ဘိက္ခဝေ၊ တို့။
ဇာလိနိံ၊ ရှုပ်ထွေးမြှေးယှက် ဇာကွန်ရက်နှင့်တူသော။
[ ဇာလံ ဝိယာတိ ဇာလိနီ။
ဥပမာနအနက်၌ ဣနီပစ္စည်းသက်ဟု အဘိဓာန်ဋီကာ ဂါထာ (၁၆၂) ၌ဆို၏။]
ဝါ၊ ထိုထိုဘဝ, အာရုံ၌ မိမိ၏ အစိတ်အပိုင်းဖြစ်သော ဇာကွန်ရက်ရှိသော။
[ “ တတ္ထ တတ္ထ ဘဝေ အာရမ္မဏေ ဝါ တံ တံ အတ္တနော ကောဋ္ဌာသဘူတံ ဇာလံ ဧတိ
ဿာ အတ္ထီတိ ဇာလိနီ ” ဟု ဋ္ဌဋီဝိဂြိုဟ်ပြု၏။
ဇာလပုဒ် အဿတ္ထိဤပစ္စည်း၊ ဣတ္ထိဇောတက ဣနီပစ္စည်း။]
သရိတံ၊ ထိုထိုဘဝအာရုံ၌ လှည့်လည်သွားလာတတ်သော။
ဝိသဋံ၊ ပျံ့နှံ့လွင့်ပါးတတ်သော။
ဝိသတ္တိကံ
၁။**ဝိသတ္တိကာ။ ။ တတ္ထ တတ္ထ ဘဝေ အာရမ္မဏေ ဝါ ဝိသန္ဓတိ လဂ္ဂတီတိ ဝိသတ္တာ၊ ဝိသတ္တာ ဧဝ ဝိသတ္တိကာ။ (တနည်း) ဝိသတ္တိကံ၊ ဒုက္ခကိုဖြစ်စေတတ်သောကံ၏
အကြောင်းရင်းဖြစ်သော၊ [“ ဝိသဿ ဒုက္ခနိဗ္ဗတ္တကကမ္မဿမူလံ ဝိသမူလံ ” ဟု
ဝစနတ္ထပြု၍ နိရုတ္တိနည်းဖြင့် ဝိသမူလပုဒ်ကို ဝိသတ္တိကာပြု ] ဝါ၊ ဒုက္ခဟူသော အကျိုးရှိသော၊ [ဝိသံ ဒုက္ခသင်္ခါတံ ဖလံ ဧတိဿာ တဏှာယာတိ
ဝိသဖလာ၊ ထို့နောက် ဝိသဖလကို ဝိသတ္တိကာပြု]
၊ ထိုထိုဘဝအာရုံ၌ ငြိကပ်တွယ်တာတတ်သော။
တဏှံ၊ တဏှာကို။
ဝါ၊ တဏှာအမျိုးအစားတရားကို။
ဝေါ၊ သင်တို့အား။
ဒေသေဿာမိ၊ ဟောတော်မူအံ့။
ယာယ(တဏှာယ)၊ ယင်းတဏှာသည်။
ဥဒ္ဓသ္တော၊ အထက်၌တက်ရောက်အပ်သော။
ပရိယောနဒ္ဓေါ၊ ထက်ဝန်းကျင်မှ ရစ်ပတ်အပ်သော။
အယံ လောကော၊ ဤသတ္တဝါအပေါင်းသည်။
တန္တာကုလကဇာတော၂။**တန္တာကုလကဇာတော**။ ။ တန္တံ ဝိယ၊ (ကြွက်ကိုက်ထား အပ်သော) ချည်ခင်ကဲ့သို့၊ အာကုလကော= ရှုပ်ထွေးသော လောကတည်း၊ တန္တာကုလကော= ကြွက်ကိုက်ထားအပ်သော ချည်ခင်ကဲ့သို့ ရှုပ်ထွေးသော လောက၊ တန္တာကုလကောဟုတွာ ဇာတော တန္တာကုလကဇာတော= ကြွက်ကိုက်ထားအပ်သော ချည်ခင်ကဲ့သို့ ရှုပ်ထွေးသည်ဖြစ်၍ ဖြစ်နေသော လောက။ (တနည်း) တန္တမေ၀= ချည်ခင်သည်ပင်လျှင်၊ အာကုလကံ= အရှုပ်အထွေးတည်း၊ တန္တာကုလကံ= ချည်ခင်သည်ပင် အရှုပ်အထွေး၊ ဝါ= ချည် ခင်ထွေး၊ တန္တာကုလကံ ဝိယ ဇာတောဘူတောတိ တန္တာကုလကဇာတော= ချည်ခင်ထွေး ကဲ့သို့
ဖြစ်နေ (ရှုပ်ထွေးနေ)သောလောက။
ဤသုတ်ဋ္ဌ, ဋီနှင့် ဒီ၊ မဟာဝဂ္ဂဋ္ဌ (၈၅) ဋီ(၉ဝ) သံယုတ်ဋီ၊ ဒု(၁ဝ၃–၄) တို့၏ တန္တာကုလကဇာတပုဒ် အဖွင့်ဝါကျမှာ အတူတူပင်ဖြစ်၏၊ ဝိဘင်းမူလဋီကာ (၁၃၂)နှင့် ဝိသုဒ္ဓိမဂ်ဋီကာ၊ ဒု(၃၄၈)တို့၌မူ “ တန္တူနံ အာကုလကံ ” ဟု ဆဋ္ဌီတပ္ပုရိသ်သမာသ် အဖွင့်ဝါကျရှိ၏။
၊ (ကြွက်ကိုက် ထားအပ်သော) ချည်ခင်ကဲ့သို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေသည်။
ဂုလာဂုဏ္ဌိက ဇာတော၃။**ဂုလာဂုဏ္ဌိကဇာတော**။ ။ ဂုလာယ ဂုဏ္ဌိကံ ဂုလာဂုဏ္ဌိကံ၊ ဂုလာယ၊ ယက်
ကန်းသည်မ၏၊ ဂုဏ္ဌိကံ၊ ချည်ခင်ထွေး (ကစီရည် , ကော်ရည်ဖြင့် ပူးကပ်တွဲစပ်နေ
သော ချည်ခင်ထွေး) တနည်း–ဂုလာယ၊ စာငှက်မ၏၊ ဂုဏ္ဌိကံ= အသိုက်။
စာမူအမျိုးမျိုး– “ ဂုဌိ , ဂုဍိ ဝေဌနေ ” ဟူသော ဓာတ်ဖြင့် ဂုဏ္ဌော(ဂုဏ္ဍော) ယဿ အတ္ထီတိ ဂုဏ္ဌိကံ (ဂုဏ္ဍိကံ)၊ ရောထွေးရစ်ပတ်နေခြင်းရှိသော ချည် ခင်ထွေး, စာပေါင်းသိုက်။ (တနည်း) ဂဏ္ဌိ= အထုံးအဖွဲ့၊ ဂဏ္ဌိ ယဿ အတ္ထီတိ ဂဏ္ဌိကံ= အထုံးအဖွဲ့ရှိသော ချည်ခင်ထွေး, စာပေါင်းသိုက်။ ထိုပါဌ် သုံးမျိုးအနက်မည်သည့်ပါဌ်သာ မူရင်းဖြစ်သည်ဟု မသိနိုင်သော်လည်း သင့်လျော်သော ပါဌ်ချည်းဖြစ်နိုင်ပေ၏။
ထို့အပြင် ဂုလာပုဒ်၏နေရာ၌ ကုလာ ဟုလည်းကောင်း, ဂုဏာဟုလည်းကောင်း, The pali text society (P.T.S) အဘိဓာန်၌ ဂုဠာဟုလည်း ကောင်း ပါဌ်အမျိုးမျိုးတွေ့ ရပြန်၏၊ ထိုပါဌ်(၄)မျိုးလုံးပင် “ ဝိနနတော ကုလာ (ဂုလာ) တိဣတ္ထိလိင်္ဂဝသေန လဒ္ဓနာမဿ တန္တဝါယဿ” ဟူသော ဤသုတ်ဋီကာနှင့် ပြခဲ့သော ဋီကာတို့မှ “ဝိနနတော” ဟူသော သံဝဏ္ဏနာနှင့်အနက် အဓိပ္ပါယ်ဆက်သွယ်ဖို့ရာ အလွန်တရာ စိမ်းကားလှ တိမ်မြုပ်လှသော
ပါဌ်များချည်းဖြစ်နေလေ၏၊ ဋ္ဌ , ဋီတို့သည် ထိုမျှလောက် တိမ်မြုပ်ငုတ်ကျဉ်း မရှင်းမလင်းဖွင့်ရိုးထုံးစံမရှိပါ။
“ ဝိနနတော အာဗန္ဓနတော သံသိဗ္ဗနတော ဝါနန္တိ လဒ္ဓဝေါဟာရာယတဏှာယ” ပါရာဇိကဏ်အဋ္ဌကထာ၊ ပ(၁၈၄) နိဗ္ဗာနပုဒ် အဖွင့်ဝါကျကဲ့သို့ ဝါနာပုဒ်, ဝီနာပုဒ်တို့သာလျှင် “ ဝိနနတော” ဟူသော သံဝဏ္ဏနာနှင့် ဆက်စပ်၏၊ “ ဝီ တန္တသန္တာနေ” ဟူသော ဓာတ်ဖြင့် “ ဝိနာတီတိ ဝါနာ ဝီနာ၊ ယက်ကန်းရက်သောမိန်းမ၊ ဝါ= မြက်ပင်, ကောက်ရိုးမျှင်စသည်တို့ကိုအသိုက်ဖွဲ့တက်သော စာငှက်မ ” ဟူသော အနက်များလည်းရနိုင်၏၊ တံ ဟိ သာကုဋဝံ (ကုလာဝကံ) တတော တတော တိဏဟီရာဒိကေ အာနေတွာ တထာ ဝိနတိ (ဝိနန္ဓတိ) ဟူသော ဋီကာနှင့်လည်းထပ်မိ၏။
ထို့ကြောင့် ဝါနာ ဝီနာ– ဟူသောပါဌ်တို့ကို ယခင်က “ ဂုဏ္ဌိက, ဂုဏ္ဍိက, ဂဏ္ဌိက ” ဟူ
သော ပါဌ်တို့နှင့် တစ်ခုစီ တစ်ခုစီတွဲစပ်၍ “ ဝါနာဂုဏ္ဌိက, ဝီနာဂုဏ္ဍိက, ဝါနာဂုဏ္ဍိက ” အစရှိသော ပါဌ်တစ်မျိုးမျိုး ဖြစ်သင့်လေမည် လောဟု စဉ်းစားမိသည်။ ၊ ယက်ကန်းသည်၏ ချည်ခင်ထွေးကဲ့သို့ဖြစ်နေသည်။
ဝါ၊ စာပေါင်းသိုက်ကဲ့သို့ဖြစ်နေသည်။
ဗုဉ္ဇပဗ္ဗဇဘူတော၊ ဖြူဆံမြက်, ပြိတ်မြက်ကဲ့သို့ဖြစ်နေသည်။
(ဟုတွာ၊ ဖြစ်၍။)
ဒုဂ္ဂတိံ၊ ဒုက္ခ၏ ဖြစ်ရာဌာနဖြစ်သော။
ဝိနိပါတံ၊ ကြီးပွားချမ်းသာရေးမှ ဖောက်ပြန်စွာ လျောကျခြင်းရှိသော။
အပါယံ၊ အပါယ်လေးဘုံကိုလည်းကောင်း။
ဝါ၊ ကြီးပွားမှုမရှိသော ငရဲ , တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်၊ လေးသွယ်သော ဘဝကိုလည်းကောင်း။
သံသာရံ၊ သံသရာဝဋ်ဒုက္ခကိုလည်းကောင်း။
ဝါ၊ ကြောင်းကျိုးဆက်စပ်မပြတ်ဖြစ်နေသော ခန္ဓာဓာတ် အာယတနအစဉ်ကိုလည်း
ကောင်း။
နာတိ ဝတ္တတိ၊ မကျော်လွန်နိုင်။
ဘိက္ခဝေ၊ တို့။
အဇ္ဈတ္တိကဿ၁။အဇ္ဈတ္တိက။ ။ မိမိကိုယ်နှင့် ရုပ်ဝေဒနာ သညာစသော ခန္ဓာငါးပါးကို တခြားစီဟု မယူဆဘဲ “ အဟံ- ငါသည်၊ ဝါ- ငါကောင်, မိမိကိုယ် ကောင်ဟူသောခန္ဓာငါးပါးသည် ” ဟူ၍ မိမိကိုယ်နှင့် တစ်မျိုးတည်း တစ်ခုတည်းဟု ယူဆအပ်သော
ခန္ဓာငါးပါးကို အဇ္ဈတ္တိကဟု ခေါ်၏။ ဥပမာအား ဖြင့်–
“ အဟံ- ငါသည်၊ ဝါ- ငါကောင်ဟူသော ခန္ဓာငါးပါးသည်၊ အသ္မိံ- ဖြစ်၏၊ အဟံ- ငါ
ကောင်ဟူသော ခန္ဓာငါးပါးသည်၊ ဣတ္ထံ- ဤမည်သော ဘုရင်မင်းသည်၊ ဤမည်သော ပုဏ္ဏားသည်၊ အသ္မိ- ဖြစ်၏၊ ” ဤသို့စသော (ပါဠိတော်အတိုင်း)စွဲလမ်းပုံ ယူဆပုံများဖြစ်၏။ ထို့ကြောင့် အတ္တာနံ အဓိကိစ္စ ပဝတ္တံ အဇ္ဈတ္တံ၊ မိမိကိုယ်ကိုစွဲမှီရည်စူး ၍ဖြစ်သော (ငါ၏ ခန္ဓာကိုယ်ကလေးဟု စွဲမက်ခံရဖို့ ရည်မှန်းတောင့်တသကဲ့သို့ဖြစ်သော) ခန္ဓာငါး
ပါး ။ (တနည်း) အတ္တာဟိ ဂဟိတံ အဇ္ဈတ္တံ- မိမိကိုယ်ဟု (ငါကိုယ်ကောင်ဟု) ယူဆအပ်သော ခန္ဓာငါးပါး၊ အဇ္ဈတ္တမေဝ အဇ္ဈတ္တိကံ– ဟုဝစနတ္ထပြု။
၊ အဇ္ဈတ္တိက ခန္ဓာငါးပါးကို။
ဝါ၊ မိမိကိုယ်ကောင်, ငါကောင်ဟုယူဆအပ်သော ခန္ဓာငါးပါးကို။
ဥပါဒါယ၊ စွဲကပ်ဖမ်းယူ၍။
( ပဝတ္တာနိ၊ ဖြစ်ကုန်သော။)
အဋ္ဌာရသ၊ (၁၈)မျိုးကုန်သော။
ဣမာနိ တဏှာဝိစရိတာနိ၊ ဤတဏှာဝိစရိတ်တို့ လည်းကောင်း။
ဝါ၊ ဤအထူးထူးအထွေထွေ ဖြစ်ပွားတတ်သောတဏှာတို့လည်းကောင်း။
ဗာဟိရဿ၂။ဗာဟိရ။ ။ မိမိကိုယ်နှင့် ခန္ဓာငါးပါးကို တစ်ခုတည်းဟု မယူဆဘဲ မိမိကိုယ်မှ တခြားစီဟု ယူဆအပ်သော (တခြားစီခွဲထုတ်အပ်သော) ခန္ဓာငါးပါးကို ဗာဟိရဟုခေါ်၏၊ ဥပမာအားဖြင့်–
“ အဟံ- ငါသည်၊ ငါကိုယ်ကောင်သည်၊ ဣမိနာ- ဤရုပ်ဖြင့်၊ ဤဝေဒနာဖြင့်၊ ဤသညာ သင်္ခါရဝိညာဏ်ဖြင့်၊ အသ္မိ၊ ဖြစ်၏၊ ဣမိနာ- ဤထီး, ဤသံလျက်ဓားဖြင့်၊ ဣတ္ထံ- ဤမည်သော ဘုရင်မင်းသည်၊ ဤမည်သော ပုဏ္ဏားသည်၊ အသ္မိ- ဖြစ်၏ ”
ဤသို့သော ယူဆပုံများ၌–
(၁) အဟံ- ငါကိုယ်ကောင်သည်၊ (၂) ဣမိနာ- ဤရုပ်ဖြင့်၊ ဤဝေဒနာဖြင့် စသည်ဖြင့် မိမိကိုယ်ကောင်နှင့် ရုပ် ဝေဒနာစသော ခန္ဓာငါးပါးကို တခြားစီခွဲထုတ်ထား၏။ ထို့ကြောင့် အတ္တတော ဗဟိကတံ ဗာဟိရံ- မိမိကိုယ်မှ အပြင်အပပြုအပ် (တခြားစီခွဲခွာထား
အပ်) သော ရုပ် ဝေဒနာစသော ခန္ဓာငါးပါး။
အတ္တတော ဟိ အဝိနိဗ္ဘုတ္တာနိ အဗဟိကတာနိ အဟမိစ္စေဝ ဂဟိတာနိ ရူပါဒီနိ ဥပါဒါယ ဥပဂန္တွာ ပဝတ္တာ တဏှာ “ အဇ္ဈတ္တိကဿ ဥပါဒါယာ” တိဝုတ္တာ၊ အတ္တတော စ ဝိနိဗ္ဘုတ္တာနိ ဗဟိကတာနိ ဥပဂန္တွာ ပဝတ္တာ “ဗာဟိရဿ ဥပါဒါယာ” တိ။ ခုဒ္ဒကဝတ္ထု ဝိဘင်းမူလဋီကာ၊ ၂၃၀။
ထိုမူလဋီကာဝယ် “ ဣမိနာတိ ဧတဿ အတ္တတော အဝိနိဗ္ဘုတ္တေန ရူပါဒိနာ ” ၌ကား “ အဝိနိဗ္ဘုတ္တေန” ဟူသော ယခုလက်ရှိစာမူရှိ ပဋိသေဓကိုပယ်ဖျက် ၍ ဝိနိဗ္ဘုတ္တေန– ဟု ရှိသင့်ကြောင်းကိုလည်းကောင်း, ထိုမူလဋီကာ၏အဋ္ဌကထာ (၄၉၈) ၌လည်း “ ဣမိနာ နိစ္စောသ္မီတိ ပဉ္စက္ခန္ဓေ အနဝကာရိ” ၌ ပဋိသေဓကို ပယ်ဖျက်၍ “အဝကာရိ”ဟု ရှိသင့်ကြောင်းကိုလည်းကောင်း စဉ်းစားကြည့်ကြပါကုန်။
၊ ဗာဟိရခန္ဓာ ငါးပါးကို။ ဝါ၊ မိမိကိုယ်မှအပပြုအပ်သော ခန္ဓာငါးပါးကို။ ဥပါဒါယ၊ ၍။ (ပဝတ္တာနိ၊ ဖြစ်ကုန်သော။) အဋ္ဌာရသ၊ ကုန်သော။ ဣမာနိ တဏှာဝိစရိတာနိ၊ တို့လည်းကောင်းတည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
(အဇ္ဈတ္တိကဿ၊ ကို။
ဥပါဒါယ၊ ၍။)
အသ္မိ၊ ငါဖြစ်၏။
ဝါ၊ ငါတည်း။
ဣတိ၊ ဤသို့ တဏှာ,မာန,ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
သတိ၊ ဖြစ်လသော်၁။“ အသ္မီတိ ဘိက္ခဝေ သတိ” ၌ သတိပုဒ်ကို “ဣတိ ဟောတိ” ၌ စပ်ပါ၊ ဤ အသ္မိဟူသော အစွဲသည် အမျိုးအနွယ် အတန်းအစားခွဲခြားမှု မပြုဘဲအတန်းအစားအားလုံးကို ပေါင်း၍ခြုံ၍ သာမာန်ရိုးရိုး “ ငါစွဲ ”စွဲလမ်းခြင်း တည်း၊ ထို အသ္မိဟူသော သာမာန်ငါစွဲဖြစ်ပေါ်လာခြင်းကြောင့် (၁) ဣတ္ထသ္မိ (၂) ဧဝံသ္မိ (၃) အညထာသ္မိ– ဟူသော
နောက်ထပ်အစွဲသုံးမျိုး (အတန်းအစား ခွဲခြားသော အစွဲသုံးမျိုး) ဖြစ်လာ၏။
ထိုသုံးမျိုးတို့တွင် “ ငါဟာ ရှင်ဘုရင်ပဲ၊ ပုဏ္ဏားပဲ၊ သူဆင်းရဲပဲ၊ ငါဟာရဟန်းပဲ၊ လူပဲ၊
နတ်ပဲ” စသည် ဖြင့် (သူတစ်ပါးနှင့် ယှဉ်ပြိုင်မှု မပြုဘဲ) မိမိ၏အမျိုးအနွယ် အဆင့်အတန်းကိုသာ အာရုံပြု၍ စွဲလမ်းလျှင် “ ဣတ္ထသ္မိ” ဟူသောအစွဲဖြစ်၏။ ဤလူဟာ
ရှင်ဘုရင်ဖြစ်သလို ငါလဲပဲ ရှင်ဘုရင်ဖြစ်တယ်၊ ဤလူကပုဏ္ဏား၊ ငါလဲပဲ ပုဏ္ဏား၊ ဤလူက သူဌေး၊ ငါလဲပဲ သူဌေး၊ ဤလူက သူဆင်းရဲ၊ ငါလဲပဲ သူဆင်းရဲ ဤသို့စသည်
ဖြင့် သူတစ်ပါးနှင့် တန်းတူရည်တူထားကာ ယှဉ်ပြိုင်၍ စွဲလျှင် “ ဧဝံသ္မိ” အစွဲဖြစ်၏။
ဤလူက ရှင်ဘုရင်ဖြစ်သည်၊ ငါကတော့ သူဆင်းရဲ၊ ဤလူက သူဆင်းရဲ၊ ငါကတော့ သူဌေး၊ ဤသို့စသည်ဖြင့် မိမိကိုယ်ကို သူတစ်ပါးထက် ကျော်လွန်၍သော်လည်း
ကောင်း, အောက်တန်းချ၍သော်လည်းကောင်း စွဲလမ်းလျှင် “အညထာသ္မိ” အစွဲဖြစ်၏။
(အဟံ၊ ငါသည်။)
ဣတ္ထံ၊ (မင်းပုဏ္ဏား စသည်တို့တွင်) ဤမည်သော အမျိုးအနွယ် အတန်းအစားရှိသူ
သည်။
ဝါ၊ ဤ မည်သောမင်း, ပုဏ္ဏား, ကုန်သည်, လယ်သမား, ဆင်းရဲသားသည်။
အသ္မိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
(အဟံ၊ ငါသည်။)
ဧဝံ၊ ဤသူကဲ့သို့ပင်။
ဝါ၊ ဤသူနှင့် အမျိုးအနွယ်အတန်းအစား အတူတူပင်။
အသ္မိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
( အဟံ၊ သည်။)
အညထာ၊ ဤသူနှင့်အမျိုးအနွယ် အတန်းအစား မတူကွဲပြား တမျိုးတဖုံအားဖြင့်။
အသ္မိ၊ ဖြစ်၏။
ဣတိ၊ ခြင်းသည်။
ဟောတိ၊ ၏။
(အဟံ၊ ငါသည်။
အသံ၊ မပြတ်မစဲ အမြဲတည်ရှိနေသည်။
အသ္မိ၊ ဖြစ်၏။
၁။အသသ္မိ သတသ္မိ။ ။ “အသသ္မိ- အသံ+ အသ္မိ” ဟု ပုဒ်ဖြတ်၊ အသသ္မိသည် သဿတဒိဋ္ဌိ အစွဲဖြစ်၍ သတသ္မိသည် ဥစ္ဆေဒဒိဋ္ဌိ အစွဲဖြစ်၏။ ထို့ကြောင့် အသသ္မိနှင့် သတသ္မိတို့ကို ဒိဋ္ဌိသီသ (ဒိဋ္ဌိဟူသော ဦးခေါင်းရှိသော တဏှာဝိစရိတ်) ဟု ခေါ်၏၊ “အတ္ထိ သဒါ သံဝိဇ္ဇတီတိ အသံ” ဟု ဝစနတ္ထပြု၊ အသဓာတ် အပစ္စည်း။ သီဒတိ နဿတီတိ သတံ၊ သဒဓာတ် အပစ္စည်း၊ ဒကိုတပြု။
ဣတိ၊ ဤသို့ တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
[ ဤ၌မာန မပါစေရ။]
( အဟံ၊ သည်။)
သတံ၊ ပျက်စီးပြိုကွဲ မမြဲသည်။
အသ္မိ၊ ၏။
ဣတိ၊ ဤသို့ တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
[ ဤ၌လည်း မာနမပါစေရ။)
(အဟံ၊ သည်။)
သံ၂။“ သံ, ဣတ္ထံ သံ, ဧဝံ သံ, အညထာ သံ” ဟူသော အစွဲ(၄)မျိုးမှာ ယုံမှားတွေး
တောမှု, ကြံစည်မှုနှင့်စပ်၍ ဟောတော်မူအပ်သော အစွဲများဖြစ်၏၊ “သ”န္တိ ဟောတိ– ဟူသော ဝါကျ၏ နောက်၌ရှိသော “ တသ္မိံ သတိ ”ဟူသော ပါဌသေသကို သူ၏ နောက်ဝါကျ (၃)ခုမှ ဣတိ ဟောတိ (၃) ခု၌ စပ်ပါ။
သံဟူသောအစွဲ ဖြစ်ပေါ်လာခြင်းကြောင့် “ ဣတ္ထံသံ, ဧဝံ သံ,အညထာ သံ” ဟူသော
နောက်ထပ်အစွဲ (၃)မျိုးဖြစ်ပေါ်လာသည်ဟု ဆိုလို၏၊ ထို၌ သံကိုအသဓာတ် ဧယျံဝိဘတ်ဟု ခွဲ၊ အသဓာတ်မှ အနှင့် ဧယျံဝိဘတ်မှ ယျကိုချေ၊ နိဂ္ဂဟိတ်ကြွင်းစေ၊ ဧကိုအပြု။
ထို့နောက် “ အပိဟံ သံ, အပိဟံ ဣတ္ထံ သံ, အပိဟံ ဧဝံ သံ, အပိဟံ အညထာ သံ ” ဟူ
သော အစွဲ(၄)မျိုးမှာ တောင့်တမှုနှင့်စပ်၍ ဟောအပ်သောအစွဲဖြစ်၍ ဘဝိဿံ– စ
သော အစွဲ(၄)မျိုးမှာ အနာဂတ် ဘဝခန္ဓာနှင့်စပ်၍ ဟောအပ်သော အစွဲများဖြစ်သည်။ ၊ ဖြစ်လေရာ၏။
ဝါ၊ ဖြစ်များဖြစ်လေသလော။
ဣတိ၊ ဤသို့ တဏှာ မာန ဒိဋ္ဌိ တို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
[မာနပါ၏။]
(တသ္မိံ၊ ထိုသို့ “သံ”ဟူ၍ စွဲလမ်းခြင်းသည်။
သတိ၊ ဖြစ်လသော်။)
အဟံ၊ ငါသည်။
ဣတ္ထံ၊ (မင်းပုဏ္ဏားစသည်တို့တွင်) ဤမည်သော အမျိုးအနွယ်အတန်းအစားရှိသူသည်။
ဝါ၊ ဤမည်သော မင်း, ပုဏ္ဏား, ကုန်သည်,
လယ်သမား, ဆင်းရဲသားသည်။
သံ၊ ဖြစ်လေရာ၏။
ဝါ၊ လော။
ဣတိ၊ ဤသို့တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
( အဟံ၊ ငါသည်။)
ဧဝံ၊ ဤသူကဲ့သို့ပင်။
ဝါ၊ ဤသူနှင့် အမျိုးအနွယ် အတန်းအစားအတူတူပင်။
သံ၊ ၏။
ဝါ၊ လော။
ဣတိ၊ ဤသို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
အဟံ၊ သည်။
အညထာ၊ ဖြင့်။
ပ။
အဟံ၊ သည်။
သံ၊ ဖြစ်ပါမူကား။
အပိ၊ ကောင်းလေစွာ့။
ဣတိ၊ ဤသို့တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်းသည်။
ဟောတိ၊ ၏။
[ အပိဟံ၊ အပိ+အဟံ။]
(တသ္မိံ၊ ထိုသို့ “ အပိဟံ သံ ”ဟူ၍ စွဲလမ်းခြင်းသည်။
သတိ၊ ဖြစ်လသော်။)
အဟံ၊ သည်။
ဣတ္ထံ၊ သည်။
သံ၊ ဖြစ်ပါမူကား။
အပိ၊ ကောင်းလေစွာ့။
ဣတိ၊ ခြင်းသည်။
ဟောတိ၊ ၏။
အဟံ၊ သည်။
ဧဝံ၊ ပင်။
သံ၊ ကား။
အပိ၊ စွာ့။
ဣတိ၊ ခြင်းသည်။
ဟောတိ၊ ၏။
အဟံ၊ သည်။
အညထာ၊ ဖြင့်။
သံ၊ ကား။
အပိ၊ စွာ့။
ဣတိ၊ ခြင်းသည်။
ဟောတိ၊ ၏။
(အဟံ၊ သည်။)
ဘဝိဿံ၊ ဖြစ်လိမ့်မည်။
ဣတိ၊ ခြင်းသည်။
ဟောတိ၊ ၏။
(တသ္မိံ၊ ထို ဘဝိဿံဟု စွဲလမ်းခြင်းသည်။
သတိ၊ သော်။)
အဟံ၊ သည်။
ဣတ္ထံ၊ သည်။
ဘဝိဿံ၊ ဖြစ်လိမ့်မည်။
ဣတိ၊ ခြင်းသည်။
ဟောတိ၊ ၏။
အဟံ၊ သည်။
ဧဝံ၊ ပင်။
ဘဝိဿံ၊ မည်။
ဣတိ၊ သည်။
ဟောတိ၊ ၏။
ပ။
တဏှာဝိစရိတာနိ၊ တို့လည်းကောင်း။ ဧဝံ၊ ဤသို့။ အဋ္ဌသတံ၊ (၁ဝ၈)ပါးသော။ တဏှာဝိစရိတံ၊ တဏှာဝိစရိတ်သည်။ ၁။တဏှာဝိစရိတ။ ။ ဝိစရိတ- အမျိုးမျိုးအဖုံဖုံဖြစ်ခြင်း၊ တဏှာယ ဝိစရိတံ (ဝိစရိတာနိ) တဏှာဝိစရိတံ (တဏှာဝိစရိတာနိ)- တဏှာ၏ အမျိုးမျိုးအဖုံဖုံဖြစ်ခြင်း၊ ဝါ- အမျိုးမျိုးအဖုံဖုံ လှည့်လည်ဖြစ်ပွား ကျက်စားတတ်သော တဏှာ၊ ထိုတဏှာဝိစရိတ်တစ်ရာ့ရှစ်ပါးကို “ တဏှာအစစ်၊ တစ်ရာ့ရှစ်” ဟု မိန့်ဆိုကြသည်။
ဝါ၊ တဏှာ၏ အမျိုးမျိုးအဖုံဖုံ ဖြစ်ခြင်းသည်။ ဝါ၊ အမျိုးမျိုးအဖုံဖုံ ဖြစ်ပွားကျက်စားတတ်သော တဏှာသည်။ ဟောန္တိ၊ ဖြစ်ကုန်၏။