာတံ၊ ထိုဖောင်ပေါ၌နေ၍ ပြုအပ်သောကြောင့် အဋ္ဌကထာလည်း (ဌာန၏အမည်ကို ဌာနီ၌ တင်စားသော ဌာနူပစာရအားဖြင့်) ပစ္စရီ ဟုပင် နာမည်တွင်၏၊ ထို့နောက်မှ ကြီးကျယ်သောကြောင့် မဟာဟုအထူးပြု၍ "မဟာပစ္စရီအဋ္ဌကထာ"ဟု ထင်ရှားသည်၊ "ကုရုန္ဒီဝလ္လိဝိဟာရ"ဟု ကျောင်းတိုက်ရှိ၏၊ ထိုကျောင်းတိုက်၌ စီရင်အပ်သော အဋ္ဌကထာလည်း ဌာနူပစာရအားဖြင့်ပင် "ကုရုန္ဒီအဋ္ဌကထာ"ဟု နာမည်တွင်၏၊ အာဒိဖြင့် ထိုအချိန်၌ ထင်ရှားသော အန္ဓအဋ္ဌကထာ, သင်္ခေပ အဋ္ဌကထာများကိုယူ။
ယုတ္တမတ္ထံ။ ။ယုဇ္ဇတိ- မဟာအဋ္ဌကထာနည်းနှင့်ဖြစ်စေ, ဝိနယယုတ္တိနှင့်ဖြစ်စေ သင့်တင့်၏၊ ဣတိ ယုတ္တော၊ အတ္ထော-အနက်ဓိပ္ပါယ်တည်း၊ "ဝိနယယုတ္တိ"ဟူသည် ဝိနည်းပါဠိတော်၌ တိုက်ရိုက် မလာသော်လည်း ဝိနည်းပါဠိတော်နှင့် လျော်နေသော အယူအဆတည်း၊ ထိုအဋ္ဌကထာတို့၌ လာသော အဆုံးအဖြတ်မှ ယတ္တိရှိသော အဆုံးအဖြတ်ကို ယူမည်၊ ယုတ္တိမရှိသော အဆုံအဖြတ်ကို စွန့်မည်-ဟူလို။

**ဥယောဇန**။ ။မေ၊ ငါ၏။
တံ၊ ထိုအဋ္ဌကထာသစ်ကို။
ပသန္နစိတ္တာ၊ ကြင်လင်သော စိတ်ရှိကြကုန်သည်။
(ဟုတွာ၊ ၍။)
ထေရာ၊ ဆယ်ဝါရပြီ, ထေရ်ဖြစ်ကုန်သော။
ဘိက္ခူစ၊ ရဟန်းတို့သည်၎င်း။
နဝ (နဝါ)၊ ငါးဝါမကြွယ်, သီတင်းငယ်ဖြစ်ကုန်သော။
ဘိက္ခူစ၊ ၎င်း။
ဓမ္မပ္ပဒီပဿ၊ တရားတည်းဟူသော ဆီမီးရှိတော်မူသော။
တထာဂတဿ၊ မြတ်စွာဘုရာ၏။
ဓမ္မံ၊ တရားတော်ကို။
သက္ကစ္စ၊ ကောင်းစွာပြု၍။
(တနည်း) သက္ကစ္စံ၊ ရိုရိုသေသေ။
ပတိမာနယန္တာ၊ မြတ်နိုးကော်ရော်, ပူဇော်ကြကုန်လျက်။
နိသာမေန္တု၊ = စူးစူးစိုက်စိုက်, နာယူလိုက်ကြကုန်လော။**အန္တောဂဓထေရဝါဒံ**။ ။အန္တောနိပါတ်+ဂတ၊ (ဂန္တဗ္ဗော၊ ဂန္ဓဗ္ဗောကဲ့သို့ တကို ဓပြု၍ "အန္တောဂဓ"ဟု ဖြစ်၏။) အန္တော-အတွင်း၌+ဂတာ-ဖြစ်သော ပါဝင်သော ထေရဝါဒတို့တည်း၊ အန္တောဂဓာ-တို့၊ ထေရာနံ-တိပိဋကစူဠနာဂ စသောထေရ်တို့၏+ဝါဒါ-ပြောဆိုအပ်သော အဆုံးအဖြတ်တို့တည်း၊ ထေရဝါဒ-တို့၊ အန္တောဂဓာ+ထေရဝါဒါ ယဿံ ဣတိ အန္တောဂဓ ထေရဝါဒါ (သံဝဏ္ဏနာ)၊ တံအန္တောဂဓထေရဝါဒံ၊ ဤဒုတိယလည်း ကြိယာဝိသေသနအနက်၌ သက်၊ ထို့ကြောင့်"ထေရဝါဒေပိ အန္တောကတွာ"ဟု "ကတွာ"ထည့်၍ ဋီကာဖွင့်သည်။
အမှာ။ ။ဤဂါထာ၌ "တံ သံဝဏ္ဏနံ"ကို သမာရဘန္တောတွင် စပ်၍, နောက် "သံဝဏ္ဏနံ"ကို သမာရဘိဿံ၌စပ်၊ "သမ္မာ"ဟု ဆိုလိုလျက် ဣန္ဒဝဇိရဂါထာပါဒဖြစ်၍ ဆန်းတဲ့အောင် "သမ္မ"ဟု ရဿပြုထားသည်၊ အနက်ပေးသောမခါ "သမ္မာ"ဟု ပေး။ ["ဆန်းကြောင့် ပျက်ကြေ, ယွင်းကွက်ကွေ, ဆောင်လေနက်ပေးခါ" - နိယာမ်။]
ဥယျောဇန။ ။ဤအဋ္ဌကထာကို ကောင်းစွာသင်ယူဖို့ရန် တိုက်တွန်းခြင်းကို " ဥယျောဇန (ဥယျောဇန်)"ဟု ခေါ်၏၊ ဧဝံ ကရဏပ္ပကာရံ ဒဿေတွာ ဣဒါနိ သောတူဟိ (နာယူကြ သင်ယူကြသော စာသင်သားတို့သည်) ပဋိပဇ္ဇိတဗ္ဗဝိဓိံ (ပြုကျင့်လိုက်နာထိုက်သော အစီအစဥ်ကို) ဒဿေန္တော တံမေတိ အာဒိမာဟ၊ "ယခုငါဆိုအပ်လတံ့သော အဋ္ဌကထာသစ်ကို တရားမီးရောင် ငြီးငြီးလောင်သား ထိပ်ခေါင်ထွဋ်ထား မြတ်ဘုရား၏ တရားတော်ကို ရိုသေစွာပူဇော်ကြသော အနေအထားဖြင့် ထေရနဝ မဇ္ဇျိမဖြစ်သော ရဟန်းတော်များသည် ဝမ်းမြောက်ဝမ်းသာ နာယူကြပါ"ဟူလို။
**နိသာမေန္တု ၊ပေ၊ မဇ္စျိမာစ**။ ။နိပုဗ္ဗ (ဘူဝါဒိ-စုရာဒိ) သမဓာတ်သည် ကြည့်ရှုနားထောင်ခြင်း အနက်ဟောတည်း၊ ပသန္နံ + စိတ္တံ ယေသံတိ ပသန္နစိတ္တာ၊ သဒ္ဓါ ပီတိ သောမနဿတို့ဖြင့် ကြည်လင်ရွှင်ပြသော စိတ်ရှိသူတို့၊ ထိရာ ယေသံ အတ္ထီတိ ထေရာ-ခိုင်မြဲသော သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနရှိသော ရဟန်းများ၊ ခိုင်မြဲသောသီလ စသည်မရှိဘဲ ဆယ်ဝါရပြီးသော ရဟန်းတို့ကား (ဆယ်ဝါရပြီးချင်း တူသောကြောင့်) ရုဠှီအားဖြင့် ထေရမည်၏၊ နဝ-မဇ္စျိမတို့ကို နိဿယအတိုင်း သိပါ။
ဓမ္မပဒီပဿ ၊ပေ၊ မာနယန္တာ။ ။တရားတော်သည်ပင် မောဟမှောင်ကိုပယ်ရာ၌ မီးရောင်နှင်တူရကား "ဓမ္မောယေဝ ပဒီပေါ ယဿာတိ ဓမ္မပဒီပေါ"ဟု ပြု ဓမ္မံအရ ဓမ္မဟူသည် သာသနာတော် ဓမ္မနှင့် ပါဠိတော် ဓမ္မတည်း၊ ပဋိပုဗ္ဗ မာနဓာတ် စုရာဒိ ဏယ ပစ္စည်းဖြင့် ပြီးသော "ပဋိမာနယ" သဒ္ဒါသည် မြတ်နိုးခြင်း ပူဇော်ခြင်းအနက်ကို ဟော၏။ [သက္ကစ္စ ၂ နက်တွင် ပဌမအနက်၌ သံပုဗ္ဗ, ကရဓာတ်, တွာပစ္စည်း, တွာကို ရစ္စပြု၊ ဒုတိယအနက်၌ "သက္ကစ္စံ"ဟု ရှိသင့်လျက် ဆန်းကြောင့် နိဂ္ဂဟိတ်ချေ၊ အာဒရတ္ထ နိပါတ်ပုဒ်။]

**အာဂမသုဒ္ဓိ ဒဿန**။ ။ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ယော ဓမ္မောစ၊ အကြင်သုတ် အဘိဓမ္မာကိုလည်းကောင်း။
ယော ဝိနယောစ၊ အကြင်ဝိနည်းကိုလည်းကောင်း။
(ယထာ၊ အကြင်အခြင်းအရာအားဖြင့်။)
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
(သော၊ ထိုသုတ်အဘိဓမ္မာဝိနည်းကို။)
တထေဝ၊ ထိုဟောတော်မူအပ်တိုင်းသော အခြင်းအရာအားဖြင့်သာလျှင်။အာဂမသုဒ္ဓိ စသည်။ ။ဆိုအပ်ပြီးသော စကားရပ်တို့ဖြင့် ဂန္ထာရမ္ဘ အခန်းဝယ်ပြသင့်သော ရတနတ္ထယပဏာမမှစ၍ ပဋိဉာဥ် ဥယျောဇဥ်တိုင်အောင် ပြပြီးပါသော်လည်း မိမိအဋ္ဌကထာသစ်၏ ဖြစ်ပေါ်လာခဲ့ရာ (အာဂမ) ဖြစ်သော အဋ္ဌကထာအဟောင်းတို့၏ သန့်ရှင်းစင်ကြယ်ကြောင်းကိုလည်းကောင်း, ထိုအဋ္ဌကထာဟောင်းတို့မျ ဘာသန္တရကို ပယ်ခြင်းစသည်ဖြင့် ပြုပြင်စီရင်ထားသော မိမိအဋ္ဌကထာသစ်၏လည်း ပမာဏဖြစ်ကြောင်းကိုလည်းကောင်း, ထိုသို့ပမာဏဖြစ်သည့်အတွက် နောင်လာနောင်သားတို့ သင်ယူသင့်ကြောင်းကိုလည်းကောင်း ပြလိုသောကြောင့် "ဗုဒ္ဓေန ဓမ္မော ဝိနယောစ ဝုတ္တော"မှ စ၍ "သက္ကစ္စံ တသ္မာအနုသိက္ခိတဗ္ဗာ"တိုင်အောင် ဆက်၍ မိန့်ရပြန်သည်။ [ဗုဒ္ဓေနာတိ အာဒိန အတ္တနော သံဝဏ္ဏနာယ အာဂမသုဒ္ဓိဒဿနမုခေန (အာဂမသုဒ္ဓိပြခြင်း ပဓာနပြုသဖြင့်) ပမာဏဘာဝံ ဒဿေတွာ အနုသိက္ခိတဗ္ဗတံ ဒဿေတိ။ - ဝိမတိ။]
အာဂမသုဒ္ဓိဒဿန။ ။ထိုတွင် "ဗုဒ္ဓေန ၊ပေ၊ အကံသု"ဖြင့် အာဂမသုဒ္ဓိကိုပြ၏၊ (၁)ဓမ္မဝိနယကို ဘုရားရှင်သည် ဟောတော်မူအပ်၏၊ (၂)ထိုဟောတော်မူအပ်တိုင်းသော အခြင်းအရာအားဖြင့် အရှင်သာရိပုတြာ အရှင်မဟာကဿပ စသော သားတော်တို့သည် သိအပ်၏၊ (၃)[သံဂါယနာ ၃ တန် တင်အပ်ပြီးသော အဋ္ဌကထာကြီး၌ လာသော အဆုံးအဖြတ်ကို "ထိုသားတော်များ၏အလို"ဟုဆို၏။] ထိုအလိုကို မစွန့်ဘဲ သီဟိုဠ် အဋ္ဌကထာ ဆရာတို့သည် အဋ္ဌကထာတို့ကို ပြုစီရင်ကြလေပြီ၊ ဤအဋ္ဌကထာသစ်၏ ဖြစ်ပေါ်လာရာ (အာဂမ)ကား ထို အဋ္ဌကထာဟောင်းတို့ပင် ဖြစ်သည် ဟူလို။[အာဂစ္ဆတိ ဣတောတိ အာဂမော၊ ဣတော-ဤအဋ္ဌကထာဟောင်းမှ၊ အာဂစ္ဆတိ-အဋ္ဌကထာသစ် ဖြစ်ပေါ်လာ၏၊ ဣတိ, အာဂမော၊ အာဂမဿ-၏၊ သုဒ္ဓိ-စင်ကြယ်ပုံတည်း၊ အာဂမသုဒ္ဓိယာ-ကို+ဒဿနံ- ပြကြောင်း စကားတည်း။] တဿ၊ ထိုမြတ်စွာဘုရား၏။ ယေဟိ ပုတ္တေဟိ၊ အရှင်သာရိပုတြာ အရှင်မဟာကဿပ အစရှိကုန်သော အကြင်သားတော်တို့သည်။ ဉာတော၊ သိအပ်ပြီ။ တေသံ၊ အရှင်သာရိပုတြာ အရှင်မဟာကဿပ အစရှိသော ထိုသားတော်တို့၏။ မတိံ၊ အလိုကို။ ဝါ၊ အလိုအားဖြင့်ဖြစ်သော အဆုံအဖြတ်ကို။ အစ္စဇန္တာ၊ မစွန့်ကုန်ဘံ။ (သီဟဠ ဋ္ဌကထာစရိယာ၊ သီဟိုဠ်အဋ္ဌကထာဆရာတို့သည်။) ယသ္မာ၊ အကြင့်ကြောင့်။ ပုရေ၊ ရှေးအခါ၌။ အဋ္ဌကထာ၊ အဋ္ဌကထာတို့ကို။ အကံသု၊ ပြုကြကုန်ပြီ။ပုတ္တေဟိ တထေဝ ဉာတော။ ။"ယေဟိ ပုတ္တေဟိ ဓမ္မသေနာပတိ အာဒီဟိ"- သာရတ္ထ၊ "မဟာကဿပထေရာဒီဟိ"- ဝိမတိ။ [ဝုတ္တောတိ ပါဠိတောစ (ပါဠိတော်အားဖြင့်လည်းကောင်း)အတ္ထတောစ (အဋ္ဌကထာအားဖြင်းလည်းကောင်း) ဗုဒ္ဓေန ဘဂဝတာ ဝုတ္တော ၊ပေ၊ တတ္ထ တတ္ထ ဘဂဝတော ပဝတ္တိတာ ပကိဏ္ဏကဒေသနာယေဝ ဟိ အဋ္ဌကထာ-ထိုထိုနေရာ၌ ဘုရားရှင် ကိုယ်တော်တိုင် အကျယ်ဟောတော်မူအပ်သော ရောရောနှောနှော ဒေသနာကိုပင် "အဋ္ဌကထာ"ဟု ခေါ်၏၊-သာရတ္ထ။] ဤဆရာသည် "ဘုရား ဟောတော်မူတိုင်း အရှင်သာရိပုတြာက စ၍ သာတော်အများ သိအပ်ပြီ"ဟု အရှင်သာရိပုတြာကို ခေါင်းတပ်သည်၊ ဝိမတိဆရာကား ပဌမသံဂါယနာ တင်ချိန်မှာ အရှင်မဟာကဿပ ဦးစီးသောကြောင့် အရှင်မဟာကဿပကို ခေါင်းတပ်သည်။
တေသံ မတိမစ္စဇန္တာ။ ။"မတိ" အရ "အလိုအယူ" ရသော်လည်း ထိုအလိုအတိုင်း ဖွင့်အပ် ဆုံးဖြတ်အပ်သော အဋ္ဌကထာ အဆုံးအဖြတ်တိုင်အောင် ကာရဏူပစာရအားဖြင့် ယူပါ။ [မတိသင်္ခါတံ ထေရပ္ပရမ္ပရာယ ဥဂ္ဂဟေတွာ အာဂတံ အဗ္ဘောစ္ဆိန္နံ ပါဠိမုတ္တက ဝသေနစ ပဝတ္တံ သဗ္ဗအဋ္ဌကထာဝိနိစ္ဆယံ အပရိစ္စဇန္တာ၊- ဝိမတိ။ ဘုရားလက်ထက်မှစ၍ မထေရ်မြတ် အစဥ်အဆက်သည် သင်ယူအပ်ခဲ့ အဆက်မပြတ်ခဲ့သော ပါဠိတော်ကို ဖွင့်ခြင်း-ပါဠိတော်မှ အလွတ်ကို ဖွင့်ခြင်းအားဖြင့် ဖြစ်သော အလုံးစုံသော အဆုံးအဖြတ်ကို "မတိ"ဟု ဆိုသည်။]
အဋ္ဌကထာ အကံသု။ ။အဋ္ဌကထာ၌ ယောဝိဘတ် ကျေ၊ အကံသု၏ ကတ္တားကို "သီဟဠဋ္ဌကထာစရိယာ"ဟု ဋီကာများ ထည့်ကြသည်၊ သီဟိုဠ်အဋ္ဌကထာ ဆရာတို့သည် အဋ္ဌကထာဟောင်း၌လာသော အဆုံးအဖြတ်အားလုံးကို မစွန့်ဘဲ မဟာအဋ္ဌကထာ, မဟာပစ္စရီအဋ္ဌကထာ, ကုရုန္ဒီအဋ္ဌကထာ, အန္ဓကအဋ္ဌကထာ, သင်္ခေပအဋ္ဌကထာတို့ကို ပြုခဲ့ကြသည်။ ["ယော+သော" ဟုလည်းကောင်း, "ယေဟိ ပုတ္တေဟိ+တေသံ"ဟုလည်းကောင်း, "ယသ္မာ+တသ္မာ"ဟုလည်းကောင်း အနိယမ+နိယမအားဖြင့် သံကွင်းဆက်သကဲ့သို့ တစ်ဝါကျနှင့် တစ်ဝါကျ ဆက်နေပုံကို သတိပြုပါ။]

**ပမာဏဘာဝ ဒဿန**။ ။တသ္မာ၊ ထိုကြောင့်။
(ထိုသို့မြတ်စွာဘုရား ဟောတော်မူအပ်သည့်အတိုင်း အရှင်သာရိပုတြာ အစရှိသော သားတော်တို့သည် သိအပ်, ထိုသားတော်၏ အလိုကို မစွန့်ကုန်ဘဲ သီဟိုဠ် အဋ္ဌကထာဆရာတို့သည် အဋ္ဌကထာတို့ကိုလည်း ပြုခဲ့ကုန်သည်၏ အဖြစ်ကြောင့်)
အဋ္ဌကထာသု၊ ရှေးအဋ္ဌကထာတို့၌။
ယံ၊ အကြင်စကားရပ်ကို။
ဝုတ္တံ၊ ဆိုအပ်ပြီ။
တံ၊ ထိုစကားရပ်သည်။
ပမာဒလေခံ၊ မေ့လျော့သဖြင့် ရေးသားအပ်သောပါဌ်ကို။
ဝါ၊ အမှတ်တမဲ့ ရေးသားမိသော ပါဌ်ကို။
ဝဇ္ဇယိတွာန၊ ရှောင်ကြဥ်၍။
သဗ္ဗမ္ပိ၊ အလုံးစုံသော စကားရပ်သည်လည်း။
ဣဓ၊ ဤသာသနာတော်၌။
သိက္ခာသု၊ သိက္ခာ ၃ ပါးတို့၌။
သဂါရဝါနံ၊ ရိုသေလေးစားခြင်း ရှိကြကုန်သော။
ပဏ္ဍိတာနံ၊ ပညာရှိ၏။
ယသ္မာ၊ အကြင့်ကြောင့်။
ပမာဏံဟိ (ပမာဏံဧဝ)၊ လိုရင်းပမာဏသာတည်း။
တသ္မာစ၊ ထို့ကြောင့်၎င်း။
(ရှေးအဋ္ဌကထာတို့၌ ဆိုအပ်သော စကားရပ်၏ ပမာဒလေခပါဌ်မှ တပါးအားလုံး ပမာဏ၏ အဖြစ်ကြောင့်၎င်း၊)
[တသ္မာ အနု သိက္ခိတဗ္ဗာမှ တသ္မာကို လှမ်းယူသည်။]ပမာဏဘာဝဒဿန။ ။အာဂမသုဒ္ဓိကို ပြပြီး၍ ပမာဏဘာဝကို ပြလိုသောကြောင့် "ယသ္မာ ဟိ ၊ပေ၊ ပမာဏံ ဣဓ ပဏ္ဍိတာနံ" ကို မိန့်၊ တသ္မာ-ထိုသို့ ဘုရားသားတော်တို့၏ အလိုကို မစွန့်ဘဲ အဋ္ဌကထာတို့ကို ပြုကြခဲ့သောကြောင့်၊ ထိုအဋ္ဌကထာတို့၌ ဆိုအပ်သောစကားအားလုံးပင် ပမာဏဖြစ်သည်။ [တသ္မာဟိ၌ "ဟီတိ နိပါတမတ္တံ၊ ဘာ့ကြောင့်နည်း,... ဟေတုအတ္ထဿ တသ္မာတိ ဣမိနာယေဝ ပကာသိတတ္တာ- ဟိတ်အနက်ကို တသ္မာကပင်ပြပြီးဖြစ်၍, ဟိနိပါတ်ထွန်းပြဖိုရာ ဟိတ်အနက်မရှိ, အခြားအနက်လည်း မဖြစ်သင့်သောကြောင့်တည်း၊ (ဋီကာများ)၊ ဝိမတိ၌ကား "ပမာဏံ ဟိ ပမာဏံဧဝ"ဟု တစ်နည်း ပြသေး၏။]
သဂါရဝါနံ ၊ပေ၊ ပဏ္ဍိတာနံ။ ။ပမီယတေ ဧတေနာတိ ပမာဏံ၊ ဧတေန-ဤစကားဖြင့်၊ ပမီယတေ- နှိုင်းချိန်အပ် ဆုံးဖြတ်အပ်၏၊ ဣတိ-ထိုသို့ အနှိုင်းချိန်ကြောင်းဆုံးဖြတ်ကြောင်း၏ အဖြစ်ကြောင့်၊ တံ-ထိုစကားသည်၊ ပမာဏံ-မည်၏၊ အနက်အဓိပ္ပါယ် သိဖို့အရေး၌လည်းကောင်း, ဆုံးဖြတ်ဖို့အရေး၌လည်းကောင်း ထိုအဋ္ဌကထာဟောင်းတို့၏ စကားကို ကြည့်၍နှိုင်းချိန်ရ ဆုံးဖြတ်ရလောက်အောင် ကောင်းမွန်ပြည့်စုံသည်ဖြစ်၍ သိက္ခာ ၃ ပါး၌ လေးလေးစားစားရှိကြသော ပညာရှိတို့၏ ပမာဏဖြစ်သည်-ဟူလို။ [ယသ္မာ ပမာဏံ၌ ယသ္မာကို တသ္မာ အနုသိက္ခိတဗ္ဗာနှင့်တွဲပါ။]
ဝဇ္ဇယိတွာ ပမာဒလေခံ။ ။"ထိုအဋ္ဌကထာတို့၌ ဆိုအပ်သော စကားအားလုံးပင် ပမာဏဖြစ်သည်"ဟု ဆိုရာ၌ ပမာဒလေခစကားပါ ပမာဏဖြစ်သလောဟု စောဒနာဖွယ်ရှိ၍ "ဝဇ္ဇယိတွာ ပမာဒလေခံ"ဟု မိန့်သည်၊ ပမာဒလေခမှတစ်ပါး ကျန်အားလုံးကိုသာ ပမာဏဟုဆိုလိုပါသည်-ဟူလို။ [လိခိတဗ္ဗံတိ လေခံ၊ (လေခါလည်း ရှိ၊) ပမာဒေန-မေ့လျော့သဖြင့်+ဝါ-အမှတ်တမဲ့၊ လေခံ-ရေးအပ်သော၊ (ရေးမိသော) စကားတည်း၊ ပမာဒလေခံ၊ ပေထက်အက္ခရာတင်သောအခါ၌ အမှတ်တမဲ့ မှား၍ ရေးမိသော စကားကို "ပမာဒလေခ"ဟု ခေါ်သည်။]

**အဘိန္နဘာဝနှင့် အနုသိက္ခိတဗ္ဗတာဒဿန**။ ။တတော၊ ထိုအဋ္ဌကထာဟောင်းတို့မှ။
ဘာသန္တရမေဝ၊ သင်တိုင်းအင်္ကျီနှင့်တူသော သီဟိုဠ်ဘာသူကိုသာလျှင်။
ဟိတွာစ၊ ပယ်စွန့်၍လည်းကောင်း။
ဝိတ္ထာရမဂ္ဂံ၊ အကျယ်ဖြစ်သော အဖွင့်အစဥ်ကို။
သမာသယိတွာစ၊ ကျဥ်းစေ၍လည်းကောင်း။
ဝါ၊ အကျဥ်းချုံး၍လည်းကောင်း။
သဗ္ဗံ၊ အလုံးစုံသော။
ဝိနိစ္ဆယံ၊ အဆုံးအဖြတ်ကို။
အသေသယိတွာစ၊ မကြွင်းစေမူ၍ လည်းကောင်း။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
တန္တိက္ကမံ၊ ပါဠိတော်အစဥ်ကို။
အဝေါက္ကမိတွာစ၊ မခုန်ကျော်မူ၍လည်းကောင်း။အဘိန္နဘာဝ, အနုသိက္ခိတဗ္ဗတာဒဿန။ ။ပမာဏဘာဝကို ပြပြီး၍ အဘိန္နဘာဝကိုလည်းကောင်း, အနုသိက္ခိတဗ္ဗတာကိုလည်းကောင်း ပြလိုသောကြောင့် "တတောစ ၊ပေ၊ အနုသိက္ခိတဗ္ဗာ"ဟု မိန့်၊ ထိုတွင် "တတောစ ၊ပေ၊ ဟေဿတိ ဝဏ္ဏနာပိ"သည် အဘိန္နဘာဝ (သီဟိုဠ်အဋ္ဌကထာဟောင်းများနှင့် ဤအဋ္ဌကထာသစ်၏ မကွဲမပြား တစ်သားတည်းဖြစ်ကြောင်း)ကို ပြသော စကားရပ်တည်း၊ သီဟိုဠ်အဋ္ဌကထာတို့တွင် ဤအဋ္ဌကထာသစ်၏ မူဖြစ်သောမဟာအဋ္ဌကထာမှ သီဟိုဠ်ဘာသာကို ပယ်ခြင်း, အကျယ်ကို အကျဥ်းချုံးခြင်း, ပါဠိတော်အစဥ်ရှိတိုင်းကို မခုန်မကျော်ဘဲ ဖွင့်ခြင်းဟူသော ရေးသားပုံ အစီအစဥ်မျှသာ ကွဲလွဲပါသည်၊ လိုရင်းစကားသားမှာ မဟာအဋ္ဌကထာအတိုင်းပင် ဖြစ်၍ မကွဲလွဲပါ-ဟူလို။ [ဝေရဉ္ဇကဏ္ဍကဲ့သို့ သုတ္တန်မှာလည်းပါ ဝိနည်းမှာလည်းပါသော စကားရပ်ကိုလည်း သုတ္တန်နှင့်လျော်အောင် ဖွင့်ပြဦးမည်ဖြစ်၍ ဤအဋ္ဌကထာသစ်ကပင် အဋ္ဌကထာဟောင်းထက် စုံလင်ပါသေး၏။]
ဘာသန္တရမေဝ ဟိတွာ။ ။ဘာသတော-မာဂဓဘာသာမှ+အန္တရာ (အညာ)-အခြားသော သီဟိုဠ်ဘာသာတည်း၊ ဘာသန္တရာ၊ [ဘာသန္တရမေဝ ဟိတွာတိ ကဉ္စုကသဒိသံ သီဟဠဘာသံ အပနေတွာ-ဋီကာ။] ကဉ္စုက၌ ကစ (ဗန္ဓနေ) ဓာတ်, ဥကန်ပစ္စည်း၊ ထိုကဉ္စုက သဒ္ဒါသည် ချပ်ဝတ်, မြားကာ, မြွေရေလဲ, အဝတ်သာမန် အနက်များအပြင် "ဣတ္ထီနံ စူဠိကာယံ"ဟု တစ်နက်ပါသေး၏၊ ["စူဠိကာ"ကား"ဦးစွန်းအမောက်" အနက်ဖြစ်ဟန်တူသည်။] ချပ်ဝတ်ဟူသည် (သန္နာဟ - တင်းကြပ်အောင် ဖွဲ့အပ်သော) စစ်သားတို့၏ အဝတ်တည်း၊ သံဖြင့်ပြုလုပ်ရ၏၊ ထိုအဝတ်ကို ဝတ်သောအခါ အလယ်၌ ခါးပတ်ကိုလည်း ပတ်ရသည်-ဟု ဆို၏၊ (ကြပ်ကြပ်ရပ်ရပ် ချပ်နေအောင် ဝတ်အပ်သောကြောင့်) "ချပ်ဝတ်"ဟု ခေါ်သည်။
ထိုချပ်ဝတ်ကို အတုလုပ်၍ ချုပ်အပ်သော အင်္ကျီရှည်ကို "သင်တိုင်း" ဟု ခေါ်၏၊ ထိုသင်တိုင်းသည် တစ်ယောက်၏ အဝတ်ကို အခြားတစ်ယောက် ဝတ်လို့ မဖြစ်နိုင်၊ အရပ်တူချင်း-ကိုယ်လုံးတူသူချင်းသာ ဝတ်၍ဖြစ်၏ ထို့အတူ သီဟိုဠ်ဘာသာလည်း သီဟိုဠ်သားတို့နှင်သာ တော်၏၊ အခြားကျွန်းသားနှင့်မတော်၊ ထို့ကြောင့် "ကဉ္စကသဒိသံ သီဟဠဘာသံ"ဟု ဆိုသည်။ [မြန်မာဘာသာ စသော အခြားဘာသာတို့လည်း အခြားလူမျိုးတို့အလိုအားဖြင့် ကဉ္စုကသဒိသပင်တည်း၊ မဂဓဘာသာကား ပါဠိနားလည်လိုသူတိုင်း သင်ရမည်ဖြစ်၍ "အများသုံးဘာသာ"ဟု ဆိုလိုသည်။]

သုတ္တန္တိကာနံ၊ သုတ္တန်၌ လာကုန်သော။
ဝစနာနံ၊ စကားတို့၏။
ဝါ၊ ပါဠိတို့၏။
အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။
သုတ္တာနုရူပံ၊ သုတ္တန်အားလျော်စွာ။
ပရိဒီပယန္တီ၊ ထင်ရှားပြလျက်။
အယံ ဝဏ္ဏနာပိ၊ ကိုလည်း။
(အမှေဟိ၊ ငါတို့သည်။)
ယသ္မာ၊ ကြောင့်။
ဟေဿတိ၊ ပြုစီရင်အပ်လတံ့။
တသ္မာစ၊ ထို့ကြောင့်လည်းကောင်း။
(ထိုသို့အဋ္ဌကထာသစ်၏လည်း ဘာသန္တရကို စွန့်ခြင်းစသည်မှတစ်ပါး မထူးခြားသည်၏ အဖြစ်ကြောင့်လည်းကောင်း၊)
အယံ ဝဏ္ဏနာ၊ ဤအဋ္ဌကထာသစ်ကို။
သက္ကစ္စ၊ ကောင်းစွာပြု၍။
(တစ်နည်း) သက္ကစ္စံ၊ လေးလေးစားစား။
အနုသိက္ခိတဗ္ဗာ၊ နေ့ရက်မှန်မှန်, အဖန်ဖန်ဖြင့်, သင့်အံလေ့ကျက်, ဆောင်ရွက်ထိုက်၏။
ဝါ၊ နေ့ရက်မှန်မှန်, အဖန်ဖန်ဖြင့်, သင့်အံလေ့ကျက်, ဆောင်ရွက်ကြပါလေ။
ဣတိ၊ ပဏာမ စသည်ကို ပြဆိုရာ စကားရပ် အပြီးသတ်သတည်း။မှတ်ချက်။ ။ဟေဿတိကို ကရီယဿတိဟု ကြံကြံဖန်ဖန် ဖွင့်ခြင်းမှာလည်း "ဟိတွာ- စွန့်၍၊ သမာသယိတွာ-ချုံး၍၊ အသေသယိတွာ-မကျန်စေမူ၍"ဟူသော ကြိယာဝိသေသနတို့၌ ပုဂ္ဂိုလ်၏ ဗျာပါရ (ကြောင့်ကြစိုက်ပုံ) ပါနေသောကြောင့် ပုဂ္ဂိုလ်ကတ္တား (အမှေဟိ) ရအောင် ဖွင့်ခြင်းဖြစ်သည်၊ "ဘဝိဿတိ"ဟု ဖွင့်၍ အယံ ဝဏ္ဏနာကို ကတ္တားလုပ်ရာ၌ကား ထိုသံဝဏ္ဏနာက ပယ်စွန့်မှု ချုံးမှု မကျန်စေမှုကို ပြုတတ်သော သတ္တဗျာပါရ မရှိပါဘဲ ရှိသကဲ့သို့ တင်စားထားသော တဒ္ဓမ္မူပစာရဟုကြံ။
တသ္မာ အနုသိက္ခိတဗ္ဗာ။ ။ဤကား အနုသိက္ခိတဗ္ဗဘာဝဒဿန စကားတည်း၊ "ယသ္မာ ပမာဏံ, ယသ္မာ ဟေဿတိ" ဟု ယသ္မာ ၂ ခုကို ဤတသ္မာနှင့်တွဲ၍ "အကြင့်ကြောင့် ရှေးအဋ္ဌကထာတို့၌ ဆိုအပ်သော စကားအားလုံးသည် ပမာဏဖြစ်၏၊ အကြင့်ကြောင့် ဤအဋ္ဌကထာသစ်လည်း ဘာသန္တရ စွန့်ရုံမျှ စသည်သာ စကားအသုံး ကွဲ၍ အနက်ဓိပ္ပါယ်အားဖြင့် မကွဲမပြား တစ်သားတည်းဖြစ်လတံ့၊ ထိုအကြောင်း ၂ ပါးကြောင့် ဤအဋ္ဌကထာသစ်ကို ရိုရိုသေသေ သင်ယူထိုက်သည်"ဟု မှတ်။
မှန်၏ - ထို့ကြောင့် ၂ ပါးတွင် ရှေးအဋ္ဌကထာတို့က ပမာဏဖြစ်စေကာမူ ဤအဋ္ဌကထာသစ်က ရှေးအဋ္ဌကထာများနှင့် ကွဲပြားနေလျှင် လေးလေးစားစားမသင်ယူထိုက်သေး၊ ဤအဋ္ဌကထာသစ်က ရှေးအဋ္ဌကထာများနှင့် မကွဲပြားသော်လည်း ရှေးအဋ္ဌကထာကိုယ်က ပမာဏာမပြုလောက်ပြန်လျှင်လည်း ဤအဋ္ဌကထာသစ်ကို လေးလေးစားစားမသင်ယူထိုက်သေး၊ ယခုမှာကား ရှေးအဋ္ဌကထာများကလည်း ပမာဏဖြစ်, ဤအဋ္ဌကထာသစ်ကလည်း ရှေးအဋ္ဌကထာနှင့် သဘောမကွဲပြား, ဤအကြောင်း ၂ ပါးကြောင့် ဤအဋ္ဌကထာသစ်ကို လေးလေးစားစား သင်ယူထိုက်ပါသည်-ဟူလို။ [အနု (ပုနပ္ပုနံ) သိက္ခီဘတေတိ အနုသိက္ခိတဗ္ဗာ၊ တဗ္ဗပစ္စည်းသည် တိုက်တွန်းခြင်းအနက်ကို ထွန်းပြနိုင်သောကြောင့် "သင်ယူကြပါလေ"ဟုလည်းပေးသည်၊ ဣတိသဒ္ဒါကား ဂန္ထာရမ္ဘပြီးဆုံးကြောင်းကို ပြသော ပရိသမာပနတ္ထ နိပါတ်ပုဒ်တည်း၊ ဂန္ထ-ကျမ်းဂန်ကို+အာရမ္ဘ-စတည် အားထုတ်ခန်း။] ဂန္ထာရမ္ဘအဖွင့် ပြီး၏