Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

9. Ujjayasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

အထခေါ၊ ထိုအခါ၌။ ဥဇ္ဇယော၊ ဥဇ္ဇယမည်သော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ပ။
ဘဝမ္ပိ ဂေါတမော၊ အရှင်ဂေါတမသည်လည်း။ ယညံ= ယဇ်ကို။ ဝါ၊ အလှူဒါနကို။ ဝဏ္ဏေတိ နော(ဝ‌ဏ္ဏေတိနု) ချီးမွမ်းပါသလော။ ဣတိ၊ ဤသို့။ (အဝေါစ၊ လျှောက်ပြီ။)
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ သဗ္ဗံ၊ အား လုံးသော။ ယညံ၊ ကို။ န ခေါ ဝဏ္ဏေမိ၊ ချီးမွမ်းသည်မဟုတ်။ ဗြာဟ္မဏ၊ ဏ္ဏား။ အဟံ၊ သည်။ သဗ္ဗံ၊ သော။ ယညံ၊ ကို။ န ပန န ဝဏ္ဏေမိ၊ မချီးမွမ်းသည်လည်း မဟုတ်။ ဝါ၊ ကဲ့ရဲ့သည်လည်းမဟုတ်။
ဗြာဟ္မဏ၊ ဏ္ဏား။ ယထာရူပေ၊ အကြင်သို့သဘောရှိသော။ ယညေ၊ ယဇ်၌။ ဝါ၊ အလှူဒါန၌။ ဂါဝေါ၊ နွားတို့ကို။ ဟညန္တိ၊ သတ်အပ်ကုန်၏။ အဇေဠကာ ( အ+ဧဠကာ)၊ ဆိတ်နှင့် သိုးတို့ကို။ ဟညန္တိ၊ ၏။ ကုက္ကုဋသူကရာ၊ ကြက် ,ဝက်တို့ကို။ ဟညန္တိ၊ ၏။ ဝိဝိဓာ၊ ထူးထွေများပြားလှကုန်သော။ ပါဏာ၊ သတ္တဝါတို့သည်။ သံဃာတံ၊ သတ်အပ်ကုန်သည်အဖြစ်သို့။ ဝါ၊ အသတ်ခံရခြင်းသို့။ အာပဇ္ဇန္တိ၊ ရောက်ကုန်၏။ ဗြာဟ္မဏ၊ ဏ္ဏား။ အဟံ၊ ငါသည်။ ဧဝရှု ပံ၊ ဤသို့သဘောရှိသော။ သာရမ္ဘံ၊ ညှဉ်းပန်းသတ်ဖြတ်ရခြင်းရှိသော။ ယညံ၊ ကို။ န ဝဏ္ဏေမိ၊ မချီးမွမ်း။ တံ၊ ထိုသို့ မချီးမွမ်းခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့် နည်းဟူမူ။ ဗြာဟ္မဏ၊ ဏ္ဏား။ ဟိ၊ အကြင့်ကြောင့်။ ဧဝရူပံ၊ သော။ သာရမ္ဘံ၊ သော။ ယညံ၊ သို့။ အရဟန္တော ဝါ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း။ အရဟတ္တမဂ္ဂံ၊ အရဟတ္တမဂ်သို့။ သမာပန္နော ဝါ၊ ရောက်ဆဲပုဂ္ဂိုလ် တို့သည်လည်းကောင်း။ န ဥပသင်္ကမန္တိ၊ ကြွရောက်တော်မမူကြကုန်။ ဝါ၊ ကြွရောက်၍ အလှူခံတော်မမူကြကုန်။ ဣတိ၊ ထို့ကြောင့်ပေတည်း။ [ အရဟန္တ နှင့် အရဟတ္တမဂ္ဂသမာပန္နပုဂ္ဂိုလ်တို့ ကြွရောက် အလှူမခံကြသောကြောင့် ယင်းသို့သော သာရမ္ဘယဇ်အလှူဒါနကို ငါမချီးမွမ်းဟူလို။] ဗြာဟ္မဏ၊ ဏ္ဏား။ စ၊ ချီးမွမ်းဖွယ် ယဇ်အလှူဒါနကား။ ယထာရူပေ၊ သော။ ယညေ၊ ယဇ်အလှူဒါန၌။ ဝါ၊ ယဇ်အလှူဒါနကြောင့်။ ဂါဝေါ၊ နွားတို့ကို။ နေဝ ဟညန္တိ၊ မသတ်အပ်ကုန်။ အဇေဠကာ၊ တို့ကို။ န ဟညန္တိ၊ မသတ်အပ်ကုန်။ ပ။ န အာပဇ္ဇန္တိ၊ မရောက်ကုန်။ ဗြာဟ္မဏ၊ ဏ္ဏား။ နိစ္စဒါနံ၊ နိစ္စဘတ် စာရေးတံဆွမ်း အလှူတည်းဟူသော။ ဝါ၊ မပြတ်မစဲမြဲသောစာရေးတံဆွမ်းအလှူတည်းဟူသော။ ယဒိဒံ အနုကုလယညံ၊ အကြင်မျိုး နွယ်စဉ်ဆက်လှူဒါန်းအပ်သော အလှူဒါနသည်။ (အတ္ထိ၊ ရှိ၏။) အဟံ၊ ငါသည်။ ဧဝရူပံ၊ သော။ နိရာရမ္ဘံ၊ ညှဉ်းဆဲသတ်ဖြတ်ရခြင်း မရှိသော။ တံ ယညံ၊ ထို နိစ္စဒါန အနုကုလယညကို။ ဝဏ္ဏေမိ၊ ချီးမွမ်း၏။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တံ၊ ထိုသို့ ချီးမွမ်းခြင်းသည်။ (ဟောတိ၊ ဖြစ်သနည်း ဟူမူ)။ ပ။ ဥပသင်္ကမန္တိ၊ ကြွရောက် ခံယူတော်မူကြကုန်၏။ ဣတိ၊ ထို့ကြောင့်။ (တံ၊ ထိုသို့ချီးမွမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူပြီ။) [ဣတိ တလုံးကျေ၏။ ထိုဣတိဖြင့် အဝေါစသို့ ပြန်စပ်။]
အဿမေဓံ၊ အဿမေဓယဇ်လည်းကောင်း။ ဝါ၊ မြင်းကိုသတ်ရာယဇ်လည်းကောင်း။ [အဿမေဓ စသည်တို့နှင့်စပ်၍ မှတ်ဖွယ်ကို အဋ္ဌကနိပါတ်၊ ပထမဦးဆုံးသုတ်(စာပိုဒ်-၁-မေတ္တာသုတ်)၌ ရေးထားပြီ။) ပုရိသမေဓံ၊ ပုရိသမေဓယဇ်လည်းကောင်း။ ဝါ၊ ယောက်ျားကိုသတ်ရာယဇ်လည်းကောင်း။ သမ္မာပါသံ၊ လည်းကောင်း။ ဝါ၊ ထမ်းပိုးကျည်းကို ပစ်ချရာယဇ်လည်းကောင်း။ ဝါဇပေယျံ၊ လည်းကောင်း။ ဝါ၊ ( မန္တန်ဖြင့် စီမံထား အပ်သော) ထောပတ်ပျားရည်ကို သောက်ရာယဇ်လည်းကောင်း။ နိရဂ္ဂဠံ၊ လည်းကောင်း။ ဝါ၊ (ဘဏ္ဍာတိုက် စပါးကျီစသည်တို့၌) တံခါးရွက်မရှိရာယဇ်လည်းကောင်း။ ဝါ၊ ပစ္စည်းဥစ္စာတို့ကို လျှို့ဝှက်ချွင်းချန် မထားတော့ဘဲ တံခါးကို ဖွင့်လှစ်၍အားလုံးစုံပေးအပ်ပူဇော်ရာ ယဇ်လည်းကောင်း။ (ဣတိ၊ ဤမည်ကုန်သော။) မဟာရမ္ဘာ၊ များစွာကုန်သော သားကောင်တို့ကို သတ်ဖြတ် ရခြင်းရှိကုန်သော။ ဝါ၊ များစွာအားထုတ် ပြုလုပ်မှုကိစ္စရှိကုန်သော။ ယေ မဟာယညာ၊ အကြင်ယဇ်ကြီး ငါးမျိုးတို့သည်။ (သန္တိ၊ ရှိကုန်၏။) တေ မဟာယညာ၊ ထို ယဇ်ကြီးငါးမျိုးတို့သည်။ မဟပ္ဖလာ၊ များသောအကျိုးရှိ ကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။
ယတ္ထ၊ အကြင်ယဇ်ကြီးငါးမျိုး၌။ အဇေဠကာစ၊ တို့ကိုလည်းကောင်း။ ဂါဝေါ စ၊ နွားတို့ကိုလည်းကောင်း။ ဝိဝိဓာ စ၊ ထူးထွေများပြားလှသောသတ္တဝါတို့ကိုလည်းကောင်း။ ဟညရေ၊ သတ်အပ်ကုန်၏။ သမ္မဂ္ဂတာ၊ ကောင်းစွာ ကျင့်တော်မူကြကုန်သော။ မဟေသိနော= သီလ သမာဓိ အစရှိဂုဏ်ထူး ဆည်းပူးရှာမှီးတော်မူကြကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်။ တံ ယညံ၊ ထိုယဇ်ကြီးငါးမျိုးသို့။ န ဥပယန္တိ၊ ကြွရောက်ခံယူတော်မမူကြကုန်။
ယေ စ ယညာ၊ အကြင်နိစ္စဘတ် ဆွမ်းအလှူတို့သည်ကား။ နိရာရမ္ဘာ၊ သတ်ဖြတ်ရခြင်း မရှိကုန် ။ (ယေ ယညေ၊ အကြင်နိစ္စဘတ် ဆွမ်းအလှူတို့ကို။) သဒါ၊ အခါခပ်သိမ်း။ အနုကုလံ၊ မျိုးရိုးတသိုက် အစဉ်လိုက်၍။ ယဇန္တိ၊ လှူဒါန်းပူဇော်ကြကုန်၏။ ဧတ္ထ၊ ဤနိစ္စဘတ် ဆွမ်းအလှူတို့၌။ အဇေဠကာ စ၊ လည်း ကောင်း။ ဂါဝေါစ၊ လည်းကောင်း။ ဝိဝိဓာ စ၊ လည်းကောင်း။ နဟညရေ၊ မသတ်အပ်ကုန်။
တဉ္စ ယညံ၊ ထို နိစ္စဘတ် ဆွမ်းအလှူသို့သာလျှင်။ သမ္မဂ္ဂတာ၊ ကုန်သော။ မဟေသိနော၊ တို့သည်။ ဥပယန္တိ၊ ကြွရောက်ခံယူတော်မူကြကုန်၏။
မေဓာဝီ၊ ပညာရှိသည်။ ဧတံ၊ ဤနိစ္စဘတ် ဆွမ်းအလှူကို။ ယဇေထ၊ လှူဒါန်းထိုက်၏။ ဧသော ယညော၊ ဤနိစ္စဘတ် ဆွမ်းအလှူသည်။ မဟပ္ဖလော၊ များသောအကျိုးရှိ၏။ ဟိ၊ ထိုစကားမှန်၏။ ဧတံ၊ ဤနိစ္စဘတ် ဆွမ်းအလှူကို။ ယဇမာနဿ၊ လှူဒါန်းပူဇော်သောသူမှာ။ သေယျော၊ မြတ်သော အကျိုးထူးသည်သာ။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ ယုတ်နိမ့်သော အကျိုးသည်။ န ဟောတိ၊ မဖြစ်နိုင်။ ယညော စ၊ အလှူဒါနသည်လည်း။ ဝိပုလော၊ အကျိုးတရားအားဖြင့် ပြန့်ပွားများပြားသည်။ ဝါ၊ ပြန့်ပွားများပြားသော အကျိုးရှိသည်။ ဟောတိ၊ ၏။ ဒေဝတာ စ၊ နတ်တို့သည်လည်း။ ပသီဒန္တိ၊ ကြည်ညိုကြကုန်၏။ ဣတိ(အဝေါစ။) နဝမံ။