ဘိက္ခဝေ၊ တို့။
သင်္ဂဟဝတ္ထူနိ၊ ချီးမြှောက်ထောက်ပံ့ခြင်းဟူသော
အကြောင်းတရားတို့သည်။
ပ။
ဒါနံ၊ လှူဒါန်းပေးကမ်းခြင်းလည်းကောင်း။
ပေယျဝဇ္ဇံ၊ ချစ်ဖွယ်စကားကို ပြောဆိုခြင်းလည်းကောင်း။
အတ္ထစရိယာ၊ အကျိုးစီးပွားကို ပြောဆိုပြုကျင့်ခြင်းလည်းကောင်း။
သမာနတ္တတာ၊ မိမိနှင့် ချမ်းသာဆင်းရဲ, မခွဲတန်းတူ, ထားနိုင်သူ၏အဖြစ်လည်းကောင်းတည်း။
[ သမာနုဿ ဘာဝေါ သမာနတ္တံ၊ (ချမ်းသာ ဆင်းရဲအားဖြင့် မိမိနှင့်)တူသောသူ (တန်းတူထားနိုင်သူ)၏အဖြစ်။
သမာနတ္တမေဝ သမာနတ္တတာ။]
။ပ။
ဣတိ (အဝေါစ။)
ဣဓ၊ ဤလောက၌။
ယံ ဒါနဉ္စ၊ အကြင် လှူဒါန်းပေးကမ်းခြင်းသည်လည်းကောင်း။
ယံ ပေယျဝဇ္ဇဉ္စ၊ အကြင် ချစ်ဖွယ်စကားကို ပြောဆိုခြင်းသည်လည်းကောင်း။
ယာ အတ္ထစရိယာ စ၊ အကြင် အကျိုးစီးပွားကို ပြောဆိုပြုကျင့်ခြင်းသည်လည်းကောင်း။
တတ္ထ တတ္ထ ဓမ္မေသု၊ ထိုထို စားအိပ်ထိုင်ငြား, သဘောတရားတို့၌။
ယထာရဟံ၊ ထိုက်သည်အားလျော်စွာ။
(လူရှင်ရဟန်းအလိုက် ထိုက်သည်အားလျော်စွာ။)
ယာ သမာနတ္တတာ စ၊ အကြင်သုခ ဒုက္ခ, ညီမျှတန်းတူ ထားနိုင်သူ၏ အဖြစ်သည်လည်းကောင်း။
(သန္တိ၊ ရှိကုန်၏)
ယာယတော၊ သွားနေသော။
ရထဿ၊ ရထား, လှည်း၏။
အာဏီ၊ ဘီးစောင့် နပမ်းစွန်းသည်။
သင်္ဂဟော၊ ရထားဘီးများ, ကျွတ်မသွားအောင်,
ဆီးတားစောင့်ရှောက်, အထောက်အကူသည်။
ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။
[ရထဿ+ အာဏီ+ ဣဝါ။]
(တထာ၊ ထို့အတူ။)
ဧတေ၊ ဤဒါန အစရှိသောတရားတို့သည်။
လောကေ၊ သတ္တလောက၌။
သင်္ဂဟာ၊ ချစ်ကြည်ကြရေး, အားပေးချီးမြှောက်, အထောက်အကူတို့သည်။
( ဟောန္တိ၊ ဖြစ်ကုန်၏။)
စ၊ တစ်မျိုးတစ်ဖုံဖြစ်ဖွယ် ရှိသည်ကား။
ဧတေ သင်္ဂဟာ၊ ထိုဒါနစသောသင်္ဂဟဝတ္ထုတို့သည်။
န အဿု၊ မရှိကုန်ငြားအံ့။
မာတာ၊ မိခင်သည်။
ပုတ္တကာရဏာ၊ သားသမီးဟူသော အကြောင်းကြောင့်။
မာနံ ဝါ၊ ချစ်မြတ်နိုးခြင်းကိုလည်းကောင်း။
ပူဇံ ဝါ၊ ပူဇော်ခြင်းကို လည်းကောင်း။
န လဘေထ၊ မရလေရာ။
ပိတာ ဝါ၊ ဖခင်သည်လည်း။
ပုတ္တကာရဏာ၊ ကြောင့်။
(မာနံ ဝါ၊ လည်း ကောင်း။
ပူဇံ ဝါ၊ လည်းကောင်း။
န လဘေထ၊ ရာ။)
စ၊ ထိုသို့မဟုတ်မူ၍။
ယသ္မာ၊ အကြင့်ကြောင့်။
ယေ ပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်။
ဧတေ သင်္ဂဟာ၊ ထိုသင်္ဂဟဝတ္ထုတို့ကို။
သမဝေက္ခန္တိ၊ ကောင်းစွာမြော်မြင် ရှုဆင်ခြင်ကြကုန်၏။
[ သင်္ဂဟာ၌ ပဌမာယောဝိဘတ်ကို ဒုတိယာအနက်၌သက်။]
တသ္မာ၊ ထို့ကြောင့်။
တေ ပဏ္ဍိတာ၊ ထိုပညာရှိတို့သည်။
မဟတ္တံ၊ မြင့်မြတ်ကုန်သည် အဖြစ်သို့။
ဝါ၊ တိုးတက်မြင့်မား ကြီးပွားကြသူတို့၏အဖြစ်သို့။
ပပ္ပေါန္တိ၊ ရောက်ကြကုန်၏။
ပါသံသာ စ၊ ချီးမွမ်းထိုက်သူတို့သည်လည်း။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ဣတိ(အဝေါစ။)
ဒုတိယံ။