**၇၅ (စာပိုဒ်)။ ၅-ဒုတိယအဂ္ဂသုတ်**။ ။ ရူပဂ္ဂံ၊ ရုပ်ဟူသော မြတ်သောတရားလည်းကောင်း။
ဝါ၊ မြတ်သောရုပ်တရားလည်းကောင်း။
(အရဟတ္တဖိုလ်သို့ရောက်စေသော ဝိပဿနာ၏ အာရုံဖြစ်၍ မြတ်သောရုပ်လည်းကောင်း)။
[ အကြင်ရုပ်ကိုရှုမှတ်သုံးသပ်၍ အရဟတ္တဖိုလ်သို့ ရောက်၏။
ထိုရုပ်သည် မြတ်သောရုပ်မည်၏။
ဝေဒနာဂ္ဂစသည်တို့၌လည်း ဤနည်းအတိုင်းမှတ်။]
ဝေဒနာဂ္ဂံ၊ ဝေဒနာဟူသောမြတ်သောတရားလည်းကောင်း။
ဝါ၊ မြတ်သော ဝေဒနာလည်းကောင်း။
(အရဟတ္တဖိုလ်သို့ ရောက်စေသော ဝိပဿနာ၏ အာရုံဖြစ်၍ မြတ်သောဝေဒနာလည်းကောင်း။
သညာဂ္ဂံ၊ သညာဟူသော မြတ်သောတရားလည်းကောင်း။
ဝါ၊ လည်းကောင်း။
( အရဟတ္တဖိုလ်သို့ . . . . . .မြတ်သောသညာလည်းကောင်း)။
ဘဝဂ္ဂံ၊ ဘဝအတ္တဘောဟူသော မြတ်သောတရားလည်းကောင်းတည်း။
ဝါ၊ မြတ်သော ဘဝအတ္တဘောလည်းကောင်းတည်း။
( အရဟတ္တဖိုလ်သို့ ရောက်ရာဘဝ အတ္တဘောဖြစ်၍ မြတ်သော ဘဝအတ္တဘောလည်းကောင်း
တည်း)။
[ဤ ဘဝဂ္ဂပုဒ်သည်သာ ရူပဂ္ဂစသော ရှေ့ (၃)ပုဒ်နှင့် အနက်အဓိပ္ပာယ်ထူးခြား၏။]
။ပ။
ပဉ္စမံ။