အထ ခေါ၊ ထိုအခါ၌။
အာယသ္မာ ရာဟုလော၊ အရှင်ရာဟုလာသည်။
ပ။
ရာဟုလ၊ ရာဟုလာ။
အဇ္ဈတ္တိကာ၊ သက်ရှိသတ္တဝါတို့၏ ခန္ဓာအစဉ်၌ဖြစ်သော။
ယာ စ ပထဝီဓာတု၊ အကြင် ပထဝီဓာတ်သည် လည်းကောင်း။
ဝါ၊ အကြင် ခက်မာခြင်းသဘောသည််လည်းကောင်း။
[ တိကနိပါတ်စာပိုဒ် (၆၂) တိတ္ထာယတနသုတ်လည်းကြည့်။
ကေသာ, လောမာမှစ၍ မတ္ထလုင်္ဂံ အထိ (၂၀)သော ကောဋ္ဌာသကို
အဇ္ဈတ္တိက ပထဝီဓာတ်ဟု ခေါ်၏။ ဓာတုဝိဘင်း၊ ၈၄-နှင့် ၎င်းအဋ္ဌ
ကထာ၊ ၅၃။]
ဗာဟိရာ၊ ပြင်ပသက်မဲ့ ကျောက်တောင်စသည်တို့၌ဖြစ်သော။
ယာ စ ပထဝီဓာတု၊ သည်လည်းကောင်း။
( အတ္ထိ၊ ရှိ၏။)
[ ကျောက်ခဲ, သံ, ကြေးစသည်ကို ဗာဟိရ ပထဝီဓာတ်ဟု ခေါ်၏။]
ဧသာ၊ ဤပထဝီဓာတ်နှစ်မျိုးသည်။
ပထဝီဓာတု ဧဝ၊ ပထဝီဓာတ်သက်သက်သာတည်း။
(အတ္တကောင်, ပုဂ္ဂိုလ်, သတ္တဝါစသည်မဖက် ပထဝီဓာတ်သက်သက်သာတည်း။)
တံ၊ ထို ပထဝီဓာတ်ကို။
[ဒဋ္ဌဗ္ဗံ၌စပ်။]
ဧတံ၊ ဤ ပထဝီဓာတ်သည်။
မမ၊ ငါ၏။
(သန္တ ကံ၊ ဥစ္စာသည်။)
န၊ မဟုတ်။
ဧသော၊ ဤပထဝီ ဓာတ်သည်။
အဟံ၊ ငါသည်။
ဝါ၊ ငါငါဟု မာနဖြင့် အထင်ကြီးဖွယ်သည်။
န အသ္မိ၊ မဟုတ်။
ဧသော၊ ဤပထဝီဓာတ်သည်။
မေ၊ ငါ၏။
အတ္တာ၊ အသက်ရှင်အတ္တကောင်သည်။
န၊ မဟုတ်။
[ တိကနိပါတ်စာပိုဒ် (၁၃၄)ယောဓာဇီဝသုတ်လည်း ကြည့်။]
ဣတိ ဧဝံ၊ ဤသို့။
ဧတံ၊ ဤ ပထဝီဓာတ်ကို။
ယထာဘူတံ၊ အဖြစ်မှန်သဘောအတိုင်း။
သမ္မာ၊ အကြောင်းမှန်အားဖြင့်။
ပညာယ၊ ဝိပဿနာပညာ, မဂ်ပညာဖြင့်။
ဒဋ္ဌဗ္ဗံ၊ ရှုသင့် ရှုထိုက်၏။
ဧဝံ၊ ဤသို့။
ဧတံ၊ ဤပထဝီဓာတ်ကို။
ပ။
ဒိသွာ၊ ရှု၍။
ဝါ၊ ရှုခြင်းကြောင့်။
ပထဝီဓာတုယာ၊ ပထဝီဓာတ်၌။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ပထဝီဓာတုယာ၊ ၌။
စိတ္တံ၊ စိတ်ကို။
ဝိရာဇေတိ၊ ကင်းကွာစေ၏။
ဝါ၊ မတပ်မက်စေ။
ရာဟုလ၊ ရာဟုလာ။
အဇ္ဈတ္တိကာ၊ သော။
ယာ စ အာပေါဓာတု၊ အကြင်အာပေါဓာတ်သည် လည်းကောင်း။
ဝါ၊ အကြင် ဖွဲ့စည်းခြင်း သဘောသည်လည်းကောင်း။
[ ပိတ္တံ သေမှံကစ၍ မုတ္တံတိုင်အောင်သော အရည်ကောဋ္ဌာသ (၁၂)
ပါးကို အဇ္ဈတ္တိက အာပေါဓာတ်ဟု ခေါ်၏။]
ဗာဟိရာ၊ သော။
ယာ စ အာပေါဓာတု၊ သည်လည်းကောင်း။
[ သစ်မြစ်အရည်, ပင်စည်အရည်, သစ်သီးသစ်ပွင့် သစ်ရွက်စသည်တို့၏ အရည်, နို့ရည်စသော အရည်ဟူသမျှကို ဗာဟိရအာပေါဓာတ်ဟု ခေါ်၏။]
အတ္ထိ၊ ရှိ၏။
ဧသာ၊ ဤအာပေါဓာတ် နှစ်မျိုးသည်။
အာပေါဓာတု ဧဝ၊ (ပုဂ္ဂိုလ်, သတ္တဝါ စသည်မဖက်) အာပေါဓာတ်
သက်သက်သာတည်း။
တံ၊ ထိုအာပေါဓာတ်ကို။
ဧတံ၊ ဤအာပေါဓာတ်သည်။
မမ၊ ငါ၏။
( သန္တကံ၊ သည်။)
န၊ မဟုတ်။
ဧသော၊ ဤအာပေါဓာတ်သည်။
အဟံ၊ ငါသည်။
ဝါ၊ သည်။
နအသ္မိ၊ မဟုတ်။
ပ။
အဇ္ဈတ္တိကာ၊ သော။
ယာ စ တေဇောဓာတု၊ အကြင်တေဇောဓာတ်သည်လည်းကောင်း။
ဝါ၊ အကြင် ရင့်ကျက်စေခြင်း သဘောသည်လည်းကောင်း။
[ ခန္ဓာကိုယ်၌ရှိသော သန္တပ္ပနတေဇော, ဇီရဏတေဇောစသည်တည်း။]
ဗာဟိရာ၊ သော။
ယာ စ တေဇောဓာတု၊ သည်လည်းကောင်း။
[ ထင်းမီး, ကောက်ရိုးမီး စသည်တည်း။]
အတ္ထိ၊ ရှိ၏။
ဧသာ၊ ဤတေဇောဓာတ်နှစ်မျိုးသည်။
တေဇောဓာတု ဧဝ၊ (ပုဂ္ဂိုလ်, သတ္တဝါ စသည်မဖက်) တေဇောဓာတ်သက်သက်သာတည်း။
တံ၊ ထိုတေဇောဓာတ်ကို။
ဧတံ၊ ဤတေဇောဓာတ်သည်။
မမ၊ ၏။
( သန္တ ကံ၊ သည်။)
န၊ မဟုတ်။
ပ။
အဇ္ဈတ္တိကာ၊ သော။
ယာ စ ဝါယောဓာတု၊ အကြင်ဝါယောဓာတ်သည်လည်းကောင်း။
ဝါ၊ အကြင် ထောက်ကန်ခြင်း, တောင့်တင်းစေခြင်း သဘောသည်လည်းကောင်း။
[ခန္ဓာကိုယ်၌ရှိသော ဥဒ္ဓင်္ဂမလေ, အဓောဂမလေစသည်တည်း။]
ဗာဟိရာ၊ သော။
ယာ စ ဝါယောဓာတု၊ လည်းကောင်း။
ဝါ၊ လည်းကောင်း။
[ အပြင်ဘက်၌ တိုက်ခတ်သောလေများတည်း။]
ပ။
ရာဟုလ၊ ရာဟုလာ။
ယတော၊ အကြင့်ကြောင့်။
ဘိက္ခု၊ ရဟန်းသည်။
[ တနည်း– ယတော(ယော) ဘိက္ခု၊ အကြင်ရဟန်းသည်။]
စတူသု၊ လေးမျိုးကုန်သော။
ဣမာသု ဓာတူသု၊ ဤဓာတ်တို့၌။
အတ္တာနံ၊ အသက်ရှင်အတ္တကောင်ဟူ၍။
နေဝ သမနုပဿတိ၊ မရှု။
အတ္တနိယံ၊ အတ္တ၏ဥစ္စာဟူ၍။
န သမနုပဿတိ၊ မရှု။
ရာဟုလ၊ ရာဟုလာ။
(တတော၊ ထို့ကြောင့်။)
အယံ ဘိက္ခု၊ ဤရဟန်းကို။
(ဓာတ်လေးပါးတို့၌ အတ္တ, အတ္တနိယဟု မရှုသော ဤရဟန်းကို)
တဏှံ၊ တဏှာကို၊။
အစ္ဆေစ္ဆိ၊ (အရဟတ္တမဂ်ဉာဏ်ဓားဖြင့်) ပယ်ဖြတ်ပြီးသူဟူ၍လည်းကောင်း။
သံယောဇနံ၊ သံယောဇဉ် အနှောင်အဖွဲ့ ဆယ်မျိုးကို။
ဝိဝတ္တယိ၊ (အမြစ်အရင်းနှင့်တကွ) ဆွဲနုတ်စွန့်ပစ်ပြီးသူဟူ၍ လည်းကောင်း။
သမ္မာ၊ အကြောင်းမှန်အားဖြင့်။
ဝါ၊ မှန်ကန်သော အကျင့်ဖြင့်။
မာနာဘိသမယာ၊ ကိုးပါးသော မာနကို ပယ်ရှားခြင်းကြောင့်။
ဒုက္ခဿ၊ ဝဋ်ဒုက္ခ၏။
အန္တံ၊ အဆုံးကို။
အကာသိ၊ ပြုပြီးသူဟူ၍ လည်းကောင်း။
ဝုစ္စတိ၊ ဆိုအပ်၏။
ဣတိ (အဝေါစ၊ မိန့်။)
သတ္တမံ။