ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အတ္တန္တ ပေါ ၁။**အတ္တန္တပေါ**။ ။ အဋ္ဌကထာ၌ အတ္တန္တ ပ စသောပုဒ်တို့ကို “ အတ္တာနံ တပတိ ဒုက္ခာပေတီတိ အတ္တန္တပေါ၊ မိမိကိုယ်ကို ဆင်းရဲပူ ပန်စေတတ်သောသူ ” စသည်ဖြင့် ဝိဂြိုဟ်ပြု၏၊ ဋီကာ၌လည်း အတ္တန္တ ပပုဒ်မှ အတ္တကို “ အာဟိတော အဟံမာနော ဧတ္ထာတိ အတ္တာ၊ ငါဟူသောမာနကို သိမ်းဆည်းဆောင်ထားအပ်ရာခန္ဓာကိုယ်အတ္တဘော ” ဟု အဓိကရဏသာဓနဝိဂြိုဟ်ပြု၏၊ ထိုပိဂြိုဟ်နှင့်အညီ အာပုဗ္ဗဓာ ဓာတ် တပစ္စည်း၊ ဓာတွန် အာကိုချေ၊ အာဥပသာရကို ရဿပြု၊ ဓကို တပြု၍အတ္တပုဒ်ရုပ်ပြီးသည်ဟု ကြံနိုင်၏၊ ထိုဋီကာဝိဂြိုဟ်ကိုပင် နည်းမှီ၍ “ အဟံမာနော အာဓီယတေ ဌပီယတေ ဧတ္ထာတိ အတ္တာ၊ အဟံမာနံ အာဒဟတိ ဌပေတိ ဧတ္ထာတိ အတ္တာ ” ဟူ၍ အာဟိတော ဟူ သော ကိတ်ပုဒ်နေရာ၌ ကမ္မရုပ်, ကတ္တုရုပ်အာချတ်ပုဒ် ပြောင်းလဲ၍ ဝိဂြိုဟ်ပြုနိုင်၏။
၊ မိမိကိုယ်ကို ဆင်းရဲပူပန်စေတတ်သည်။ (ဟုတွာ၊ ဖြစ်၍။) အတ္တပရိတာပနာနုယောဂံ၊ မိမိကိုယ်ကို ဆင်းရဲပူပန်စေခြင်းကိစ္စကို ထပ်တစ်လဲလဲ အားထုတ်မှုဝီရိယကို။ အနုယုတ္တော၊ ကြိုးစားအားထုတ်သည်။ ဟောတိ၊ ဖြစ်၏။
သော၊ ထိုပုဂ္ဂိုလ်သည်။ နဂရဿ၊ မြို့မှ။ ပုရတ္ထိမေန၊ အရှေ့အရပ်၌။ နဝံ၊ အသစ်ဖြစ်သော။ သန္ထာဂါရံ၊ ယဇ်စရပ်ကို။ ဝါ၊ ယဇ်တင်းကုပ်ကို။ ကာရာ ပေတွာ၊ ဆောက်လုပ်စေပြီး၍။ ကေသမဿုံ၊ ဆံပင်နှင့် မုတ်ဆိတ်ကို။ သြဟာရေတွာ၊ ရိတ်ဖြတ်ပယ်ရှား၍။ ခရာဇိနံ ၁။ခံရာဇိနံ-၌ ခရုသဒ္ဒါ။ ။ အဋ္ဌကထာ၌ ခရာဇိနံပုဒ်ကို “ သခုရံအဇိနစမ္မံ ” ဟု ဖွင့်သောကြောင့် ခွာအနက်ဟော “ ခုရ ” ပုဒ်မှ ခရပုဒ်သို့ ပြောင်းလာလေသလောဟု တွေးတောဖွယ်ရှိ၏၊ သို့သော် တိကနိပါတ်စာပိုဒ် (၉၄) ပဝိဝေကသုက်၌လည်း ခရသဒ္ဒါမပါသော အဇိနက္ခိပပုဒ်ကို “ သဟခုရံ ”ဟုပင်ဖွင့်၏၊ ထို့ကြောင့် “ ခရာဇိနံ ဇဋာပင်္ကောတိ ခရသမ္ဖဿံ အဇိနစမ္မဉ္စေဝ ” ဟူသောသံယုတ်အဋ္ဌကထာ (တ– ၄၃) အဖွင့်နှင့်အညီ ကြမ်းတမ်းခြင်းအနက် ဟောသော ခရသဒ္ဒါကလွဲ၍ ဘာမျှ ထူးထူးထွေထွေ ကြံစရာမလိုတော့ပါ။
၊ ခွာနှင့်တကွသော ကြမ်းတမ်းသော သားကောင်ရေကို။ နိဝါသေတွာ၊ ဝတ်၍။ သပ္ပိတေလေန၊ ထောပတ်နှင့်ဆီဖြင့်။ ဝါ၊ ထောပတ်နှင့်ရောသောဆီဖြင့်။ ကာယံ၊ ကိုယ်ကို။ အဗ္ဘဉ္ဇိတွာ၊ သုတ်လိမ်း၍။ မဂဝိသာဏေန၊ သားကောင်၏ ဦးချိုဖြင့်။ ပိဋ္ဌိံ၊ ကျောက်ကုန်းကို။ ကဏ္ဍုဝမာနော၊ အယားဖျောက်လျက်။ မဟေသိယာ စ၊ မိဖုရားနှင့်လည်းကောင်း။ ပုရောဟိတေန၊ ပုရောဟိတ်ဖြစ်သော။ ဗြာဟ္မဏေနစ၊ ပုဏ္ဏားနှင့်လည်းကောင်း။ သဒ္ဓိံ၊ အတူတကွ။ နဝံ၊ သော။ သန္ထာဂါရံ၊ သို့။ ပဝိသတိ၊ ဝင်၏။
ဇတ္တကာ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဥသဘာ၊ နွားလားတို့ကို။ ယညတ္ထာယ၊ ယဇ်ပူဇော်ခြင်းအကျိုးငှာ။ ဟညန္တု၊ သတ်အပ်စေကုန်သတည်း။ ဧတ္တကာ၊ ကုန်သော။ ဝစ္ဆတရာ ၁။**ဝစ္ဆတရပုဒ်ရုပ်ပြီး။ ။ ဝစ္ဆတရာ၊ နွားငယ်၏ အဖြစ်ကို ကျော် လွန်၍နွားငယ်ကလေးထက်ကြီးသော နွားသိုး, နွားပေါက်, နွားလတ် များ။ မောဂ္ဂလ္လာန်ဏာဒိကဏ္ဍမှ “ ဝစ္ဆာဒီဟိ တနုတ္တေ တံရော ” ဟူ သော (၅၆) သုတ်ဖြင့် ဝစ္ဆပုဒ်နောင်တရပစ္စည်းသက်။ သို့သော် “ ဝစ္ဆ ဘာဝံ တရိတွာ ဌိတော ဝစ္ဆတရော ” ဟူသောဋီကာအလို အားဖြင့်မူ ဝစ္ဆသဒ္ဒူပပဒ, တရဓာတ်, အပစ္စည်းကြံ။ ဝစ္ဆံ ဝစ္ဆဘာဝံအတရီတိ ဝစ္ဆတရော၊ နွားငယ်၏အဖြစ်ကို ကျော်လွန်ပြီးသော နွားများ (နွား သိုးများ)။
၊ နွားသိုးနွားလတ်တို့ကို။
ပ။
ဝစ္ဆတရိယော၊ နွားမတမ်း, နွားမလတ်တို့ကို။
ပ။
အဇာ၊ ဆိတ်တို့ကို။
ပ။
ဥရမ္ဘာ၊ သိုးတို့ကို။
ပ။
အဿာ၊ မြင်းတို့ကို။
ပ။
ဧတ္တကာ၊ ကုန်သော။
ရုက္ခာ၊ သစ်ပင်တို့ကို။
ယူပတ္ထာယ၊ ယဇ်တိုင်အကျိုးငှာ။
ဆိဇ္ဇန္တု၊ ဖြတ်အပ်စေကုန်သတည်း။
ဧတ္တကာ၊ ကုန်သော။
ဒဗ္ဘာ၊ သမန်းမြက်တို့ကို။
ဗရိဟိသတ္ထာယ၂။ဗရိဟိသတ္ထာယ။ ။ ပါဠိအဘိဓာန် ( ၆ဝ၂) ဂါထာ၌ “ ကု
သော ဝရဟိသံဒဗ္ဘော” ဟူ၍ သမန်း မြက်အနက်ဟော ပရိယာယ်သုံး
ပုဒ်ပြထား၏။ ထိုသုံးပုဒ်တို့တွင် အ (ပ်)တေနှင့် ဆာမော်နီယာဝီလျံတို့၏ သက္ကတအင်္ဂလိပ် အဘိဓာန်တို့၌ ဒဗ္ဗ(ဒရ်ဘ) သဒ္ဒါကို–
a tuft or bunch of (Sacred) grass (esp. of kusa grass; used for sacrificial purpose) တရိုတသေ အမွန်အမြတ်ထား၍ အသုံးပြုရသောမြက်ဖုတ်၊ မြက်ဆုပ် (အထူးအားဖြင့် ယဇ်ပူဇော်ဖို့အတွက်အသုံးပြုရသောသမန်းမြက်) ဟု အနက်ဖွင့်ဆို၏။ ထို့အတူ ကုသ
ပုဒ်ကိုလည်း “ အများအားဖြင့်ဘာသာရေး အခမ်းအနား၌ တရိုတသေအသုံးပြုရသော မြက်”ဟူ၍ပင် ဖွင့်၏။ [ဤနိဿယ၌ “ ဒဗ္ဘ (ကုသ)၊ သမန်းမြက်” ဟု မြန်မာပြန်ထားသော် လည်း အိန္ဒိယနိုင်ငံမှ ဒဗ္ဘ (ကုသ)မည်သောမြက် သည် မြန်မာပြည်မှ သမန်းမြက်နှင့် ပုံစံအနည်းငယ်ကွဲလွဲ၍ အနည်းငယ် အနံ့သင်းသည်ဟု စုံစမ်းသိရှိရ၏၊ သို့သော် ထိုဣန္ဒိယနိုင်ငံမှ ဒဗ္ဘသည်လည်း မြန်မာ သမန်းမြက် အမျိုး
အစား၌ ပါဝင်နိုင်လောက်သောကြောင့် ရှေးရိုးအစဉ်အလာအတိုင်း
“ ဒဗ္ဘ , ကုသ၊ သမန်းမြက် ”ဟုပင် မြန်မာပြန်ဆိုလိုက်ပါသည်။]
ပြခဲ့သော “ ဒဗ္ဘ , ကုသ, ဝရဟိသ ”ပုဒ်တို့တွင် ဝရဟိသပုဒ်သည် သက္ကတမှ “ ဗရ်ဟိသ် ”ပုဒ်နှင့် အသွင်သဏ္ဌာန် အတူတူပင်ဖြစ်၏။ ထို့
ကြောင့် ဤသုတ်ပါဠိတော်၌ “ဝရဟိသတ္ထာယ ” ဟုရှိလျှင် ယခင်ပါဠိအဘိဓာန် (၆ဝ၂)ဂါထာနှင့်တူညီ၏။
သို့သော် သက္ကတ၌ ရေဖနှင့်တကွသော အာရ်ယ, ပရ်ယပ္တိ ပရ်ယန္တ , ပရ်ယင်္ကဟူသော သဒ္ဒါတို့သည် ပါဠိ၌ အရိယ, ပရိယတ္တိ, ပရိယန္တ , ပရိယင်္က ( ပလ္လင်္က၊ ခုတင်ညောင်စောင်း) ဟု ဖြစ်သကဲ့သို့ ထို့အတူ သက္ကတ၌ ရေဖနှင့်တကွသော “ ဗရ်ဟိသ်” သဒ္ဒါသည်လည်း ပါဠိ၌ “ ဗရိဟိသ ” ဟုဖြစ်၏။ ထို့ကြောင့် “ဝရဟိသ” ဟု ရှိခြင်းထက် “ ဗရိဟိသ” ဟု ရှိခြင်းက ပိုကောင်း၏၊ တောင်ပေါက်ဆရာ တော်ကြီး၏ အဘိဓာန်နိဿယ၌လည်း “ဗရိဟိသ” ဟုသာ ရှိ၏။ ထို့ကြောင့်ပင် P.T.S မည်သော ပါဠိအင်္ဂလိပ်အဘိဓာန်နှင့် ယခုဆဋ္ဌသင်္ဂါယနာမူအတိုင်း ပါဠိတော်၌ “ ဗရိဟိသတ္ထာယ ” ဟု ပါဌ်ရှိသင့်၏။ ပြခဲ့သော သက္ကတအင်္ဂလိပ်အဘိဓာန်တို့၌ “ ထိုဗရ်ဟိသ် ” သဒ္ဒါ၏ အနက်ဖွင့်ဆိုချက်များမှာ– 1 Sacrificial grass (kusa grass) 2 a bed or layer of kusa grass (usually strewed over the sacrificial ground and esp. Over the vedi to serve as a sacred surface on which to present the oblations, and as a seat for the gods and for the sacrificers.)
မြန်မာပြန်– (၁) ယဇ်ပူဇော်စရာမြက် (သမန်းမြက်) (၂) သမန်းမြက်အခင်း (အများအားဖြင့် ထိုသမန်း မြက်များကို ယဇ်ပူဇော်ရာမြေပြင် (ယဇ်တလင်းပြင်) ၌ကြဲဖြန့်ခင်းထားရ၏။ အထူးအားဖြင့် ယဇ်ပလ္လင်ပေါ်မှာ ကြဲဖြန့်ခင်းထားရ၏။ ယင်းသို့ ကြဲဖြန့်ရာ၌ (၁) ပူဇော် ပသဖွယ်ပစ္စည်းများကို ဆက်သတင်မြှောက်ရန်အတွက် မြင့်မြတ်
သောနေရာအဖြစ် စီစဉ်သတ်မှတ်ရန်နှင့် (၂) ယဇ်နတ်နှင့် ယဇ်ပူဇော်သူများအတွက်နေရာထိုင် ခင်း ပြုလုပ်ရန်ဟူသော ရည်ရွယ်ချက်
များဖြင့်သမန်းမြက်များကို ကြဲဖြန့်ခင်းထားရခြင်းဖြစ်၏၊ ( ထိုသမန်းမြက်အခင်းကိုလည်း “ ဗရ်ဟိသ် ” ဟု ခေါ်၏”
ထိုအဘိဓာန်အဖွင့်များသည် “ ဗရိဟိသတ္ထာယာတိ ပရိက္ခေပကရဏတ္ထာယ စေဝ ယညဘူမိယံ အတ္ထရဏတ္ထာယ စ ” ဟူသော အဋ္ဌကထာအဖွင့်များနှင့် တစ်ထပ်တည်းတူညီ၏။ ထို့ကြောင့် ယခင်က ပြခဲ့သည့်အတိုင်း အစ၌ ဒန္တောဋ္ဌဇ “ဝ” (သို့မဟုတ်) သြဋ္ဌဇ တတိယက္ခရာ “ဗ”တို့ဖြင့်လည်းကောင်း၊ နိဂ္ဂဟိတ် မပါသော “ဟိ” ဖြင့်လည်းကောင်းရှိသော “ ဝရဟိသ, ဗရိဟိသ ” ပါဌ်တို့သာ မှန်ကန်ကြောင်း၊ပရိဟိံသ, ပရဟိံသ, ပရိကမ္မဟူသောပါဌ်များ မှားယွင်းကြောင်း သေချာ
စွာသိနိုင်၏။
ပါဠိတော်ဆိုလိုရင်း။ ။ ပြခဲ့သော အဘိဓာန်အဖွင့်, အဋ္ဌကထာအဖွင့်တို့နှင့်အညီ “ဧတ္တကာ ဒဗ္ဘာလူယန္တု ဗရိဟိသတ္ထာယ” ဟူသော ဘုရင်အမိန့်ပေးပုံပြ ပါဠိတော် ဝါကျ၌ သမန်းမြက်ကို ရိတ်သည်ဟုဆိုရာ၌ ယဇ်ပူဇော်မည့်နေရာ၏ ပတ်ပတ်လည်၌ ထိုသမန်းမြက်တို့ဖြင့် အကာအရံ စည်းဝိုင်းပြုလုပ်ခြင်း အကျိုးငှာလည်းကောင်း,
ယဇ်ပူဇော်မည့်နေရာ (ယဇ်တလင်းပြင်)၌ ထိုသမန်းမြက်များကြဲဖြန့်ခြင်းဖြင့် သမန်းမြက်အခင်း ပြုလုပ်ခြင်းအကျိုးငှာလည်းကောင်း ထိုသမန်းမြက်များကို ရိတ်ယူရခြင်းဖြစ်သည်ဟု ဆိုလိုရင်းအဓိပ္ပာယ်မှန်ကို သိနိုင်ပေသည်။
နေဇာမြက်ဟု အနက်ပြန်ဆိုသင့်, မသင့်။ ။ ထို့အပြင် ဒဗ္ဘကို ( Sacred grass) ဟု အဘိဓာန်ဖွင့်ဆိုခဲ့သည့်အတိုင်း ဣန္ဒိယနိုင်ငံ၌ ယခုအချိန်တိုင်အောင်ပင် သမန်းမြက်ကို တရိုတသေ အသုံးပြုလေ့ရှိကြ၍ တရားအားထုတ်သောအခါ သမန်း မြက်ကို ဖြန့်ခင်းထိုင်၍ အားထုတ်လေ့ရှိကြသတတ်။ မြန်မာနိုင်ငံ၌မူသမန်းမြက်ကို အမွန်အမြတ်မထားဘဲ နေဇာမြက် (မြေဇာမြက်)ကို အမွန်အမြတ်ထားကာရှင်လောင်းအဘိသိက်သွန်းခြင်းစသော မင်္ဂလာကိစ္စတို့၌ နေဇာမြက်ကိုအသုံးပြုလေ့ရှိကြ၏။ ပရိတ်အိုး၌လည်းနေဇာ မြက်ကို ထိုးစိုက်ကြ၏။ ဤသုတ်ပါဠိတော်နှင့် “ န ဒဗ္ဘာ လူယိံသု ” ဟူသော သီလက္ခန် ကူဋဒန္တသုတ် ပါဠိတော် ( ၁၃၄) ၌ အသဒိသဒွေဘော်ဖြင့်ရှိသော
ဒဗ္ဘသဒ္ဒါကို နေဇာမြက်ဟု အနက်မှားယွင်းပြန်ဆိုကြသည်မှာလည်း ထိုမြန်မာတို့ အလေ့အထကို စိတ်စွဲနေခြင်းကြောင့်လည်းဖြစ်နိုင်၏။
သို့သော် ပါဠိတော်အနက်ပြန်ဆိုရာ၌ မြန်မာနိုင်ငံအလေ့အထနှင့် မည်သို့မျှ မသက်ဆိုင်သည်သာမက အကယ်၍ နေဇာမြက်ကို ဆိုလိုသည်မှန်ပါက နေဇာ မြက်မှာ လက်ဖြင့်နုတ်ရုံမျှဖြင့် ရနိုင်၍ တံစဉ်
ဖြင့် ရိတ်နေဖွယ်မလိုသောကြောင့် “ လူယန္တုလူယိံသု ” ဟု ဆိုစရာမလိုပါ။
ထို့ပြင် နေဇာမြက်အနက်ကို ဟောရာ၌ အသဒိသ ဒွေဘော်ဖြင့်
မတွေ့ ရဘဲ သဒိသဒွေးဘော်ဖြင့် “ ဒဗ္ဗ ”ဟုတွေ့ ရ၏၊ အဘယာရာမအဘိဓာန်နိဿယသစ် (၅၉၉) ဂါထာ၌ “ သဒ္ဒလ, ဒုဗ္ဗာ, ဒဗ္ဗ, တိရိယာ ” ဟူ၍ နေဇာမြက်ဟော ပရိယာယ် ငါးပုဒ်ထုတ်ပြ၏။
၊ အကာအရံစည်းဝိုင်းနှင့်ယဇ်မြေအခင်း ပြလုပ်ခြင်းငှာ။ လူယန္တု၊ ရိတ်အပ်စေကုန်သတည်း။ ဣတိ၊ ဤသို့။ (အာဟ၊ အမိန့်ပေး၏။)
တနည်း– (၁) ပဋိဂ္ဂဟဏ- ကိုယ်ဖြင့်ခံယူခြင်း၊ (၂) ပဋိဂ္ဂဟဏ- နှုတ်ဖြင့်ခံယူခြင်း၊ (၃) ပဋိဂ္ဂဟဏ- စိတ်ဖြင့်ခံယူခြင်းဟူ၍ ပဋိဂ္ဂဟဏသဒ္ဒါသုံးမျိုးဖြင့် “ ဇာတရူပရဇတပဋိဂ္ဂဟဏ ပဋိဂ္ဂဟဏ ပဋိဂ္ဂဟဏာ ” ဟု ဆိုလိုလျက် သာမည နိဒ္ဒေသနည်းအား ဖြင့် သဒ္ဒါချင်းတူရာပေါင်း၍ “ ဇာတရူပရဇတပဋိဂ္ဂဟဏာ ” ဟူ၍ ပဋိဂ္ဂဟဏသဒ္ဒါတစ်ခုကိုသာ ဟောတော်မူသည်။ သို့မဟုတ်–
“ ပဋိဂ္ဂဟဏဉ္စ ပဋိဂ္ဂဟဏဉ္စ ပဋိဂ္ဂဟဏဉ္စ ပဋိဂ္ဂဟဏံ ” ဟု ဧကသေသ်သော်လည်း ကြံရ၏၊ ထို၌ (၁) ပဋိဂ္ဂဟဏ- ကိုယ်ဖြင့်ခံယူခြင်းဟူသည် ကိုယ်တိုင်ခံယူကိုင်တွယ်ခြင်းတည်း၊ (၂) ပဋိဂ္ဂဟဏ- နှုတ်ဖြင့်ခံယူခြင်းဟူသည် သူတစ်ပါးကို ခံယူခိုင်းခြင်းတည်း၊ (၃) ပဋိဂ္ဂဟဏ- စိတ်ဖြင့် ခံယူခြင်းဟူသည် မျက်မှောက် မျက်ကွယ် နှစ်သွယ်အပ်နှံလှူဒါန်းအပ်သည်ကို သာယာနေခြင်းတည်း။ ၊ ရွှေငွေကို ခံယူခြင်းမှ။ [ အလွယ်တကူ သာမညမျှ ပြန်ဆိုအပ်သော အနက်တည်း။] ဝါ၊ ရွှေငွေကိုကိုယ်တိုင် ခံယူခြင်း, သူတစ်ပါးကို ခံယူစေခြင်း, နီးဝေးနှစ်တန် အပ်နှံလှူဒါန်းအပ်သည်ကို သာယာခြင်းမှ။ ဝါ၊ ရွှေငွေကို ကိုယ်နှုတ်စိတ်တို့ဖြင့်ခံယူခြင်းမှ။ ပ။
ဒူတေယျပဟိဏဂမနာနုယောဂါ ၁။ဒူတေယျဗဟိဏဂမနာနုယောဂ။ ။ ဒူတာနံ- တမန်တို့၏။ ကမ္မံ- လုပ်ငန်းဖြစ်သော သတင်းအပို့သွားခြင်းတည်း။ ဒူတေယျံ- ခြင်း။ ပဟိဏဿ (ပေသိတဿ)- စေခိုင်းခံရ၍။ ဂမနံ- တစ်အိမ်မှ တစ်အိမ်သို့ ခရီးတိုသွားခြင်း တည်း၊ ပဟိဏဂမနံ- ခြင်း။ အနုယောဂ- ပြုလုပ်အားထုတ်ခြင်း။ ဒူတေယျဉ္စ ပဟိဏဂမနဉ္စ ဒူတေယျပဟိဏဂမနာနိ၊ တေသံ အနုယောဂေါ ဒူတေယျ ပဟိဏဂမနာနုယောဂေါ။
၊ စေတမန်တို့၏ လုပ်ငန်းဖြစ်သောအရပ်ဝေးသို့ သဝဏ်စာလွှာ နှုတ်မှာစကား အပို့သွားခြင်း, စေခိုင်းခံရသည်ဖြစ်၍ တစ်အိမ်မှ တအိမ်သို့ ခရီးတိုသွားခြင်းတို့ကို ပြု လုပ်အားထုတ်ခြင်းမှ။ ပ။
တုလာကူဋ၂။**တုလာကူဋ ကံသကူဋ မာနကူဋာ** ။ ။ တုလာယ၊ ချိန်ခွင်, ချိန်ခွက်, ချိန်လေးဖြင့်၊ ကူဋံ(ဝဉ္စနံ)= လိမ်လည်လှည့်စားခြင်း။ ထိုတုလာကူဋသည် ရူပကူဋ, အင်္ဂကုဋ , ဂဟဏကူဋ , ပဋိစ္ဆန္နကူဋဟူ၍ လေးမျိုးရှိ၏၊ ထိုလေးမျိုးတို့တွင်–
(၁) ချိန်ခွင် ချိန်ခွက်, အလေးတို့ကို ပုံသဏ္ဌာန်တူ အကြီးအသေး အရွယ်အစားနှစ်မျိုး ပြုလုပ်ထားပြီးလျှင် မိမိက ကုန်ပစ္စည်းဝယ်ယူသောအခါအကြီးဖြင့် ချိန်တွယ်ဝယ်ယူ၍ မိမိက ကုန်ပစ္စည်းရောင်းသောအခါ အသေးဖြင့် ချိန်တွယ်ပေး၏။ ယင်းသို့ ပြုလုပ်ခြင်းကို ရူပကူဋ (အသွင်သဏ္ဌာန်ဖြင့်လှည့်စားခြင်း) ဟု ခေါ်၏။ (၂) မိမိက ကုန်ပစ္စည်းဝယ်ယူသောအခါ အလေးရှိရာဘက်ကချိန်ခွင်ကို လက်ဖြင့်ဖိနှိပ်၍ ပစ္စည်းများများထည့်ယူ၏၊ မိမိက ကုန်ပစ္စည်းပေးရသောအခါ ပစ္စည်းရှိရာဘက်က ချိန်ခွင်ကို လက်ဖြင့်ဖိနှိပ်၍ ပေး၏၊ ရောင်း၏၊ ယင်းသို့ လှည့်စားခြင်းကို အင်္ဂကူဋ (ကိုယ်အင်္ဂါဖြင့် လိမ်လည်လှည့်စားခြင်း)ဟုခေါ်၏၊ (၃) မိမိက ပစ္စည်းယူသောအခါ ချိန်ခွင်၏ အရင်းဘက်က ကြိုးကို ဆုပ်ကိုင်ယူ၏၊ မိမိက ပစ္စည်းပေးရသောအခါ အဖျားဘက်ကကြိုးကို ဆုပ်ကိုင်ပေး၏၊ ယင်းသို့လည့်စားခြင်းကို ဂဟဏကူဋ (မသမာသော ယူပုံယူနည်းဖြင့် လှည့်စားခြင်း) ဟုခေါ်၏။ (၄) ချိန်ခွင်ကို အခေါင်းရှိအောင်ပြုလုပ်လျက် ထိုအခေါင်းအတွင်း၌သံမှုန့်ထည့်ပြီးလျှင် မိမိက ပစ္စည်းဝယ်ယူသောအခါ သံမှုန့်ရှိရာဘက်၌ အလေးထည့်၍ ပစ္စည်းများများထည့်ယူ၏၊ မိမိက ပစ္စည်းရောင်းသောအခါ၌ကား သံမှုန့်ရှိရာဘက်၌ ကုန်ပစ္စည်းထည့်ကာ ပစ္စည်းကိုလျှော့ချိန်ပေး၏။ ၎င်းကို ပဋိစ္ဆန္နကူဋ (ဖုံးကွယ်၍ လှည့်စားခြင်း)ဟု ခေါ်၏၊ ဤကား တုလာကူဋတည်း။
**ကံသကူဋ**။ ။ ကံသေန ( သုဝဏ္ဏပါတိယာ)၊ ရွှေခွက်ဖြင့်၊ ကူဋံ= လှည့်စား
ခြင်း။ ရွှေခွက်အစစ် တစ်လုံးနှင့် ရွှေခွက်အတု (ရွှေရည်စိမ်ကြေးခွက်) နှစ်လုံးသုံးလုံးတို့ကိုယူ၍ ကျေးလက်ဇနပုဒ်သို့သွားပြီးရောင်းသောအခါ ရွှေခွက်အစစ်ကိုသာ မှတ်ကျောက်ဖြင့် ပွတ်တိုက်ပြ၍ ခွက်အားလုံးကိုရောင်းစားခြင်းတည်း။
**မာနကူဋ**။ ။ မာနေန၊ ချင့်ခွက်, ချင့်တောင်း, တိုင်းတာကြိုးဖြင့်၊ ကူဋံ= လှည့်
စားခြင်း၊ ထိုမာနကူဋသည် ဟဒယဘေဒ, သိခါဘေဒ, ရဇ္ဇုဘေဒဟု သုံးမျိုးရှိ၏။ ထိုတွင်–
(၁) ချင့်ခွက်ချင့်တောင်းတို့၏ အတွင်းဘက် (အဗ္ဘန္တရ) ကို ဟဒယဟု ခေါ်၍ ထိုဟဒယကို အပေါက်ဖောက်ခြင်းကို ဟဒယဘေဒ ဟု ဆိုလို၏။ မိမိကဝယ်ယူလို၍ ဆီထောပတ်စသည်တို့ကို ချင့်သောအခါ ထိုအပေါက်ရှိသော ချင့်ခွက်ထဲ၌ ဆီကိုဖြည်းဖြည်းလောင်းထည့်ပြီး အောက်ခံခွက်ကြီးထဲ၌ ဆီကိုယိုကျစေကာဝယ်ယူ၏။ မိမိက ရောင်းသောအခါ၌ကား ထိုအပေါက်ကို လက်ဖြင့်ပိတ်၍ဆီကိုမြန်မြန်ပြည့်အောင် လောင်းထည့်ရောင်းချ ၏။ (၂) အဦးအဖျားချွန်ကို သိခါဟုခေါ်၍ ထိုသိခါကို ဖြတ်ချခြင်း (လျော့ကျသွားအောင်စတုတ်တိုက်ချခြင်း) ကို သိခါဘေဒ ဟု ခေါ်၏။
ဆန်စပါးစသည်ကို မိမိကဝယ်ယူသောအခါ အောက်ခံတောင်းထဲ၌ လေမခိုအောင် စပါးကို ဖြည်းဖြည်းလောင်းထည့်ပြီး အဖျားချွန် (သိခါ)ကို ထောင်တက်စေကာ ဝယ်ယူ၏၊ မိမိက စပါးရောင်းသော အခါ၌ကား စပါးကို မြန်မြန်လောင်းထည့်၍ အဖျားချွန်ကို လျော့ကျသွားအောင် စတုတ်တိုက်ချ၏။(၃) လယ်ယာစသည်ကို ကြိုးဖြင့် တိုင်းတာသောအခါ လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ ကျဉ်းငယ်သောလယ်ကို ကြီးကျယ်
အောင်တိုင်းတာခြင်းစသည်ကို ရဇ္ဇုဘေဒ (ကြိုးတိုင်းတာမှုကို ဖောက်ဖျက်ခြင်း၊ မမှန်မကန် တိုင်းတာခြင်း) ဟု ခေါ်၏။
+ ကံသကူဋ+ မာနကူဋာ၊ ချိန်ခွင်ဖြင့် လိမ်လည်လှည့်စားခြင်း+ ရွှေခွက်ဖြင့် လိမ် လည်လှည့်စားခြင်း+ ချင့်ခွက်, ချင့်တောင်း, တိုင်းတာကြိုးဖြင့် လိမ်လည်လှည့်စား ခြင်းမှ။ [ ကုဋ၊ လိမ်လည်လှည့်စားခြင်း]။ ပ။
ဥက္ကောဋန,
ဝဉ္စန,
နိကတိ,
သာစိယောဂါ၁။**ဥက္ကောဋန (လဉ္ဇဂ္ဂဟဏ)၊ တံစိုးလက်ဆောင်ယူခြင်း၊ လာဘ်စားခြင်း၊ ဝဉ္စန= ( မမှန်ကန်သောအကြောင်း ပရိယာယ်အသွယ်သွယ်တို့ဖြင့်) လိမ်လည်လှည့် စားခြင်း။ နိကတိ=အတုအပဖြင့် လိမ်လည်လှည့်စားခြင်း၊ (မန္တန်စုပ်, မျက်လှည့်လည်းပြ၍ အတုအပပြုလုပ်လျက် လိမ်လည်လှည့်စားခြင်း) “ နိကတီတိ ယောဂဝသေန ဝါမာယာဝသေန ဝါ ။ပ။ အသုဝဏ္ဏံ သုဝဏ္ဏန္တိ ကတွာ ပတိရူပကေန ဝဉ္စနံ ” ဟူသော အဋ္ဌကထာ၌ “ ယောဂဝသေနာတိ ဝိဇ္ဇာဇပ္ပနာဒိပယောဂ ဝသေန” ဟု သီလက္ခန်ဋီကာသစ် (ပ– ၃၅၃)ဖွင့်၏၊ ထိုအတိုင်း အနက်ပေးထားပါသည်။
သာစိယောဂ၌ တာလုဇ ပဌမက္ခရာနှင့် “ သာစိ ” ပုဒ်ကို အမရ ကောသ, ထောမနိမိစသော သက္ကတအဘိဓာန်တို့၌ အဗျယပုဒ်၌ ထည့်သွင်းထားသောကြောင့် ထိုသာစိပုဒ်ကို ဝိဂြိုဟ်ပြုနေဖွယ်မလိုပါ။ သီလက္ခန်ဋီကာသစ်၌မူ “ သစနံ သထနံ သာစိ၊ ကောက်ကျစ်ခြင်း ” ဟု ဝိဂြိုဟ်ပြုထား၏။
ထို့အပြင် သာစိယောဂ၌ ယောဂသဒ္ဒါကို ဆလ (စဉ်းလဲခြင်း)အနက်ဟောဟု ဝိသုဒ္ဓါရုံစည်ရှင် အဘိဓာန်၌ဆို၏၊ သို့သော် ဤမျှလောက် ထူးဆန်းခက်ခဲသော အနက်ဟောဖြစ်လျှင် အဋ္ဌကထာဆရာကိုယ်တိုင် ဖွင့်ပြခဲ့လေရာ၏၊ မဖွင့်ပြခဲ့သည်ကို ထောက်
သောအားဖြင့် လွယ်ကူသော တွေ့ နေကျ အနက်သာ ဖြစ်သင့်ပါ၏။ ထို့ကြောင့် ယောဂသဒ္ဒါကို အားထုတ်ခြင်း အနက်ဟောကြံကာ ယခင် အနုယောဂပုဒ်၏ ကိုယ်စား
လှယ်ဟုသာ ဆိုသင့်ပါ သည်။
သာစိ (ကုဋိလော) ယောဂေါ အနုယောဂေါ သာစိယောဂေါ၊ စဉ်းလဲကောက်ကျစ်
သော (စဉ်းလဲကောက်ကျစ်စွာ) ပြုလုပ်အားထုတ်ခြင်း၊ (တနည်း)သာစိ (ကုဋိလဿ) ယောဂေါ အနုယောဂေါ သာစိယောဂေါ၊ စဉ်းလဲကောက်ကျစ်သူ၏ (ဝါ= စဉ်းလဲ
ကောက်ကျစ်လျက်) ပြုလုပ်အားထုတ်ခြင်း။ ထို့နောက် ဥက္ကောဋန ဝဉ္စန, နိကတိပုဒ်တို့ကို သာစိယောဂနှင့်–
(၁) **ဥက္ကောဋနသာစိယောဂ**၊ လာဘ်စားခြင်းတည်းဟူသော စဉ်းလဲကောက်ကျစ်စွာ ပြုလုပ်အားထုတ်ခြင်း၊ (၂) **ဝဉ္စနသာစိယောဂ** = ( အကြောင်းဥပါယ် နည်းလမ်းအသွယ်သွယ်ဖြင့်) လိမ်လည် လှည့်စားခြင်းတည်းဟူသောစဉ်းလဲကောက်ကျစ်စွာ ပြုလုပ်အားထုတ်ခြင်း၊ (၃) **နိကတိသာစိယောဂ** = မန္တန်စုပ်ခြင်းစသော လုံ့လပယောဂ တစ်ခုခုဖြင့်သော်လည်းကောင်း, မျက်လှည့်ပြခြင်းဖြင့်သော်လည်းကောင်း အတုအပပြုလုပ်၍ လိမ်လည်လှည့်စားခြင်းတည်းဟူသောစဉ်းလဲကောက်ကျစ်စွာ
ပြုလုပ်အားထုတ်ခြင်း၊ ဤသို့ တွဲစပ်၍ အနက်မှတ်ပါ။
၊ လာဘ်စားခြင်း၊ အကြောင်းဥပါယ် နည်းလမ်းအသွယ်သွယ်ဖြင့်လိမ်လည်လှည့်စားခြင်း၊ မန္တန်ကိုစုပ်, မျက်လှည့်လည်းပြ၍ အတုအပပြုလုပ်လျက် လိမ်လည်လှည့်စားခြင်း တည်းဟူသော စဉ်းလဲကောက်ကျစ်စွာပြုလုပ်အားထုတ်ခြင်းမှ။ ပ။
**သဟသာကာရ**။ ။ သဟသာ ဗလေန ကာရော သဟသာကာရော- ခွန်အားဖြင့် (ဝါ၊ အနိုင်အထက်) ပြုလုပ်ခြင်း၊ (တနည်း) ဗလက္ကာရေပိ သာဟသံ။ အဘိဓာန်ဂါထာ (၁၁၃၀)၊ သဟသာ ဗလေန ပဝတ္တိတော သာဟသော၊ သာဟသောကာရော သာဟသကာရော။ ဤသို့လည်း ပဌမ “သ” ၌ ဒီဃဖြင့် ရှိနိုင်၏။ ၊ လက်စသည်ကိုဖြတ်ခြင်း+ ညှဉ်းဆဲနှိပ်စက်ခြင်း+ ဖွဲ့တုပ်ချည်နှောင်ခြင်း+ (ဆီး နှင်း, ခြုံပိတ်ပေါင်းတို့ဖြင့် ဖုံးကွယ်လျက်) ခရီးသွားတို့ကို လုယက်ခြင်း+ ရွာနိဂုံးစ သည်တို့ကို လုယက်ဖျက်ဆီးခြင်း+နိုင်ထက်စီးနင်း ဓားပြတိုက် အနုကြမ်းစီးခြင်းတို့မှ။ ပ။
(၁) တစ်နေရာရာသို့ သွားလိုသောအခါ (သို့မဟုတ် အဘိက္ကန္တ , ပဋိက္ကန္တ စသော အမှုကိစ္စကို ပြုလုပ်ချင်စိတ်ဖြစ်ပေါ်လာသောအခါ) တရားသဘောအားဖြင့် တိုးတက်ကြီးပွားမှု ရှိမရှိ ( သွားခြင်းကြောင့် အကျိုးရှိမရှိ) ကောင်းစွာခွဲခြားသိသော သာတ္ထကသမ္ပဇည မည်သောဉာဏ်။
(၂) ဘုရားဖူးသွားခြင်းစသောကိစ္စသည် အကျိုးရှိသော်လည်း ယခုသွားဖို့ရာသင့် လျော်သည် မလျော်သည်ကို ကောင်းစွာခွဲခြားသိသော သပ္ပါယသမ္ပဇညမည်သော ဉာဏ်။
(၃) သင့်လျော်သည်ဟု ကောင်းစွာသိ၍ သွားသောအခါ မိမိကြိုက်နှစ်သက်ရာ ကမ္မ ဋ္ဌာန်းကို စီးဖြန်းသွားခြင်းအားဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာခွဲခြားသိသော ဂေါစရသမ္ပဇညမည်သောဉာဏ်။
(၄) အသက်ရှင်အတ္တကောင်က သွားသည်မဟုတ်၊ ငါဆိုသောသူကသွားနေသည်မဟုတ်၊ သွားလိုစိတ်ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ထိုသွားလိုစိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်သည် ဝိညတ်ရုပ်ကို ဖြစ်စေလျက် လှုပ်ရှားခြင်း, တွန်းကန်ခြင်းသဘောအားဖြင့် ခန္ဓာကိုယ် အနှံ့အပြား (အထူးအားဖြင့်ခြေထောက်၌) ပေါ်ကြွလာ၏၊ ထိုစိတ္တဇဝါယောဓာတ်၏ ပေါ်ကြွဖြစ်လာခြင်းကြောင့် ဤကိုယ်ကောင်ဟု သမုတ်အပ်သော ရုပ်အစုအဝေးကြီးသည် ခြေကြွကာလှမ်းကာ သွားခြင်းအမူအရာကို ပေါ်ပေါက်လာစေသည်ဟု မတွေမဝေ ခွဲခြားသိသော အသမ္မောဟသမ္ပဇညမည်သောဉာဏ်။ ထိုသို့ကောင်းစွာခွဲခြားသိသော သာတ္ထကသမ္ပဇညစသော ဉာဏ်လေးမျိုးကို သမ္ပဇာနပုဒ်အရယူရ၏၊ သမ္ပဇာနေန ကာရီ သမ္မဇာနကာရီ၊ ကောင်းစွာခွဲခြားသိသောဉာဏ်ဖြင့် (ရှေ့သို့သွားခြင်း, နောက် သို့ဆုတ်ခြင်း စသောကိစ္စကို) ပြုလေ့ရှိသူ။
(တနည်း) သမ္ပဇာနံ ကာရီ သမ္မဇာနကာရီ၊ ( ရှေ့သွားခြင်း, နောက်ဆုတ်ခြင်းစသော ကိစ္စတို့၌ အကျိုးရှိမရှိ , လျော်မလျော်စသည်ကို) ကောင်းစွာခွဲခြားသိသောဉာဏ်ကို ပြု လေ့ဖြစ်စေလေ့ရှိသူ၊ (တနည်း) သမ္ပဇာနဿ ကာရော သမ္ပဇာနကာရော၊ ကောင်းစွာခွဲ ခြားသိသောဉာဏ်ကို ပြုခြင်းဖြစ်စေခြင်း၊ သောအဿ အတ္ထီတိ သမ္ပဇာနကာရီ၊ ကောင်းစွာခွဲခြားသိသောဉာဏ်ကို ပြုခြင်းဖြစ်စေခြင်းရှိသူ။ ၊ ကောင်းစွာခွဲခြားသိသောဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ( ကောင်းစွာ ခွဲခြားသိသောဉာဏ်ဖြင့် ရှေ့သွားခြင်း, နောက်ဆုတ်ခြင်းကိစ္စကို ပြုလေ့ရှိသည်။) ဝါ၊ ကောင်းစွာခွဲခြားသိသောဉာဏ်ကို ပြုလေ့ဖြစ်စေလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အာလောကိတေ၊ မိမိ၏ရှေ့တည့်တည့်ကြည့်ခြင်း၌လည်းကောင်း။ ဝိလောကိတေ၊ စောင်းငဲ့ကြည့်ခြင်း၌ လည်းကောင်း။ ဝါ၊ မိမိ၏ ဝဲယာဘက်ကို ကြည့်ခြင်း၌ လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ ခွဲခြားသိသောဉာဏ်ဖြင့် ပြုလေ့ရှိသည်။ ( ကောင်းစွာ ခွဲခြားသိသောဉာဏ်ဖြင့် ရှေ့တည့်တည့်ကြည့်ခြင်း, စောင်းငဲ့ကြည့်ခြင်းကိုပြုလေ့ရှိသည်။) ဝါ၊ ကောင်းစွာ ခွဲခြားသိသောဉာဏ်ကို ပြုလေ့ဖြစ်စေလေ့ရှိသည်။ ဟောတိ၊ ၏။ သမိဉ္ဇိတေ၊ လက်ခြေ စသည်တို့ကို ကွေးခြင်း၌ လည်းကောင်း။ ပသာ ရိတေ၊ လက်ခြေစသည်တို့ကို ဆန့်တန်းခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာခွဲခြားသိသော ဉာဏ်ဖြင့် ကွေးခြင်းဆန့်ခြင်းတို့ကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ ခွဲခြားသိသော ဉာဏ်ကို ပြုလေ့ဖြစ်စေလေ့ရှိသည်။ ဟောတိ၊ ၏။ သင်္ဃာဋိပတ္တစီဝရဓာရဏေ၊ နှစ်ထပ်သင်္ကန်းနှင့် သပိတ်သင်္ကန်းတို့ကို ကိုင်ဆောင် သုံးစွဲခြင်း၌။ သမ္ပဇာနကာရီ၊ ကောင်းစွာခွဲခြားသိသောဉာဏ်ဖြင့် (ကိုင်ဆောင်သုံးစွဲမှုကို) ပြုလေ့ရှိ သည်။ ဝါ၊ သည်။ ဟောတိ၊ ၏။ အသိတေ၊ ဆွမ်းစားခြင်း၌လည်းကောင်း။ ပီတေ၊ ယာဂုစသည် သောက်ခြင်း၌ လည်းကောင်း။ ခါယိတေ၊ ခဲဖွယ် ခဲစားခြင်း၌ လည်းကောင်း။ သာယိတေ၊ ပျားရည်စသည်လျက်ခြင်း၌ လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ ခွဲခြားသိသောဉာဏ်ဖြင့် (စားသောက်ခဲမှုနှင့် လျက်မှုကို) ပြုလေ့ရှိသည်။ ဝါ၊ သည်။ ဟောတိ၊ ၏။ ဥစ္စာရပဿာဝကမ္မေ၊ ကျင်ကြီးကျင်ငယ် စွန့်ခြင်း၌။ သမ္ပဇာနကာရီ၊ ကောင်းစွာ ခွဲခြားသိသောဉာဏ်ဖြင့် ( ကျင်ကြီးကျင်ငယ်စွန့်မှု) ပြုလေ့ရှိသည်။ ဝါ၊ သည်။ ဟောတိ၊ ၏။ ဂတေ၊ သွားခြင်း၌လည်းကောင်း။ ဌိတေ၊ ရပ်ခြင်း၌လည်းကောင်း။ နိသိန္နေ၊ ထိုင်ခြင်း၌လည်းကောင်း။ သုတ္တေ၊ အိပ်ပျော်ခြင်း၌လည်းကောင်း။ ဇာဂရိတေ၊ နိုးခြင်း၌လည်းကောင်း။ ဘာသိတေ၊ စကားပြောခြင်း၌လည်းကောင်း။ တုဏှိဘာဝေ၊ ဆိတ်ဆိတ်နေခြင်း၌ လည်း ကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ ခွဲခြားသိသောဉာဏ်ဖြင့် (သွားရပ်ထိုင်ခြင်းစသည်ကို) ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ ခွဲခြားသိသောဉာဏ်ကိုပြုလေ့ဖြစ်စေလေ့ရှိသည်။ ဟောတိ၊ ၏။