Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

1. Saṃkhittasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ပဋိပဒါ၊ အကျင့်တို့သည်။ ဣမာ စတဿော၊ ဤလေးမျိုးတို့တည်း။
စတဿော၊ လေးမျိုးတို့ဟူသည်။ ကတမာ၊ အဘယ်တို့နည်းဟူမူ။
ဒန္ဓာဘိညာ၊ နှေးကွေးလေးကန်သော ဝိပဿနာဉာဏ်ထူးရှိသော။ ဝါ၊ နှေးကွေးလေးကန်စွာ အရိယမဂ်သို့ဆိုက် ရောက်စေသော ဝိပဿနာဉာဏ်ထူး ရှိသော။ [ဒန္ဓာ၊ နှေးကွေးလေးကန်သော။ ဝါ၊ နှေးကွေးလေးကန်စွာအရိယမဂ်သို့ ဆိုက် ရောက်စေသော+ အဘိညာ၊ ထူးကဲသော အသိဉာဏ်။ ဝါ၊ ဝိပဿနာဉာဏ်ထူး(ရှိသော)။] ဒုက္ခာ၊ ခက်ခဲသော။ ဝါ၊ ခက်ခဲပင်ပန်းစွာကိလေသာတို့ ကို ပယ်ခွာရသော။ ပဋိပဒါ၁။အဋ္ဌကထာမြန်မာမှု။ ။ အဋ္ဌကထာမြန်မာမူ၌ “သုခပဋိက္ခေပေန ဒုက္ခာ ပဋိပဇ္ဇိတဗ္ဗတော ပဋိပဒါ စတိဿာတိ ဒုက္ခာပဋိပဒါ”ဟု ဗဟုဗ္ဗီဟိ အဖွင့်ဝါကျရှိ၏။ ထိုအဖွင့်ဝါကျမှာ ဝိဘင်းပါဠိတော် (၃၄၄) စာသွားနှင့် ကိုက်ညီသော်လည်းဤအင်္ဂုတ္တိုရ်ပါဠိတော် ပဋိပဒါဝဂ် စာသွားများနှင့်ကား မကိုက်ညီပေ။ ထို့ကြောင့်သီ၊ သျာမူ အဖွင့် ဝါကျအတိုင်း ပါဠိတော်အနက် ပြန်ဆိုထားပါသည်။ စာပိုဒ် (၁၆၆) ဥဘယသုတ်၊ စာပိုဒ် (၁၆၇) မဟာမောဂ္ဂလ္လာနသုတ်တို့နှင့်လည်းတိုက်ဆိုင်ကြည့်ပါ။
ဝိဘင်းပါဠိတော်နှင့် အင်္ဂုတ္တိုရ်ဋ္ဌဋီအဖွင့်နှီးနှောတိုက်ဆိုင်ချက်။ ။ အဘိဓမ္မာဝိဘင်းပါဠိတော်၌ “တတ္ထ ကတမာ စတဿော ပဋိပဒါ၊ ဒုက္ခပ္ပဋိပဒါ ဒန္ဓာဘိညာပညာ” စသည်ဖြင့် ပုစ္ဆာထုတ်တုန်းက ပဋိပဒါလေးပါးကို ပုစ္ဆာထုတ်၍အဖြေဝိဿဇ္ဇနဝါကျ၌ “ဒန္ဓာဘိညာ ပညာ”ဟူ၍ ပညာကို အဖြထုတ်ပြ၏။ထို့ကြောင့် ဝိဘင်းပါဠိတော်၌ ပုစ္ဆာဝါကျမှ ပဋိပဒါနှင့် ဝိဿဇ္ဇနဝါကျမှ ပညာတို့အရ လောကုတ္တရမဂ်ပညာ အကျင့်ကိုချည်း ယူရမည်ဖြစ်၏။
နောက် ဝိတ္ထာရသုတ် အင်္ဂုတ္တိုရ် အဋ္ဌကထာ၌လည်း “တဿ သော လောကုတ္တရမဂ္ဂေါ။ ပ။ ဒုက္ခပ္ပဋိပဒေါ ဓန္ဓာဘိညော နာမဇာတော” ဟူ၍ (ဒုက္ခပ္ပဋိပဒနှင့် ဒန္ဓာဘိညပုဒ်တို့အရ) လောကုတ္တရမဂ်ကိုယူ၍ ဖွင့် ၏။ ထိုအဖွင့်မှာ (ဒုက္ခာပဋိပဒါရှိသော, ဒန္ဓာဘိညာရှိသော လောကုတ္တရမဂ်ဟု ဆိုလိုရကား) ဝိဘင်းပါဠိတော်နှင့်သဘောတူပင်ဖြစ်၏။ ဤသုတ် အင်္ဂုတ္တိုရ်ဋီကာ၌လည်း ဝိဘင်းပါဠိနှင့် အဋ္ဌကထာဝါကျများကိုပင် ထုတ်ပြထား၏။ ယင်းသို့ထုတ်ပြခြင်းမှာ ဤအင်္ဂုတ္တိုရ် ပဋိပဒါဝဂ်ပါဠိတော်နှင့် ဝိဘင်းပါဠိတော်တို့ (စာသွား ချင်းမတူသော်လည်း) အခြေခံ သဘောအဓိပ္ပာယ်တူသောကြောင့်ပင်ဖြစ်၏။
ဒုက္ခာပဋိပဒါနှင့် ဒန္ဓာဘိညာ။ ။ ဒုက္ခာပဋိပဒါ၌ ပဋိပဒါ (အကျင့်)ဟူသည်ကိလေသာတို့ကို ပယ်ခွာသော ရူ ပပရိဂ္ဂဟစသော ဉာဏ်များတည်း၊ အချို့ပုဂ္ဂိုလ်၌ထိုဉာဏ်များ ခက်ခဲစွာဖြစ်ရ၏၊ (ခက်ခဲပင်ပန်းစွာ အားထုတ်မှသာ ဤကားရုပ်, ဤကားနာမ်ဟု ခွဲ ခြားသိသော ဉာဏ်စသည်တို့ ဖြစ်ပေါ်လာကုန်၏။) ထိုဉာဏ်များ ဖြင့်ကိလေသာပယ်ခွာသော အခါ ခက်ခဲစွာ ပယ်ခွာရ၏။ ဥပမာ အားဖြင့်–
ကလာပသမ္မသနဉာဏ်၏ အဆုံး, ဥဒယဗ္ဗယဉာဏ်(ရှေ့ပိုင်း) ၌ တွေ့ကြုံရသော ဝိပဿနုပက္ကိလေသတို့ကို သုံးကြိမ်တိတိ ပယ်ခွာနေရသော ကြောင့် ခက်ခဲပင်ပန်း၏။ ထိုကဲ့သို့ ခက်ခဲစွာဖြစ်ရ သော (ဆိုင်ရာ ကိလေသာတို့ကိုခက်ခဲစွာပယ်ခွာရသော) ထို ရူပပရိဂ္ဂဟဉာဏ်,နာမပရိဂ္ဂဟဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်,အဒ္ဓါနသမ္မသနဉာဏ်, မဂ္ဂါမဂ္ဂဝဝတ္ထာနဉာဏ်တို့ကို ဒုက္ခာ ပဋိပဒါ (ခက်ခဲသောအကျင့်)ဟု ခေါ်၏။
ထိုကဲ့သို့ ဆိုင်ရာ ကိလေသာတို့ကို ဖယ်ခွာပြီးနောက် ဥဒယဗ္ဗယဉာဏ် ( နောက်ပိုင်း) စသော ဝိပဿနာဉာဏ်တို့သို့ ရောက်သောအခါ လျင်မြန်စွာမဂ်ဉာဏ် မဖြစ်ပေါ်လာနိုင်ဘဲ နှောင့်နှေးကြန့် ကြာပြီးမှ မဂ်ဉာဏ်ဖြစ်ပေါ်လာ၏။ ထိုကဲ့သို့ မဂ်ဉာဏ်အဖြစ် နှေးကွေးလေး ကန်စေသော ဝိပဿနာဉာဏ်တို့ကို ဒန္ဓာဘိညာဟု ခေါ်၏။
ထို့အပြင် မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ် အနေအားဖြင့် ဖြစ်သောရှေ့ပိုင်းသင်္ခါရုပေက္ခာဉာဏ်သည်ပင် ဝိပဿနာနိကန္တိကိလေသာတို့ကို ခက်ခဲစွာပယ်ခွာနေရလျှင် ဒုက္ခာပဋိပဒါ စာရင်းဝင်ဖြစ်ရ၏။ ထိုဝိပဿနာနိကန္တိကိလေသာတို့ကို ပယ်ခွာပြီးနောက် မဂ်ဉာဏ်အဖြစ် နှေးကွေးကြံ့ကြာစေသောထိုသင်္ခါရုပေက္ခာဉာဏ်သည် ပင်ဒန္ဓာဘိညာဖြစ်ရတော့၏။ [ ဤအင်္ဂုတ္တိုရ်ဋ္ဌဋီနှင့်အဋ္ဌသာလိနီ (၂၆၀) ထို၏ မူလဋီကာ (၁၁၂) ဝိသုဒ္ဓိမဂ် (ဒု-၃၀၆) ထို၏ ဋီကာ (ဒု-၄၇၅) တို့ကို မှီ၍ရေးသည်။]
၊ အကျင့်လည်းကောင်း။ ( နာမရှု ပပရိဂ္ဂဟဉာဏ် စသော အကျင့်လည်းကောင်း။) ခိပ္ပါဘိညာ၊ လျင်မြန်သော ဝိပဿနာဉာဏ်ထူးရှိသော။ ဝါ၊ လျင်မြန်စွာ အရိယမဂ်သို့ ဆိုက်ရောက် စေသော ဝိပဿနာဉာဏ်ထူးရှိသော။ ဒုက္ခာ၊ သော။ ဝါ၊ သော။ ပဋိပဒါ၊ လည်းကောင်း။ ဒန္ဓာဘိညာ၊ သော။ ဝါ၊ သော။ သုခါ၊ လွယ်ကူသော။ ဝါ၊ လွယ်ကူမပန်း ချမ်းသာစွာ ကိလေသာတို့ကို ပယ်ခွာရသော။ ပဋိပဒါ၊ လည်းကောင်း။ ခိပ္ပါဘိညာ၊ သော။ ဝါ၊ သော။ သုခါ၊ သော။ ပဋိပဒါ၊ လည်းကောင်းတည်း။ ပ။
ပဌမံ။