Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

5. Ṭhānasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဌာနာနိ၊ အကြောင်းတို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးမျိုးတို့တည်း။
စတ္တာရိ၊ လေးမျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူ မူ။
ဘိက္ခဝေ၊ တို့။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ အမနာပံ၁။****အမနာပ မနာပဌာန**။ အမနာပံနှင့် မနာပံတို့ကို ဌာနံ၏ တုလျာဓိကရဏဝိသေသန ကြံမှသာ အဓိပ္ပာယ်မှန် ဖြစ်နိုင်၏။ အကယ်၍ထိုသို့မကြံဘဲ “အမနာပံ၊ မနှစ်မြို့ဖွယ်ကို။ ကာတုံ= ပြုလုပ်ခြင်း ငှာ။ ဌာနံ၊ အကြောင်းသည်။ အတ္ထိ= ရှိ၏”ဟု အနက်ပြန်ဆိုလျှင် အမနာပ (မနာပ)က တခြား, ဌာနကတခြားဖြစ်နေသောကြောင့် တခြား ဖြစ်နေသောကြောင့် အမနာပ (မနှစ်မြို့ဖွယ်) ဟူသည် အဘယ်နည်း စသည်ဖြင့် ကြံစည်စဉ်းစားနေသော်လည်း အဓိပ္ပာယ် မှန်ကို ရနိုင်မည်မဟုတ်ပါ။ “စတ္တာရိ ဌာနာနိ” ဟူသော စကား၌ ဌာနလေးမျိုးမှာလည်း–
(၁) ပြုလုပ်လျှင် မကြီးပွား မတိုးတက်ကြောင်းဖြစ်သော အမနာပဌာန (၂) ပြုလုပ်လျှင် ကြီးပွားတိုးတက်ကြောင်းဖြစ်သော အမနာပဌာန (၃) ပြုလုပ်လျှင် မကြီးပွား မတိုးတက်ကြောင်းဖြစ်သော မနာပဌာန (၄) ပြုလုပ်လျှင် ကြီးပွားတိုးတက်ကြောင်းဖြစ်သော မနာပဌာန။
၊ မနှစ်မြို့ဖွယ်ရာဖြစ်သော။ ဌာနံ၊ သူတစ်ပါးကို ဒုက္ခရောက်စေတတ်သော အကုသိုလ်အလုပ်ဟူသော အကြောင်းသည်။ (သတ္တဝါတို့ကို လိမ့်ကျစေခြင်းငှာ သေတွင်းတူးခြင်း, ငါးဖမ်းခြင်း, အိမ်နံရံစပ် ဖောက်ဖြတ်ခြင်း စသော သူတစ်ပါးဒုက္ခရောက်စေတတ် သော အကုသိုလ်အလုပ်ဟူသော အကြောင်းသည်)။ အတ္ထိ၊ ရှိ၏။ တဉ္စ(ဌာနံ)၊ ထိုအကြောင်းသည်လည်း။ ဝါ၊ ထိုအကြောင်းကိုလည်း။ ကယိရမာနံ၊ ပြုလုပ်အပ်လသော်။ အနတ္ထာယ၊ စီးပွားမဲ့ အလို့ငှာ။ ဝါ၊ မကြီးပွားခြင်းငှာ။ သံဝတ္တတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ ကာတုံ၊ ငှာ။ အမနာပံ၊ မနှစ်မြို့ဖွယ်ဖြစ်သော။ ဌာနံ၊ တရားသော အသက်မွေးဝမ်းကျောင်း အလုပ်ဟူသော အကြောင်းသည်။ (တရားသဖြင့် အသက်မွေးသူတို့၏ ပန်းမှိုက်သွန် မစင်ကြုံးခြင်း, အင်းဂတေအုတ်ခဲထုခြင်း, အိမ်အမိုး မိုးခြင်း, မသန့်ရှင်းသောနေရာ၌ တံမြက်စီးလှည်းခြင်း စသော အောက်တန်းကျသော အသက်မွေးဝမ်းကျောင်းအလုပ် ဟူသောအကြောင်းသည်။) အတ္ထိ၊ ရှိ၏။ တဉ္စ(ဌာန)၊ ထိုအကြောင်းသည်လည်း။ ဝါ၊ ကိုလည်း။ ကယိရမာနံ၊ သော်။ အတ္ထာယ၊ အကျိုးစီးပွားအလို့ငှာ။ ဝါ၊ ကြီးပွားခြင်းငှာ။ သံဝတ္တတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ကာတုံ၊ ငှာ။ မနာပံ၊ နှစ်သက်မြတ်နိုးဖွယ်ဖြစ်သော။ ဝါ၊ စိတ်ပျော်ရွှင်မြူးတူးစရာဖြစ်သော။ ဌာနံ၊ အရက်သောက်ခြင်း အစရှိသောအကြောင်းသည်။ (သေရည်သေရက်သောက်ခြင်း, နံ့သာလိမ်းခြင်း, ပန်းပန်ခြင်း, အပျော်အပါး သတ္တဝါအသက်ကို သတ်ခြင်းစသောအကြောင်းသည်။) အတ္ထိ၊ ရှိ၏။ ပ။
ဘိက္ခဝေ၊ တို့။ ကာတုံ၊ ငှာ။ မနာပံ၊ နှစ်သက်မြတ်နိုးဖွယ်ဖြစ်သော။ ဌာနံ၊ ကုသိုလ်အလုပ်ဟူသော အကြောင်းသည်။ (တရားနာသွားရာအခါ၌ သန့်ရှင်းသော အဝတ်အရုံ ပန်းနံ့သာစသည်တို့ကိုယူ၍ သွားခြင်း, စေတီကိုရှိခိုးခြင်း, ဗောဓိပင်ကိုရှိခိုးခြင်း, ချိုသာသော တရားစကားနာကြားခြင်း, ငါးပါးသီလ ဆောက် တည် ခြင်းစသော သောမနဿသမ္ပယုတ် ကုသိုလ်အလုပ်ဟူသော အကြောင်းသည်။) အတ္ထိ၊ ၏။ ပ။
ဘိက္ခဝေ၊ တို့။ တတြ၊ ထိုလေးမျိုးသော အကြောင်းတို့တွင်။ ယံ ဣဒံ ဌာနံ၊ အကြင် သူတစ်ပါး ဒုက္ခရောက်စေတတ်သော အကုသိုလ်အလုပ်ဟူသောအကြောင်းသည်။ ကာတုံ၊ ငှာ။ အမနာပံ၊ မနှစ်မြို့ဖွယ်သည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ (ဌာနံ)၊ ထို အကြောင်းသည်လည်း။ ပ။ သံဝတ္တတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဣဒံ ဌာနံ၊ ဤအကြောင်းကို။ ဥဘယေနေဝ၊ နှစ်မျိုးနှစ်စားသော အကျိုးအားဖြင့်ပင်။ န ကတ္တဗ္ဗံ၊ မပြုလုပ်ထိုက်ဟူ၍။ မညတိ၊ သိအပ်၏။ [ဥဘယေနေဝ– အရ နှစ်မျိုးသော အကျိုးကို ထုတ်ပြလို၍ ယမ္ပိဒံ ဌာန စသည်ကို ဟောတော်မူ၏။]
ယမ္ပိဒံ ဌာနံ၊ အကြင် သူတစ်ပါး ဒုက္ခရောက်စေတတ်သော အကုသိုလ်အလုပ်ဟူသော အကြောင်းသည်။ ကာတုံ၊ ငှာ။ အမနာပံ၊ မနှစ်မြို့ဖွယ်ရာသည်။ (ဟောတိ၊ ဖြစ်၏။) ဣမိနာပိ၊ ဤ မနှစ်မြို့ဖွယ် ဖြစ်ခြင်း ဟူသော အကျိုးအားဖြင့် လည်း။ နံ၊ ထိုအကြောင်းကို။ န ကတ္တဗ္ဗံ၊ မပြုလုပ်ထိုက်ဟူ၍။ မညတိ၊ သိအပ်၏။
ယမ္ပိဒံ ဌာနံ၊ အကြင်သူတစ်ပါးကို ဒုက္ခရောက်စေတတ်သော အကုသိုလ်အလုပ်ဟူသော အကြောင်းသည်။ ဝါ၊ ကို။ ကယိရမာနံ၊ ပြုလုပ်အပ်လသော်။ အနတ္ထာယ၊ ငှာ။ သံဝတ္တတိ၊ ၏။ ဣမိနာပိ၊ ဤ အကျိုးစီးပွားကင်းမဲ့ဖို့ ဖြစ်ခြင်းဟူသော အကျိုးအားဖြင့်လည်း။ နံ၊ ထိုအကြောင်းကို။ နကတ္တဗ္ဗံ၊ ၍။ မညတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဣဒံ ဌာနံ၊ ဤအကြောင်းကို။ ဥဘယေနေဝ၊ (မနှစ်မြို့ဖွယ်ဖြစ်ခြင်း, အကျိုးစီး ပွားကင်းမဲ့ဖို့ ဖြစ် ခြင်းဟူသော) နှစ်မျိုးနှစ်စားသော အကျိုးအားဖြင့်ပင်။ န ကတ္တဗ္ဗံ၊ ၍။ မညတိ၊ ၏။
ဘိက္ခဝေ၊ တို့။ တတြ၊ ထိုလေးမျိုးသော အကြောင်းတို့တွင်။ ယမိဒံ ဌာနံ၊ အကြင် တရားသော အသက် မွေးဝမ်းကျောင်း အလုပ်ဟူသော အကြောင်းသည်။ ကာတုံ၊ ငှာ။ အမနာပံ၊ သည်။ (ဟောတိ၊ ၏။) တဉ္စ(ဌာနံ)၊ ထိုအကြောင်းသည်လည်း။ ပ။ ဘိက္ခဝေ၊ တို့။ ဣမသ္မိံ ဌာနေ၊ ဤအကြောင်း၌။ ပုရိသထာမေ၊ ယောက်ျား၏ ဉာဏ်စွမ်းအရာ ၌ လည်းကောင်း။ ပုရိသဝီရိယေ၊ ယောက်ျား၏ ဝီရိယအရာ၌ လည်းကောင်း။ ပုရိသပရက္ကမေ၊ ယောက်ျား၏လုံ့လအရာ၌ လည်းကောင်း။ ဗာလော စ၊ လူဖျင်းလူမိုက်ကို လည်းကောင်း။ ပဏ္ဍိတော စ၊ ပညာရှိ သူတော်ကောင်းကိုလည်းကောင်း။ ဝေဒိတဗ္ဗော၊ ခွဲခြားသိနိုင်၏။ [ ခွဲခြားသိနိုင်ပုံကို ပြတော်မူလိုသောကြောင့် “န ဘိက္ခဝေ ဗာလော” စသည်ကို မိန့်တော်မူ၏။]
ဘိက္ခဝေ၊ တို့။ ဗာလော၊ လူဖျင်းလူမိုက်သည်။ ဣတိ၊ ဤသို့။ န ပဋိသဉ္စိက္ခတိ၊ မဆင်ခြင် မစဉ်းစားတတ်။ (ကိန္တိ၊ အဘယ်သို့။ န ပဋိသဉ္စိက္ခတိ၊ မဆင်ခြင် မစဉ်းစားတတ်သနည်းဟူမူ။)
ဣဒံ ဌာနံ၊ (မစင်ကြုံး တံမြက်စီးလှည်း စသော အောက်တန်းကျ သောအသက်မွေး ဝမ်းကျောင်း အလုပ်ဟူသော) ဤအကြောင်းသည်။ ကာတုံ၊ ငှာ။ အမနာပံ၊ သည်။ ကိဉ္စာပိ (ဟောတိ)၊ အကယ်၍ကား ဖြစ်ပေ၏။ အထစရဟိ၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။ ဣဒံ ဌာနံ၊ (အောက်တန်းကျသောအသက်မွေး ဝမ်းကျောင်း အလုပ်ဟူသော) ဤအကြောင်းသည်။ ကယိရမာနံ၊ သော်။ အတ္ထာယ၊ ငှာ။ သံဝတ္တတိ၊ ၏။ ဣတိ၊ ဤသို့။ (နှ ပဋိသဉ္စိက္ခတိ၊ မဆင်ခြင် မစဉ်းစားတတ်။)
သော၊ ထိုလူဖျင်းလူမိုက်သည်။ တံ ဌာနံ၊ (အောက်တန်းကျသောအသက်မွေး ဝမ်းကျောင်းအလုပ်ဟူသော) ထိုအကြောင်းကို။ န ကရောတိ၊ မပြုလုပ်။
တဿ၊ ထိုလူဖျင်းလူမိုက်မှာ။ တံ ဌာနံ၊ ကို။ ဝါ၊ သည်။ အကယိရမာနံ၊ မပြုလုပ်အပ်လသော်။ အနတ္ထာယ၊ ငှာ။ သံဝတ္တတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပဏ္ဍိတော စ၊ ပညာရှိ သူတော်ကောင်းသည်ကား။ ဣတိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။ (ကိန္တိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ဟူမူ။)
ဣဒံ ဌာနံ၊ (အောက်တန်းကျသော အသက်မွေး ဝမ်းကျောင်းအလုပ်ဟူသော) ဤအကြောင်းသည်။ ပ။ သံဝတ္တတိ၊ ၏။ ဣတိ(ပဋိသဉ္စိက္ခတိ၊ ၏။)
သော၊ ထိုပညာရှိသူတော်ကောင်းသည်။ တံ ဌာနံ၊ ကို။ ကရောတိ၊ ပြုလုပ်၏။
တဿ၊ ထိုပညာရှိသူတော်ကောင်းမှာ။ တံ ဌာနံ၊ ကို။ ဝါ၊ သည်။ ကယိရမာနံ၊ သော်။ အတ္ထာယ၊ ငှာ။ သံဝတ္တတိ၊ ၏။
ဘိက္ခဝေ၊ တို့။ တတြ၊ ထိုလေးမျိုးသော အကြောင်းတို့တွင်။ ယမိဒံ ဌာနံ၊ (အရက်သောက်ခြင်း အစရှိသော) အကြင်အ‌ကြောင်းသည်။ ကာတုံ၊ ငှာ။ မနာပံ၊ နှစ်သက်မြတ်နိုးဖွယ်သည်။ ဟောတိ၊ ၏။ တဉ္စ ဌာနံ၊ (အရက်သောက်ခြင်း အစရှိသော) ထိုအကြောင်းသည် လည်း။ ဝါ၊ ကိုလည်း။ ပ။ ဘိက္ခဝေ၊ တို့။ ဣမသ္မိံပိ ဌာနေ၊ (အရက်သောက်ခြင်း အစရှိသော)ဤအကြောင်း၌လည်း။ ပ။
ဣဒံ ဌာနံ၊ (အရက်သောက်ခြင်း အစရှိသော) ဤအကြောင်းသည်။ ကာတုံ၊ ငှာ။ မနာပံ၊ နှစ်သက် မြတ်နိုး ဖွယ်သည်။ ဝါ၊ ပျော်စရာသည်။ ကိဉ္စာပိ ဟောတိ၊ ၏။ ပ။ တံ ဌာနံ၊ (အရက်သောက်ခြင်း အစရှိသော) ထိုအကြောင်းကို။ ပ။
ဘိက္ခဝေ၊ တို့။ တတြ၊ တို့တွင်။ ယမိဒံ ဌာနံ၊ အကြင် ကုသိုလ်အလုပ်ဟူသော အကြောင်းသည်။ ကာတုံ၊ ငှာ။ မနာပံ၊ နှစ်သက် မြတ်နိုးဖွယ်သည်။ ဟောတိ၊ ၏။ တဉ္စ ဌာနံ၊ ထိုကုသိုလ်အလုပ်ဟူသော အကြောင်းသည်လည်း။ ဝါ၊ ကိုလည်း။ ကယိရမာနံ၊ သော်။ ပ။ ဘိက္ခဝေ၊ တို့။ ဣဒံ ဌာနံ၊ ဤကုသိုလ်အလုပ်ဟူသော အကြောင်းကို။ ဥဘယေနေဝ၊ နှစ်မျိုးနှစ်စား အကျိုးအားဖြင့်ပင်။ ကတ္တဗ္ဗံ၊ ပြုထိုက်၏ဟူ၍။ မညတိ၊ သိအပ်၏။ [ ဥဘယေနေဝပုဒ်အရ နှစ်မျိုးနှစ်စားသော အကျိုးကို ပြတော်မူလိုသောကြောင့် “ယမ္ပိဒံ ဌာနံ”စသည်ကိုမိန့်။]
ယမ္ပိဒံ ဌာနံ၊ အကြင် ကုသိုလ် အလုပ်ဟူသော အကြောင်းသည်။ ကာတုံ၊ ငှာ။ မနာပံ၊ သည်။ ဟောတိ၊ ၏။ ဣမိနာပိ၊ ဤနှစ်သက် မြတ်နိုးဖွယ်ဖြစ်ခြင်းဟူသော အကျိုးအား ဖြင့်လည်း။ နံ၊ ထို ကုသိုလ်အလုပ်ဟူသောအကြောင်းကို။ ကတ္တဗ္ဗံ၊ ၍။ မညတိ၊ ၏။ ယမ္ပိဒံ ဌာနံ၊ သည်။ ဝါ၊ ကို။ ကယိရမာနံ၊ သော်။ ပ။ ဣမိနာပိ၊ ဤ အကျိုးစီးပွား အလို့ငှာ ဖြစ်ခြင်းဟူသောအကျိုးအားဖြင့်လည်း။ နံ၊ ထိုကုသိုလ်အလုပ်ဟူသောအကြောင်းကို။ ပ။
ဘိက္ခဝေ၊ တို့။ ဣဒံ ဌာနံ၊ ဤကုသိုလ် အလုပ်ဟူသော အကြောင်းကို။ ဥဘယေနေဝ၊ (နှစ်သက်ဖွယ်ဖြစ်ခြင်း, အကျိုးစီး ပွား အလို့ငှာ ဖြစ်ခြင်းဟူသော) နှစ်မျိုးနှစ်စား အကျိုးအားဖြင့်ပင်။ ကတ္တဗ္ဗံ၊ ဟူ၍။ မညတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဌာနာနိ၊ အကြောင်းတို့သည်။ ဣမာနိ စတ္တာရိ၊ တည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
ပဉ္စမံ။