Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

3. Patodasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ စတ္တာရော၊ လေးမျိုးကုန်သော။ ဘဒြာ၊ ကောင်းကုန်သော။ ဣမေ အဿာဇာနီယာ၊ ဤမြင်းအာဇာနည်တို့ သည်။ ဝါ၊ တို့ကို။ လောကသ္မိံ၊ ၌။ သန္တော၊ ကုန်၏။ သံဝိဇ္ဇမာနာ၊ ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။ စတ္တာရော၊ ကုန်သော။ ( ဘဒြာ၊ ကုန်သော။ ဣမေ အဿာဇာနီယာ၊ တို့သည်။ ဝါ၊ တို့ကို။ လောကသ္မိံ၊ ၌။ သန္တော၊ ထင်ရှားရှိကုန်သနည်း။ သံဝိဇ္ဇမာနာ၊ သနည်းဟူမူ။)
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ ဘဒြော၊ ကောင်းသော။ အဿာဇာနီယော၊ မြင်းအာဇာနည်သည်။ ပတောဒစ္ဆာယံ၊ နှင်တံ၏ အရိပ်ကို။ ဒိသွာ၊ မြင်ရ၍။ ဝါ၊ မြင်ရခြင်းကြောင့်။
“အဇ္ဇ၊ ယခု။ အဿဒမ္မသာရထိ၊ မြင်းရိုင်းသင်ဆရာသည်။ ဝါ၊ မြင်းမောင်းသွားသည်။ ဝါ၊ မြင်းထိန်းသည်။ မံ၊ ငါ့ကို။ ကိံ၊ အဘယ်မည်သော။ ကာရဏံ၊ အကြောင်းကိစ္စကို။ ကာရေဿတိ နုခေါ၊ ပြုလုပ်စေလိမ့်မည်နည်း။ ဝါ၊ ပြုလုပ်ခိုင်းလိမ့်မည်နည်း။ အဟံ၊ ငါသည်။ အဿ၊ ထိုမြင်းရိုင်းသင်ဆရာအတွက်။ ကိံ၊ အဘယ်အရာကို။ ပဋိကရောမိ နုခေါ၊ ပြုလုပ်ပေးရပါမည်နည်း။” ဣတိ၊ ဤသို့။ သံဝိဇ္ဇတိ၊ ထိတ်လန့်၏။ ဝါ၊ အထိတ်တလန့် စူးစမ်း အကဲခတ်၏။ သံဝေဂံ၊ ထိတ်လန့်ခြင်းသို့။ ဝါ၊ အထိတ်တလန့် စူးစမ်း အကဲခတ်ခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ ဧဝရူပေါ၊ ဤသို့ သဘောရှိသော။ (ဤသို့ မြှောက်အပ်သော နှင်တံရိပ်ကို မြင်ရုံမျှဖြင့် မြင်းမောင်း သမား၏လိုအင်ဆန္ဒကို အထိတ်တလန့် အကဲခတ်ခြင်း သဘောရှိ သော။) ဧကစ္စော၊ သော။ ဘဒြော၊ သော။ အဿာဇာနီယောပိ၊ သည်လည်း။ ဟောတိ၊ ရှိ၏။
ဘိက္ခဝေ၊ တို့။ ပဌမော၊ ရှေးဦးစွာသော။ ဘဒြော၊ သော။ အယံ အဿာ ဇာနီယော၊ ဤမြင်းအာဇာနည်သည်။ ဝါ၊ ကို။ လောကသ္မိံ၊ ၌။ သန္တော၊ ထင်ရှားရှိ၏။ သံဝိဇ္ဇမာနော၊ ရအပ်၏။ ဝါ၊ သိမြင်အပ်၏။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ် အခြားသော မြင်းအာဇာနည်တစ်မျိုးကား။ [ တနည်း– ဘိက္ခဝေ၊ တို့။ ပုန၊ နောက်ထပ်တဖန်။ အပရံစ၊ အခြားသော မြင်းအာဇာနည် တစ်မျိုးကိုလည်း။ အဟံ၊ ငါသည်။ ဘာသိဿာမိ၊ ဟောတော်မူအံ့။] ဣဓ၊ ၌။ ဧကစ္စော၊ သော။ ဘဒြော၊ သော။ အဿာဇာနီယော၊ သည်။ ပတောဒစ္ဆာယံ၊ ကို။ ဒိသွာ၊ မြင်ရ၍။ န ဟေဝ သံဝိဇ္ဇတိ၊ မထိတ်လန့်သေးသည်သာ။ ( မြင်းဆရာ၏ လိုအင်ဆန္ဒကို အထိတ် တလန့် အကဲမခတ်တတ်သေးသည်သာ။) သံဝေဂံ၊ ထိတ်လန့်ခြင်းသို့။ န ဟေဝ အာပဇ္ဇတိ၊ မရောက်သေးသည်သာ။ အပိစ ခေါ၊ အမှန်စင်စစ်ကား။ လောမဝေဓဝိဒ္ဓေါ၊ မွေးညင်းတွင်းပေါက်၌နှင်တံချွန်ဖြင့် ထိုးစိုက်ခြင်းဖြင့် ထိုးစိုက်အပ်သည်။ (ဟုတွာ ဧဝ၊ ဖြစ်၍သာလျှင်။ ဝါ၊ ဖြစ်မှသာလျှင်။) [ လောမ(လောမကူပ)၊ အမွေးတွင်းပေါက်၌ +ဝေ ဓ = ထိုးစိုက်ခြင်း ဖြင့်+ ဝိဒ္ဓ၊ ထိုးစိုက်ခံရသောမြင်း။]
“အဇ္ဇ၊ ယခု။ အဿဒမ္မသာရထိ၊ သည်။ မံ၊ ငါ့ကို။ ကိံ၊ သော။ ကာရဏံ၊ ကို။ ကာရေဿတိ နုခေါ၊ နည်း။ အဟံ၊ ငါသည်။ အဿ၊ တွက်။ ကိံ၊ အဘယ်အရာကို။ ပဋိကရောမိ နုခေါ၊ နည်း။” ဣတိ၊ ဤသို့။ သံဝိဇ္ဇတိ၊ ၏။ သံဝေဂံ၊ သို့။ အာပဇ္ဇတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ ဧဝရူပေါ၊ ဤသို့ သဘောရှိသော။ ( ဤသို့ မွေးညင်းတွင်းပေါက်၌ နှင်တံချွန်ဖြင့်ထိုးစိုက်ခံရ၍ မြင်း ဆရာ၏ လိုအင်ဆန္ဒကိုအထိတ် တလန့် အကဲခတ်ခြင်းသဘောရှိ သော။) ဧကစ္စော၊ သော။ ဘဒြော၊ သော။ အဿာဇာနီယောပိ၊ မြင်းအာဇာနည်သည်လည်း။ ဟောတိ၊ ရှိ၏။
ဘိက္ခဝေ၊ တို့။ ဒုတိယော၊ နှစ်ကောင်မြောက်သော။ ဘဒြော၊ သော။ အယံ အဿာဇာနီယော၊ ဤ မြင်းအာဇာနည် သည်။ ပ။
ဘိက္ခဝေ၊ တို့။ ပုန၊ နောက်ထပ်။ အပရံ စ၊ အခြားသော မြင်းအာဇာနည်တစ်မျိုးကား။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ဘဒြော၊ သော။ အဿာဇာနီယော၊ သည်။ ပတောဒစ္ဆာယံ၊ ကို။ ဒိသွာ၊ ၍။ န ဟေဝ သံဝိဇ္ဇတိ၊ သည်သာ။ သံဝေဂံ၊ သို့။ န ဟေဝ အာပဇ္ဇတိ၊ သာ။ လောမဝေဓဝိဒ္ဓေါ၊ သည်။ ( ဟုတွာပိ၊ ဖြစ်၍လည်း။) န သံဝိဇ္ဇတိ၊ မထိတ်လန့်သေး။ သံဝေဂံ၊ သို့။ န အာပဇ္ဇတိ၊ မရောက်သေး။ အပိစ ခေါ၊ အမှန်စင်စစ်ကား။ စမ္မဝေဓဝိဒ္ဓေါ၊ အရေထူ, အရေပါးကိုဖော်ဖြတ်လျက် ထိုးခြင်းဖြင့် ထိုးစိုက်ခံရသည်။ ဝါ၊ အရေထူ အရေပါးကိုပြတ်သွားစေသော ထိုးစိုက်ခြင်းဖြင့် ထို စိုက်ခံရသည်။ (ဟုတွာဝ၊ ဖြစ်၍သာလျှင်။ ဝါ၊ ဖြစ်မှသာလျှင်။)
အဇ္ဇ၊ ယခု။ အဿဒမ္မသာရထိ။ ပ။ ပဋိကရောမိ နုခေါ၊ နည်း။ ဣတိ၊ သို့။ သံဝိဇ္ဇတိ၊ ၏။ သံဝေဂံ၊ သို့။ အာပဇ္ဇတိ၊ ၏။ [ စမ္မံ ဆိန္ဒန္တော ဝေဓော စမ္မဝေဓော၊ အရေကို ဖောက်ဖြတ်တတ်သောထိုးခြင်း။ (ပေါက်ပြတ်သွားအောင် ထိုးစိုက်ခြင်း) စမ္မဝေဓေန ဝိဒ္ဓေါစမ္မဓဝိဒ္ဓေါ]။ ပ။
စမ္မဝေဓဝိဒ္ဓေါ၊ သည်။ (ဟုတွာပိ၊ ဖြစ်၍လည်း။) န သံဝိဇ္ဇတိ၊ သေး။ သံဝေဂံ၊ သို့။ န အာပဇ္ဇတိ၊ သေး။ အပိစ ခေါ၊ ကား။ အဋ္ဌိဝေဓဝိဒ္ဓေါ၊ အရိုးကိုခွဲလျက် ထိုးခြင်းဖြင့် ထိုးစိုက်ခံရသည်။ ဝါ၊ အရိုးကွဲအောင်ထိုးခြင်းဖြင့် ထိုးစိုက်ခံရသည်။ ( ဟုတွာဝ၊ ဖြစ်၍သာလျှင်။) [ အဋ္ဌိံ ဘိန္ဒ‌န္တော ဝေဓော အဋ္ဌိဝေဓော၊ အဋ္ဌိဝေဓေန ဝိဒ္ဓေါ အဋ္ဌိဝေဓဝိ ဒ္ဓေါ။] ပ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝမေဝံ၊ ဤအတူပင်။ စတ္တာရော၊ လေးယောက်ကုန်သော။ ဘဒြာ၊ ကောင်းကုန်သော။ ဣမေ ပုရိသာဇာနီယာ၊ ဤယောက်ျားအာဇာနည်တို့သည်။ ဝါ၊ ဤအကြောင်းဟုတ်သည်,အကြောင်းမဟုတ်သည်ကိုသိတတ် သော ယောက်ျားပညာရှိတို့သည်။ ဝါ၊ တို့ကို။ ပ။ သံဝိဇ္ဇမာနာ၊ ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။ စတ္တာရော၊ ကုန်သော။ (ဘဒြာ၊ ကောင်းကုန်သော။ ဣမေ ပုရိသာဇာနီယာ၊ တို့သည်။ ဝါ၊ တို့ကို။ လောကသ္မိံ၊ ၌။ သန္တော၊ ကုန်သနည်း။ သံဝိဇ္ဇမာနာ– နည်းဟူမူ။)
ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ဘ‌ဒြော၊ သော။ ပုရိသာ ဇာနီယော၊ ယောက်ျားအာဇာနည်သည်။ သုဏာတိ၊ ကြား၏။ (ကိန္တိ၊ အဘယ်သို့။ သုဏာတိ၊ ကြားသနည်းဟူမူ။)
အမုကသ္မိံ နာမ၊ ထိုမည်သော။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ နိဂမေ ဝါ၊ နိဂုံး၌လည်းကောင်း။ ဣတ္ထီ ဝါ၊ မိန်းမသည်လည်းကောင်း။ ပုရိသော ဝါ၊ ယောက်ျားသည်လည်းကောင်း။ ဒုက္ခိတော၊ ဒုက္ခရောက်နေပြီ။ ဝါ၊ ဒုက္ခဝေဒနာ စွဲကပ်နေပြီ။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ ကာလင်္ကတော၊ ကွယ်လွန်ရာ အချိန်ကာလကို ပြုပြီ။ ဝါ၊ ကွယ်လွန်ခြင်းကို ပြုပြီ။ ဝါ၊ သေပြီ။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ (သုဏာတိ၊ ကြားရ၏။)
သော၊ ထိုယောက်ျား အာဇာနည်သည်။ တေန၊ ထိုသို့ ကြားရခြင်းကြောင့်။ သံဝိဇ္ဇတိ၊ ထိတ်လန့်၏။ သံဝေဂံ၊ ထိတ်လန့်ခြင်းသို့။ ဝါ၊ ထိတ်လန့်ခြင်းဟူသော သဟောတ္တပ္ပဉာဏ်သို့။ [ သဟ+သြတ္တပ္ပ၊ သြတ္တပ္ပနှင့်တကွ ဖြစ်သောဉာဏ်။] အာပဇ္ဇတိ၊ ရောက်၏။
သံဝိဂ္ဂေါ၊ ထိတ်လန့်သည်။ (ဟုတွာ၊ ဖြစ်၍။) ယောနိ သော၊ ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းအားဖြင့်။ ပဒဟတိ၊ အားထုတ်၏။
ပဟိတတ္တော၊ (ရဲဝံ့စွန့်စား, နိဗ္ဗာန်သို့) စွန့်လွှတ်ထားအပ်သော စိတ်ရှိသည်။ (ဟုတွာ၊ ဖြစ်၍။) ကာယေန စေဝ၊ နာမ ကာယဖြင့်လည်း။ ပရမသစ္စံ၊ မဖောက်မပြန် မြတ်သောနိဗ္ဗာန်ဟူသော အမှန်တရားကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ ပညာယ စ၊ ဝိပဿနာပညာ, မဂ်ပညာဖြင့်လည်း။ အတိဝိဇ္ဈ၊ (ကိလေသာတို့ကို) ထွင်းဖောက်၍။ ( ပရမသစ္စံ၊ ကို။) ပဿတိ၊ မြင်၏။
ဘိက္ခဝေ၊ တို့။ ဘဒြော၊ သော။ သော အာဿာဇာနီယော၊ ထိုမြင်းအာဇာနည်သည်။ ပတောဒစ္ဆာယံ၊ (ထိုးစိုက်ခြင်းငှာ အထက်သို့ မြောက်အပ်သော) နှင်တံ၏အရိပ်ကို။ ဒိသွာ၊ မြင်၍။ သံဝိဇ္ဇတိ သေယျထာပိ၊ ထိတ်လန့်သကဲ့သို့။ သံဝေဂံ၊ ထိတ်လန့်ခြင်းသို့။ အာပဇ္ဇတိ သေယျထာပိ၊ ရောက်သကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဘဒြံ၊ ကောင်းသော။ ဣမံ ပုရိသာဇာနီယံ၊ ဤ အာဇာနည်ယောက်ျားကို။ (ထိုရွာနိဂုံးမှ မိန်းမ, ယောက်ျား ဒုက္ခရောက်ကြောင်း, ကွယ်လွန် ကြောင်း ကြားရုံမျှဖြင့် သံဝေဂဉာဏ်ဖြစ်ပွားကာ ကမ္မဋ္ဌာန်းတရား ကြိုးစားအား ထုတ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော ဤ အာဇာနည် ယောက်ျားကို။) တထူပမံ၊ ထိုအာဇာနည်မြင်း ဥပမာရှိ၏ဟူ၍။ (နှင်တံရိပ်ကို မြင်ရုံမျှဖြင့်မြင်းဆရာ၏ လိုအင်ဆန္ဒကို အထိတ် တလန့် အကဲခတ်တတ်သော ထိုအာဇာနည်မြင်း ဥပမာရှိ၏ဟူ၍။) အဟံ၊ ငါသည်။ ဝဒါမိ၊ ဟောတော်မူ၏။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ ဧဝရူပေါ၊ ဤသို့ သဘောရှိသော။ (ထိုရွာနိဂုံးမှ မိန်းမ ယောက်ျား ဒုက္ခရောက်ကြောင်း, ကွယ်လွန်ကြောင်းကြားရုံမျှဖြင့် သံဝေဂဉာဏ်ဖြစ်ပွားကာ ကမ္မဋ္ဌာန်းတရား ကြိုးစားအား ထုတ်၍နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း သဘောရှိသော။) ဧကစ္စော၊ အချို့သော။ ဘဒြော၊ ကောင်းသော။ ပုရိသာဇာနီယောပိ၊ အာဇာနည် ယောက်ျားသည်လည်း။ ဟောတိ၊ ရှိ၏။
ဘိက္ခဝေ၊ တို့။ ပဌမော၊ ရှေးဦးစွာသော။ ဘဒြော၊ သော။ အယံ ပုရိသာဇာနီယော၊ ဤ အာဇာနည်ယောက်ျားသည်။ ဝါ၊ ကို။ လောကသ္မိံ၊ ၌။ သန္တော၊ ထင်ရှားရှိ၏။ သံဝိဇ္ဇမာနော၊ ရအပ်၏။ ဝါ၊ သိမြင်အပ်၏။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ် အခြားသော အာဇာနည် ယောက်ျားတစ်ယောက်ကား။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ဘဒြော၊ သော။ ပုရိသာဇာနီယော၊ သည်။
“အမုကသ္မိံ နာမ၊ ထိုမည်သော။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ပ။ ဒုက္ခိတော၊ ပြီ။ ဣတိ ဝါ၊ ဤသို့သော် လည်းကောင်း။ ကာလင်္ကတော၊ ပြီ။ ဣတိ ဝါ၊ လည်းကောင်း။ နဟေဝ ခေါ သုဏာတိ၊ မကြားရသေးသည်သာ။ အပိစ ခေါ၊ ကား။ ဣတ္ထိံ ဝါ၊ မိန်းမကိုသော်လည်းကောင်း။ ပုရိသံ ဝါ၊ ယောက်ျားကိုသော်လည်းကောင်း။ ဒုက္ခိတံ ဝါ၊ ဒုက္ခရောက်နေ့သည်ကိုသော်လည်း ကောင်း။ ဝါ၊ ဒုက္ခဝေဒနာ စွဲကပ်နေသည်ကိုသော်လည်းကောင်း။ ကာလင်္ကတံ ဝါ၊ ကွယ်လွန်သည်ကိုသော် လည်းကောင်း။ သာမံ၊ ကိုယ်တိုင်။ ပဿတိ၊ တွေ့ မြင်၏။
သော၊ ထို အာဇာနည်ယောကျ်ားသည်။ တေန၊ ထိုသို့တွေ့ မြင်ခြင်းကြောင့်။ ပ။
အတိဝိဇ္ဈ၊ ၍။ (ပရမသစ္စံ၊ ကို။) ပဿတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဘဒြော၊ သော။ သော အဿာဇာနီယော၊ သည်။ လောမဝေဓဝိဒ္ဓေါ၊ သည်။ (ဟုတွာ၊ ဖြစ်၍။) သံဝိဇ္ဇတိ သေယျထာပိ၊ ကဲ့သို့။ သံဝေဂံ၊ သို့။ အာပဇ္ဇတိ သေယျထာပိ၊ ကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဘဒြံ၊ သော။ ဣမံ ပုရိသာဇာနီယံ၊ ဤ အာဇာနည်ယောက်ျားကို။ (မိန်းမယောက်ျား ဒုက္ခရောက်နေသည်, ကွယ်လွန်နေသည်ကို ကိုယ်တိုင်တွေ့မြင်ရ၍ သံဝေဂဉာဏ်ဖြစ်ပွားကာ ကမ္မဋ္ဌာန်းတရားကြိုးစားအားထုတ်သဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသော ဤအာဇာနည် ယောက်ျားကို။) တထူပမံ၊ ထို အာဇာနည်မြင်း ဥပမာရှိ၏ဟူ၍။ (မွေးညင်းပေါက်တွင်း၌ နှင်တံချွန်ဖြင့် ထိုးစိုက်ခံရ၍ မြင်းဆရာ၏လိုအင်ဆန္ဒကို အထိတ်တလန့် အကဲခတ်တတ်သော ထိုအာဇာနည် မြင်းဥပမာရှိ ၏ဟူ၍။) အဟံ၊ ငါသည်။ ဝဒါမိ၊ ၏။ ပ။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ် အခြားသော အာဇာနည်ယောက်ျားကား။ ဣဓ၊ ၌။ ပ။
ကာလင်္ကတော၊ ပြီ။ ဣတိ ဝါ၊ လည်းကောင်း။ န ဟေဝ ခေါ သုဏာတိ၊ သည်သာ။ ဣတ္ထိံ ဝါ၊ ကိုသော်လည်းကောင်း။ ပုရိသံ ဝါ၊ လည်းကောင်း။ ဒုက္ခိတံ ဝါ၊ လည်းကောင်း။ ကာလင်္ကတံ ဝါ၊ လည်းကောင်း။ သာမံ၊ ကိုယ်တိုင်။ နာပိ ပဿတိ၊ မြင်လည်းမမြင်။ အပိစ ခေါ၊ ကား။ အဿ၊ ထိုအာဇာနည်ယောက်ျား၏။ ဉာတိ ဝါ၊ ဆွေမျိုးသည်သော်လည်းကောင်း။ သာလောဟိတော ဝါ၊ သွေးသား တော်စပ်သူသည်သော်လည်း ကောင်း။ ဝါ၊ သားချင်းသည်သော်လည်းကောင်း။ ဒုက္ခိတော ဝါ၊ ဒုက္ခရောက်နေသည်သော် လည်းကောင်း။ ကာလင်္ကတော ဝါ၊ ကွယ်လွန်သည် သော်လည်းကောင်း။ ဟောတိ၊ ၏။
သော၊ ထို အာဇာနည်ယောက်ျားသည်။ တေန၊ ထိုဆွေမျိုးသားချင်း ဒုက္ခရောက်ခြင်း, ကွယ်လွန်ခြင်း ကြောင့်။ ပ။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ ဣဓ၊ ၌။ ပ။
ကာလင်္ကတံ ဝါ၊ ကိုသော်လည်းကောင်း။ နာပိ ပဿတိ၊ မြင်လည်းမမြင်။ အဿ၊ ထိုအာဇာနည်ယောက်ျား၏။ ဉာတိ ဝါ၊ သည်သော်လည်းကောင်း။ ပ။ ကာလင်္ကတော ဝါ၊ သော်လည်းကောင်း။ နာပိ ဟောတိ၊ ဖြစ်လည်းမဖြစ်။ အပိစ ခေါ၊ ကား။ သာရီရိကာဟိ၊ ခန္ဓာကိုယ်၌ စွဲကပ်နေကုန်သော။ ဒုက္ခာဟိ၊ ခက်ခဲသဖြင့် သည်းခံအပ်ကုန်သော။ ဝါ၊ သည်းခံနိုင်ခဲကုန်သော။ တိဗ္ဗာဟိ၊ ထူထပ်ကုန်သော။ ခရာဟိ၊ ကြမ်းတမ်းကုန်သော။ ကဋုကာဟိ၊ ထက်မြက်စူးရှကုန်သော။ ဝါ၊ ခါးစပ်သော အရသာနှင့်တူကုန်သော။ အသာတာဟိ၊ ချိုသာခံချင်ဖွယ် မကောင်းကုန်သော။ အမနာပါဟိ၊ စိတ်နှလုံးကို မတိုးပွားစေတတ်ကုန်သော။ ဝါ၊ မနှစ်မြို့ဖွယ်ဖြစ်ကုန်သော။ ပါဏဟရာဟိ၊ အသက်ကို ဆောင်ယူပယ်ရှားနိုင်ကုန်သော။ ဝေဒနာဟိ၊ ဆင်းရဲဝေဒနာတို့သည်။ သာမညေဝ (သာမံ ဧဝ)၊ ကိုယ်တိုင်သာလျှင်။ ဖုဋ္ဌော၊ ထိရောက်နှိပ်စက်အပ်သည်။ ဝါ၊ နှိပ်စက်ခံရသည်။ ဟောတိ၊ ဖြစ်၏။
သော၊ ထိုအာဇာနည်ယောက်ျားသည်။ တေန၊ ထိုသို့ ကိုယ်တိုင် ဒုက္ခဝေဒနာနှိပ်စက်ခံရခြင်းကြောင့်။ သံဝိဇ္ဇတိ၊ ၏။ ပ။
တတိယံ။