Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

5. Kulasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ယာနိ ကာနိစိ၊ ကြွင်းမဲ့ဥဿုံ အားလုံးစုံကုန်သော။ ကုလာနိ၊ အမျိုးတို့သည်။ ဘောဂေသု၊ စည်းစိမ်ဥစ္စာတို့၌။ မဟတ္တံ၊ ပေါများသူတို့၏ အဖြစ်သို့။ ပတ္တာနိ၊ ရောက်ကုန်လျက်။ စိရဋ္ဌိတိကာနိ၊ ကြာမြင့်စွာတည်တံ့ခြင်းရှိကုန် သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။ သဗ္ဗာနိ တာနိ၊ ထိုအမျိုးအားလုံးတို့သည်။ စတူဟိ၊ လေးမျိုးကုန်သော။ ဌာနေဟိ ဝါ၊ အကြောင်းတို့ကြောင့်သော် လည်းကောင်း။ ဧတေသံ၊ ထိုလေးမျိုးသော အကြောင်းတို့တွင်။ အညတရေန ဝါ၊ တစ်မျိုးမျိုးသော အကြောင်းကြောင့်သော်လည်းကောင်း။ ( စိရဋ္ဌိတိကာနိ၊ ကုန်သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။)
ကတမေဟိ၊ အဘယ်မည်ကုန်သော။ စတူ ဟိ၊ လေးမျိုးကုန်သော။ ( ဌာနေဟိ၊ အကြောင်းတို့ကြောင့်။ စိရဋ္ဌိတိကာနိ၊ ကုန်သည်။ န ဘဝန္တိ၊ မဖြစ်ကုန်သနည်းဟူမူ။)
နဋ္ဌံ၊ ပျောက်သောဥစ္စာကို။ န ဂဝေသန္တိ၊ မရှာမှီးကုန်။ ဇိဏ္ဏံ၊ ဆွေးမြေ့ဟောင်းမြင်းသော ပစ္စည်းဥစ္စာကို။ န ပဋိသင်္ခရောန္တိ၊ မပြုပြင်ကုန်။ အပရိမိတ ပါနဘောဇနာ၊ မနှိုင်းချိန် မတိုင်းတာအပ်ဘဲ သောက်ခြင်းစားခြင်းရှိကုန် သည်။ ဝါ၊ အတိုင်းအဆမရှိ သောက်ခြင်း စားခြင်းရှိကုန် သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဒုဿီလံ၊ သီလမရှိသော။ ဝါ၊ အကျင့် ပျက်သော။ ဣတ္ထိံ ဝါ၊ မိန်းမကိုသော်လည်းကောင်း။ ပုရိသံ ဝါ၊ ယောက်ျားကိုသော် လည်းကောင်း။ အာဓိပစ္စေ၊ အကြီးအကဲ ဘဏ္ဍာစိုး၏အဖြစ်၌။ ဌပေန္တိ၊ ထားကြ ကုန်၏။ ပ။
ပရိမိတပါနဘောဇနာ၊ နှိုင်းချိန်တိုင်းတာအပ်လျက် သောက်ခြင်း စားခြင်းရှိကုန် သည်။ ဝါ၊ နှိုင်းချိန်တိုင်းတာ၍ သောက်ကြစားကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သီလဝန္တံ၊ သီလရှိသော။ ဣတ္ထိံ ဝါ၊ ကိုသော်လည်းကောင်း။ [ ဣတ္ထိံ ကိုငဲ့လျှင် သီလဝန္တိံ ( သို့မဟုတ်) သီလဝတိံ– ဟူ၍ နဒါဒိ ဤပစ္စည်းဖြင့်ရှိရ မည်]။ ပ။ ဣတိ (အဝေါစ၊ မိန့်။)
ပဉ္စမံ၊