Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

2. Vibhattisuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

တတြ ခေါ၊ ထိုအခါ၌။ ပ။
အာဝုသော၊ ငါ့ရှင်တို့။ အဒ္ဓမာသူပသမ္ပန္နေန၊ ရဟန်းဖြစ်ပြီး၍ တစ်လထက်ဝက် (၁၅)ရက်ရှိလသော်။ ဝါ၊ ရက်ရှိသော။ မေ၊ ငါသည်။ [အဒ္ဓမာသော ဥပသမ္ပန္နဿ ယဿ မေတိ အဒ္ဓမာသူပသမ္ပန္နော၊ တေန အဒ္ဓမာသူပသမ္ပန္နေန]။ သြဓိသော၊ အကြောင်းအားဖြင့်။ ဗျဉ္ဇနသော၊ အက္ခရာအားဖြင့်။ အတ္ထပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို။ ဝါ၊ အကျိုးတရား ငါးပါးတို့၌ ခွဲခြားသိမြင်သော ဉာဏ်ကို၁။**အတ္ထပဋိသမ္ဘိဒါစသည်။ ။ ပဋိသမ္ဘိန္ဒတီတိ ပဋိသမ္ဘိဒါ၊ ခွဲခြမ်းသိမြင်သောဉာဏ်၊ အတ္ထ (အကျိုးတရားငါးပါး၌) ပဋိသမ္ဘိဒါ အတ္ထပဋိသမ္ဘိဒါ။ အကျိုးတရားငါးပါးဟူသည် (၁) ဒုက္ခသစ္စာစသော ပစ္စယသမုပ္ပန္နတရားများ(၂) နိဗ္ဗာန် (၃) သုတ္တဂေယျစသော ပရိယတ္တိပါဠိတော်၏ အနက်အဓိပ္ပာယ် (၄) ဝိပါက်စိတ်စေတသိက်တရားများ (၅) ကိရိယာစိတ် စေတသိက် တရားများတည်း။
ဓမ္မေ၊ အကြောင်းတရားငါးပါး၌၊ ပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ။ အကြောင်းတရားငါးပါးကား (၁) အကျိုးတရားတို့ကို ဖြစ်စေတတ် သော ဒုက္ခသမုဒယသစ္စာစသောအကြောင်းများ (၂) အရိယမဂ် (၃)သုတ္တဂေယျစသော ပါဠိတော်(၄) ကုသိုလ်စိတ်စေတသိက် (၅) အကုသိုလ်စိတ်စေတသိက်များတည်း။
နိရုတ္တိယာ အဘိလာပေါ ဥစ္စာရဏံ နိရုတ္တာဘိလာပေါ၊ မှန်ကန် သောမာဂဓဘာသာကို ရွတ်ဆိုခြင်း၊ နိရုတ္တာဘိလာပေ ပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ၊ (အလယ်၌ အဘိလာပပုဒ်ကျေ၏) ဖာဿော, ဝေဒနာစသည်ဖြင့် ရွတ်ဆိုလျှင်မှန်ကန်၏၊ ဖဿာ, ဝေဒနောစသည်ဖြင့် ရွတ်ဆိုလျှင် မှားယွင်းသည် စသည်ဖြင့်အစစ်အမှန် မာဂဓဘာသာ သဘာဝနိရုတ္တိကို ခွဲခြားသိသောဉာဏ်တည်း။
အတ္ထပဋိသမ္ဘိဒါစသော ရှေးဉာဏ်သုံးပါးတို့သည် ဤအနက်သဘောကိုခွဲခြမ်းသိမြင်ကုန်၏ဟု ရှေးဉာဏ်သုံးပါးတို့၏ ကိစ္စလုပ်ငန်းစွမ်းရည်သတ္တိကိုသိသော ဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ်မည်၏။ ပဋိဘာနေ၊ ရှေးဖြစ်သောပဋိဘာန် ဉာဏ်သုံးပါး၌၊ ပဋိသမ္ဘိဒါ ပဋိ ဘာနပဋိသမ္ဘိဒါ။
။ သစ္ဆိကတာ၊ ( ကိုယ်တွေ့ဆိုက်ရောက်) မျက်မှောက် ပြုအပ်ပြီ၊။
တံ၊ ထို အတ္ထပဋိသမ္ဘိဒါဉာဏ်ကို။ အဟံ၊ ငါသည်။ အနေကပရိယာယေန၊ များစွာသော အကြောင်းဖြင့်။ အာစိက္ခာမိ၊ ဟောကြား၏။ ဒေသေမိ၊ ထင်ရှားအောင် ဟောကြား၏။ ပညာပေမိ၊ သိနားလည်စေ၏။ ပဋ္ဌပေမိ၊ တည်တည်တံ့တံ့ဖြစ်စေသောအားဖြင့် ဟောကြား၏။ ဝိဝရာမိ၊ ဖွင့်လှစ် ဟောကြား၏။ ဝိဘဇာမိ၊ ဝေဖန်ဟောကြား၏။ ဥတ္တာနီကရောမိ၊ ပေါ်လွင်ထင်ရှားအောင် ပြု၏။ (တနည်း) အာစိက္ခာမိ၊ ဦးစွာပဌမ အကျဉ်းညွှန်ပြ ၏။ ဒေသေမိ၊ အကျဉ်းညွှန်ကြား ခေါင်းစဉ်များကို ပြီးဆုံးအောင် ဟောကြား၏။ ပညာပေမိ၊ အကျဉ်းညွှန်ပြအပ်သော အနက်သဘောကို အကျယ်ချဲ့ပွား အမျိုးမျိုးအစားစားသိနားလည်စေ၏။ ပဋ္ဌပေမိ၊ ဟောပြအပ်ပြီးသော အနက်သဘောကို နည်းမျိုးထွေပြား အချက်အလက်များဖြင့်တည်တံ့ခိုင်မြဲစေ၏။ ဝိဝရာမိ၊ ညွန်ပြအပ်ပြီးသော အနက်ကို ထပ်ဆင့်ဖွင့်ပြ၏။ ဝိဘဇာမိ၊ ဖွင့်ပြအပ်ပြီးသော အနက်ကိုခွဲခြမ်း ဝေဖန်ပြ၏။ ဥတ္တာနီကရောမိ၊ ခွဲခြမ်းဝေဖန်အပ်ပြီးသောအနက်ကိုဟိတ်, ဥဒါဟ ရုဏ်, ဥပမာများဖြင့် ထင်ရှားအောင်ပြု၏။
ယဿ၊ အကြင်ပုဂ္ဂိုလ်မှာ။ ကင်္ခါ ဝါ၊ ယုံမှားသံသယသည်လည်းကောင်း။ ဝိမတိ ဝါ၊ သို့သော သို့လော တွေးတောခြင်းသည်လည်းကောင်း။ အဿ၊ ဖြစ်ငြားအံ့။ သော၊ ထိုပုဂ္ဂိုလ်သည်။ မံ၊ ငါ့ကို။ ပဉှေန၊ အမေးပုစ္ဆာပြဿနာဖြင့်။ (ဥပဂစ္ဆတု၊ ချဉ်းကပ်ပါလော။)
အဟံ၊ ငါသည်။ ဝေယျာကရဏေန၊ ပြဿနာကိုဖြေဆိုခြင်းဖြင့်။ (အာရာဓေဿာမိ၊ ထိုသူ၏စိတ်ကို ကျေနပ်နှစ် သက်စေအံ့။) နော၊ ငါတို့၏။ ယော သတ္ထာ၊ အကြင်ဆရာ မြတ်စွာဘုရားသည်။ ဓမ္မာနံ၊ သိအပ်ပြီးသော တရားတို့၌။ သုကုသလော၊ လွန်စွာ ကျွမ်းကျင်တော်မူ၏။ နော၊ ငါတို့၏။ သော သတ္ထာ၊ ထိုဆရာ မြတ်စွာဘုရားသည်။ သမ္မုခီဘူတော၊ မျက်မှောက်မှာပင် ရှိတော်မူပါ၏။ ပ။
ဓမ္မပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို။ ဝါ၊ အကြောင်းတရား ငါးပါး၌ခွဲခြား သိမြင်သောဉာဏ်ကို။ သစ္ဆိကတာ၊ ပြီ။ တံ၊ ထို ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို။ ပ။
နိရုတ္တိပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကို။ ဝါ၊ မှန်ကန်သောမာဂဓဘာသာကို ရွတ်ဆိုရာ၌ မှန်ကန်ကြောင်းကို ခွဲခြားသိမြင်သောဉာဏ်ကို။ ပ။
တံ၊ ထို နိရုတ္တိပဋိသမ္ဘိဒါကို။ ပ။
ပဋိဘာနုပဋိသမ္ဘိဒါ၊ ပဋိဘာန ပဋိသမ္ဘိဒါဉာဏ်ကို။ ဝါ၊ ရှေးဉာဏ်သုံးပါး၌ ခွဲခြားသိမြင်သော ဉာဏ်ကို။ သစ္ဆိကတာ၊ ပြီ။ တံ၊ ထို နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကို။ ပ။
ဒုတိယံ။