ဧကံ၊ တစ်ပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
မဓုရံ၊ မဓုရာမြို့၏။
အန္တ ရာ စ၊ အကြား၌လည်းကောင်း။
ဝေရဉ္ဇံ၊ ဝေရဉ္ဇာမြို့၏၊
အန္တ ရာစ၊ အကြား၌လည်းကောင်း။
အဒ္ဓါနမဂ္ဂပ္ပဋိပန္နော၊ အဓွန့်ရှည်လျားသောခရီးကို ကြွသွားတော်မူသည်။
ဟောတိ၊ ဖြစ်၏။
ပိ၊ မြတ်စွာဘုရားသာခရီးရှည်လျား ကြွသွားတော်မူသည်မဟုတ်သေး။
သမ္ဗဟုလာ၊ များစွာကုန်သော။
ဂဟပတီ
၁။ဟပတိအမည်ရသူများ။ ။ သူဌေးသူကြွယ် လူတန်းစားလောက်မျှကိုသာ ဂဟပတိဟုခေါ်သည်မဟုတ်၊ မင်းမျိုး ပုဏ္ဏားမျိုးတို့ကို ချန်ထား၍ကျန်သော အိမ်နေသူလူများကို (အထူးအားဖြင့်) ကုန် သည် လယ်သမားလူတန်းစားများကို ဂဟပတိဟုခေါ်၏။ ဂဟပတိကာတိ ခတ္တိယဗြာဟ္မဏေ ဝဇ္ဇေတွာ ယေကေစိ အဂါရံ အဇ္ဈာဝသန္တာ ဝုစ္ဆန္တိ၊ ဝိသေ သတော ဝေဿာ။ ဥဒါန်းအဋ္ဌကထာ၊ ၃၄၂။
စ၊ အိမ်ရှင် လူဒါယကာတို့သည် လည်းကောင်း။
ဂဟပတာနိယော စ၊ အိမ်ရှင် လူဒါယိကာတို့သည် လည်းကောင်း။
မဓုရံ၊ ၏။
အန္တရာ စ၊ ၌လည်းကောင်း။
ဝေရဉ္ဇံ၊ ၏။
အန္တ ရာ စ၊ ၌လည်းကောင်း။
အဒ္ဓါ နမဂ္ဂပ္ပဋိပန္နာ၊ အဓွန့်ရှည်လျားသောခရီးကို သွားကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အထခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
မဂ္ဂါ၊ လမ်းမှ။
သြက္ကမ္မ၊ ဖယ်ခွာရှောင်လွှဲ၍။
အညတရသ္မိံ၊ တစ်ပင်သော။
ရုက္ခမူလေ၊ သစ်ပင်၏အနီး၌။
ဝါ၊ သစ်ပင်အောက်၌။
နိသီဒိ၊ ထိုင်နေတော်မူပြီ။
ဂဟပတီ စ၊ တို့သည်လည်းကောင်း။
ပဟပတာနိယော စ၊ လည်းကောင်း။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အညတရသ္မိံ၊ သော။
ရုက္ခမူလေ၊ ၌။
နိသိန္နံ၊ ထိုင်နေ တော်မူသည်ကို။
အဒ္ဒသံသု၊ မြင်ကြကုန်ပြီ။
ဒိသွာ၊ မြင်ကြပြီး၍။
ယေန၊ အကြင် အရပ်၌။
ဘဂဝါ၊ သည်။
( အတ္ထိ၊ ရှိတော်မူ၏။)
တေန၊ ( မြတ်စွာဘုရားရှိတော်မူရာ) ထိုအရပ်၌။
ဝါ၊ သို့။
ဥပသင်္ကမိံ သု၊ သွားကြကုန်၏။
ဥပသင်္ကမိတွာ၊ သွားကြပြီး၍။
ဘဂဝန္တံ၊ ကို။
အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးကြပြီး၍။
ဧကမန္တံ၊ ၌။
နိသီဒိသု၊ ကုန်ပြီ။
[ စာပိုဒ်(၂၂)ဒုတိယ ဥရုဝေလသုတ်ကြည့်။]
ဧကမန္တံ၊ ၌။
နိသိန္နေ၊ ထိုင်နေကြကုန်သော။
တေ ဂဟပတီ စ၊ ထိုအိမ်ရှင်ဒါယကာတို့ကိုလည်းကောင်း။
တာ ဂဟပတာနိယောစ၊ ထိုအိမ်ရှင်ဒါယိကာမတို့ကိုလည်းကောင်း။
ဘဂဝါ၊ သည်။
ဧတံ၊ ဤစကားကို။
အဝေါစ၊ မိန့်တော်မူပြီ။
(ကိန္တိ၊ အဘယ်သို့။
အဝေါစ၊ မိန့်တော်မူသနည်းဟူမူ။)
ဂဟပတယော၊ အိမ်ရှင်ဒါယကာတို့။
သံဝါသာ၊ ဆက်ဆံပေါင်းသင်းနေထိုင်ခြင်းတို့သည်။
ဣမေ စတ္တာရော၊ ဤလေးမျိုးတို့တည်း။
စတ္တာရော၊ လေးမျိုးတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်းဟူမူ။
ဆဝေါ၊ သူသေလင်ယောက်ျားသည် (သီလဂုဏ်မရှိ၍ ဂုဏ်အားဖြင့် သေနေသောလင်ယောက်ျားသည်။)
ဆဝါယ၊ သူသေမယားနှင့်။
(ဂုဏ်အားဖြင့် သေနေသောမယားနှင့်။)
သဒ္ဓိံ၊ အတူတကွ။
သံဝသတိ၊ ပေါင်းသင်းနေထိုင်၏။
ဆဝေါ၊ သည်။
ဒေဝိယာ၊ ဇနီးနတ်သ္မီးနှင့်။
( ဂုဏ်အားဖြင့် နတ်သ္မီးသဖွယ် တင့်တယ်သော
မယားနှင့်။)
သဒ္ဓိံ၊ ကွ။
သံဝသတိ၊ ၏။
ဒေဝေါ၊ နတ်သားလင်ယောက်ျားသည်။
(ဂုဏ်အားဖြင့် နတ်သားသဖွယ် တင့်တယ်သော လင်ယောက်ျားသည်။)
ဆဝါယ၊ သူသေမယားနှင့်။
သဒ္ဓိံ၊ ကွ။
သံဝသတိ၊ ၏။
ဒေဝေါ၊ သည်။
ဒေဝိယာ၊ နှင့်။
သဒ္ဓိံ၊ ကွ။
သံဝသတိ၊ ၏။
ဂဟပတယော၊ တို့။
ကထဉ္စ၊ အဘယ်သို့ အဘယ်ပုံအားဖြင့်။
ဆဝေါ၊ သည်။
ဆဝါယ၊ နှင့်။
သဒ္ဓိံ၊ ကွ။
သံဝသတိ၊ ပေါင်းသင်းနေထိုင်သနည်းဟူမူ။
ဂဟပတယော၊ တို့။
ဣဓ၊ ဤလောက၌။
သာမိကော၊ လင်ယောက်ျားသည်။
ပါဏာတိပါတီ၊ သတ္တဝါ, အသက်ကို သတ်သောသူသည်။
[ သတ္တဝါ၏အသက်ဟု အဓိပ္ပာယ်မယူရ။
အနက်ပေးပုံအမျိုးမျိုးနှင့် ရှင်းလင်းချက်ကိုဒုတိယအကြိမ်ရိုက်နှိပ်သော ပထမတွဲနိဿယ၊ နှာ-၄၇၄။
တိကနိပါတ်စာပိုဒ် ( ၇၁)ဥပေါသထသုတ်ကြည့်။]
အဒိန္နာဒါယီ၊ ပိုင်ရှင် မပေးအပ်သောသူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်သူသည်။
ကာမေသု မိစ္ဆာစာရီ၊ ကာမဂုဏ်မေထုန်အကျင့်တို့၌ ယုတ်မာစွာ ပြုကျင့်သူသည်။
[တိကနိပါတ်စာပိုဒ် (၁၁၈) ဝိပတ္တိသမ္ပဒါသုတ်လည်းကြည့်။]
မုသာဝါဒီ၊ မဟုတ် မမှန်သောစကားကို ပြောဆိုသူသည်။
သုရာမေရယမဇ္ဇပမာဒဋ္ဌာယီ၊ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေတတ်, မူးယစ်စေတတ်သော သေရည်အရက်သောက်ခြင်း၌ ရပ်တည်သူသည်။
[ပမာဒ၊ မေ့လျော့စေတတ်သော+ မဇ္ဇ= မူးယစ်စေတတ်သော+ သုရာမေရယ= သေရည်,အရက် (သောက်ခြင်း)၌+ဌာယီ= ရပ်တည်လေ့ရှိသူ။
ယခင် ဥပေါသထသုတ်လည်းကြည့်။]
ဒုဿီလော၊ သီလမရှိသည်။
ပါပဓမ္မော၊ ယုတ်မာသောသဘောရှိသည်။
ကြေးသည် အုပ်စီးတည်နေအပ်သော။
စေတသာ၊ စိတ်ဖြင့်။
အဂါရံ၊ အိမ်၌။
အဇ္ဈာဝသတိ၊ နေ၏။
သမဏဗြာဟ္မဏာနံ၊ ရဟန်းသူတော်ကောင်းတို့ကို။
အက္ကောသကပရိဘာသကော၊ ဆဲရေးတတ်, ဘေးကိုပြ၍ ခြိမ်းခြောက်တတ်၏။
အဿ၊ ထိုယောက်ျား၏။
ဘရိယာပိ၊ မယားသည်လည်း။
ပါဏာတိပါတိနီ၊ သတ္တဝါ, အသက်ကိုသတ်သော သူမသည်။
အဒိန္နာဒါယိနီ၊ ယက်သူမသည်။
ပ။
ပါပဓမ္မာ၊ ယုတ်မာသော သဘောရှိသည်။
ပ။
ဂဟပတယော၊ အိမ်ရှင်ဒါယကာတို့။
ဧဝံ၊ ဤသို့ ဤပုံအားဖြင့်။
(ဤသို့လင်နှင့်မယားနှစ်ဦးသားလုံးပင် ပါဏာတိပါတ စသော အကုသိုလ် ဒုစ္စရိုက်ပြုကျင့်ခြင်းအား ဖြင့်။)
ဆဝေါ၊ သည်။
ဆဝါယ၊ နှင့်။
သဒ္ဓိံ၊ ကွ။
သံဝသတိ၊ ၏။
ပ။
အဿ၊ ထိုယောကျ်ား၏။
ဘရိယာခေါ၊ မယားသည်ကား။
ဝါ၊ မယားသည်သာလျှင်။
ပါဏာတိပါတာ၊ သတ္တဝါ, အသက်ကိုသတ်ခြင်းမှ။
ပဋိဝိရတာ၊ ရှောင်ကြဉ်သည်။
အဒိန္နာဒါနာ၊ ပိုင်ရှင် မပေးအပ်သော သူတစ်ပါး
ပစ္စည်းဥစ္စာကို ခိုးယူလုယက်ခြင်းမှ။
ပဋိဝိရတာ၊ သည်။
ကာမေသု မိစ္ဆာစာရာ၊ ကာမဂုဏ် မေထုန်အကျင့်တို့၌ ယုတ်မာစွာကျင့်ခြင်းမှ။
ပဋိဝိရတာ၊ သည်။
မုသာဝါဒါ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ။
ပဋိဝိရတာ၊ သည်။
သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ၊ မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်ခြင်းမှ။
[ပမာဒ၊ မေ့လျော့ခြင်း၏+ ဌာန= တည်ရာအကြောင်း။
ယခင်ဥပေါသထသုတ်လည်းကြည့်။]
ပဋိဝိရတာ၊ သည်။
သီလဝတီ၊ သီလရှိသည်။
ကလျာဏ ဓမ္မာ၊ ကောင်းသောသဘောရှိသည်။
ဟောတိ၊ ၏။
ဝိဂတမလ မစ္ဆေရေန၊ ကင်းရှင်းသောဝန်တိုမှု အညစ်အကြေးရှိသော။
စေတသာ၊ ဖြင့်။
အဂါရံ၊ ၌။
အဇ္ဈာဝသတိ၊ ၏။
သမဏဗြာဟ္မဏာနံ၊ တို့ကို။
အနက္ကောသိက ပရိဘာသိကာ၊ မဆဲရေးတတ်, မခြိမ်းခြောက်တတ်။
ဂဟပတယော၊ တို့။
ဧဝံ၊ အားဖြင့်။
(ဤသို့ လင်ယောက်ျားက အကုသိုလ် ဒုစရိုက်အမှုပြု၍ မယားကမူ ထိုဒုစရိုက်မှ ရှောင်ကြဉ်ခြင်းအားဖြင့်။)
။ပ။
[ဂါထာ] ဥဘော စ၊ လင်မယား နှစ်ဦးသားလုံးတို့သည်ပင်။
ဒုဿီလာ၊ သီလမရှိသူတို့သည်။
ကဒရိယာ၊ စက်ဆုပ်ဖွယ် သတ္တဝါတို့သည်။
[ ကုစ္ဆိတာ အရိယာ သတ္တာ ကဒရိယာ။]
ဝါ၊ ပြင်းထန်သော ဝန်တိုမှုရှိသူတို့သည်။
ပရိဘာသကာ၊ (ရဟန်းသူတော်ကောင်းတို့ကို) ခြိမ်းခြောက်တတ်သူတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်အံ့။
တေ ဇာနိပတယော၊ ထိုမယားနှင့် လင်တို့သည်။
[ ဇာယာ စ ပတိ စ ဇာနိပတယော။
ဇာယာသဒ္ဒါကို ဇာဓိပြု။]
ဆဝါ၊ သူသေကောင်တို့သည်။
(ဟုတွာ၊ ဖြစ်ကြကုန်၍။)
သံဝါသံ၊ ဆက်ဆံပေါင်းသင်း နေထိုင်ခြင်းသို့။
အာဂတာ၊ ရောက်ကုန်၏။
သာမိကော၊ လင်သည်။
ဒုဿီလော၊ သီလမရှိသည်။
ကဒရိယော၊ စက်ဆုပ်ဖွယ် သတ္တဝါသည်။
ဝါ၊ သည်။
ပရိဘာသကော၊ သူသည်။
ဟောတိ၊ ဖြစ်အံ့။
ဘရိယာ၊ မယားသည်။
သီလဝတီ၊ သီလရှိသည်။
ဝဒညူ၊ အလှူခံပုဂ္ဂိုလ်တို့၏စကားအဓိပ္ပာယ်ကိုသိသည်။
ဝီတမစ္ဆရာ၊ ကင်းရှင်းသော ဝန်တိုမှုရှိသည်၊။
ဟောတိ၊ ဖြစ်အံ့။
သာပိ၊ ထိုမယားသည်လည်း။
ဒေဝီ၊ ဇနီးနတ်သ္မီးသည်။
(ဟုတွာ၊ ဖြစ်၍။)
ဆဝေန၊ သူသေဖြစ်သော။
ပတိနာ၊ လင်ယောက်ျားနှင့်။
သဟ၊ အတူတကွ။
သံဝသတိ၊ ၏။
သာမိကော၊ သည်။
သီလဝါ၊ သီလရှိသည်။
ဝဒညူ၊ သည်။
ဝီတမစ္ဆရော၊ ရှိသည်။
ဟောတိ၊ ဖြစ်အံ့။
ဘရိယာ၊ သည်။
ဒုဿီလာ၊ သီလမရှိသည်။
ကဒရိယာ၊ စက်ဆုပ်ဖွယ် သတ္တဝါသည်။
ဝါ၊ သည်။
ပရိဘာသိကာ၊ (ရဟန်းသူတော်ကောင်းတို့ကို) ဘေးကိုပြ၍ ခြိမ်းခြောက်တတ်သူသည်။
ဟောတိ၊ အံ့။
သာပိ၊ ထိုမယားသည်လည်း။
ဆဝါ၊ သူသေသည်။
(ဟုတွာ၊ ဖြစ်၍။)
ဒေဝေန၊ နတ်သားဖြစ်သော။
ပတိနာ၊ လင်နှင့်။
သဟ၊ ကွ။
သံဝသတိ၊ ၏။
ဥဘော၊ နှစ်ဦးကုန်သော။
တေ ဇာနိပတယော၊ ထိုမယားနှင့် လင်တို့သည်။
သဒ္ဓါ စ၊ သဒ္ဓါတရားရှိကုန်သည် လည်းကောင်း။
ဝဒညူစ၊ ကို သိကုန်သည်လည်းကောင်း။
သညတာ စ၊ သီလကို စောင့်ထိန်းကုန်သည်လည်း ကောင်း။
ဓမ္မဇီဝိနော စ၊ ကောင်းမြတ်သော အကျင့်တရား၌ ရပ်တည်၍ အသက်မွေးကုန်သည် လည်းကောင်း။
အညမညံ၊ အချင်းချင်း။
ပိယံဝဒါ စ၊ ချစ်ဖွယ်စကားကိုပြောဆိုကြကုန်သည် လည်းကောင်း။
ဟောန္တိ၊ ဖြစ်ကုန်အံ့။
[အတ္ထာသံ၊ အတ္ထာ+အာသံ။
အာသံ၌ “အာ စ တိလိင်္ဂေ”ဟူသော သဒ္ဒနီတိ (၃၆၈)သုတ်အလို တကို အာပြု။
ဤသုတ် အဋ္ဌကထာ၌မူ “ဧတေသံ”ဟု ဖွင့်ရကား
ဧတကို အာပြုဟုလည်း ရုပ်စီရင်သင့်၏။]
အာသံ၊ ထိုဇနီးမောင်နှံတို့၏။
အတ္ထာ၊ ကြီးပွား တိုးတက်မှုတို့သည်။
ပစုရာ၊ များလှကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဖာသုကံ၊ ချမ်းသာစွာနေရခြင်းသည်။
ဥပဇာယတိ၊ ဖြစ်၏။
သမသီလီနံ၊ တူညီသော သီလရှိကုန်သော။
ဥဘိန္နံ၊ ဇနီးမောင်နှံနှစ်ဦးတို့၏။
အမိတ္တာ၊ ရန်သူတို့သည်။
ဒုမ္မနာ၊ မကောင်းသောစိတ် ရှိကြကုန်သည်။
ဟောန္တိ၊ ၏။
သမသီလဗ္ဗတာ၊ တူညီသော သီလအကျင့် ရှိကြကုန်သော။
ဥဘော၊ ဇနီးမောင်နှံ နှစ်ဦးတို့သည်။
ဣဓ၊ ဤလူ့ပြည်လောက၌။
ဓမ္မံ၊ ကုသိုလ်တရားကို။
စရိတွာန၊ ကျင့်ကြကုန်၍။
ဒေဝလောကသ္မိံ၊ နတ်ပြည်လောက၌။
နန္ဒိနော၊ နှစ်သက်ကြကုန်လျက်။
ကာမကာမိနော၊ ကာမဂုဏ်အာရုံတို့ကို အလိုရှိကြကုန်လျက်။
ဝါ၊ ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရကြကုန်လျက်။
မောဒန္တိ၊ ဝမ်းမြောက်ကြကုန်၏။
ဣတိ(အဝေါစ။)
တတိယံ။