ဘိက္ခဝေ၊ တို့။
အသဒ္ဓမ္မာ၊ သူယုတ်မာတို့၏ တရားတို့သည်။
ဣမေ စတ္တာရော၊ ဤလေးပါးတို့တည်း ။
ပ။
ကောဓဂရုတာ၊ စိတ်ဆိုးခြင်းဟူသောအလေးဂရုပြုဖွယ်ရှိသူ၏ အဖြစ်လည်းကောင်း။
ဝါ၊ စိတ်ဆိုးခြင်း၌အရေးပေး အလေးထားခြင်းလည်းကောင်း။
န သဒ္ဓမ္မဂရုတာ၊ သူတော်ကောင်းတရားဟူသော အလေးဂရုပြုဖွယ်ရှိသည် မဟုတ်သူ၏အဖြစ်လည်းကောင်း။
ဝါ၊ သူတော်ကောင်းတရား၌ အလေးဂရုမပြုခြင်း လည်းကောင်း။
မက္ခဂရုတာ၊ သူတစ်ပါးဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းဟူသော အလေးဂရုပြုဖွယ်ရှိသူ၏အဖြစ်လည်းကောင်း။
န သဒ္ဓမ္မဂရုတာ၊ လည်းကောင်း ။
ပ။
သက္ကာရဂရုတာ၊ လည်းကောင်း။
န သဒ္ဓမ္မဂရုတာ၊ လည်းကောင်း။
(ဣတိ၊ ဤသည်တို့တည်း။)
။ပ။
သဒ္ဓမ္မာ၊ သူတော်ကောင်းတရားတို့သည်။
ဣမေ စတ္တာရော။
ကောဓမက္ခဂရု၊ စိတ်ဆိုးခြင်း, သူတစ်ပါးဂုဏ်ကျေးဇူးကို ချေမှုန်းဖျက်ဆီးခြင်းဟူသောအလေးဂရုပြုဖွယ်ရှိသော။
လာဘသက္ကာရဂါရဝေါ၊ ... အဖြစ်ရှိသော။
ဘိက္ခု၊ ရဟန်းသည်။
သုခေတ္တ၊ ကောင်းသောလယ်မြေ၌။
ပူတိဗီဇံ၊ ပုပ်ဆွေးသော မျိုးစေ့သည်။
န ဝိရူဟတိ ဣဝ၊ မပေါက်ပွားမစည်ကားသကဲ့သို့။
(တထာ၊ ထို့အတူ။)
သဒ္ဓမ္မေ၊ သူတော်ကောင်းတရားတော်၌။
န ဝိရူဟတိ၊ မပေါက်ပွား မစည်ကားနိုင်။
ယေ စ၊ အကြင်ရဟန်းတို့သည်ကား။
သဒ္ဓမ္မဂရုနော၊ ကုန်လျက်။
ပ။
တေ၊ ထိုရဟန်းတို့သည်သာ။
ဝေ၊ စင်စစ်။
သ္နေဟာနွယာ၊ ရေမြေ အစိုအစေးဓာတ်သို့ အစဉ်လိုက်ကုန်သော။
[အနုယန္တီတိ အနွယာ၊ သ္နေဟံအနွယာ သ္နေဟာနွယာ။]
ဝါ၊ ရေမြေ အစိုအစေးဓာတ်သည် အစဉ်လိုက်အပ်ကုန်သော။
[အနုယာယန္တိ အနုဂစ္ဆီယန္တီတိ အနွယာ၊ သ္နေဟေန အနွယာ သ္နေဟာနွယာ။]
သြသဓာ၊ ဆေးပင်တို့သည်။
ဝိရူဟန္တိ ဣဝ၊ ပေါက်ပွားစည်ကားကုန်သကဲ့သို့။ (တထာ= ထို့အတူ။)
ဓမ္မေ၊ သူတော်ကောင်းတရားတော်၌။
ဝိရူဟန္တိ၊ ပေါက် ပွားစည်ကားကုန်၏။
[ သ္နေဟ+အနွယာ၊ ဣဝ။]
။ပ။
စတုတ္ထံ။