Issues
Select Version
Bhikkhu Bodhi
English
莊春江讀經站
繁体中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dhammosadha_China
中文
Catukkanipātapāḷi
Catukkanipātapāḷi

(13) 3. Bhayavaggo

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ ဘယာနိ၊ ဘေးတို့သည်။ ဝါ၊ ကြောက်ရွံ့ခြင်းတို့သည်။ ဝါ၊ ကြောက်ဖွယ် အာရုံဘေးတို့သည်။ [ အဋ္ဌကထာ၌ စိတ္တုတြာသဘယကိုသာဖွင့်၏။] ဣမာနိ စတ္တာရိ၊ ဤလေးမျိုးတို့တည်း။
စတ္တာရိ၊ လေးမျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
အတ္တာနုဝါဒဘယံ၊ အတ္တာနုဝါဒဘေးလည်း ကောင်း။ ဝါ၊ မိမိကိုယ်ကိုမိမိစွပ်စွဲသောသူ၏ သန္တာန်၌ဖြစ်သော ကြောက်ရွံ့ ခြင်း လည်းကောင်း။ ဝါ၊ မိမိကိုယ်ကို မိမိစွပ်စွဲခြင်းဟူသော ကြောက် ဖွယ်ဘေးလည်း ကောင်း။ ပရာနုဝါဒ ဘယံ၊ ပရာနုဝါဒဘေး လည်းကောင်း။ ဝါ၊ သူတစ်ပါးက စွပ်စွဲခြင်းကြောင့်ဖြစ်သော ကြောက်ရွံ့ခြင်းလည်းကောင်း။ ဝါ၊ သူတစ်ပါးက စွပ်စွဲခြင်းဟူသောကြောက်ဖွယ်ဘေးလည်း ကောင်း။ ဒဏ္ဍဘယံ၊ ဒဏ္ဍဘေး လည်းကောင်း။ ဝါ၊ မင်း၏ ညှဉ်းပန်းမှု ပြစ်ဒဏ်ကိုစွဲ၍ဖြစ်သော ကြောက်ရွံ့ခြင်း လည်းကောင်း။ ဝါ၊ မင်း၏ ညှဉ်းပန်းမှု ပြစ်ဒဏ်ဟူသော ကြောက် ဖွယ်ဘေးလည်းကောင်း။ ဒုဂ္ဂတိဘယံ၊ အပါယ် ဒုဂ္ဂတိဘေးလည်းကောင်း။ ဝါ၊ အပါယ် ဒုဂ္ဂတိလေးမျိုးကို စွဲ၍ဖြစ်သော ကြောက်ရွံ့ခြင်းလည်းကောင်း။ ဝါ၊ အပါယ်ဒုဂ္ဂတိလေးမျိုးဟူသော ကြောက်ဖွယ်ဘေး လည်း ကောင်း။ (ဣတိ၊ ဤသည်တို့တည်း။)
ဘိက္ခဝေ၊ တို့။ အတ္တာနုဝါဒဘယံ၊ အတ္တာနုဝါဒဘေးဟူသည်။ ကတမဉ္စ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသတ္တလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။ (ကိန္တိ၊ အဘယ်သို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစားသနည်းဟူမူ။)
အဟံ၊ ငါသည်။ ကာယေန၊ ကိုယ်ဖြင့်။ ဝါ၊ ကာယဒွါရဖြင့်။ ဝါ၊ ကာယဝိညတ်ဖြင့်။ ဒုစ္စရိတံ၊ ဒုစ္စရိတ်အကုသိုလ်ကို။ [စာပိုဒ် (၈၅) တမောတမသုတ်လည်းကြည့်။] စေ စရေယျံ၊ အကယ်၍ ပြုကျင့်ငြားအံ့။ ဝါစာယ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စေ စရေယျံ၊ အံ့။ မနသာ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စေ စရေယျံ၊ အံ့။ (ဧဝံ သတိ၊ ဤသို့ပြုကျင့်သည်ဖြစ်လသော်။) ယံ (ယေန ကာရဏေန)၊ အကြင်အကြောင်းကြောင့်။ မံ၊ ငါ့ကို။ အတ္တာ၊ မိမိကိုယ်တိုင်သည်ပင်။ ဝါ၊ ငါကိုယ်တိုင်ကပင်။ သီလတော၊ သီလကြောင့်။ (သီလဟူသောအကြောင်းကြောင့်)။ [ သီလတော– ၌ တောပစ္စည်းသည် ဟိတ်အနက်ဟောတည်း။ အံ၊ သျ၊ ပဉ္စမတွဲ၊ နှာ-၄၃၃။ ပဗ္ဗဇိတအဘိဏှ သုတ်ကြည့်။] န ဥပဝဒေယျ၊ မစွပ်စွဲရာ။ ကိဉ္စ၊ အဘယ်မည်သော။ တံ(ကာရဏံ)၊ ထိုမစွပ်စွဲခြင်းဟူသော အကြောင်းသည်။ ( ဘဝေယျ၊ ဖြစ်နိုင်ပါမည်နည်း။ န ဘဝတိ ဧဝ၊ ဧကန် မဖြစ်နိုင်သည်သာတည်း။) ဣတိ၊ ဤသို့။ ( ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။)
သော၊ ထိုသူသည်။ အတ္တာနုဝါဒ ဘယဿ၊ အတ္တာနုဝါဒဘေးမှ။ ဝါ၊ မိမိကိုယ်ကို မိမိစွပ်စွဲခြင်း ဟူသော ကြောက် ဖွယ်ဘေးမှ။ ဘီတော၊ ကြောက်သည်။ (ဟုတွာ၊ ဖြစ်၍။) ကာယဒုစ္စရိတံ၊ ကာယဒုစ္စရိတ် အကုသိုလ်ကို။ ဝါ၊ ကာယဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် ကာယကံသုံးပါးကို။ ပဟာယ၊ ပယ်စွန့်၍။ ကာယသုစရိတံ၊ ကာယသုစရိတ် ကုသိုလ်ကို။ ဝါ၊ ကာယဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်ကာယ ကံသုံးပါးကို။ ဘာဝေတိ၊ ဖြစ်ပွားစေ၏။ ဝစီဒုစ္စရိတံ၊ ဝစီဒုစ္စရိတ် အကုသိုလ်ကို။ ဝါ၊ ဝစီဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် ဝစီကံလေးပါးကို။ ပဟာယ၊ ၍။ ဝစီသုစရိတံ၊ ဝစီသုစရိတ် ကုသိုလ်ကို။ ဝါ၊ ဝစီဒွါရဖြင့်ကောင်းစွာပြုကျင့်အပ်သော ကုသိုလ် ဝစီကံလေးပါးကို။ ဘာဝေတိ၊ ၏။ မနောဒုစ္စရိတံ၊ မနောဒုစ္စရိတ် အကုသိုလ်ကို။ ဝါ၊ မနောဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် မနောကံသုံးပါးကို။ ပဟာယ၊ ၍။ မနောသု စရိတံ၊ မနောသုစရိတ်ကုသိုလ်ကို။ ဝါ၊ မနောဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်မနောကံသုံးပါးကို။ ဘာဝေတိ၊ ၏။ သုဒ္ဓံ၊ စင်ကြယ်အောင်။ အတ္တာနံ၊ မိမိကိုယ်စိတ်ကို။ ပရိဟရတိ၊ သုတ်သင် စောင့်ရှောက်၏။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒံ၊ ဤဘေးကို။ ဝါ၊ ဤ မိမိကိုယ်ကို မိမိအကျင့်သီလကြောင့် စွပ်စွဲခြင်းမှ ကြောက် ရွံ့ခြင်းကို။ အတ္တာနုဝါဒဘယံ၊ အတ္တာနုဝါဒဘေးဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။ ပ။
[ကိဉ္စ တံ ယံ မံ– စသည်ကို အနက်ပေးအံ့။] ယံ (ယေန ကာရဏေန)၊ ကြောင့်။ မံ၊ ငါ့ကို။ ပရေ၊ အခြားသောသူတို့သည်။ သီလတော၊ သီလကြောင့်။ န ဥပဝဒေယျုံ၊ မစွပ်စွဲကြကုန်ရာ။ ကိဉ္စ၊ သော။ တံ (ကာရဏံ)၊ သည်။ (ဘဝေယျ၊ နည်း။ န ဘဝတိ ဧ၀၊ သာတည်း။) ဣတိ၊ သို့။ (ပဋိသဋိက္ခတိ၊ ၏။)
သော၊ ထိုသူသည်။ ပရာနုဝါဒဘယဿ၊ ပရာနုဝါဒ ဘေးမှ။ ဝါ၊ သူတစ်ပါးက စွပ်စွဲခြင်းဟူသော ကြောက်မက်ဖွယ်ဘေးမှ။ ဘီတော၊ သည်။ (ဟုတွာ။) ကာယဒုစ္စရိတံ၊ ကို။ ပ။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤဘေးကို။ ဝါ၊ ဤသူတစ်ပါးတို့က အကျင့်သီလကြောင့် မိမိကို စွပ်စွဲခြင်းမှ ကြောက်ခြင်းကို။ ပရာနုဝါဒ ဘယံ၊ ပရာနုဝါဒဘေးဟူ၍။ ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဒဏ္ဍဘယံ၊ ဒဏ္ဍဘေးဟူသည်။ ကတမဉ္စ၊ ဟူမူ။ [ဤနေရာမှ ပါဠိတော်ဝါကျများ၏ အနက်ကို ဒုတိယအကြိမ်ရိုက် နိဿယပထမတွဲစာမျက်နှာ ၁၁၇– စသည် ( ဒုကနိပါတ် စာပိုဒ်– ၁၊ ဝဇ္ဇသုတ်) ၌ ရေးခဲ့ပြီးဖြစ်သော်လည်း ပထမတွဲစာအုပ် အဆင် သင့်မရှိသော စာသင်သားများကိုငဲ့၍ နိဿယ သက်သက်မျှကို ထပ်မံ ရေးပါမည်။ ပုဒ်နက်ရှင်းလင်းချက်ကိုမူ ထိုသုတ်၌ ကြည့်ကြပါကုန်။]
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသတ္တလောက၌။ အာဂုစာရိံ၊ ပြစ်မှုကျူးလွန်သော။ စောရံ၊ သူခိုးကို။ ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။ ဝိဝိဓာ၊ အမျိုးမျိုးကုန်သော။ ကမ္မကာရဏာ၊ ညှဉ်းပန်းနှိပ်စက်ခြင်းအမှုတို့ကို။ ကာရေန္တေ၊ ပြုလုပ်စေကြကုန်သော။ ဝါ၊ ပြုလုပ်ခိုင်းနေကြကုန်သော။ ရာဇာနော၊ ဘုရင်မင်းတို့ကို။ ဧကစ္စော၊ အချို့သောသူသည်။ ပဿတိ၊ မြင်ရ၏။ ကသာဟိ၊ နှင်တံတို့ဖြင့်။ တာဠေန္တေ ပိ၊ ရိုက်နှက် နေသည်တို့ကိုလည်းကောင်း။ ဝေတ္တေဟိ၊ ကြိမ်လုံးတို့ဖြင့်။ တာ‌ဠေန္တေပိ၊ တို့ကိုလည်းကောင်း။ အဒ္ဓဒဏ္ဍကေဟိ၊ လေးတောင်ထက်ဝက်နှစ်တောင်ရှိသော တုတ်တို့ဖြင့်။ ဝါ၊ ဆောက်ပုတ်တို့ဖြင့်။ ဝာာဠေန္တေ ပိ၊ လည်းကောင်း။ ဟတ္ထံ၊ လက်ကို။ ဆိန္ဒန္တေ ပိ၊ ဖြတ်နေသည်တို့ကိုလည်းကောင်း။ ပါဒံ၊ ခြေကို။ ဆိန္ဒန္တေ ပိ၊ လည်းကောင်း။ ဟတ္ထပါဒံ၊ လက်နှင့် ခြေကို။ ပ။ ကဏ္ဏံ၊ နားရွက်ကို။ ပ။ နာသံ၊ နှာခေါင်းကို။ ပ။ ကဏ္ဏနာသံ၊ နားရွက်နှင့် နှာခေါင်းကို။ ဆိန္ဒန္တေ ပိ၊ လည်းကောင်း။ ဗိလင်္ဂထာလိကံ၊ ပုန်းရည်အိုးနှင့်တူ အောင် ညှဉ်း ပန်း နှိပ်စက်ခြင်းကို။ [အကျဉ်းချုပ်သဒ္ဒါ နက်တည်း။ အကျယ်ဖွင့် အနက်မှာ– ဗိလင်္ဂထာလိကံ၊ ဦးခေါင်းခွံကို အပေါက် ဖောက်ကာ သံပူခဲရဲရဲကို ထည့်သွင်း၍ ပုန်းရည်အိုးမှပုန်းရည်ဆူပွက် လျှံတက်သကဲ့သို့ ဦးနှောက်ဆူပွက် လျှံတက်လာအောင်ညှဉ်းပန်းနှိပ်စက်ခြင်းကို။] ကရောန္တေပိ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။ သင်္ခမုဏ္ဍိကံ၊ ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ဦးပြည်းခေါင်းတုံး ခြင်းကို။ [သင်္ခမုဏ္ဍိကံ၊ အထက်နှုတ်ခမ်း, နားရင်းနှစ်ဖက်နှင့် လည်ချိုင့်တိုင်အောင်နယ်ပယ်ကန့်သတ် ရစ်ပတ်ကာ အရေကိုဖြတ်တောက်ပြီးလျှင် ဆံပင်အားလုံးသိမ်းကျုံးပေါင်းစု၍ တုတ်ဖြင့်ရစ်ပတ်ကာ ဆွဲဆောင့်သဖြင့် ဆံပင်နှင့်တကွဦးခေါင်းခွံအရေ ကြွတက်ကျွတ်ပါလာစေ ပြီးနောက် ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ကြမ်းတမ်းသော ကျောက်ခဲတို့ဖြင့် ပွတ်တိုက်ဆေးကြောလျက် ဦးပြည်းခေါင်းတုံး ခြင်းကို။] ကရောန္တေ ပိ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။ ရာဟုမုခံ၊ ပါးစပ်ကို သံငုတ်ဖြင့် ဖွင့်ထောက်ကာ ဟထားစေ၍ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တူအောင် အာခေါင်ခံတွင်း၌ မီးထွန်းခြင်းကို။ ဝါ၊ နားရင်းနှစ်ဖက်မှစ၍ ပါးစပ်ကို ဆောက်ဖြင့်ထွင်းကာ ကျယ်စွာချဲ့၍ ရာဟုခံတွင်း၌ ရောက်နေသော နေလုံးနှင့်တူအောင် အရောင် အဆင်းနီခြင်းဖြင့် သွေးတို့ဖြင့် ခံတွင်းကို ပြည့်စေခြင်းကို။ ကရောန္တေ ပိ၊ လည်းကောင်း။ ဇောတိမာလိကံ၊ ဆီစိမ်အဝတ်တို့ဖြင့် တစ်ကိုယ်လုံးရစ်ပတ်၍ မီးရှို့ ခြင်းဖြင့် မီးပန်းရှိအောင် ညှဉ်း ပန်းခြင်းကို။ ပ။ ဟတ္ထပဇ္ဇောတိကံ၊ ဆီစိမ်အဝတ်တို့ဖြင့်လက်ကိုရစ်ပတ်ကာ မီးတိုင် ပမာ အရောင်အဝါလင်းအောင် မီးရှို့ခြင်းကို။ ပ။ ဧရကပတ္တိကံ၊ ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွာခြင်းကို။ [ အကျယ်ဖွင့်အနက်မှာ– ဧရကပတ္တိကံ၊ လည်ပင်းအောက်မှစ၍ ခြေမျက်စိတိုင်အောင် ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွာပြီးနှောက် ကြိုးဖြင့်ချည်ကာ ဆွဲငင်သွားခြင်းဖြင့်မိမိအရေလွှာကို နင်းမိတိုင်း လဲကျစေခြင်းကို]။ ပ။ စီရကဝါသိကံ၊ ခန္ဓာကိုယ်မှ ဆွဲခွာထားအပ်သော အရေတည်းဟူသောအဝတ်တို့ကို ဝတ်စေခြင်းကို။ ပ။ ဧဏေယျကံ၊ ဧဏီသားကောင်ပမာလေးဖက် ထောက် ဝပ်တွားစေပြီးနောက် ပတ်ပတ်လည်မှ မီးဖြင့်ရံလျက်ဖုတ်မြိုက်လောင် ကျွမ်းစေ ခြင်းကို။ [ ဧဏေယျကံ၊ တတောင်နှစ်ဘက်, ဒူးနှစ်ဖက်တို့၌ စွပ်ထား အပ် သော သံကွင်းအတွင်းဝယ် သံချွန်တို့ကို သွင်းလျှိုစိုက်နှက်ခြင်းဖြင့် ဧဏီသားကောင်ပမာ လေးဖက်ထောက် ဝပ်တွားစေပြီးနောက်ပတ် ပတ်လည်မှ မီးဖြင့်ရံလျက် ဖုတ်မြိုက်လောင်းကျွမ်းစေခြင်းကို]။ ပ။ ဗလိသမံသိကံ၊ အချွန်နှစ်ခုရှိသော သံချိတ်တို့ဖြင့် အရေအသားအကြောတို့ကိုဆွဲချိတ်ခွာယူခြင်းကို။ ပ။ ကဟာပဏိကံ၊ ခန္ဓာကိုယ်တစ်ခုလုံးကို ထက်စွာသောဓားတို့ဖြင့် တစ်ကျပ်သားချင်း ခုတ်စဉ်းချခြင်းကို ။ ပ။ ခါရာပတိစ္ဆိကံ၊ ခန္ဓာကိုယ် ထိုထိုနေရာတို့၌ လက်နက်တို့ဖြင့် ရိုက်နှက်ခုတ်မွှမ်း၍ အရေအသားအကြောတို့ကို ဘီးကြမ်းဖြင့်ပွတ်ခြစ်ကာ ဆားငံရေဖြင့် လောင်းချခြင်းကို။ ပ။ ပလိဃပရိဝတ္တိကံ၊ တံခါးကျည်ပမာ ချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကို။ [ပလိဃပရိဝတ္တိကံ၊ စောင်းလျက် အိပ်စေ၍ သံချွန်ကို မြေကြီးထဲသို့ နစ်ဝင်အောင် နားပေါက်တွင်းမှ ထိုးစိုက်ရိုက်သွင်းကာ တံခါးတိုင်၌ တံခါးကျည်သစ်တုံးကို သွင်းလျှို၍ လှည့်သကဲ့သို့ ခြေထောက်ကိုဆွဲကိုင်၍ ချာချာလည်အောင် လှည့်ခြင်းကို]။ ပ။ ပလာလပီဌကံ၊ ကောက်ရိုးအင်းပျဉ်ပမာ ခန္ဓာကိုယ်ကို ခေါက်လိပ် ခြင်းကို။ [ ပလာလပီဌကံ၊ အရေတို့ကိုမစုတ်မပြတ်စေဘဲ ကျောက်တုံးဖြင့် အရိုးတို့ကိုကျေမွအောင် ထုရိုက်ပြီးနောက် ဆံပင်မှ ဆွဲမြှောက်၍ အရိုးတို့ကို ခါချလိုက်သဖြင့် အသားစုချည်း ကျန်သောအခါ ကောက်ရိုးထုံးကဲ့သို့ ထိုအသားစုကိုဆံပင်တို့ဖြင့် ရစ်ပတ်ခေါက်လိပ်ခြင်းကို။] ကရောန္တေပိ၊ ပြုလုပ်နေသည်တို့ကိုလည်း‌ ကောင်း။ တတ္တေန၊ ပူလောင်လှစွာသော။ တေလေန၊ ဆီဖြင့်။ သြသိဉ္စန္တေ ပိ၊ သွန်းလောင်းချနေသည်တို့ကိုလည်းကောင်း။ သုနခေဟိ၊ (နှစ်ရက်သုံးရက် အစာမကျွေးဘဲ ထားအပ်သော) ခွေးငတ်တို့ကို။ ခါဒါပေန္တေပိ၊ ကိုက်ဝါး ခဲစားစေသည် တို့ကိုလည်းကောင်း။ ဇီဝန္တံ၊ အရှင်လတ်လတ်ပင်လျှင်။ သူလေ၊ တံကျင်၌။ ဥတ္တာသေန္တေ ပိ၊ သွင်းလျှိုနေသည်တို့ကိုလည်းကောင်း။ အသိနာ၊ သန်လျှက်ဖြင့်။ သီသံ၊ ဦးခေါင်းကို။ ဆိန္ဒန္တေ ပိ၊ ဖြတ်နေသည်တို့ကိုလည်းကောင်း။ ပဿတိ၊ မြင်၏။
တဿ၊ ထိုသူမှာ။ ( သူခိုးကိုဖမ်း၍ ညှဉ်းဆဲနေသည်ကို မြင်နေရသောထိုသူမှာ။) ဧဝံ၊ ဤသို့ တွေးတောကြောက်ရွံ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ (ကိန္တိ၊ အဘယ်သို့ တွေးတောကြောက်ရွံ့ခြင်းသည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။)
ယထာရူပါနံ၊ အကြင်သို့ သဘောရှိကုန်သော။ ပါပကာနံ၊ ယုတ်မာကုန်သော။ ကမ္မာနံ၊ ပြစ်မှုတို့၏။ ဝါ၊ ပြစ်မှုတို့ တည်းဟူသော။ ဟေတု၊ အကြောင်းကြောင့်။ အာဂုစာရိံ၊ သော။ စောရံ၊ ကို။ ရာဇာနော၊ ဘုရင်မင်းတို့သည်။ ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။ ဝိဝိဓာ၊ ကုန်သော။ ကမ္မကာရဏာ၊ တို့ကို။ ကာရေန္တိ၊ ပြုလုပ်စေကြကုန်၏။ ဝါ၊ ပြုလုပ်ခိုင်းကြကုန်၏။ ကသာဟိပိ၊ နှင်တံတို့ဖြင့်လည်း။ တာဠေန္တိ၊ ရိုက်နှက်ကြကုန်၏။ [ တနည်း– ကသာဟိ၊ တို့ဖြင့်။ တာဠေန္တိပိ၊ ရိုက်နှက်လည်း ရိုက်နှက်ကြကုန်၏။ နောက်၌လည်း ဤအတိုင်း နည်းမှီး၍ဆိုပါ]။ ပ။ အသိနာပိ၊ သန်လျှက်ဖြင့်လည်း။ သီသံ၊ ကို။ ဆိန္ဒန္တိ၊ ခုတ်ဖြတ်ကြကုန်၏။ အဟံ၊ ငါသည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ပါပကမ္မံ၊ ယုတ်မာသောအမှုကို။ စေ ကရေယျံ၊ အကယ်၍ ပြုလုပ်ငြားအံ့။ (ဧဝံ သတိ၊ ဤသို့ ပြုလုပ်သည်ဖြစ်လသော်။) မမ္ပိ၊ ငါ့ကိုလည်း။ ရာဇာနော၊ မင်းတို့သည်။ ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။ ဧဝရူပါ၊ ဤသို့ ရက်စက်ကြမ်းကြုတ်ခြင်းသ‌ဘော ရှိကုန်သော။ ဝိဝိဓာ၊ ကုန်သော။ ကမ္မကာရဏာ၊ တို့ကို။ ကာရေယျုံ၊ ပြုလုပ်စေကုန်ရာ၏။ ကသာဟိပိ၊ နှင်တံတို့ဖြင့်လည်း။ တာဠေယျုံ၊ ရိုက်နှက်ကြကုန်ရာ၏။ ဝေတ္တေဟိပိ၊ တို့ဖြင့်လည်း။ ပ။ ဟတ္ထမ္ပိ၊ လက်ကိုလည်း။ ဆိန္ဒေယျုံ၊ ဖြတ်ကြကုန်ရာ၏။ ပ။ ဗိလင်္ဂထာလိကမ္ပိ၊ ကိုလည်း။ ကရေယျုံ၊ ပြုလုပ်ကြကုန်ရာ၏။ ပ။ တတ္တေန၊ သော။ တေလေနပိ၊ ဆီဖြင့်လည်း။ သြသိဉ္စေယျုံ၊ သွန်းလောင်းချကုန်ရာ၏။ သုနခေဟိပိ၊ တို့ကိုလည်း။ ခါဒါပေယျုံ၊ ကိုက်ဝါးခဲစားစေကြကုန်ရာ၏။ ဇီဝန္တ မ္ပိ၊ လျှင်လည်း။ သူလေ၊ ၌။ ဥတ္တာသေယျုံ၊ သွင်းလျှိုကြကုန်ရာ၏။ အသိနာပိ၊ သန်လျှက်ဖြင့်လည်း။ သီသံ၊ ကို။ ဆိန္ဒေယျုံ၊ ဖြတ်ကြကုန်ရာ၏။ ဣတိ၊ ဤသို့ တွေးတောကြောက်ရွံ့ခြင်းသည်။ (ဟောတိ။)
သော၊ ထိုသူသည်။ (သူခိုးကိုဖမ်း၍ အမျိုးမျိုးညှဉ်းဆဲနေသည်ကို မြင်ရသဖြင့် တွေးတောကြောက်ရွံ့နေသောထိုသူသည်။) ဒဏ္ဍဘယဿ၊ မင်းပြစ်ဒဏ်ဘေးမှ။ ဘီတော၊ ကြောက်ရွံ့သည်။ (ဟုတွာ၊ ဖြစ်၍။) ပရေသံ၊ သူတစ်ပါးတို့၏။ ပါဘတံ၊ ပစ္စည်းဥစ္စာကို။ ဝိလုမ္ပန္တော၊ လုယက်ခိုးဝှက်လျက်။ န စရတိ၊ မလှည့်လည်။ ဝါ၊ မသွား။ ပ။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤမင်းပြစ်ဒဏ်မှ ကြောက်ရွံ့ခြင်းကို။ ဒဏ္ဍဘယံ၊ ဒဏ္ဍဘေးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပ။
ဧကစ္စော၊ သည်။ ဣတိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ၏။ (ကိန္တိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ဟူမူ။)
အဘိသမ္ပရာယံ၊ နောင်တမလွန်ဘဝ၌။ ကာယဒုစ္စရိတဿ၊ ကာယဒုစ္စရိတ် အကုသိုလ်၏။ ပါပကော၊ ယုတ်ညံ့ဆိုးဝါးသော။ ဝိပါကော၊ အကျိုးသည်။ (ဟောတိ၊ ဖြစ်၏။) အဘိသမ္ပရာယံ၊ ၌။ ဝစီဒုစ္စရိတဿ၊ ၏။ ပ။
အဟံ၊ ငါသည်။ ကာယေန၊ ဖြင့်။ ပ။ မနသာ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စေ စရေယျံ၊ အံ့။ (ဧဝံ သတိ၊ သော်။) [ယာဟံ၊ ယံ+အဟံ။] ယံ (ယေန ကာရဏေန)၊ အကြင်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ကာယဿ၊ ၏။ ပ။ [စာပိုဒ် (၈၅) တမောတမသုတ်ကြည့်။] နိရယံ၊ သို့။ န ဥပပဇ္ဇေယျံ၊ မလားရောက်ရာ။ ကိဉ္စ၊ အဘယ်မည်သော။ တံ (ကာရဏံ)၊ ထိုမလားရောက်ခြင်းဟူသော အကြောင်းသည်။ (ဘဝေယျ၊ နည်း။ န ဘဝတိ ဧဝ၊ တည်း။) ဣတိ (ပဋိသဉ္စိက္ခတိ၊ ၏)။
သော၊ ထိုသူသည်။ (ဒုစ္စရိတ်အကုသိုလ်၏ ဆိုးဝါးသော တမလွန်အပါယ်ဒုဂ္ဂတိ အကျိုး ဝိပါက်ကို ဆင်ခြင်စဉ်းစားမိသော ထိုပုဂ္ဂိုလ်သည်။) ဒုဂ္ဂတိဘ ယဿ၊ အပါယ်ဒုဂ္ဂတိဘေးမှ။ ဘီတော၊ သည်။ (ဟုတွာ)။ ပ။ ပရိဟရတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤအပါယ်ဒုဂ္ဂတိမှ ကြောက်ရွံ့ခြင်းကို။ ဒုဂ္ဂတိဘယံ၊ ဒုဂ္ဂတိဘေးဟူ၍။ ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဘယာနိ၊ တို့သည်။ ဣမာနိ စတ္တာရိ၊ တို့တည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
ပဌမံ။
ဘိက္ခဝေ၊ တို့။ စတ္တာရိ၊ လေးမျိုးကုန်သော။ ဣမာနိ ဘယာနိ၊ ဤဘေးတို့ကို။ ဥဒကောရောဟန္တဿ၊ ရေသို့ သက်ဆင်းသောသူသည်။ ပါဋိကင်္ခိ တဗ္ဗာနိ၊ အလိုရှိအပ်ကုန်၏။ ဝါ၊ တွေ့ကြုံရတတ်ကုန်၏။
ကတမာနိ၊ အဘယ်မည်ကုန်သော။ စတ္တာရိ၊ လေးမျိုးကုန်သော။ ဘယာနိ၊ ဘေးတို့ကို။ ဥဒကောရောဟန္တ ဿ၊ သည်။ ပါဋိကင်္ခိ တဗ္ဗာနိ၊ အလိုရှိအပ်ကုန်သနည်းဟူမူ။
ဦမိဘယံ၊ လှိုင်းတံပိုးဘေးကိုလည်းကောင်း။ [ လှိုင်းတံပိုးတည်းဟူသောကြောက်ရာဘေး, ကြောက်ဖွယ်ဘေး၊ ဘာယတိ ဧတသ္မာတိ ဘယံ၊ မဇ္ဈိမပဏ္ဏာသဋီကာ (၈ဝ) ဝစနတ္ ထတည်း။ ခုဒ္ဒကဝတ္ထု၊ ဝိဘင်းဋ္ဌ (၄၈၄)၌မူ စိတ္တုတြာသ ဘယကိုပင်ဖွင့်ပြ၏။] ကုမ္ဘီလဘယံ၊ မိကျောင်းဘေးကိုလည်းကောင်း။ အာဝဋ္ဋဘယံ၊ ရေဝဲဘေးကိုလည်းကောင်း။ သုသုကာဘယံ၊ ကြမ်းတမ်းသောငါးဘေးကိုလည်းကောင်း။ ဝါ၊ လပိုင်ဘေးကိုလည်းကောင်း။ (ပါဋိကင်္ခိ တဗ္ဗာနိ၊ ကုန်၏။ ဝါ၊ ၏။) ဘိက္ခဝေ၊ တို့။ စတ္တာရိ၊ ကုန်သော။ ဣမာနိ ဘယာနိ။ ပ။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ ဣဓ၊ ဤလောက၌။ ဣမသ္မိံ ဓမ္မဝိနယေ၊ တုတ်ဓားမပါ, တရားဖြင့် ဆုံးမရာ ဤမြတ်စွာဘုရား သာသနာတော်၌။ အဂါရသ္မာ၊ အိမ်မှ။ (နိက္ခမ္မ၊ ထွက်ခွာ၍။) အနဂါရိယံ၊ ရဟန်းအဖြစ်သို့။ ဝါ၊ ဖြစ်ကို။ (အိမ်၌ နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကိုဆောင်နိုင်သော လယ်လုပ်နွားမွေး ကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ်သို့။ ဝါ၊ အဖြစ်ကို။) ပဗ္ဗဇိတဿ၊ ဝင်ရောက်သော။ ဝါ၊ ကျင့်သော။ [ဒုကနိပါတ်စာပိုဒ်(၂) လည်းကြည့်။] ဧကစ္စဿ၊ အချို့သော။ ကုလပုတ္တဿ၊ အမျိုးသားသည်။ စတ္တာရိ၊ ကုန်သော။ ဘယာနိ၊ ဘေးတို့ကို။ ပါဋိကင်္ခိ တဗ္ဗာနိ၊ ကုန်၏။ ဝါ၊ ကုန်၏။
ကတမာနိ၊ ကုန်သော။ စတ္တာရိ၊ ကုန်သော။ ဘယာနိ၊ ဘေးတို့ကို။ (ပါဋိကင်္ခိ တဗ္ဗာနိ၊ နည်းဟူမူ။)
ဦမိဘယံ၊ လှိုင်းတံပိုးဘေးကိုလည်းကောင်း။ ဝါ၊ လှိုင်းတံပိုးဘေးနှင့်တူသော ဘေးကိုလည်းကောင်း။ ကုမ္ဘီလဘယံ၊ မိကျောင်းဘေးကိုလည်းကောင်း။ ဝါ၊ မိကျောင်းဘေးနှင့်တူသော ဘေးကိုလည်းကောင်း။ အာဝဋ္ဋဘယံ၊ ရေဝဲဘေးကိုလည်းကောင်း။ ဝါ၊ ရေဝဲဘေးနှင့်တူသော ဘေးကိုလည်းကောင်း။ သုသုကာဘယံ၊ ကြမ်းတမ်းသော ငါးဘေး (လပိုင်ဘေး)ကိုလည်း ကောင်း။ ဝါ၊ ကြမ်းတမ်းသော ငါး(လပိုင်)ဘေးနှင့်တူသော ဘေးကိုလည်း ကောင်း။ (ပါဋိကင်္ခိ တဗ္ဗာနိ၊ ကုန်၏။)
ဘိက္ခဝေ၊ တို့။ ဦမိဘယံ၊ လှိုင်းတံပိုးဘေးဟူသည်။ ဝါ၊ လှိုင်းတံပိုးဘေးနှင့်တူသော ဘေးဟူသည်။ ကတမဉ္စ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ ကုလပုတ္တော၊ အမျိုးသားသည်။ သဒ္ဓါ (သဒ္ဓါယ)၊ သဒ္ဓါတရားဖြင့်။ (ရတနာသုံးတန်, ကံနှင့် ကံအကျိုးကို ယုံကြည်သောသဒ္ဓါတရားဖြင့်။) ဝါ၊ ရတနာသုံးတန်, ကံနှင့်ကံအကျိုးကို ယုံကြည်၍။ ဝါ၊ ရတနာသုံးတန် ကံနှင့် ကံအကျိုးကို ယုံကြည်ခြင်းကြောင့်။ [ ဤပုဒ်၏အနက်ဖွင့် သာဓကကို အံ၊ သျ၊ ပဉ္စမတွဲ၊နှာ–၂၄၊ ၂၅၌ ရေးထားသည်။] အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတော၊ ဝင်ရောက်သည်။ ဝါ၊ ကျင့်သည်။ ဟောတိ၊ ဖြစ်၏။ (ကိန္တိ၊ အဘယ်သို့ နှလုံးသွင်း၍။ အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတော၊ သည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။)
(အဟံ၊ ငါသည်။) ဇာတိယာ၊ ပဋိသန္ဓေ နေခြင်းသည်လည်းကောင်း။ ဝါ၊ ဘဝဖန်ခါ, ခန္ဓာအသစ် ထပ်တလဲလဲ ဖြစ်ရခြင်းသည် လည်းကောင်း။ ဇရာယ၊ ခန္ဓာဟောင်းမြင်း အိုမင်းရင့်ရောင်ခြင်းသည် လည်းကောင်း။ မရဏေန၊ ခန္ဓာပျက်ယွင်း သေခြင်းသည်လည်းကောင်း။ သောကေဟိ၊ ပူဆွေးဝမ်းနည်းခြင်းတို့သည်လည်းကောင်း။ ပရိဒေဝေ၊ ငိုကြွေးမြည်တမ်းခြင်းတို့သည် လည်းကောင်း။ ဒုက္ခေဟိ၊ ကိုယ်ဆင်းရဲခြင်းတို့သည် လည်းကောင်း။ ဒေါမနဿေဟိ၊ စိတ်ဆင်းရဲခြင်းတို့သည် လည်းကောင်း။ ဥပါယာသေဟိ၊ ပြင်းထန်စွာ ပင်ပန်းခြင်းတို့သည်လည်းကောင်း။ သြတိဏ္ဏော၊ ဝင်ရောက်အပ်သည်။ အမှိ၊ ဖြစ်နေရ၏။ ဒုက္ခောတိဏ္ဏော၊ ဒုက္ခသည် ဝင်ရောက်အပ်သည်။ ဒုက္ခပရေတော၊ ဒုက္ခသည် အစဉ်လိုက်အပ်သည်။ (အမှိ၊ ၏။) ကေ၀လဿ၊ အားလုံးသော။ ဝါ၊ သုခမဖက် သက်သက်သော။ ဣမဿ ဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဒုက္ခအစုအဝေး၏။ အန္တ ကိရိယာ၊ မဖြစ်လုံးလုံး အဆုံးကို ပြုခြင်းသည်။ ဝါ၊ အဆုံးဖြစ်သော နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းသည်။ အ ပ္ပေဝ နာမပညာယေထ၊ (ဉာဏ်၌)ထင်ရှားတန်ကောင်းရာ၏။ ဣတိ၊ ဤသို့ စဉ်းစား၍။ (အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတော၊ သည်။ ဟောတိ၊ ၏။)
တထာ၊ ထိုဝဋ်ဒုက္ခအားလုံး ကုန်ဆုံးအောင် အားထုတ်လိုသော ဆန္ဒဖြင့်။ ပဗ္ဗဇိတံ၊ ရဟန်းအဖြစ်သို့ ရောက်သည်။ သမာနံ၊ ဖြစ်သော။ တမေနံ၊ ထိုအမျိုးသားကို။ သဗြဟ္မစာရိနော၊ အတူတကွ မြတ်သောအကျင့်ကို ကျင့်သောရဟန်းတို့သည်။ ဝါ၊ သီတင်းသုံးဖော်တို့သည်။ သြဝဒန္တိ၊ ဆုံးမကြကုန်၏။ အနုသာသန္တိ၊ သွန်သင်ပြသကြကုန်၏။ ဝါ၊ ကံမြစ်ကြကုန်၏။ ( ကိန္တိ၊ အဘယ်သို့။ သြ၀ဒန္တိ၊ ဆုံးမကြကုန်သနည်း။ အနုသာသန္တိ၊ သွန်သင်ပြသကြကုန်သနည်းဟူမူ။)
ဧဝံ၊ ဤသို့။ ဝါ၊ ဤလို။ တေ၊ သင်သည်။ အဘိက္ကမိတဗ္ဗံ၊ ရှေ့သို့သွားရမည်။ ဧဝံ၊ ဤသို့။ ဝါ၊ ဤလို။ တေ၊ သင်သည်။ ပဋိက္ကမိတဗ္ဗံ၊ နောက်သို့ပြန်လာရမည်။ ပ။ အာလောကေတဗ္ဗံ၊ ရှေ့ရှုတူရှုကြည့်ရမည်။ ပ။ ဝိလောကေတဗ္ဗံ၊ စောင်းငဲ့၍ ကြည့်ရမည်။ ပ။ သမိဉ္ဇိတဗ္ဗံ၊ လက်ခြေစသည်တို့ကို ကွေးရမည်။ ပ။ ပသာရိတဗ္ဗံ၊ လက်ခြေ စသည်တို့ကို ဆန့်တန်းရမည်။ ပ။ သင်္ဃာဋိပတ္တစီဝရံ၊ ဒုကုဋ်, သပိတ်, သင်္ကန်းကို။ ဓာရေတဗ္ဗံ၊ ကိုင်ဆောင်သုံးစွဲရမည်။ ဣတိ၊ ဤသို့။ ( ဩဝဒန္တိ၊ ကုန်၏။ အနုသာသန္တိ၊ ကုန်၏။)
တဿ၊ ထိုဆုံးမခံရသော ရဟန်းသစ်မှာ။ ဧဝံ၊ ဤသို့ တွေးတောခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ( ကိန္တိ၊ အဘယ်သို့ တွေးတောခြင်းသည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။)
မယံ၊ ငါတို့သည်။ ပုဗ္ဗေ၊ ရှေး၌။ အဂါရိယ ဘူတာ၊ အိမ်နေသူ လူဖြစ်ကုန်သည်။ သမာနာ၊ ဖြစ်ကုန်စဉ်။ အညေ၊ အခြားသောသူတို့ကို။ သြဝဒါမပိ၊ ဆုံးမလည်း ဆုံးမကြကုန်၏။ အနုသာ သာမပိ၊ သွန်သင်လည်း သွန်သင်ကြကုန်၏။
ဣမေ ပန၊ အရွယ်နုနယ် ဤရဟန်းငယ်တို့သည်ကား။ အမှာကံ၊ ငါတို့၏။ ပုတ္တမတ္တာ မညေ ၁။ပုတ္တမတ္တာ မညေ။ ။ “ဒေဝေါ မညေတိ ဒေဝေါ ဝိယ” ဟူ သောသီလက္ခန်အဋ္ဌကထာ (၁၅၂)၌ကဲ့သို့ မညေသဒ္ဒါကို ဝိယသဒ္ဒါနှင့် အနက်တူကြံ၍“ပုတ္တမတ္တာ မညေ နတ္တမတ္တာ မညေ” တို့ကို အနက်ပြန်ဆိုသည်။ သြဝဒိတဗ္ဗံ အနုသာသိတဗ္ဗံတို့၌ သြဝဒိတဗ္ဗေ အနုသာသိတဗ္ဗေ–ဟု ဗဟုဝုစ်ဖြင့် ဆိုလိုလျက် ဧကဝုစ် ပြန်ထားသော ဝစနဝိပလ္လာသပုဒ်ဟု ကြံပါ။ ၊ သားလောက်မျှကဲ့သို့သော သူတို့သည်။ နတ္တမတ္တာ မညေ၊ မြေးလောက်မျှကဲ့သို့ သော သူတို့သည်။ (သမာနာ၊ ဖြစ်ပါကုန်လျက်။ အမှေ၊ ငါတို့ကို။) သြဝဒိတဗ္ဗံ (ဩဝဒိတဗ္ဗေ)၊ ဆုံးမဖွယ်ရာတွေဟူ၍။ အနုသာသိတဗ္ဗံ (အနုသာသိတဗ္ဗေ)၊ သွန်သင်ဖွယ်ရာတွေဟူ၍။ မညန္တိ၊ မှတ်ထင် နေကြကုန်၏။ ဣတိ၊ ဤသို့တွေးတောခြင်းသည်။ (ဟောတိ၊ ၏။)
သော၊ ထိုရဟန်းသည်။ ကုပိတော၊ စိတ်ဆိုးသည်။ အနတ္တမနော၊ ပီတိသောမနဿတို့သည် ယူအပ်သော စိတ်မရှိသည်။ ဝါ၊ စိတ်မချမ်းသာသည်။ (ဟုတွာ၊ ဖြစ်၍။) သိက္ခံ၊ အဓိသီလသိက္ခာကို။ ပစ္စက္ခာယ၊ ပယ်စွန့်၍။ ဟီနာယ၊ ယုတ်နိမ့်သောလူအဖြစ်ငှာ။ ဝါ၊ ယုတ်နိမ့်သောလူဖြစ်ခြင်းငှာ။ အာဝတ္တတိ၊ ပြန်လည်သွား၏။
ဘိက္ခဝေ၊ တို့။ အယံ ဘိက္ခု၊ ဤရဟန်းကို။ (ဆိုဆုံးမ ခံရခြင်းကြောင့် အမျက်ဒေါသ ထွက်၍ လူ့ ဘဝသို့ ပြန် လည်သွားသောဤရဟန်းကို။) ဦမိဘယဿ၊ လှိုင်း တံပိုးဘေးမှ။ ဘီတော၊ ကြောက်ရွံ့သည်။ (ဟုတွာ၊ ၍။) သိက္ခံ၊ ကို။ ပစ္စက္ခာယ၊ ၍။ ဟီနာယ၊ ငှါ။ အာဝတ္တော၊ ပြန်လည်သွားသောသူဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ဘိက္ခဝေ၊ တို့။ ဦမိဘယန္တိ ဧတံ၊ လှိုင်းတံပိုးဘေးဟူသော ဤနာမည်သည်။ ကောဓူပါယာသဿ၊ စိတ်ဆိုးခြင်း, ပြင်းထန်စွာ ပင်ပန်းခြင်း၏။ ဝါ၊ စိတ်ဆိုးခြင်း ဒေါသနှင့်ကိုယ်စိတ်တို့၏ ပြင်းထန်စွာ ပင်ပန်း ကြောင်း ဒေါသ၏။ အဓိဝစနံ၊ နာမည်တည်း။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤကောဓနှင့် ဥပါယာသကို။ ဦမိဘယံ၊ လှိုင်းတံပိုးဘေးဟူ၍။ ဝါ၊ လှိုင်းတံပိုးနှင့် တူသော ဘေးဟူ၍။ ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့ ကုမ္ဘီလဘယံ၊ မိကျောင်းဘေးဟူသည်။ ဝါ၊ မိကျောင်းဘေးနှင့်တူသော ဘေးဟူသည်။ ကတမဉ္စ၊ မူ။ ပ။ ဣဒံ၊ ဤခဲဖွယ်ကို။ တေ၊ သင်သည်။ ခါဒိတဗ္ဗံ၊ ခဲစားကောင်း၏။ ဝါ၊ ခဲစားရမည်။ ဣဒံ၊ ဤခဲဖွယ်ကို။ တေ၊ သင်သည်။ န ခါဒိတဗ္ဗံ၊ မခဲစားကောင်း။ ဝါ၊ မခဲစားရဘူး။ ဣဒံ၊ ဤဘောဇဉ်ကို။ တေ၊ သည်။ ဘုဉ္ဇိတဗ္ဗံ၊ စားကောင်း၏။ ဝါ၊ စားရမည်။
ဣဒံ၊ ဤဘောဇဉ်ကို။ တေ၊ သည်။ န ဘုဉ္ဇိတဗ္ဗံ၊ မစားကောင်း။ ဝါ၊ မစားရဘူး။ ဣဒံ၊ ဤလျက်ဖွယ်ကို။ တေ၊ သည်။ သာယိတဗ္ဗံ၊ လျက်ကောင်း၏။ ဝါ၊ မည်။ ပ။ ဣဒံ၊ ဤသောက်ဖွယ်ကို။ တေ၊ သည်။ ပါတဗ္ဗံ၊ သောက်ကောင်း၏။ ဝါ၊ မည် ။ ပ။ အကပ္ပိယံ၊ အပ်စပ်သော ခဲဖွယ်ကို။ တေ၊ သည်။ ခါဒိတဗ္ဗံ၊ ၏။ ဝါ၊ မည်။ အကပ္ပိယံ၊ မအပ်စပ်သော ခဲဖွယ်ကို။ တေ၊ သည်။ န ခါဒိတဗ္ဗံ၊ ကောင်း။ ဝါ၊ ဘူး။ ကပ္ပိယံ၊ အပ်စပ်သော ဘောဇဉ်ကို။ တေ၊ သည်။ ဘုဉ္ဇိတဗ္ဗံ၊ ၏။ ဝါ၊ မည်။ အကပ္ပိယံ၊ မအပ်စပ်သော ဘောဇဉ်ကို။ ပ။ ကပ္ပိယံ၊ အပ်စပ်သောလျက်ဖွယ်ကို။ တေ၊ သည်။ သာယိတဗ္ဗံ။ ပ။ ကပ္ပိယံ၊ အပ်စပ်သော သောက်ဖွယ်ကို။ တေ၊ သည်။ ပါတဗ္ဗံ။ ပ။ ကာလေ၊ နေမွန်းမလွဲမီ အချိန်၌။ ပ။ ဝိကာလေ၊ နေမွန်းလွဲချိန်၌။ ပ။ န ပါတဗ္ဗံ၊ ကောင်း။ ဝါ၊ ဘူး။ ဣတိ (သြဝဒန္တိ အနုသာသန္တိ)။
တဿ၊ ထိုအဆုံးမ ခံရသော ရဟန်းသစ်မှာ။ ဧဝံ၊ ဤသို့ တွေးတောခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ( ကိန္တိ ဟောတိ)။ ပ။
ယံ၊ အကြင် ခဲဖွယ်ကို။ ဣစ္ဆာမ၊ (ခဲစားခြင်းငှာ) အလိုရှိကုန်အံ့။ တံ၊ ထိုခဲဖွယ်ကို။ ခါဒါမ၊ ခဲစားကြကုန်၏။ ယံ၊ အကြင်ခဲဖွယ်ကို။ န ဣစ္ဆာမ၊ (ခဲစားခြင်းငှာ) အလိုမရှိကုန်အံ့။ တံ၊ ထိုခဲဖွယ်ကို။ န ခါဒါမ၊ မခဲစားကုန်။ ယံ၊ အကြင် ဘောဇဉ်ကို။ ဣစ္ဆာမ၊ (စားခြင်းငှာ) အလိုရှိကုန်အံ့။ တံ၊ ထိုဘောဇဉ်ကို။ ဘုဉ္ဇာမ၊ စားကြကုန်၏။ ယံ၊ အကြင်ဘောဇဉ်ကို။ န ဣစ္ဆာမ၊ (စားခြင်းငှာ) အလိုမရှိကုန်အံ့။ တံ၊ ထိုဘောဇဉ်ကို။ န ဘုဉ္ဇာမ၊ မစားကြကုန်။ ယံ၊ အကြင်လျက်ဖွယ်ကို။ ဣစ္ဆာမ၊ လျက်လိုကုန်အံ့။ တံ၊ ထိုလျက်ဖွယ်ကို။ သာယာမ၊ လျက်ကြကုန်၏။ ယံ၊ အကြင်လျက်ဖွယ်ကို။ နဣစ္ဆာမ၊ မလျက်လိုကုန်အံ့။ တံ၊ ထိုလျက်ဖွယ်ကို။ န သာယာမ၊ မလျက်ကြကုန်။ ယံ၊ အကြင်သောက်ဖွယ်အဖျော်ကို။ ဣစ္ဆာမ၊ သောက်လိုကြကုန်အံ့။ တံ၊ ထိုသောက်ဖွယ်အဖျော်ကို။ ပိဝါမ၊ သောက်ကြကုန်၏။ ယံ၊ အကြင် သောက်ဖွယ်အဖျော်ကို။ န ဣစ္ဆာမ၊ မသောက်လိုကြကုန်အံ့။ တံ၊ ထိုသောက်ဖွယ်အဖျော်ကို။ န ပိဝါမ၊ မသောက်ကြကုန်။ ကပ္ပိယမ္ပိ၊ အပ်သော ခဲဖွယ်ကိုလည်း။ ခါဒါမ၊ ခဲကြကုန်၏။ အကပ္ပိယမ္ပိ၊ မအပ်သော ခဲဖွယ်ကိုလည်း။ ခါဒါမ၊ ၏။ ကပ္ပိယမ္ပိ၊ အပ်သောဘောဇဉ်ကိုလည်း။ ဘုဉ္ဇာမ၊ စားကြကုန်၏။ အကပ္ပိယမ္ပိ၊ မအပ်သောဘောဇဉ်ကိုလည်း။ ပ။ ကာလေပိ၊ နေမွန်းမလွဲမီအချိန်၌လည်း။ ခါဒါမ၊ ၏။ ဝိကာလေပိ၊ နေမွန်းလွဲချိန်၌လည်း။ ခါဒါမ။ ပ။ နော၊ ငါတို့အား။ [ ဒေန္တိ၌စပ်]။ ဝါ၊ ငါတို့၏။ [ဂဟပတိကာ၌စပ်]။ သဒ္ဓါ၊ ကြည်ညိုသဒ္ဓါရှိကြကုန်သော။ ဂဟပတိကာ၊ အိမ်ရှင် ဒါယကာတို့သည်။ ဒိဝါ၊ နေ့၌။ ဝိကာလေ၊ မွန်းလွဲချိန်၌။ ပဏီတံ၊ မွန်မြတ်သော။ ယမ္ပိ ခါဒနီယံ ဝါ၊ အကြင်ဘောဇဉ်ကိုလည်းကောင်း။ ယမ္ပိ ဘောဇနီယံ ဝါ၊ အကြင်ဘောဇဉ်ကိုလည်းကောင်း။ ဒေန္တိ၊ ပေးလှူကြကုန်၏။ တတြပိ၊ ထိုခဲဖွယ်ဘောဇဉ်တို့၌လည်း။ ဣမေ၊ ဤရဟန်းတို့သည်။ မုခါဝရဏံ မညေ၊ ပါးစပ်ပေါက်ကိုပိတ်လိုက်ခြင်းကဲ့သို့။ ဝါ၊ ပါးစပ်ပေါက်ကို ပိတ်လိုက်သလို။ ကရောန္တိ၊ ပြုကြကုန်၏။ ဣတိ၊ ဤသို့ တွေးတောခြင်းသည်။ (ဟောတိ)။ ပ။
ဘိက္ခဝေ၊ တို့။ ကုမ္ဘီလဘယန္တိ ဧတံ၊ မိကျောင်းဘေးဟူသော ဤနာမည်သည်။ သြဒရိကတ္တဿ၊ ဝမ်းဗိုက်ကြီး၍ အစားကြူးသူ၏ဖြစ်ကြောင်း အာမိသတဏှာ၏။ အဓိဝစနံ၊ နာမည်တည်း။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤသြဒရိ ကတ္တကို။ ဝါ၊ ဤဝမ်းဗိုက်ကြီး၍အစားကြူးသူ၏ ဖြစ် ကြောင်းအာမိသ တဏှာကို။ ကုမ္ဘီလဘယန္တိ၊ မိကျောင်းဘေးဟူ၍။ ဝါ၊ မိကျောင်းဘေးနှင့် တူသော ဘေးဟူ၍။ ဝုစ္စတိ၊ ၏။ [ဥဒရံ အဿ အတ္ထီတိ သြဒရိကော၊ ဝမ်း ဗိုက်ရှိသူ။ ဝါ၊ ဝမ်းဗိုက်ကြီးသောသူ။ ဝါ၊ ဝမ်းဗိုက်ကြီး၍ အစားကြူးသူ။ တဿ ဘာဝေါ သြဒရိကတ္တံ့]။ ပ။
သော၊ ထိုအမျိုးသားသည်။ ဧဝံ၊ ဤသို့ ဝဋ်ဒုက္ခကုန်ဆုံးအောင် အားထုတ်လိုသော ဆန္ဒဖြင့်။ ပဗ္ဗဇိတော၊ ရဟန်းပြုပြီးသည်။ သမာနော၊ ဖြစ်လသော်။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ နိဝါသေတွာ၊ သင်းပိုင်ကို ညီညာစွာပြင်ဝတ်၍။ ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။ အာဒါယ၊ ယူ၍။ ဝါ၊ ကိုင်ဆောင်ခြုံရုံ၍။ ဂါမံ ဝါ၊ ရွာသို့သော်လည်းကောင်း။ နိဂမံ ဝါ၊ နိဂုံးသို့သော်လည်းကောင်း။ အရက္ခိတေန ဧဝ၊ မစောင့်ထိန်းအပ်သည်ပင် ဖြစ်သော။ ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါ၊ ကာယဒွါရဖြင့် လည်းကောင်း။ အရက္ခိတာယ ဧဝ၊ မစောင့်ထိန်းအပ်သည်ပင် ဖြစ်သော။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ ဝါ၊ ဝစီဒွါရဖြင့် လည်းကောင်း။ အရက္ခိတေန ဧဝ၊ သော။ စိတ္တေန၊ စိတ် ဖြင့်လည်းကောင်း။ ဝါ၊ မနောဒွါရဖြင့်လည်းကောင်း။ အနုပဋ္ဌိတာယ ဧဝ၊ စွဲကပ်မတည်နေသည်ပင် ဖြစ်သော။ သတိယာ၊ ကာယဂတာသတိဖြင့် လည်းကောင်း။ အသံဝုတေဟိ ဧဝ၊ မပိတ်ဆီးအပ်သည်ပင် ဖြစ်ကုန်သော။ ဣန္ဒြိယေဟိ၊ စက္ခုအစရှိသော ဣန္ဒြေတို့ဖြင့်လည်းကောင်း။ ပိဏ္ဍာယ၊ ဆွမ်းအကျိုးငှာ။ ပဝိသတိ၊ ဝင်၏။
သော၊ ထိုဆွမ်းခံသော ရဟန်းသည်။ တတ္ထ၊ ထိုရွာနိဂုံး၌။ ဂဟပတိံ ဝါ၊ အိမ်ရှင်သူကြွယ်ကိုလည်းကောင်း။ ဂဟပတိပုတ္တံ ဝါ၊ အိမ်ရှင်သူကြွယ်၏သားကိုလည်းကောင်း။ ပဉ္စဟိ၊ ရူပါရုံစသား ငါးပါးကုန်သော။ ကာမဂုဏေဟိ၊ ကာမဂုဏ်တို့သည်။ ဝါ၊ ဝတ္ထုကာမ အနှောင်အဖွဲ့တို့သည်။ ဝါ၊ ဝတ္ထုကာမအစုအဝေးတို့သည်။ ဝါ၊ တို့နှင့်။ ဝါ၊ တို့ဖြင့်။ [တို့သည်ဟု အနက်ပေးခိုက်၌ သမပ္ပိတံ၌စပ်၊ တို့နှင့်ဟု အနက်ပေးခိုက် သမင်္ဂီဘူတံ၌စပ်၊ တို့ဖြင့်ဟုအနက်ပေးခိုက် ပရိစာရယမာနံ၌စပ်။] သမပ္ပိတံ၊ ကောင်းစွာဆိုက်ရောက်အပ်လျက်။ ဝါ၊ ငြိတွယ်အပ်လျက်။ သမင်္ဂီဘူတံ၊ ပြည့်စုံသူဖြစ်လျက်။ ပရိစာရယ မာနံ၊ စက္ခုစသော ဣန္ဒြေတို့ကို ထိုထိုဤဤ လှည့်လည်စေသည်ကို။ ဝါ၊ ပျော်မြူးနေသည်ကို။ ပဿတိ၊ မြင်၏။
တဿ၊ ထိုမြင်သောရဟန်းမှာ။ ဧဝံ၊ ဤအကြံသည်။ ဟောတိ၊ ဖြစ်၏။ (ကိန္တိ၊ အဘယ်အကြံသည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။)
မယံ၊ ငါတို့သည်။ ပုဗ္ဗေ၊ ၌။ အဂါရိယဘူတာ၊ ကုန်သည်။ သမာနာ၊ စဉ်။ ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့သည်။ ဝါ၊ တို့နှင့်။ ဝါ၊ တို့ဖြင့်။ သမပ္ပိတာ၊ ကုန်လျက်။ သမင်္ဂီဘူတာ၊ ကုန်လျက်။ ပရိစာရိမှာ၊ ဣန္ဒြေတို့ကို ထိုထိုဤဤ လှည့်လည်စေခဲ့ကြကုန်ပြီ။ ဝါ၊ ပျော်မြူးခဲ့ကြကုန်ပြီ။ မေ၊ ငါ၏။ ကုလေ၊ အိမ်၌။ ဝါ၊ အမျိုး၌။ ဘောဂါ၊ ပစ္စည်းဥစ္စာတို့သည်။ သံဝိဇ္ဇန္တိ ခေါ၊ ရှိကုန်သည်သာ။
ဘော‌‌ဂေ စ၊ ပစ္စည်းဥစ္စာတို့ကိုလည်း။ ဘုဉ္ဇိတုံ၊ သုံးစွဲခံစားခြင်းငှာ လည်း။ ပုညာနိ စ၊ ကုသိုလ်ကောင်းမှုတို့ကိုလည်း။ ကာတုံ၊ ပြုလုပ်ခြင်းငှာလည်းကောင်း။ သက္ကာ၊ တတ်နိုင်၏။
အဟံ၊ ငါသည်။ သိက္ခံ၊ ကို။ ဘော၊ ကောင်း။ ပုညာနိ၊ ငှာလည်းကောင်း။ ပစ္စက္ခာယ၊ ၍။ ဟီနာယ၊ ငှာ။ အာဝတ္တိတွာ၊ ပြန်လည်၍။ ဘောဂေ စ၊ တို့ကိုလည်း။ ယံနူန ဘု‌ဉ္ဇေယျံ၊ သုံးစွဲခံစားရပါမူ ကောင်းလစွာ့။ ပုညာနိ စ၊ တို့ကိုလည်း။ ယံနူန ကရေယျံ၊ ပြုလုပ်ရပါမူ ကောင်းလေစွာ့။ ဣတိ၊ ဤအကြံသည်။ (ဟောတိ)။ ပ။
ဘိက္ခဝေ၊ ရဟန်းတို့။ အယံ ဘိက္ခု၊ ဤရဟန်းကို။ (ကာမဂုဏ် ခံစားလို၍ သိက္ခာကိုပယ်စွန့်၍ လူ့ ဘဝသို့ ပြန်လည်သွားသောဤရဟန်းကို။) အာဝဋ္ဋဘယဿ၊ ရေဝဲဘေးမှ။ ဘီတော၊ ကြောက်သည်။ (ဟုတွာ၊ ဖြစ်၍)။ ပ။ အာဝတ္တော၊ ပြန်လည်သွားသောသူဟူ၍။ ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အာဝဋ္ဋဘယန္တိ ဧတံ၊ ရေဝဲဘေးဟူသော ဤနာမည်သည်။ ပဉ္စန္နံ၊ ရူပါရုံ စသား ငါးပါးကုန်သော။ ကာမဂုဏာနံ၊ ကာမဂုဏ်တို့၏။ ဝါ၊ ကာမဂုဏ် တို့၌ တပ်မက်သော ဆန္ဒရာတို့၏။ အဓိဝစနံ၊ နာမည်တည်း။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤငါးပါးအာရုံ ကာမဂုဏ်ကို။ ဝါ၊ ဤငါးပါးအာရုံကာမဂုဏ်၌ တပ်မက်သော ဆန္ဒရာဂကို။ အာဝဋ္ဋဘယံ၊ ရေဝဲဘေးဟူ၍။ ဝါ၊ ရေဝဲဘေး နှင့်တူသော ဘေးဟူ၍။ ဝုစ္စတိ၊ ၏။ ပ။
သော၊ ထိုဆွမ်းခံဝင်သော ရဟန်းသည်။ တတ္ထ၊ ထိုရွာနိဂုံး၌။ ဒုန္နိဝတ္ထံ ဝါ၊ မကောင်းသဖြင့် ဝတ်ဆင်နေသည်လည်း ဖြစ်သော။ ဝါ၊ မလုံ့တလုံဝတ်ဆင်နေသည်လည်းဖြစ်သော။ ဒုပ္ပါရုတံ ဝါ၊ မကောင်းသဖြင့် ခြုံရုံနေသည်လည်းဖြစ်သော။ မာတုဂါမံ၊ မိန်းမကို။ ပဿတိ၊ မြင်၏။
ဒုန္နိဝတ္ထံ ဝါ၊ သော။ ဒုပ္ပါရုတဲ့ ဝါ၊ သော။ မာတုဂါမံ၊ ကို။ ဒိသွာ၊ မြင်ရပြီး၍။ တဿ၊ ထိုရဟန်း၏။ စိတ္တံ၊ စိတ်ကို။ ရာဂေါ၊ ရာဂသည်။ အနုဒ္ဓံသေတိ၊ ပင်ပန်းနွမ်းနယ်စေ၏။ ဝါ၊ မွှေနှောက်၏။
သော၊ ထိုရဟန်းသည်။ ရာဂါနုဒ္ဓံသိတေန၊ ရာဂသည် ပင်ပန်းနွမ်းနယ် စေအပ်သော။ ဝါ၊ ရာဂသည် မွှေနှောက်အပ်သော။ စိတ္တေန၊ စိတ်ကြောင့်။ ပ။
ဘိက္ခဝေ၊ တို့။ အယံ ဘိက္ခု၊ ဤရဟန်းကို။ ( ရာဂါနုဒ္ဓံ သိတ စိတ်ကြောင့် သိက္ခာကိုပယ်စွန့်၍ လူ့ဘဝသို့ ပြန် လည်သွားသောဤရဟန်းကို)။ ပ။
ဘိက္ခဝေ၊ တို့။ သုသုကာဘယန္တိ ဧတံ၊ ကြမ်းတမ်းသောငါးဘေးဟူသော ဤနာမည်သည်။ မာတုဂါမဿ၊ မိန်းမ၏။ ဝါ၊ မိန်းမ၌တပ်မက်သော ဆန္ဒရာဂ၏။ အဓိဝစနံ၊ တည်း။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤမိန်းမကို။ ဝါ၊ ဤ မိန်းမ၌ တပ်မက်သော ဆန္ဒရာဂကို။ သုသုကာဘယံ၊ ကြမ်းတမ်းသောငါးဘေးဟူ၍။ ဝါ၊ ကြမ်းတမ်းသော ငါးနှင့် တူသော ဘေးဟူ၍။ ဝုစ္စတိ၊ ၏။ [ ပဉ္စကာမဂုဏမာတုဂါမဂ္ဂဟဏေန တန္နိဿိတ ဆန္ဒရာဂဂ္ဂဟဏံ ဝေဒိတဗ္ဗံ။ ခုဒ္ဒကဝတ္ထု ဝိဘင်းမူလဋီကာ။ ၂၂၅]။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသတ္တလောက၌။ ဣမသ္မိံ ဓမ္မဝိနယေ၊ ၌။ အဂါရသ္မာ၊ မှ။ ( နိက္ခမ္မ၊ ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတဿ၊ သော။ ဧကစ္စဿ၊ သော။ ကုလပုတ္တဿ၊ သည်။ စတ္တာရိ၊ ကုန်သော။ ဣမာနိ ဘယာနိ၊ ဤဘေးတို့ကို။ ပါဋိကင်္ခိ တဗ္ဗာနိ၊ ကုန်၏။ ဣတိ၊ ဤသို့။ ( အဝေါစ၊ မိန့်တော် မူပြီ။)
ဒုတိယံ၊ နှစ်ခုမြောက်သုတ်တည်း။
ဘိက္ခဝေ၊ တို့။ လောကသ္မိံ၊ သတ္တလောက၌။ စတ္တာရော၊ လေးဦးကုန်သော။ ဣမေ ပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်တို့သည်။ ဝါ၊ တို့ကို။ သန္တော၊ ကုန်၏။ သံဝိဇ္ဇမာနာ၊ ကုန်၏။
ကတမေ၊ အဘယ် မည်ကုန်သော။ စတ္တာရော၊ ကုန်သော။ (ဣမေ ပုဂ္ဂလာ၊ တို့သည်။ ဝါ၊ တို့ကို။ သန္တော၊ သနည်း။ သံဝိဇ္ဇမာနာ၊ သနည်းဟူမူ။) ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ကာမေဟိ၊ တို့မှ။ ဝိဝိစ္စ ဧဝ၊ လျှင်။ [စာပိုဒ် (၁၆၃) အသုဘသုတ်၌ ရေးအံ့]။ ပ။
သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုပဌမဈာန်ကို။ အဿာဒေတိ၊ သာယာ၏။ (သာယာဖွယ်သုခဖြင့် သာယာ၏။) တံ၊ ထိုပဌမဈာန်ကို။ နိကာမေတိ၊ လိုလားတောင့်တ၏။ တေန စ၊ ထိုပဌမဈာန်ဖြင့်လည်း။ ဝိတ္တိံ၊ နှစ်သက်ခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။
တတ္ထ၊ ထို ပဌမဈာန်၌။ ဠိတော၊ တည်နေလျက်။ တဒဓိမုတ္တော၊ ထိုပဌမဈာန်၌ ညွတ်ကိုင်းလျက်။ ဝါ၊ ထိုပဌမဈာန်သို့ စိတ်ကိုစေလွှတ်လျက်။ တဗ္ဗဟုလဝိဟာရီ၊ ထိုပဌမဈာန်ဖြင့်ကြိမ် ဖန်များစွာနေလေ့ရှိလျက်။ အပရိဟီနော၊ ထိုပဌမဈာန်မှ မဆုတ်ယုတ်ဘဲ။ ကာလံ၊ ကွယ် လွန်ရာအခါကို။ ဝါ၊ ကွယ်လွန်ခြင်းကို။ ကုရုမာနော၊ ပြုလသော်။ ဗြဟ္မကာယိကာနံ ၁။**ဗြဟ္မကာယိကာနံ**။ ။ ဗြဟ္မာနံ ကာယော သမူဟော ဗြဟ္မကာယော၊ ဗြဟ္မာတို့၏အပေါင်း၊ ဗြဟ္မကာယေ ဂတာ ပရိယာပန္နော ဗြဟ္မကာယိကာ= ဗြဟ္မာအပေါင်း၌ ဖြစ်သော ပါဝင်သော ဗြဟ္မာများ။ ဤဝိဂြိုဟ်အရ ဗြဟ္မကာယိကဟူသောနာမည်သည် ဗြဟ္မာအားလုံးနှင့် သက်ဆိုင်၏။ သို့သော် ဒုတိယဈာန်ဘုံသား ဗြဟ္မာစသည်တို့အတွက် “အာဘဿရာနံ ဒေဝါနံ” စသည်ဖြင့် သီးခြား ဟောတော်မူလတ္တံ့ ဖြစ်သောကြောင့် ဗြဟ္မကာယိကအရ (ဂေါဗလီဗဒ္ဒနည်း, ပုညဉာဏသမ္ဘာရနည်း, ပါရိသေသနည်းအားဖြင့်) ပဌမဈာန်ဘုံသား ဗြဟ္မာများကိုသာယူရ၏။ ၊ ပဌမဈာန်ဘုံသား ဗြဟ္မာအပေါင်း၌ အပါအဝင်ဖြစ်ကုန်သော။ ဒေဝါနံ၊ ဗြဟ္မာတို့၏။ သဟဗျတံ၊ အတူတကွဖြစ်ဖက်အဖော်သဟဲအဖြစ်သို့။ ဥပပဇ္ဇတိ၊ လားရောက်၏။
ဘိက္ခဝေ၊ တို့။ ဗြဟ္မကာယိကာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ အာယုပ္ပ မာဏံ၊ အသက်တမ်း ပမာဏသည်။ ကပ္ပေါ ၂။ကပ္ပေါ အာယုပ္ပမာဏံ။ ။ ဗြဟ္မကာယိကတို့အတွက် မဟာကပ်တစ်ကပ် အပြည့်အစုံ မဖြစ်နိုင်သောကြောင့် အသင်္ချေယျကပ်ကိုသာ ယူရကြောင်းကိုဒီ၊ မဟာဝဂ္ဂဋီကာ၊ ၁၁၅-၌ ဖွင့်၏၊ သီလက္ခန်ဋီကာ၊ ၃၃၅-၌ကား “ဧကံမဟာကပ္ပန္တိ အတ္ထော” ဟု အဖွင့်ဝါကျရှိနေ၏။ စာပျက်နေခြင်းဖြစ်မည်ဟု ယူဆ၏။ ၊ အသင်္ချေယျကပ် တကပ်တည်း။
တတ္ထ၊ ထိုပဌမဈာန်ဘုံသား ဗြဟ္မာတို့၌။ ပုထုဇ္ဇနော၊ ပုထုဇဉ်ပုဂ္ဂိုလ်သည်။ ယာဝတာယုကံ၊ အသက်ရှည်သမျှကာလပတ်လုံး။ ဌတွာ၊ တည်နေ၍။ တေသံ ဒေဝါနံ၊ ထိုပဌမဈာန်ဘုံသား ဗြဟ္မာတို့၏။ အာယုပ္ပမာဏံ၊ သည်။ ယာဝတကံ၊ အကြင်မျှလောက် အရေအတွက်ရှိ၏။ တံ သဗ္ဗံ၊ ထိုအားလုံးစုံ အရေအတွက်ရှိသမျှ အသက်တမ်း ပမာဏကို။ ခေပေတွာ၊ ကုန်စေပြီး၍။ နိုရယမ္ပိ၊ ငရဲသို့လည်း။ ဂစ္ဆတိ၊ လားရောက်ရ၏။ ( လူ့ ပြည်နတ်ပြည်မှ တဆင့် လားရောက်ရတတ်၏။) တိရစ္ဆာနယောနိမ္ပိ၊ တိရစ္ဆာန်ဘဝသို့လည်း။ ဂစ္ဆတိ၊ ၏။ ပေတ္တိဝိသယမ္ပိ၊ ပြိတ္တာ အပေါင်း၏ ဖြစ်ရာဘဝသို့လည်း။ ဂစ္ဆတိ၊ ၏။
ပန၊ ထူးခြားချက်ကား။ ဘဂ၀တော၊ မြတ်စွာဘုရား၏။ သာဝကော၊ သေက္ခအရိယာတပည့်သည်။ တတ္ထ၊ ထိုပဌမဈာန်ဘုံသား ဗြဟ္မာတို့၌။ ပ။ တသ္မိံ ယေဝဘဝေ၊ ထိုရူပဗြဟ္မာဘဝ၌ပင်လျှင်။ ပရိနိဗ္ဗာယတိ၊ ပရိနိဗ္ဗာန်ပြု၏။ ဝါ၊ ပဋိသန္ဓေနေခြင်း၏အကြောင်းဖြစ်သော တဏှာစသည်မှကင်းသော ခန္ဓာဇာတ်သိမ်းချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်း၏။ [ အောက်ကာမဘုံသို့ ပဋိသန္ဓေ မနေလာတော့ဟူလို။]
ဘိက္ခဝေ၊ တို့။ ဂတိယာ၊ လားရောက်အပ်သော ဘဝသည်လည်းကောင်း။ ဥပပတ္တိယာ၊ ပဋိသန္ဓေနေခြင်းသည်လည်းကောင်း။ သတိ၊ ရှိလသော်။ (အရိယသာဝကဿ၊ သေက္ခအရိယာတပည့်၏။) ယဒိဒံ (ပရိနိဗ္ဗာနံ)၊ အကြင်ရူပဘဝ၌ပင်ပရိနိဗ္ဗာန်စံခြင်းသည် လည်းကောင်း။ (ပုထုဇ္ဇနဿ၊ ပုထုဇဉ်ပုဂ္ဂိုလ်၏။) ယဒိဒံ (နိရယာဒိဂမနံ)၊ အကြင်ငရဲစသည်သို့ လားရောက်ရခြင်း သည်လည်းကောင်း။ (အတ္ထိ၊ ရှိ၏။) [ အဋ္ဌကထာ အဖွင့်ဝါကျမှ ပဓာနကျ သော ပါဌ်တချို့ကို ယူထည့် ပေးသည်။] အယံ ခေါ၊ ဤသည်ပင်လျှင်။ ဝါ၊ ဤ သေက္ခအရိယာတပည့်၏ ရူပဘဝမှာပင် ပရိနိဗ္ဗာန်စံခြင်း, ပုထုဇဉ်ပုဂ္ဂိုလ်၏ ငရဲစသည်သို့ လားရောက်ရခြင်းသည်ပင်လျှင်။ သုတဝတော၊ အကြားအမြင် သုတရှိသော။ ဝါ၊ အာဂမသုတ, အဓိဂမသုတရှိသော။ [ ၎င်း၏အကျယ်တဝင့် ဖွင့်ပြချက်ကို ဒုတိယအကြိမ်ရိုက်နှိပ်သော ပထမတွဲနိဿယ၊ နှာ-၃၈၊၃၉။ ဧကကနိပါတ်စာပိုဒ်(၅၁)၌ ရေးခဲ့ပြီ။] အရိယ သာဝကဿ၊ သေက္ခအရိယာ တပည့်၏။ အဿုတဝတာ၊ အကြားအမြင် သုတ မရှိသော။ ဝါ၊ သော။ ပုထုဇ္ဇနေန၊ ပုထုဇဉ်ပုဂ္ဂိုလ်နှင့်။ ဝိသေသော၊ ထူးခြားချက်တည်း။ အယံ၊ ဤသည်ပင်လျှင်။ ဝါ၊ ဤသေက္ခ အရိယာတပည့်၏ ရူပဘဝမှာပင် ပရိနိဗ္ဗာန်စံခြင်း, ပုထုဇဉ်ပုဂ္ဂိုလ်၏ ငရဲ စသည်သို့ လားရောက်ရခြင်းသည်ပင်လျှင်။ သုတဝတော၊ သော။ အရိယ သာဝကဿ၊ ၏။ အဿုတဝတာ၊ သော။ ပုထုဇ္ဇနေန၊ နှင့်။ အဓိပ္ပယာသော၊ လွန်ကဲစွာအားထုတ်ကြောင်း အပြုအမူတည်း။ ဣဒံ၊ ဤသည်ပင်လျှင်။ ဝါ၊ ဤ သေက္ခအရိယာတပည့်၏ ရူပဘဝမှာပင် ပရိနိဗ္ဗာန်စံခြင်း, ပုထုဇဉ်ပုဂ္ဂိုလ်၏ ငရဲစသည်သို့ လားရောက်ရခြင်းသည်ပင်လျှင်။ သုတဝတော၊ သော။ အရိယသာဝကဿ၊ ၏။ အဿုတဝတာ၊ သော။ ပုထုဇ္ဇနေန၊ နှင့်။ နာနာကရဏံ၊ တစ်သီးတစ်ခြားစီ ကွဲပြားအောင်ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း။ [ တိကနိပါတ် စာပိုဒ်(၁၁၇) ဒုတိယအကြိမ်ရိုက်နှိပ်သော ပထမတွဲနိဿယ၊ နှာ-၅၇၇၊ အာနေဉ္ဇ သုတ်လည်းကြည့်။]
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ် အခြားသော ပုဂ္ဂိုလ်တစ်မျိုးကား။ [တနည်း– ဘိက္ခဝေ၊ တို့။ ပုန စ၊ နောက်ထပ်လည်း။ အပရံ၊ အခြားသောပုဂ္ဂိုလ်တစ်မျိုးကို။ အဟံ၊ ငါသည်။ ဘာသိဿာမိ၊ ဟောတော်မူအံ့။] ဣဓ၊ ဤလောက၌။ ဧကစ္စော၊ သော။ ပ။ ဒုတိယံ၊ သော။ ဈာနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ပဇ္ဇ၊ ၍။ ဝိဟရတိ၊ ၏။
သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုဒုတိယဈာန်ကို။ အဿာဒေတိ၊ သာယာ၏။ တံ၊ ထိုဒုတိယဈာန်ကို။ နိကာမေတိ၊ ၏။ တေန စ၊ ထိုဒုတိယဈာန်ဖြင့်လည်း။ ပ။
တတ္ထ၊ ထိုဒုတိယဈာန်၌။ ဌိတော၊ လျက်။ တဒဓိမုတ္တော၊ ထိုဒုတိယဈာန်၌ ညွတ်ကိုင်းလျက်။ ဝါ၊ လျက်။ တဗ္ဗဟုလဝိဟာရီ၊ ထို ဒုတိယဈာန်ဖြင့် ကြိမ်ဖန် များစွာ နေလေ့ရှိ လျက်။ အပရိဟီနော၊ ဒုတိယဈာန်မှ မဆုတ်ယုတ်ဘဲ။ ကာလံ၊ ကို။ ကုရုမာနော၊ သော်။ အာဘဿရာနံ၊ အာသဿရမည်ကုန်သော။ ဒေဝါနံ၊ ဗြဟ္မာတို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အာဘဿရာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ အာယုပ္ပမာဏံ၊ သည်။ ဒွေ ကပ္ပါ၊ မဟာကပ် နှစ်ကပ်တို့တည်း။ [ ဤမဟာကပ် နှစ်ကပ်မှာ ဟီနဒုတိယဈာန်ကြောင့်ဖြစ်သော ဗြဟ္မာတို့၏ သက်တမ်းသာတည်း။ မဇ္ဈိမဒုတိယဈာန်ကြောင့် လေးကပ်၊ ပဏီတဒုတိယဈာန်ကြောင့်ရှစ်ကပ်တည်း။]
တတ္ထ၊ ထိုအာဘဿရဗြဟ္မာတို့၌။ ပ။ တေသံ ဒေဝါနံ၊ ထိုအာဘဿရဗြဟ္မာတို့၏။ ပ။
သာဝကော၊ သည်။ တတ္ထ၊ ထိုအာဘဿရဗြဟ္မာတို့၌။ ပ။ တေသံ ဒေဝါနံ၊ ထိုအာဘဿရ ဗြဟ္မာတို့၏။ ပ။ တသ္မိံ ယေဝ ဘဝေ၊ ထိုရူပဘဝ၌ပင်လျှင်။ ပရိနိဗ္ဗာယတိ၊ ၏။ ပ။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ ပ။
တတိယံ၊ သော။ တံ ဈာနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ပဇ္ဇ၊ ၍။ ဝိဟရတိ၊ ၏။
သော၊ သည်။ တံ၊ ထိုတတိယဈာန်ကို။ အဿာဒေတိ၊ ၏။ ပ။ တေန စ၊ ထိုတတိယဈာန်ဖြင့်လည်း။ ပ။
တတ္ထ၊ ထိုတတိယဈာန်၌။ ဌိတော၊ လျက်။ တဒဓိမုတ္တော၊ ထိုတတိယဈာန်၌ ညွတ်ကိုင်းလျက်။ ပ။ သုဘကိဏှာနံ၊ သုဘကိဏှမည်ကုန်သော။ ဒေဝါနံ။ ပ။ ဒေဝါနံ၊ တို့၏။
အာယုပ္ပမာဏံ၊ သည်။ စတ္တာရော ကပ္ပါ၊ လေးခုကုန်သောမဟာကပ်တို့တည်း။ ဝါ၊ မဟာကပ်လေးရပ်, လေးကြိမ်ထပ်ပွား, (၆၄)ပါးသော မဟာကပ်တို့တည်း။၁။စတ္တာရော ကပ္ပါ။ ။ ဗြဟ္မကာယိကနှင့် အာဘဿရတို့၏ အာယုပ္ပဓာဏတုန်းက “ကပေါ, ဒွေ ကပ္ပါ”ဟု မိန့်ဆိုတော်မူခဲ့၏။ ထိုတွင် ဗြဟ္မကာယိကတို့၏ ကပ္ပတစ်ခုကို (၂)ဖြင့် မြှောက်လျှင် အာဘဿရတို့၏ ဒွေ ကပ္ပါဖြစ်၏။ ၎င်းကို (၂)ဖြင့် မြှောက်လျှင် စတ္တာရော ကပ္ပါဖြစ်၏။ ၎င်းကို လေးကြိမ်ထပ်မြှောက်ပွားသဖြင့်မဟာကပ် (၆၄) ဖြစ်သည်။ လေးကြိမ်မြှောက်ပွားပုံမှာ–
စတ္တာရော ကပ္ပါအရ မဟာကပ်လေးကပ်ကို ပဌမ (၂)ဖြင့်မြှောက်လျှင် (၈)ဖြစ်၏။ ၎င်းကိုဒုတိယ (၂)ဖြင့် မြှောက်လျှင် (၁၆)ဖြစ်၏။ ၎င်းကို တတိယ(၂)ဖြင့်မြှောက်လျှင် (၃၂)ဖြစ်၏။ ၎င်းကိုစတုတ္ထ (၂)ဖြင့် မြှောက်လျှင် (၆၄)ဖြစ်၏။
။
တတ္ထ၊ ထိုသုဘကိဏှဗြဟ္မာတို့၌။ ပ။ တေသံ ဒေဝါနံ၊ ထိုသုဘကိဏှဗြဟ္မာတို့၏။ ပ။
တသ္မိံယေဝ ဘဝေ၊ ထိုရူပဗြဟ္မာဘဝ၌ပင်လျှင်။ ပရိနိဗ္ဗာယတိ၊ ၏။ ပ။
တံ၊ ထိုစတုတ္ထဈာန်ကို။ အဿာဒေတိ၊ ၏။ တံ၊ ထိုစတုတ္ထဈာန်ကို။ နိကာမေတိ၊ ၏။ တေန စ၊ ထိုစတုတ္ထဈာန်ဖြင့်လည်း။ ပ။
တတ္ထ၊ ထိုစတုတ္ထဈာန်၌။ ဌိတော၊ လျက်။ တဒဓိမုတ္တော၊ ထိုစတုတ္ထဈာန်၌ ညွတ်ကိုင်းလျက်။ တဗ္ဗဟုလဝိဟာရီ၊ ထိုစတုတ္ထဈာန်ဖြင့်ကြိမ်ဖန်များစွာ နေလေ့ရှိ လျက်။ အပရိဟီနော၊ စတုတ္ထဈာန်မှ မဆုတ်ယုတ်ဘဲ။ ပ။ ဝေဟပ္ဖလာနံ၊ ဝေဟပ္ဖိုလ်မည်ကုန်သော။ ဒေဝါနံ။ ပ။
အာယုပ္ပမာဏံ၊ သည်။ ပဉ္စကပ္ပသတာနိ၊ မဟာကပ်ငါးရာတို့တည်း။
တတ္ထ၊ ထို ဝေဟပ္ဖိုလ်ဗြဟ္မာတို့၌။ ပ။ တေသံ ဒေဝါနံ၊ ထိုဝေဟပ္ဖိုလ်ဗြဟ္မာတို့၏။ ပ။
သာဝကော၊ သည်။ တတ္ထ၊ ထိုဝေဟပ္ဖိုလ်ဗြဟ္မာတို့၌။ ပ။ တသ္မိံ ယေဝ ဘဝေ၊ ထိုရူပဘဝ၌ပင်။ ပရိနိဗ္ဗာယတိ၊ ၏။ ပ။
တတိယံ။
သော၊ ထိုပုဂ္ဂိုလ်သည်။ တတ္ထ၊ ထိုပဌမဈာန်သမာပတ်အတွင်း၌။ ယဒေဝ ရူပဂတံ၊ အကြင်ရုပ်သည်လည်းကောင်း။ [ဂတသဒ္ဒါတမ္ဘောတည်း၊ ရူပမေဝ ရူပဂတံ]။ ယဒေဝ ဝေဒနာဂတံ၊ အကြင်ဝေဒနာသည်လည်းကောင်း။ ယဒေဝ သညာဂတံ၊ အကြင် သညာသည်လည်းကောင်း။ ယဒေဝ သင်္ခါရဂတံ၊ အကြင် သင်္ခါရသည် လည်းကောင်း။ ယဒေဝ ဝိညာဏဂတံ၊ အကြင်ဝိညာဏ်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဝါ၊ ရှိ၏။ တေ ဓမ္မေ၊ ထိုရုပ်ဝေဒနာ အစရှိသော ခန္ဓာငါးပါးတရားတို့ကို။ အနိစ္စ တော၊ မမြဲသောတရား၏ အဖြစ်အားဖြင့်လည်းကောင်း။ ဝါ၊ မမြဲသောတရားဟူ၍လည်းကောင်း။ ဒုက္ခတော၊ ဆင်းရဲဒုက္ခ၏အဖြစ်အားဖြင့်လည်းကောင်း။ ဝါ၊ ဆင်းရဲဒုက္ခဟူ၍လည်းကောင်း။ ရောဂတော၊ ရောဂါဝေဒနာ၏ အဖြစ်အားဖြင့်လည်းကောင်း။ ဝါ၊ ရောဂါဝေဒနာနှင့်တူ၏ ဟူ၍လည်းကောင်း။ ဂဏ္ဍတော၊ (အတွင်းပုပ်) အိုင်းအမာ အနာဆွေး၏ အဖြစ်အားဖြင့်လည်းကောင်း။ ဝါ၊ အိုင်းအမာ အနာဆွေးနှင့်တူ၏ဟူ၍ လည်းကောင်း။ သလ္လတော၊ မြားငြောင့် အဖြစ်အားဖြင့် လည်းကောင်း။ ဝါ၊ မြားငြောင့်နှင့်တူ၏ ဟူ၍လည်းကောင်း။ အဃတော ၁။အဃတော။ ။ “သဒုက္ခဋ္ဌေန အဃတော”ဟု အဋ္ဌကထာဖွင့်၏။ အဃသဒ္ဒါသည် နဂိုမူလက ဒုက္ခဟူသော အနက်ကို ဟောသော်လည်း ဤနေရာ၌မူ ထိုဒုက္ခနှင့်တကွဖြစ်သော (ထိုဒုက္ခ၏ တည်ရာဖြစ်သော) ခန္ဓာငါးပါးတိုင်အောင် ယူရ၏။ ခန္ဓာ ငါးပါးသည် ဒုက္ခနှင့်တကွဖြစ်သည်။ ဒုက္ခ၏ တည်ရာဖြစ်သည်ဟု ဆိုလို၏။ ဌာနီဒုက္ခ၏ အဃဟူသော နာမည်ကို ဌာနခန္ဓာငါးပါး၌ ရွှေ့ပြောင်းမှည့်ခေါ်ကာ ဌာနျူ ပစာရအားဖြင့် ခန္ဓာငါးပါးကို အဃခေါ်သည်ဟုကြံသင့်၏။ မဇ္ဈိမပဏ်ဋ္ဌ (၁၀၂)၌ “ဒုက္ခဋ္ဌေန အဃတော”ဟု ပါဌ်ရှိ၏။ ယခင်ရှိပြီးသော “ ဒုက္ခတော”ဟူသော ပါဠိနှင့် အနက်အားဖြင့် ထူးမခြားနားဖြစ် နေသောကြောင့် ထိုပါဌ်ကိုစဉ်းစားသင့်၏။ အဃသဒ္ဒါကို မကောင်းမှုအနက်ဟောယူ၍ တစ်နည်းပြန်ဆိုထားသောအနက်မှာ ဋီကာနှင့် ဝိသုဒ္ဓိမဂ်တို့အဖွင့် သဒိသူပစာရအနက်တည်း။ ၊ ဆင်းရဲဒုက္ခနှင့် တကွဖြစ်သောတရား အဖြစ်အားဖြင့်လည်းကောင်း။ ဝါ၊ မကောင်းမှု၏ အဖြစ်အားဖြင့်လည်းကောင်း။ ဝါ၊ မကောင်းမှုနှင့်တူသည် အဖြစ်အားဖြင့်လည်းကောင်း။ အာဗာဓတော၊ ပြင်းထန်စွာ နှိပ်စက်တတ်သော အနာ၏ အဖြစ်အား ဖြင့် လည်းကောင်း။ ပရတော၊ ပြင်ပလူသား သူစိမ်းကား အဖြစ်အားဖြင့်လည်းကောင်း။ (မိမိသဘောကျ မစီမံနိုင်သောကြောင့် လူစိမ်းသူစိမ်းနှင့်တူ၏ဟူ၍ လည်းကောင်း။) ပလောကတော၊ အမျိုးမျိုး အဖုံဖုံ ပျက်စီးတတ်သည် အဖြစ်အားဖြင့် လည်းကောင်း။ သုညတော၊ သတ္တဝါကောင်မှ ဆိတ်သုဉ်းသည် အဖြစ်အားဖြင့်လည်းကောင်း။ အနတ္တတော၊ (အလိုဆန္ဒအတိုင်းဖြစ်စေနိုင်သော) အနှစ်သာရ အသက်ရှင် အတ္တကောင် မဟုတ်သည်အဖြစ်အားဖြင့် လည်းကောင်း။ ဝါ၊ အနှစ်သာရ အသက်ရှင် အတ္တကောင် မရှိသည်အဖြစ်အားဖြင့် လည်းကောင်း။ သမနုပဿတိ၊ ဉာဏ်ဖြင့်ရှု၏။
သော၊ ထိုပုဂ္ဂိုလ်သည်။ ကာယဿ၊ ဥပါဒိန္နကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းတည်းဟူသော။ မရဏာ၊ သေခြင်းမှ။ ဝါ၊ သေသည်မှ။ ပရံ၊ နောက်၌။ ဝါ၊ နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌။ ဝါ၊ နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။ သုဒ္ဓါဝါသာနံ၊ သုဒ္ဓါဝါသဘုံသားဖြစ်ကုန်သော။ ဒေဝါနံ၊ ဗြဟ္မာတို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အယံ ဥပပတ္တိ၊ ဤသုဒ္ဓါဝါသဘုံ၌ ပဋိသန္ဓေနေခြင်းသည်။ ပုထုဇ္ဇနေဟိ၊ ပုထုဇဉ်တို့နှင့်။ အသာဓာရဏာ၊ မဆက်ဆံသော ပဋိသန္ဓေနေခြင်းတည်း။ [ ဤ သုတ်ဋီကာသည် ဒုက္ခတော, ရောဂတော-စသောပုဒ်တို့ကို ဖွင့်ဆိုရာ၌ဤသုတ် အဋ္ဌကထာကိုဖွင့်သည်မဟုတ်ဘဲ ဝိသုဒ္ဓိမဂ် ( ဒု၊၂၄၇)မှယူ၍ ဖွင့်ထားခြင်းဖြစ်၏]။ ပ။ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
သော၊ ထို ပုဂ္ဂိုလ်သည်။ တတ္ထ၊ ထိုဒုတိယဈာန်သမာပတ်ခဏအတွင်း၌။ ယဒေဝ ရူပဂတံ။ ပ။
စတုတ္ထံ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ မေတ္တာသဟဂတေန၊ မေတ္တာနှင့် တကွသော။ စေတသာ၊ စိတ်ဖြင့်။ ဧကံ၊ တစ်ခုသော။ ဒိသံ၊ အရပ်မျက်နှာကို။ ဝါ၊ အရပ်မျက်နှာ၌နေသော သတ္တဝါအပေါင်းကို။ ဖရိတွာ၊ ဖြန့်၍။ ဝါ၊ အာရုံပြု၍။ ဝိဟရတိ၊ နေ၏။ တထာ၊ ထို့အတူ။ ဒုတိယံ၊ နှစ်ခုမြောက်သော။ (ဒိသံ၊ အရပ်မျက်နှာကိုလည်း။ ဝါ၊ အရပ်မျက်နှာ၌ နေသော သတ္တဝါအပေါင်းကိုလည်း။ ဖရိတွာ၊ ၍။ ဝိဟရတိ၊ ၏။) တထာ၊ ထို့အတူ။ တတိယံ၊ သုံးခုမြောက်သော။ ( ဒိသံ၊ ကိုလည်း။ ဖရိတွာ၊ ၍။ ဝိဟရတိ၊ ၏။) တထာ၊ တူ။ စတုတ္ထံ၊ လေးခုမြောက်သော။ (ဒိသံ ဖရိတွာ ဝိဟရတိ)။
ဣတိ၊ ဤနည်းအားဖြင့်။ ဝါ၊ ဤအရှေ့ အနောက်,တောင်,မြောက်အရပ်လေးမျက်နှာတို့၌ ဖြန့်သည့်နည်းတူပင်။ ဥဒ္ဓံ၊ အထက် အရပ်ကိုလည်းကောင်း။ ဝါ၊ အထက်အရပ်၌ နေသော သတ္တဝါအပေါင်းကိုလည်းကောင်း။ အဓော၊ အောက်အရပ်ကိုလည်းကောင်း။ ဝါ၊ လည်းကောင်း။ တိရိယံ၊ အထောင့်အရပ်ကိုလည်းကောင်း။ ဝါ၊ လည်းကောင်း။ (ဖရိတွာ ဝိဟရတိ။) သဗ္ဗဓိ၊ အားလုံးသော အရပ်မျက်နှာတို့၌။ သဗ္ဗတ္တတာယ၊ အားလုံးသော သတ္တဝါတို့၌မိမိကိုယ်၏ အဖြစ်အား ဖြင့်။ ဝါ၊ အားလုံးသော သတ္တဝါတို့၌ မိမိနှင့်တန်းတူ ညီမျှသည်အဖြစ်အားဖြင့်။ [ တိကနိပါတ်စာပိုဒ် (၆၄) ဝေနာဂပုရသုတ်လည်းကြည့်]။ သဗ္ဗာဝန္တံ၊ အားလုံးသော သတ္တဝါအပေါင်းရှိသော။ လောကံ၊ သတ္တလောကကို။ မေတ္တာသဟဂတေန၊ သော။ ဝိပုလေန၊ ကျယ်ပြန့်သော။ ဝါ၊ ကျယ်ပြန့်စွာ ဖြန့်တတ်, အာရုံပြုတတ်သော။ မဟဂ္ဂတေန၊ ဘုံအားဖြင့် မဟဂ္ဂုတ်ဖြစ်သော။ ဝါ၊ ကိလေသာပယ်ခွာနိုင်ခြင်း စသော ဂုဏ်အားဖြင့် မြတ်သည် အဖြစ်သို့ ရောက်သော။ အပ္ပမာဏေန၊ အတိုင်းအဆပမာဏ မရှိသော။ ဝါ၊ အတိုင်းအဆမရှိ များပြားလှသော သတ္တဝါအာရုံရှိသော။ အဝေရေန၊ ဒေါသရန်မရှိသော။ ဝါ၊ ဒေါသရန်မရှိခြင်း၏ အကြောင်းဖြစ်သော။ အဗျာဗဇ္ဈေန၊ စိတ်ဆင်းရဲမှု ဒေါမနဿ မရှိသော။ စေတသာ၊ စိတ်ဖြင့်။ ဖရိတွာ၊ ဖြန့်၍။ ဝါ၊ အာရုံပြု၍။ ဝိဟရတိ၊ နေ၏။
သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုမေတ္တာသဟဂုတ် ဈာန်စိတ်ကို။ အဿာဒေတိ၊ ၏။ တံ၊ ထိုမေတ္တာသဟဂုတ်ဈာန်စိတ်ကို။ နိကာမေတိ၊ ၏။ တေန စ၊ ထိုမေတ္တာသဟဂုတ်ဈာန်စိတ်ဖြင့်လည်း။ ဝိတ္တိံ၊ သို့။ အာပဇ္ဇတိ၊ ၏။
တတ္ထ၊ ထိုမေတ္တာသဟဂုတ်ဈာန်စိတ်၌။ ဌိတော၊ လျက်။ တဒဓိမုတ္တော၊ ထိုမေတ္တာသဟဂုတ်ဈာန်စိတ်၌ ညွတ်ကိုင်းလျက်။ တဗ္ဗဟုလဝိဟာရီ၊ ထိုမေတ္တာသဟဂုတ်ဈာန်စိတ်ဖြင့် ကြိမ်ဖန်များစွာ နေလေ့ရှိလျက်။ အပရိဟီနော၊ မေတ္တာဈာန်မှ မယုတ်လျောကျဘဲ။ ကာလံ၊ ကို။ ကုရုမာနော၊ သော်။ ပ။
တတ္ထ၊ ထိုပဌမဈာန်ဘုံသား ဗြဟ္မာတို့၌။ ပုထုဇ္ဇနော။ ပ။ ရှိသင့်သော ပါဠိတော်စာမူ၁။ရှိသင့်သောပါဠိတော်စာမူ။ ။ အဋ္ဌကထာ၌ “ပဌမဇ္ဈာနဝသေနမေတ္တာ၊ ဒုတိယာဒိဝသေန ကရုဏာဒယော ဒဿိတာ”ဟု မိန့်ဆို၏။ ထို့ကြောင့်မေတ္တာသည် ပဌမဈာန်နှင့်ယှဉ်သော ပဌမဇ္ဈာနိက မေတ္တာတည်း၊ ကရုဏာသည်ဒုတိယဇ္ဈာနိက ကရုဏာဖြစ်၍ မုဒိတာသည် တတိယဇ္ဈာနိကမုဒိတာ ဖြစ်၏။ ဥပေက္ခာသည် စတုတ္ထဇ္ဈာနိကဥပေက္ခာ ဖြစ်၏။
ဤသုတ်ပါဠိတော် မြန်မာမူသည် ဤအဋ္ဌကထာအဖွင့်နှင့် မဟပ်မိဘဲရှိနေ၏။ ကရုဏာနှင့် အာဘဿရကိုလည်းကောင်း, မုဒိတာနှင့် သုဘကိဏှကိုလည်းကောင်း, ဥပေက္ခာနှင့် ဝေဟပ္ဖလကိုလည်းကောင်း အသီးသီးတွဲစပ်ပြသောသျာမစာမူသာ အဋ္ဌကထာအဖွင့်နှင့် ဟပ်မိ၏။ ထို့ကြောင့် ရှိသင့်သော ပါဠိစာမူကိုထုတ်ပြထားခြင်းဖြစ်ပါသည်။
။ ။ ပုန စပရံ ဘိက္ခဝေ ဣဓေကစ္စော ပုဂ္ဂလော ကရုဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ ပ။ ကာလံ ကုရုမာနော အာဘဿရာနံ‌ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇတိ၊ အာဘဿရာနံ ဘိက္ခဝေ ဒေဝါနံ ဒွေ ကပ္ပါ အာယုပ္ပမာဏံ၊ တတ္ထ ပုထုဇ္ဇ နော။ ပ။ ဂတိယာ ဥပပတ္တိယာ သတိ။ ပုန စပရံ ဘိက္ခဝေ ဣဓကစ္စော ပုဂ္ဂလော မုဒိတာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ ပ။ ကာလံ ကုရုမာနော သုဘကိဏှာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇတိ၊ သုဘကိဏှာနံ ဘိက္ခဝေ ဒေဝါနံ စတ္တာရော ကပ္ပါ အာယုပ္ပမာဏံ၊ တတ္ထ ပုထုဇ္ဇနော။ ပ။ ဂတိယာ ဥပပတ္တိယာ သတိ။ ပုန စပရံ ဘိက္ခဝေ ဣဓေကစ္စော ပုဂ္ဂလော ဥပေက္ခာသဟဂတေနစေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ ။ ပ။ ကာလံ ကုရုမာနော ဝေဟပ္ဖလာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇတိ၊ ဝေဟပ္ဖလာနံ ဘိက္ခဝေ ဒေဝါနံ ပဉ္စကပ္ပသတာနိ အာယုပ္ပမာဏံ။ [ ဤစာမူအတိုင်းအနက်ဆိုပါ။]
ဘိက္ခဝေ၊ တို့။ ပုန စရံ၊ နောက်ထပ် အခြားသော ပုဂ္ဂိုလ်တစ်မျိုး ကား။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ ကရုဏာသဟဂတေန၊ ကရုဏာနှင့်တကွဖြစ်သော။ စေတသာ၊ ဖြင့်။ ပ။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုကရုဏာသဟဂုတ်ဈာန်စိတ်ကို။ အဿာဒေတိ၊ ၏။ တံ၊ ထိုကရုဏာသဟဂုတ်ဈာန်စိတ်ကို။ နိကာမေတိ၊ ၏။ ပ။ အပရိဟီနော၊ ကရုဏာသဟဂုတ်ဈာန်မှ မယုတ်လျောကျဘဲ။ ကာလံ၊ ကို။ ကုရုမာနော၊ သော်။ အာဘဿ ရာနံ၊ ကုန်သော။ ဒေဝါနံ။ ပ။ မုဒိတာသဟဂတေန၊ မုဒိတာနှင့်တကွ ဖြစ်သော။ စေတသာ။ ပ။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုမုဒိတာသဟဂုတ်ဈာန်စိတ်ကို။ အဿာဒေတိ၊ ၏။ ပ။ အပရိဟီနော၊ မုဒိတာဈာန်မှ မယုတ်လျောကျဘဲ။ ကာလံ၊ ကို။ ကုရုမာနော၊ သော်။ သုဘကိဏှာနံ ဒေဝါနံ။ ပ။
ဥပေက္ခာသဟဂတေန၊ ဥပေက္ခာနှင့်တကွဖြစ်သော။ စေတသာ။ ပ။
သော၊ ထိုပုဂ္ဂိုလ်သည်။ တံ၊ ထိုဥပေက္ခာသဟဂုတ်ဈာန်စိတ်ကို။ အဿာ ဒေတိ၊ ၏။ တံ၊ ထိုဥပေက္ခာသဟဂုတ်ဈာန်စိတ်ကို။ နိကာမေတိ၊ ၏။ တေန စ၊ ထိုဥပေက္ခာသဟဂုတ်ဈာန်စိတ်ဖြင့်လည်း။ ဝိတ္တိံ၊ သို့။ အာပဇ္ဇတိ၊ ၏။
တတ္ထ၊ ထိုဥပေက္ခာသဟဂုတ်ဈာန်စိတ်၌။ ဌိတော၊ လျက်။ ပ။ အပရိဟီနော၊ ဥပေက္ခာဈာန်မှ မယုတ်လျောကျဘဲ။ ကာလံ၊ ကို။ ကုရုမာနော၊ သော်။ ဝေဟပ္ဖလာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇတိ၊ ၏။ ပ။
ပဉ္စမံ။
[ သော ယဒေဝ တတ္ထ ဟောတိ ရူပဂတံ– စသည်ကို အနက်ရေးအံ့။] သော၊ ထိုပုဂ္ဂိုလ်သည်။ တတ္ထ၊ ထိုမေတ္တာသဟဂုတ်ဈာန်စိတ်ဖြစ်ရာခဏအတွင်း၌။ ယဒေဝ ရူပဂတံ၊ အကြင်ရုပ်သည်လည်းကောင်း။ ပ။
ကရုဏာသဟဂတေန၊ သော။ စေတသာ၊ ဖြင့်။ ပ။
သော၊ ထိုပုဂ္ဂိုလ်သည်။ တတ္ထ၊ ထိုကရုဏာသဟဂုတ်ဈာန်စိတ်ဖြစ်ရာ ခဏအတွင်း၌။ ယဒေဝ ရူပဂတံ၊ လည်းကောင်း။ ပ။ [ဤသို့စသည်ဖြင့် တတ္ထအစွဲကို ပြောင်းလဲ၍ဆိုပါ]။
ဆဋ္ဌံ။
ဘိက္ခဝေ၊ ရဟန်းတို့။ အရဟတော၊ ကိလေသာတို့မှ ဝေးကွာ တော်မူသော။ သမ္မာသမ္ဗုဒ္ဓဿ၊ အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်,ကုန်စင်ခပင်း ကျန်ကြွင်းမရှိ သိမြင်တော်မူသော။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ပါတုဘာဝါ၊ ထင်ထင်ရှားရှား ထွန်းကားဖြစ်ပေါ်လာတော်မူခြင်း ကြောင့်။ စတ္တာရော၊ လေးပါးကုန်သော။ အစ္ဆရိယာ၊ လက်ဖျစ်တီး၍ချီးကျူးထိုက်ကုန်သော။ အဗ္ဘုတာ၊ မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်လာကုန်သော။ ဓမ္မာ၊ သဘောတရားတို့သည်။ ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ပေါ်လာကုန်၏။
စတ္တာရော၊ လေးပါးသော သဘောတရားတို့ ဟူသည်။ ကတမေ၊ အဘယ်တို့နည်းဟူမှု။ [ တနည်း– ကတမေ၊ အဘယ် မည်ကုန်သော။ စတ္တာရော၊ လေးပါးကုန်သော။ အစ္ဆရိယာ၊ ကုန်သော။ အဗ္ဘုတာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ပေါ်လာကုန်သနည်းမူ။]
ဘိက္ခဝေ၊ တို့။ ယဒါ၊ အကြင်အခါ၌။ ဗောဓိသတ္တော၊ ဘုရားအလောင်းတော်သည်။ တုသိတာ၊ တုသိတာမည်သော။ ကာယာ၊ နတ်အပေါင်းမှ။ ဝါ၊ နတ်ပြည်မှ။ စဝိတွာ၊ စုတေ၍။ ဝါ၊ ကွယ်လွန်ခဲ့၍။ သတော၊ သတိမလပ် အမှတ်ရလျက်။ (စုတေသည်, ပဋိသန္ဓေနေသည်ကို သတိမလပ်အမှတ်ရလျက်။) သမ္ပဇာနော၊ ကောင်းစွာဆင်ခြင်သိမြင်လျက်။ (စုတေသည်, ပဋိသန္ဓေနေသည်ကို ကောင်းစွာဆင်ခြင်သိမြင်လျက်။ မာတုကုစ္ဆိံ၊ မယ်တော်ဝမ်းတိုက်သို့။ သြက္ကမတိ၊ သက်ရောက်တော်မူခဲ့ပြီ။ [ ဤနေရာ “ သတော, သမ္ပဇာနော”တို့နှင့် စပ်၍ ရေးသင့်သမျှအားလုံးကို အဋ္ဌကနိပါတ် စာပိုဒ်(၇၀) ဘူမိစာလသုတ်၌ ရေးထားပါ သည်။] အထ၊ မယ်တော်ဝမ်းတိုက်သို့ သက်ရောက်ခဲ့ပြီးရာ ထိုအခါ၌။ သဒေဝကေ၊ သော။ သာမာရကေ၊ သော။ [ စာပိုဒ်(၁၅) ပညတ္တိသုတ်ကြည့်]။ သဗြဟ္မကေ၊ သော။ လောကေ၊ သြကာသလောက၌လည်းကောင်း။ ပ။ ပဇာယ၊ သတ္တဝါအပေါင်း၌လည်းကောင်း။ အပ္ပမာဏော၊ တိုးပွားများပြားသော အတိုင်းအတာ ပမာဏရှိသော။ [ အသဒ္ဒါ ဝုဍ္ဎိအနက်ဟောတည်း]။ ဥဠာရော၊ များပြားလှစွာသော။ သြဘာသော၊ အရောင်အလင်းသည်။ ဒေဝါနံ၊ နတ်တို့၏။ ဒေဝါနုဘာဝံ၊ နတ်တို့အရောင်အလင်း အစွမ်းအာနုဘော်ကို။ ( နတ်တို့ အဝတ်တန်ဆာ, ကိုယ်ခန္ဓာနှင့် ဘုံဗိမာန်တို့၏ (၁၂) ယူဇနာစီ တိုင်တိုင် ထွန်းလင်းနိုင်သော အရောင်အလင်းအစွမ်းသတ္တိကို။) အတိက္ကမ္မ ဧဝ၊ ကျော်လွန်၍သာလျှင်။ ပါတုဘဝတိ၊ ထင်ရှားဖြစ်ပေါ်လာ၏။
အဃာ၊ (သစ်ပင်ခြုံစသည်) တစ်စုံတစ်ရာမကွယ်ကာအပ်ကုန်သော။ ဝါ၊ အမြဲဟာလာဟင်းလင်းဖြစ်နေကုန်သော။ အသံဝုတာ၊ ( အထက် အောက်နှစ်ဖြာ) တစ်စုံတစ်ရာမကာဆီးအပ် ကုန်သော။ အန္ဓကာရာ၊ အမိုက်မှောင်ရှိကုန်သော။ အန္ဓကာရတိမိသာ၊ မမြင်စမ်းတမ်းကန်းသည်အဖြစ်ကိုပြုတတ်သော အမိုက်တိုက်ရှိကုန်သော။ ယာပိ တာ လောကန္တ ရိကာ၊ အကြင်လောကန္တ ရိက်ငရဲတို့သည် လည်း။ ဝါ၊ အကြင်လောကဓာတ်သုံးခု, သုံးခုစီတို့၏အလယ်အကြား အရပ် ဖြစ်သော ငရဲတို့သည်လည်း။ (သန္တိ၊ ရှိကုန်၏။) (လောကာနံ လောကဓာတူနံ အန္တ ရော ဝိဝရော လောကန္တ ရော၊ သော ဧဝ လောကန္တ ရိကာ)။ ယတ္ထ၊ အကြင် လောကန္တ ရိက်ငရဲတို့၌။ ဧဝံမဟိဒ္ဓိကာနံ၊ ဤသို့ ကြီးသောတန်ခိုးရှိကုန်သော။ (ဤသို့ သုံးကျွန်းလုံး၌ တစ်ပြိုင်နက် အရောင် တဝင်းဝင်းထွန်းလင်း စေနိုင်လောက်အောင်ကြီးသော တန်ခိုးရှိကုန်သော)။ ဧဝံမဟာနု ဘာဝါနံ၊ ဤသို့ ကြီးသော အာနုဘော် အစွမ်းသတ္တိရှိကုန်သော။ ( ဤသို့တစ်ခုတစ်ခုသော အရပ်မျက်နှာ၌ ယူဇနာကိုးသိန်းစီ အရောင်လင်းစေနိုင်လောက်အောင် ကြီးသော အာနုဘော် ရှိကုန်သော)။ ဣမေသံ စန္ဒိမသူရိ ယာနံ၊ ဤလနေတို့၏။ အာဘာ၊ အလင်းရောင်တို့သည်။ နာနုဘောန္တိ၊ မစွမ်းဆောင်နိုင်ကုန်။ ဝါ၊ ပြန့်နှံ့သက်ရောက် မထွန်းတောက်နိုင်ကုန်။ တတ္ထပိ၊ ထိုလောကန္တရိက် ငရဲ တို့၌လည်း။ အပ္ပမာဏော၊ သော။ ပ။ အတိက္ကမ္မ ဧဝ၊ လျှင်။ ပါတုဘဝတိ၊ ၏။
ယေပိ သတ္တာ၊ အကြင် သတ္တဝါတို့သည်လည်း။ တတ္ထ၊ ထိုလောကန္တရိုက်ငရဲတို့၌။ ဥပပန္နာ၊ ဖြစ်ကြရကုန်၏။ တေပိ (သတ္တာ)၊ ထိုသတ္တဝါတို့သည်လည်း။ တေန သြဘာသေန၊ ထိုအရောင်အလင်းဖြင့်။ (ဘုရားအလောင်းတော် ပဋိသန္ဓေ နေတော်မူချိန်တွင် ဖြစ်ပေါ်လာ သော ထိုအရောင်အလင်းဖြင့်)။ အညမညံ၊ အချင်းချင်း။ သဉ္ဇာနန္တိ၊ မြင်တွေ့ သိရှိကြကုန်၏။ ( ကိန္တိ၊ အဘယ်သို့။ သဉ္ဇာနန္တိ၊ သိကြကုန်သနည်းဟူမူ။)
ဘော၊ အိုအချင်းတို့။ ဣဓ၊ ဤငရဲ၌။ ဥပပန္နာ၊ ဖြစ်ကြရကုန်သော။ အညေ၊ ငါမှတစ်ပါး တခြားကုန်သော။ သတ္တာပိ၊ သတ္တဝါကောင်တို့သည်လည်း။ သန္တိ ကိရ၊ ရှိကြပါကုန်သေး၏တကား။ ဣတိ၊ ဤသို့။ (သဉ္ဇာနန္တိ၊ သိကြကုန်၏။)
ဘိက္ခဝေ၊ တို့။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ တထာ ဂတဿ၊ ၏။ ပါတုဘာဝါ၊ ကြောင့်။ ပဌမော၊ ရှေးဦးစွာသော။ အစ္ဆရိယော၊ သော။ အဗ္ဘုတော၊ သော။ အယံ ဓမ္မော၊ ဤသဘောတရားသည်။ ( မယ်တော်ဝမ်းတိုက်၌ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေ တော်မူစဉ်အခါ၌တစ်လောကလုံးဝယ် အလွန့်အလွန် များလှစွာသော အရောင်အလင်း ထွန်းလင်းတောက်ပခြင်းဟူသော ဤသဘောတရားသည်။) ပါတုဘဝတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ် အခြားသော အစ္ဆရိယဓမ္မတစ်မျိုးကား။ ယဒါ၊ ၌။ ပ။ မာတုကုစ္ဆိမှာ၊ မယ်တော်ဝမ်းတိုက်မှ။ နိက္ခမတိ၊ ထွက်တော်မူ၏။ ဝါ၊ မီးရှုးသန့်စင် ဖွားမြင်တောမူ၏။ အထ၊ ထိုအခါ၌။ ပ။
ပါတုဘာဝါ၊ ကြောင့်။ ဒုတိယော၊ နှစ်ခုမြောက်သော။ အစ္ဆရိယော၊ သော။ အဗ္ဘုတော၊ သော။ အယံ ဓမ္မော၊ ဤသဘောတရားသည်။ (မယ်တော်ဝမ်းတိုက်မှ ဘုရားအလောင်းတော် မီးရှူးသန့်စင် ဖွားမြင်တော်မူစဉ်အခါ၌ တစ်လောကလုံးဝယ် အလွန့်အလွန်များလှစွာသော အရောင်အလင်း ထွန်းလင်းတောက်ပ ခြင်း ဟူသော ဤသဘော တရားသည်။) ပါတုဘဝတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ ယဒါ၊ ၌။ တထာဂတော၊ မြတ်စွာဘုရားသည်။ အနုတ္တရံ၊ သူ့ ထက်ထူးကဲ သာလွန်မွန်မြတ်သော တရား မရှိသော။ ဝါ၊ ထူးကဲသာလွန် မွန်မြတ်ဆုံးတရားဖြစ်သော။ သမ္မာသမ္ဗောဓိံ၊ အမှားမပါ, မှန်စွာကိုယ်တိုင်သိမြင်နိုင်သော အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကို။ အဘိသမ္ဗုဇ္ဈတိ၊ ထိုးထွင်းသိတော်မူ၏။ ဝါ၊ ရရှိတော်မူ၏။ အထ၊ ထိုအခါ၌။ ပ။
ပါတုဘာဝါ၊ ကြောင့်။ တတိယော၊ သုံးခုမြောက်သော။ အစ္ဆရိယော၊ သော။ အဗ္ဘုတော၊ သော။ အယံ ဓမ္မော၊ ဤသဘောတရားသည်။ ( မြတ်စွာဘုရားရှင်တော်မြတ် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကိုရရှိတော်မူစဉ်အခါ၌ တစ်လောကလုံးဝယ် အလွန့်အလွန် များလှစွာသောအရောင်အလင်း ထွန်းတောက်ခြင်းဟူသော ဤ သဘောတရားသည်။) ပါတုဘဝတိ၊ ၏။ ပ။
တထာဂတော၊ သည်။ အနုတ္တရံ၊ သော။ ဓမ္မစက္ကံ၊ ဓမ္မစကြာကို။ ဝါ၊ ပဋိဝေဓဉာဏ်, ဒေသနာဉာဏ်ဟူသော တရားစက်ဝန်းကို။ ပဝတ္တေတိ၊ လည်စေတော်မူ၏။ အထ၊ ထိုအခါ၌။ ပ။
ဘိက္ခဝေ၊ တို့။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ တထာဂတဿ၊ ၏။ ပါတုဘာဝါ၊ ကြောင့်။ စတုတ္ထော၊ လေးခုမြောက်သော။ အစ္ဆရိယော၊ သော။ အဗ္ဘု‌တော၊ သော။ အယံ ဓမ္မော၊ ဤတရားသဘောသည်။ (မြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြား‌ တော်မူရာအခါ၌ တစ်လောကလုံးဝယ်အရောင်အလင်း အလွန့်လွန်ထွန်းတောက်ခြင်းဟူသောဤတရားသဘောသည်။) ပါတုဘဝတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အရဟတော၊ သော။ ပ။ ပါတုဘာဝါ၊ ကြောင့်။ စတ္တာရော၊ ကုန်သော။ အစ္ဆရိယာ၊ ကုန်သော။ အဗ္ဘုတော၊ ကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားသဘောတို့သည်။ ပါတုဘဝန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့။ ( အဝေါစ၊ မိန့်တော်မူပြီ။)
သတ္တမံ။
ဘိက္ခဝေ၊ ရဟန်းတို့။ ပဇာ၊ သတ္တဝါအပေါင်းသည်။ အာလယာရာမာ၁။**အာလယာရာမာ အာလယရတာ**။ ။ တဏှာဒိဋ္ဌီဟိ အလ္လီယတီတိအာလယော၊ တဏှာဒိဋ္ဌိတို့ ငြိ ကပ်တွယ်တာအပ်သော ရူပါရုံစသော ကာမဂုဏ်ငါးပါး၊ ဝါ= ဝဋ်ဒုက္ခအားလုံး။ အာရမန္တိ ဧတ္ထာတိ အာရာမော= မွေ့ လျော်ရာဌာန၊ အာလယော အာရာမော ဧတိဿာ ပဇာယာတိ အလယာရာမာ= တဏှာဒိဋ္ဌိတို့သည်ငြိကပ်တွယ်တာအပ် သော ကာမဂုဏ် အာရုံငါးပါး (ဝါ၊ ဝဋ်ဒုက္ခအားလုံး)ဟူသောမွေ့ လျော်ရာဌာနရှိသော သတ္တဝါအပေါင်း။
( တနည်း) အာလယာရာမာ၊ ပျော်မွေ့ ဖွယ်၏ အဖြစ်ဖြင့် ခံစားမှီဝဲအပ်သောကာမဂုဏ် အာရုံ ငါးပါးတို့ဖြင့် ပျော်မြူးနေ၏။ ဝါ= ပျော်မွေ့တတ်သောတရားအဖြစ်အားဖြင့် ခံစားမှီဝဲတတ်သော တဏှာဝိစရိတ်တို့ဖြင့် ပျော်မြူးနေ၏။
ဤသို့ အနက်ပေးလျှင်– အာလီယန္တိ အဘိရမိတဗ္ဗဋ္ဌေန သေဝီယန္တီတိ အာလယာ(ပျော်မွေ့ဖွယ်၏ အဖြစ်ဟူသော သဘောဖြင့် ခံစားမှီဝဲ အပ်သောရူပါရုံ စသောကာမဂုဏ်ငါးပါး)ဟု ကမ္မသာဓန ဝစနတ္ထကိုလည်းကောင်း, အာလယန္တိ အဘိရမဏဝသေန သေဝန္တီတိ အာလ ယာ (ပျော်မွေ့တတ်သော တရားအဖြစ်အားဖြင့်ခံစားမှီဝဲတတ်သော တဏှာဝိစရိတ်များ) ဟု ကတ္တုသာဓန ဝစနတ္ထကိုလည်းကောင်းပြု၍ အာလယေဟိ အာရမန္တီတိ အာလယာရာမာ (ထိုအာလယတို့ဖြင့်ပျော်မြူးနေကြသော သတ္တဝါများ) ဟု ဝစနတ္ထပြုပါ။ ဤသုတ်၌ အာဒီဃနှင့်တကွသောအာရာမသဒ္ဒါဖြင့် ပါဌ်ရှိသော်လည်း ဒီ၊ မဟာဝဂ္ဂအဋ္ဌကထာ (၅၅)နှင့် ၎င်းဋီကာ (၅၈)တို့၌ ထိုအာဒီဃ မပါသော ရာမသဒ္ဒါဖြင့် “ အာလယရာမာ”ဟု ပါဌ်ရှိ၏။
အာလယေ ရတာ အာလယရတာ၊ အာလယ၌ ပျော်မြူးနေသော သတ္တဝါအပေါင်း၊ ဤပုဒ်၌ လည်း “အာလယရတာ= တဏှာဒိဋ္ဌိတို့သည် ငြိကပ်တွယ်တာအပ်သော ကာမဂုဏ်အာရုံငါးပါး၌ ပျော် မြူးနေ၏။ ဝါ= တဏှာဒိဋ္ဌိတို့သည်ငြိကပ်တွယ်တာအပ်သော ဝဋ်ဒုက္ခအားလုံး၌ ပျော်မြူးနေ၏။ ဝါ= ပျော်မွေ့ဖွယ်အဖြစ်ဖြင့် ခံစားမှီဝဲအပ်သော ကာမဂုဏ် အာရုံငါးပါး၌ ပျော်မြူးနေ၏။ ဝါ= ပျော်မွေ့ တတ်သော တရားအနေအားဖြင့် ခံစားမှီဝဲတတ်သော တဏှာဝိစရိတ်အပေါင်း၌ ပျော်မြူးနေ၏” ဤသို့ အနက်ပေးပါ။ တဏှာဝိစရိတ၊ တဏှာဝိစရိတ်၊ ဝါ= အမျိုးမျိုးအဖုံဖုံ လှည့်လည်ဖြစ်ပွား ကျက်စားတတ်သော တဏှာ။ [ အာလယသမ္မုဒိတာပုဒ်၌လည်း ဤနည်းအတိုင်းဆိုပါ။]
၊ တွယ်တာဖွယ်ရာ ကာမဂုဏ်အာရုံငါးပါးဟူသော မွေ့လျော်ရာဌာနရှိ၏။ ဝါ၊ တွယ်တာဖွယ်ရာ ဝဋ်ဒုက္ခအားလုံးဟူသော မွေ့လျော်ရာဌာနရှိ၏။ အာလယရတာ၊ တွယ်တာဖွယ်ရာ ကာမဂုဏ် အာရုံ ငါးပါး၌ပျော်မွေ့ နေ၏။ အာလယသမ္မုဒိတာ၊ တွယ်တာဖွယ်ရာ ကာမဂုဏ် အာရုံငါးပါး၌ လွန်စွာ ဝမ်းမြောက်နေ့၏။ တထာဂတေန၊ မြတ်စွာဘုရားသည်။ အနာလယေ၊ တွယ်တာဖွယ်ရာ ကာမဂုဏ်အာရုံငါးပါး၏ ဆန့်ကျင် ဘက်ဖြစ်သော။ ဝါ၊ တွယ်တာဖွယ်ရာ ဝဋ်ဒုက္ခအားလုံး၏ ဆန့်ကျင် ဘက်ဖြစ်သော။ ဓမ္မေ၊ အရိယသစ္စာတရားကို။ (ဝဋ်ဒုက္ခကင်းရာနိဗ္ဗာန်ကို မှီငြမ်းပြုသောသစ္စာ လေးပါးတရားကို)။ ဒေသိယမာနေ၊ ဟောကြားတော်မူအပ်လသော်။ သာ (ပဇာ)၊ ထိုသတ္တဝါအပေါင်းသည်။ သုဿူသတိ၊ နာယူလို၏။ သောတံ၊ နားကို။ သြဒဟတိ၊ စွင့်ထောင် ထား၏။ အညာ (အညာယ)၊ သိနားလည်ခြင်းငှာ။ စိတ္တံ၊ စိတ်ကို။ ဥပဋ္ဌပေတိ၊ တရားအာရုံ၌ ကပ်၍ထား၏။ ပ။
ပါတုဘာဝါ၊ ကြောင့်။ ပဌမော၊ သော။ အစ္ဆရိယော၊ သော။ အဗ္ဘုတော၊ သော။ အယံ ဓမ္မော၊ ဤတရားသဘောသည်။ (အာလယာရာမဖြစ်သော သတ္တဝါ အပေါင်း၏အနာလယ သစ္စာလေးပါးတရားကို နာယူလိုခြင်းဟူသော ဤတရားသဘောသည်)။ ပါတုဘဝတိ၊ ထင်ရှားဖြစ်၏။
ဘိက္ခဝေ၊ တို့။ ပဇာ၊ သည်။ မာနာရာမာ ၁။**မာနာရာမာ**။ ။ မညတီတိ မာရော၊ မညနံ ဝါ မာ နော၊ ဝင့် ကြွားထောင်လွှားတတ်သောသဘော၊ ဝါ၊ ဝင့်ကြွားထောင်လွှားခြင်းသဘော (မာနစေတသိက် တည်း)၊ မညိတဗ္ဗောတိ မာနော= ဝင့်ကြွားထောင်လွှားဖွယ် (ဝါ= ငါ, ငါ့ဥစ္စာဟုထင်မှတ်ယူဆဖွယ်) ဖြစ်သော ဝဋ်ဒုက္ခအားလုံး။ မာနော အာရာမော ယဿာ ပဇာယာတိ မာနာရာမာ။ ၊ ဝင့်ကြွားထောင်လွှားမာနတရားဟူသော မွေ့လျော်ရာဌာနရှိ၏။ ဝါ၊ ငါ, ငါ့ဥစ္စာဟု ထင်မှတ်ဖွယ်ဝဋ်ဒုက္ခအားလုံးဟူသော မွေ့လျော် ရာဌာနရှိ၏။ မာနရတာ၊ ဝင့်ကြွားထောင်လွှားမှု၌ ပျော်မွေ့နေ၏။ ဝါ၊ ငါ, ငါ့ဥစ္စာဟုထင်မှတ်ဖွယ် ဝဋ်ဒုက္ခ အားလုံး၌ပျော်မွေ့နေ၏။ မာနသမ္မုဒိတာ၊ ဝင့်ကြွားထောင်လွှားမှု၌ လွန်စွာဝမ်းမြောက်နေ၏။ ဝါ၊ ငါ, ငါ့ဥစ္စာဟု ထင်မှတ်ဖွယ် ဝဋ်ဒုက္ခအားလုံး၌ လွန်စွာ ဝမ်းမြောက်နေ၏။
တထာဂတေန၊ သည်။ မာနဝိနယေ၊ ဝင့်ကြွားထောင်လွှားမှုကို ပယ်ရှားကြောင်းဖြစ်သော။ ဝါ၊ ငါ, ငါ့ဥစ္စာဟု ထင်မှတ်ဖွယ် ဝဋ်ဒုက္ခအားလုံးချုပ်ဆုံးကြောင်း ဖြစ်သော။ ဓမ္မေ၊ အရိယသစ္စာတရားကို။ ဒေသိယမာနေ၊ သော်။ သာ(ပဇာ)၊ သည်။ သုဿူသတိ၊ ၏။ ပ။
ဒုတိယော၊ နှစ်ခုမြောက်သော။ အစ္ဆရိယော၊ သော။ အဗ္ဘုတော၊ သော။ အယံ ဓမ္မော၊ ဤတရားသဘောသည်။ (မာနာရာမဖြစ်သော သတ္တဝါအပေါင်း၏ မာနဝိနယ ဖြစ်သော သစ္စာလေးပါးတရားကိုနာယူလိုခြင်းဟူသော ဤတရားသဘောသည်။) ပါတုဘဝတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပဇာ၊ သည်။ အနုပသမာရာမာ ၁။**အနုပသမာရာမာ။ ။ ကိလေသေ ဥပသမေတီတိ ဥပသ မော၊ ကိလေသာတို့ကို ငြိမ်းစေတတ်သော အရိယမဂ်၊ န ဥပသမော အနုပသမော= ထိုအရိယမဂ်၏ ဆန့်ကျင်ဘက်အကုသိုလ်။ (တနည်း) ဥပသမ္မတီတိ ဥပသမော၊ န ဥပသမော အနုပသမော= မငြိမ်းမချမ်း အပူသန်းသော ဝဋ်ဒုက္ခ။ ၊ မအေးချမ်းမြ, ဝဋ်ဒုက္ခဟူသော မွေ့လျော်ရာဌာနရှိ၏။ ဝါ၊ ကိလေသာတို့ကို ငြိမ်းစေတတ်သော အရိယမဂ်၏ ဆန့်ကျင် ဘက် အကုသိုလ်ဟူသောမွေ့လျော်ရာဌာနရှိ၏။ အနုပသမရတာ၊ မအေးချမ်းမြ, ဝဋ်ဒုက္ခ၌ပျော်မွေ့ နေ၏။ ဝါ၊ ကိလေသာတို့ကို ငြိမ်းစေတတ်သော အရိယမဂ်၏ ဆန့်ကျင် ဘက် အကုသိုလ်၌ပျော်မွေ့ နေ၏။ အနုပသမသမ္မုဒိတာ၊ မအေးချမ်းမြ, ဝဋ်ဒုက္ခ၌ လွန်စွာ ဝမ်းမြောက် နေ၏။ ဝါ၊ ကိလေသာတို့ကို ငြိမ်းစေတတ်သော အရိယမဂ်၏ ဆန့်ကျင် ဘက် အကုသိုလ်၌ လွန်စွာဝမ်း‌မြောက်နေ၏။
တထာဂတေန၊ သည်။ သြပသမိကေ၊ ဒုက္ခခပ်သိမ်း ငြိမ်းခြင်းကိုပြုတတ်သော။ ဝါ၊ ကိလေသာအပူငြိမ်းခြင်းကို ပြုတတ်သော။ ဓမ္မေ၊ (ဝဋ်ဒုက္ခကင်းရာနိဗ္ဗာန်ကို မှီငြမ်းပြုသော) အရိယသစ္စာတရားကို။ ဒေသိယမာနေ၊ သော်။ သာ (ပဇာ)၊ သည်။ သုဿူသတိ၊ ၏။ ပ။
ပဇာ၊ သည်။ အဝိဇ္ဇာ ဂတာ၊ အဝိဇ္ဇာနှင့်တကွဖြစ်၏။ ဝါ၊ အဝိဇ္ဇာနှင့် ပြည့်စုံ၏။ [ အဝိဇ္ဇာယ ဂတောတိအဝိဇ္ဇာယ သဟ ပဝတ္တော၊ သဟယောဂေ ဟိ ဣဒံ ကရဏဝစနံ၊ တေနာဟ“သမန္နာဂတော”တိ။ သံယုတ်ဋီကာ၊ ပ–၂၄၂]။ အဏ္ဍဘူတာ၊ ဥသတ္တဝါကဲ့သို့ဖြစ်နေ၏။ ပရိယောနဒ္ဓါ၊ အဝိဇ္ဇာဥခွံသည် ထက်ဝန်းကျင်မှ ရစ်ပတ်မြှေးယှက်အပ်၏။
တထာဂတေန၊ သည်။ အဝိဇ္ဇာဝိနယေ၊ အဝိဇ္ဇာကိုပယ်သတ်ကြောင်းအရဟတ္တဖိုလ်ကို အမှီတကဲပြုသော။ ဓမ္မေ၊ သစ္စာလေးပါး တရားတော်ကို။ [ အဝိဇ္ဇာဝိနယပုဒ်အရ အရဟတ္တဖိုလ်ကိုသာမက အရဟတ္တဖိုလ်ကို မှီငြမ်းပြုသော သစ္စာလေးပါး တရားတိုင်အောင် ဌာနူပစာရအားဖြင့် ယူရသည်။ အဝိဇ္ဇာဝိနယေတိ အဝိဇ္ဇာဝိနယော ဝုစ္စတိ အရဟတ္တံ၊ တံနိဿိတေ ဓမ္မေဒေသိယမာနေတိ အတ္ထော။ အဋ္ဌကထာ၊ ၃၃၅]။ ပ။
အဋ္ဌမံ။
ဘိက္ခဝေ၊ တို့။ အာနန္ဒေ၊ အာနန္ဒ၌။ အစ္ဆရိယာ၊ ကုန်သော။ အဗ္ဘုတာ၊ ကုန်သော။ ဓမ္မာ၊ သဘောတရားတို့သည်။ ဣမေ စတ္တာရော၊ ဤလေးမျိုးတို့တည်း။ ပ။
ဘိက္ခဝေ၊ တို့။ ဘိက္ခုပရိသာ၊ ရဟန်းပရိသတ်သည်။ အာနန္ဒံ၊ အာနန္ဒကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ သစေ ဥပသင်္ကမတိ၊ အကယ်၍ရောက်လာအံ့။ (ဧဝံ သတိ၊ ဤသို့ ရောက်လာသည်ဖြစ်လသော်။) သာ၊ ထိုရဟန်းပရိသတ်သည်။ ဒဿနေနပိ၊ ( အာနန္ဒကို) ဖူးမြင်ရခြင်းကြောင့်လည်း။ အတ္တမနာ၊ ပီတိသောမနဿတို့သည် ယူအပ်သောစိတ်ရှိသည်။ ဝါ၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။
တတြ၊ ထိုရဟန်းပရိသတ်၌။ အာနန္နော၊ အာနန္ဒသည်။ ဓမ္မံ၊ တရားကို။ စေ ဘာသတိ၊ အကယ်၍ ဟောငြားအံ့။ (ဧဝံ သတိ၊ ဤသို့ တရား ဟောသည် ဖြစ်လသော်။) ဘာသိတေနပိ၊ အာနန္ဒ၏တရားဟောမှုကြောင့်လည်း။ ဝါ၊ အာနန္ဒက ဟောအပ်သော တရားကြောင့်လည်း။ သာ၊ ထိုရဟန်းပရိသတ်သည်။ အတ္တမနာ၊ သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဘိက္ခု ပရိသာ၊ သည်။ အတိတ္တာဝ၊ (ဖူးမြင်ခြင်း, တရားနာခြင်း၌)မရောင့်ရဲနိုင်သည်သာ လျှင်။ ဟောတိ၊ ၏။ အထ၊ ထိုအခါ၌။ အာနန္ဒော၊ အာနန္ဒသည်။ တုဏှီ၊ ဆိတ်ဆိတ်နေသည်။ ဘဝတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ ဘိက္ခုနိပရိသာ၊ ရဟန်းမ ပရိသတ်သည်။ ပ။ သာ၊ ထိုရဟန်းမ ပရိသတ်သည်။ ဒဿနေနပိ၊ လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ ၏။
တတ္ထ၊ ထိုရဟန်းမပရိသတ်၌။ ပ။
ဥပါသကပရိသာ၊ သီတင်းသည် ဒါယကာပရိသတ်သည်။ ပ။
ဥပါသိကာပရိသာ၊ သီတင်းသည် ဒါယိကာမပရိသတ်သည်။ ပ။
နဝမံ။
ဘိက္ခဝေ၊ တို့။ စက္ကဝတ္တိမှိ၊ စကြဝတေးဖြစ်သော။ ဝါ၊ စကြာရတနာကို လည်စေတတ်သော။ ရညေ၊ မင်း၌။ အစ္ဆရိယာ၊ ကုန်သော။ အဗ္ဘုတာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဣမေ စတ္တာရော၊ တို့တည်း။ ပ။
ဘိက္ခဝေ၊ တို့။ ခတ္တိယပရိသာ၊ လက်အောက်ခံမင်း ပရိသတ်သည်။ ( အဘိသိက်သွန်းအပ်ပြီး, မသွန်းအပ်သေးသော လက်အောက်ခံမင်း ပရိသတ်သည်။) စက္ကဝတ္တိံ၊ စကြဝတေးဖြစ်သော။ ရာဇာနံ၊ ဘုရင်မင်းကို။ ဒဿနာယ၊ မြင်တွေ့ခြင်းငှာ။ သစေ ဥပသင်္ကမတိ၊ ငြားအံ့။ ( ဧဝံ သတိ၊ သော်။) သာ၊ ထိုခတ္တိယပရိသတ်သည်။ ဒဿနေနပိ၊ စကြဝတေးမင်းကို မြင်တွေ့ ရခြင်းကြောင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ ၏။
တတြ၊ ထိုလက်အောက်ခံ မင်းပရိသတ်၌။ စက္ကဝတ္တီ၊ စကြဝတေးဖြစ်သော။ ဝါ၊ စကြာရတနာကို လည်စေတတ်သော။ ရာဇာ၊ မင်းသည်။ စေ ဘာသတိ၊ အကယ်၍ စကားပြောငြားအံ့။ (ဧဝံ သတိ၊ ဤသို့ စကားပြောသည် ဖြစ်လသော်။) ဘာသိတေနပိ၊ စကြဝတေးမင်း စကားပြောခြင်းကြောင့်လည်း။ ဝါ၊ စကြဝတေးမင်း ပြောဆိုအပ်သောစကားကြောင့်လည်း။ သာ၊ ထိုခတ္တိယပရိသတ်သည်။ ပ။
ဗြာဟ္မဏပရိသာ၊ ပုဏ္ဏားပရိသတ်သည်။ ပ။ သာ၊ ထိုပုဏ္ဏားပရိသတ်သည်။ ဒဿနေနပိ။ ပ။
တတြ၊ ထိုပုဏ္ဏား ပရိသတ်၌။ ပ။
ဂဟပတိပရိသာ၊ အိမ်ရှင်လူတန်းစား ပရိသတ်သည်။ ပ။
သမဏပရိသာ၊ ရသေ့ရဟန်း ပရိသတ်သည်။ ပ။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ အာနန္ဒေ၊ ၌။ အစ္ဆရိယာ၊ ကုန်သော။ အဗ္ဘုတာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ စတ္တာရော၊ လေးမျိုးတို့တည်း။ ပ။
ဒသမံ။
တတိယော၊ သော။ ဘယဝဂ္ဂေါ၊ ဘယဝဂ်တည်း။