ဘိက္ခဝေ၊ တို့။ ဣဒံ ဗြဟ္မစရိယံ၊ ဤသာသန မဂ္ဂဟူသော မြတ်သောအကျင့်နှစ်ပါးကို။ ဇနကုလနတ္ထံ၊ လူအပေါင်းကို အံ့ဩစေခြင်းငှာ။ န ဝုဿတိ၊ ကျင့်သုံးအပ်သည်မဟုတ်။ ဇနလပနတ္ထံ၊ လူအပေါင်းအားမြှူဆွယ်မြှောက်ပင့် ပြောဆိုခြင်းငှာ။ ( ပစ္စည်းရကြောင်း, လူအပေါင်းအား, စောင်းရိပ်တသွယ်, မြှူဆွယ်မြှောက်ပင့် ပြောဆိုခြင်းငှာ။) နဝုဿတိ၊ ကျင့်သုံးအပ်သည်မဟုတ်။ [ တစ်နည်း– ဇနလာပနတ္ထံ၊ လူအပေါင်းကို ပစ္စည်းလေးပါးလျှောက်ထားဖိတ်မန်စေခြင်းငှာ။ နဝုဿတိ၊ ဟုတ်။ ဤနည်း၌ “လာပန” ဟု ဝုဒ္ဓိဖြင့် ရှိရမည်။ ဋီကာနှင့် ဣတိဝုတ်ဋ္ဌ၊ ၁၀၄။]
လာဘ+ သက္ကာရ+ သိလောက+ အာနိသံသတ္ထံ၊ ပစ္စည်းလာဘ်+ ကောင်းစွာလှူမှု, အလေးဂရုပြုခြင်း+ ချီးမွမ်းအံ့ဩ ကျော်စောခြင်းဟူသော+ အကျိုးအာနိသင် ရရှိခြင်းငှာ။
နဝုဿတိ၊ ဟုတ်။
[ သုဋ္ဌု ကရဏံ သက္ကာရော၊ ကောင်းမွန်ရိုသေစွာ လှူဒါန်း, အလေးဂရုပြုခြင်း။]
ဣတိဝါဒပ္ပမောက္ခနိသံသတ္ထံ၁။**ဣတိဝါဒပ္ပမောက္ခာနိသံသတ္ထံ**။ ။ “ဣတိ+ ကတဝါဒ+ ဝါဒပ္ပမောက္ခ+ အာနိသံသ” ဟု ပုဒ်ခွဲ၍ ကတဝါဒပုဒ် အကျေကြံရမည်။ ဣတိ၊ ထိုထိုအကြောင်းအမျိုးမျိုးဖြင့်+ ကတ= ပြုအပ်သော+ ဝါဒ= ကဲ့ရဲ့နှိပ်ကွပ်ခြင်း ( မိမိက သူတစ်ပါးတို့ကို ကဲ့ရဲ့နှိပ်ကွပ်ခြင်း) + ဝါဒပ္ပမောက္ခ= ကဲ့ရဲ့နှိပ်ကွပ်မှုမှ လွတ်ကင်းခြင်း ( သူတစ်ပါးတို့က မိမိကို ကဲ့ရဲ့နှိပ်ကွပ်လျှင် ရှောင်းရှားနိုင်ခြင်း) + အာနိသံသ= အကျိုး။
အဋ္ဌကထာ၌ “တေန တေန ကာရဏေန” ဟု ဖွင့်သောကြောင့် “ဣတိဝါဒပ္ပမောက္ခ” ၌ ဣတိသဒ္ဒါကို ဝိစ္ဆာအနက်နှင့် တသဒ္ဒါ၏ အနက်ဟောကြံရ၏။ ဣတိဝုတ်ပါဠိတော် (၂၁၄) ၌ ဣတိဝါဒပ္ပမောက္ခာနိသံသတ္ထံ ဟူသော ဤပါဠိမပါ၊ ဤသုတ်ဋီကာ၌လည်း ဤပါဠိကို မဖွင့်ချေ။ ၊ ထိုထိုအကြောင်းအမျိုးမျိုးဖြင့် သူတစ်ပါးတို့ကို ကဲ့ရဲ့နှိပ်ကွပ်နိုင်ခြင်းအကျိုး, သူတစ်ပါးတို့၏ကဲ့ရဲ့နှိပ်ကွပ်မှုကင်းလွတ်ခြင်းအကျိုးငှာ။
န ဝုဿတိ၊ ဟုတ်။
ဣတိ၊ ဤရဟန်းသည် ဗြဟ္မစရိယကို ကျင့်သတဲ့ဟူ၍။
မံ၊ ငါ့ကို။
ဇနော၊ လူအပေါင်းသည်။
ဇာနာတု၊ သိပါစေတည်း။
ဣတိ၊ ဤသို့ လူသူအများသိစေခြင်းငှာ။
န ဝုဿတိ၊ ဟုတ်။
[တနည်း- ဣတိ၊ ဤသို့ ဗြဟ္မစရိယကိုကျင့်လသော်။
ဝါ၊ ဤသို့ ဗြဟ္မစရိယကို ကျင့်ခြင်းကြောင့်။
မံ၊ ငါ့ကို။
ဇနော၊ သည်။
ဇာနာတု၊ သီလရှိသူဟု ချီးမွမ်းသတည်း။
ဣတိ၊ ဤသို့ လူသူအများ ချီးမွမ်းခြင်းငှာ။
န ဝုဿတိ]
(တစ်နည်း) ဤတိ၊ မကောင်းကျိုး။ ဤတီဟိ အနတ္ထေဟိ သဒ္ဓိံ ဟနန္တိ ဂစ္ဆန္တိ ပဝတ္တန္တီတိ ဤတိဟာ= မကောင်းကျိုးတို့နှင့် အတူတကွဖြစ်တတ်ကုန်သောတဏှာအစရှိသော အညစ်အကြေးများ။ (ဤတိ+ ဟန+ ကွိ+ အာ) နတ္ထိ ဧတ္ထ ဤတိဟာတိ အနီတိဟံ= ယင်းအညစ်ကြေးများမရှိရာ ဗြဟ္မစရိယ။ (တစ်နည်း) ဤတိဟာ=မကောင်းကျိုးတို့နှင့် အတူတကွဖြစ်တတ်သော မိစ္ဆအယူဝါဒများ။ န ဤတိဟံ အနီတိဟံ= ယင်းမိစ္ဆာ အယူတို့၏ ဆန့်ကျင်ဘက် ဗြဟ္မစရိယ။ ၊ ဇဝေဇဝါ ဝိစိကိစ္ဆာမရှိရာဖြစ်သော။ ဝါ၊ ပစ္စုပ္ပန်, တမလွန်ဘေးရန်တို့ကို အစဉ်လိုက်၍ ပယ်သတ်တတ်သော။ ဝါ၊ မကောင်းကျိုးတို့နှင့် တကွဖြစ်သော တဏှာ အစရှိသောအညစ်အကြေးမရှိရာဖြစ်သော။ ဝါ၊ မကောင်းကျိုးတို့နှင့် တကွဖြစ်သော မိစ္ဆာအယူဝါဒတို့၏ ဆန့်ကျင့်ဘက်ဖြစ်သော။ နိဗ္ဗာနောဂဓဂေါမိနံ **နိဗ္ဗနောဂဓဂေါမိနံ**။ ။ နိဗ္ဗာနဿ ဩဓဓော နိဗ္ဗာနောဂဓော၊ နိဗ္ဗာနောဂဓေ၊ နိဗ္ဗာန်၏အတွင်း၌= ဂစ္ဆတီတိ ဂါမိ= ဖြစ်တတ်သော မဂ္ဂ ဗြဟ္မစရိယ။(တစ်နည်း) နိဗ္ဗာန= နိဗ္ဗာန်ဟူသော= ဩဂဓ= ထောက်တည်ရာတဖက် ကမ်းသို့+ ဂါမိ= သွားတတ်သော မဂ္ဂဗြဟ္မစရိယ။(တစ်နည်း) အဝဂစ္ဆတိ အဝါဟတီတိ ဩဂဓော= သက်ဝင်တတ်သော အရိယမဂ် (မဂ္ဂဗြဟ္မစရိယ)။ နိဗ္ဗာနောဂဓော= နိဗ္ဗာန်၌သက်ဝင်လျက်။ ဂါမိ=ဖြစ်တတ်သော မဂ္ဂဗြဟ္မစရိယ။ ဗြဟ္မစရိယပုဒ်၏ နပုလ္လိင်သို့လိုက်၍ ဣရဿဖြင့် "ဂါမိ" ဟုဆိုရသည်။ ၊ နိဗ္ဗာန်၏အတွင်း၌သာ အာရုံပြု၍ဖြစ်တတ်သော။ ဝါ၊ နိဗ္ဗာန်ဟူသော ထောက်တည်ရာ ထဖက်ကမ်းသို့ သွားရောက်တတ်သော။ ဝါ၊ နိဗ္ဗာန်၌ သက်ဝင်လျက် ဖြစ်တတ်သော။ ဗြဟ္မစရိယံ၊ သာသန, မဂ္ဂဟူသော မြတ်သော အကျင့်နှစ်ပါးကို။ သံဝရတ္ထံ၊ ငှာလည်းကောင်း။ ပဟာနတ္ထံ၊ ငှာလည်းကောင်း။ အဒေသယိ၊ ဟောတော်မူပြီ။ ဧသ မဂ္ဂေါ၊ ဤမြတ်သောအကျင့်လမ်းစဉ်ကို။ မဟန္တေ ဟိ၊ အလိုဆန္ဒအားဖြင့် မြင့်မြတ်တော်မူကြကုန်သော။ [ဣတိဝုတ်ပါဠိတော် (၂၁၅) ၌မူ "မဟတ္ထေဟိ" ဟု ပါဠိရှိ၍ "မဟတ္ထေဟီတိ မဟာအာတုမေဟိ ဥဠာရဇ္ဈာသယေဟိ" ဟူ၍ ဣတိဝုတ်ဋ္ဌဖွင့်၏။ မဟတ္တ၊ မဟန္တ+ အတ္တာ။ "မဟတ္ထေဟိ၊ ကြီးမားခန့်ညားသော ကိုယ်တော်နှင့်မြတ်သော အလိုဆန္ဒရှိတော်မူကြကုန်သော" ဟု အနက်ဆိုပါ။ အတ္တသဒ္ဒါကို ခန္ဓာကိုယ်ဟူသော အာတုမအနက်နှင့် အလိုဆန္ဒဟူသော သဘာဝအနက်ဟု အနက်နှစ်မျိုးဟောသည်ဟု ကြံသင့်၏။] မဟေသိဘိ၊ မြတ်သောနိဗ္ဗာန်ကို ရှာမှီးတော်မူကြကုန်သော ဘုရားအစရှိသောအရိယာသူတော်ကောင်းတို့သည်။ ဝါ၊ မြတ်သောသီလ အစရှိသော ဂုဏ်တို့ကိုရှာမှီးတော်မူကြကုန်သော ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့သည်။ အနုယာတော၊ အစဉ်သဖြင့် ကျင့်ကြံလိုက်သွားအပ်ပြီ။