ဘိက္ခဝေ၊ တို့။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခုနော၊ ရဟန်းသည်။
[ စာကြောင်း(၇)ကြောင်း (၈)ကြောင်းလောက်မှ “နုဏ္ဏာနိ ပနုဏ္ဏာနိ” စသည်၌ လှမ်း၍ စပ်ပါ။]
ပုထုသမဏဗြာဟ္မဏာနံ၊ များစွာသော ရဟန်းပုဏ္ဏားတို့၏။
ယာနိ တာနိ ပုထုပစ္စေကသစ္စာနိ၊ အကြင်များစွာသော ပစ္စေကသစ္စာတို့သည်။
ဝါ၊ အကြင်များစွာသော တစ်ဦးတည်း တစ်ယူသန် အမှန်ဟုစွဲကိုင်ထားအပ်သောဒိဋ္ဌိသစ္စာတို့သည်။
[ သဒ္ဒါအစဉ် (သဒ္ဒက္ကမ) အတိုင်း ပြန်ဆိုအပ်သော အနက်တည်း။]
ဝါ၊ အကြင် တစ်ဦးတည်း တစ်ယူသန်အမှန်ဟု စွဲကိုင်ထားအပ်သော ဒိဋ္ဌိသစ္စာ မြောက်မြားစွာတို့သည်။
[အနက်စဉ် အတ္ထက္ကမတည်း။]
သန္တိ၊ ရှိကုန်၏။
သေယျထိဒံ၊ ထို ပုထုပစ္စေကသစ္စာတို့ဟူသည် အဘယ်နည်း ဟူမူ။
[တနည်း– ဣဒံ (ဣမာနိ) ပုထုပစ္စေကသစ္စာနိ၊ ဤများစွာသော ပစ္စေကသစ္စာတို့ဟူသည်။
သေယျထာ၊ အဘယ်တို့နည်းဟူမူ။]
လောကော၊ လောကသည်။
(အတ္တဟူသော လောကသည်။
ဝါ၊ ခန္ဓာငါးပါးဟူသောလောကသည်။)
၁။သဿတော လောကော စသည်တို့၌ လောကော စသည်၏လက်သဲကွင်းအတွင်းမှ အကျယ်ဖွင့်အနက်ကို အဋ္ဌသာလိနီ (၄၀၂-၃) ပဋိသမ္ဘိဒါမဂ်ဋ္ဌ (ဒု၊၅၊၆) သီလက္ခန် ဋ(၁ဝ၆)နှင့် ဤသုတ်ဋီကာအဖွင့်များအတိုင်း သရုပ်တရားကိုယ် ပေါ်လွင်အောင် ပြန်ဆိုထားသည်။
သဿတော၊ မြဲ၏။
ဣတိ ဝါ၊ ဤသို့သော အယူအဆ ပစ္စေကသစ္စာလည်းကောင်း။
လောကော၊ လောကသည်။
အသဿတော၊ မမြဲ။
ဣတိဝါ၊ ဤသို့သော အယူအဆ ပစ္စေကသစ္စာလည်းကောင်း။
လောကော၊ လောကသည်။
( ကသိုဏ်းပဋိဘာဂနိမိတ် ဟူသောလောကသည်။ ဝါ၊ ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုသော စိတ်ဟူသောလောကသည်။
ဝါ၊ ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုလျက်ဝင်စားအပ်သောဈာန်သမာပတ်အတွင်း၌ဖြစ်သော ရုပ်နာမ်ဟူသော လောကသည်။)
အန္တ ဝါ၂။**အန္တဝါ လောကော** စသည်၌ အနည်းငယ်ရှင်းပြဦးအံ့-ဈာန်ရပုဂ္ဂိုလ်သည် စကြဝဠာတစ်တိုက်လုံး ဆုံးသည်အထိ ပတ်ပတ်လည် အရပ်အားလုံး နှံ့စပ်ကျယ်ပြန့်အောင် ကသိုဏ်းပဋိဘာဂနိမိတ်ကိုချဲ့ထွင် အာရုံပြုပြီးလျှင် ထိုကသိုဏ်းပဋိဘာဂနိမိတ်ကို လောကဟုယူဆ၏။ ထိုမျှလောက်ကျယ်ပြန့်သော ကသိုဏ်း ပဋိဘာဂနိမိတ်ဟူသော လောကကို “အနန္တ ဝါ၊ အဆုံး အပိုင်းအခြား အကန့်အသတ် ပမာဏမရှိသော လောက” ဟု ဆိုလို၏။
ထိုမျှလောက်ကျယ်ပြန့်အောင် မချဲ့ထွင်ဘဲ တစွန်းတစ တစ်ဖက်မျှကိုသာချဲ့ထွင် အာရုံပြုအပ်သော ကသိုဏ်းပဋိဘာဂနိမိတ် ဟူသော လောကကိုကား “အန္တ ဝါ၊ အဆုံးအပိုင်းအခြား အကန့်အသတ်ပမာဏရှိသောလောက” ဟု ဆိုလို၏။
နောက်အနက်နှစ်နည်း၌ကား ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုသော စိတ်ကိုလည်းကောင်း, ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုသော ဈာန်သမာပတ် အတွင်း၌ဖြစ်သော ရုပ်နာမ်တရားတို့ကိုလည်းကောင်း လောကဟုယူဆပြီးလျှင်မိမိဈာန်၏ ကသိုဏ်းပဋိဘာဂနိမိတ်သည် ဗန်းစကောဝိုင်းလောက်, အိုးဖုံးခွက် လောက်ရှိ၍ သေးငယ်ကျဉ်းမြောင်းနေလျှင် ထိုစိတ်နှင့် ထိုရုပ်နာမ်တရားဟူသောလောကကို “အန္တဝါ”ဟု ယုဆ၏။ မိမိဈာန်၏ ကသိုဏ်းပဋိဘာဂနိမိတ်သည်ကျယ်ဝန်းကြီးမားလျှင် ထိုစိတ်နှင့် ထိုရုပ်နာမ်တရားဟူသော လောကကို “အနန္တဝါ”ဟု ယူဆ၏။ ဈာန်ရပုဂ္ဂိုလ်သည် ဈာန်မျက်စိဖြင့်တိုက်ရိုက် မြင်သိ၍ ထိုကဲ့သို့ ယူဆ၏။ ဈာန်မရသော တက္ကီပုဂ္ဂိုလ် (အတွေးသမား)ကား တိုက်ရိုက် မသိမြင်ဘဲစိတ်ကူးဖြင့်ကြံဆ၏။
ဥဒါနအဋ္ဌကထာ (၃၀၀-၉) မဇ္ဈိမပဏ္ဏာသဋီကာ (၆၅)တို့၌ကား ကသိုဏ်းပဋိဘာဂနိမိတ်ကို လောကဟု မဖွင့်ဆိုဘဲ သတ္တဝါတစ်ဦးစီ တစ်ဦးစီ၏ အတ္တတစ်ခုစီ တစ်ခုစီကို လောကဟုဖွင့်ဆို၍ ထိုအတ္တသည် မိမိသတ္တဝါ၏ ကိုယ်ခန္ဓာလောက်ရှိ၏။ လက်မလောက်, မုယောစပါး လောက်,ပရမာဏုမြူလောက်ဟု အရွယ်အစား
စားရှိ၏။ ထို့ကြောင့် “လောကော၊ သတ္တဝါတို့၏ အတ္တကောင်လောကသည်။ အန္တဝါ= အပိုင်းအခြား အကန့်အသတ် အတိုင်းအတာရှိ၏”ဟု ဆိုသည်။
ထိုသတ္တဝါတို့ကို ဖန်ဆင်းသော ဘုရားသခင်ဗြဟ္မာမင်း၏ ပရမအတ္တဟူသော အတ္တကောင်ကြီးကား အရွယ်အစား အကန့်အသတ် မရှိလောက်အောင်
ကြီးမား၏။ သဗ္ဗဂတော၊ လောကအားလုံးကို ပျံ့နှံ့ ဆိုက်ရောက်၏။ ထို့ကြောင့် “လော ကော= ဘုရားသခင်၏ ပရမအတ္တဟူသော လောကသည်။ အနန္တဝါ= အပိုင်းအခြား အကန့်အသတ်မရှိ”ဟု ဆို၏။ ဤအနန္တဝါ ဟူသော ဝါဒမှာ ကပိလ ကဏာဒ စသည်တို့၏ ဝါဒဖြစ်သတတ်။
၊ အဆုံးအပိုင်းအခြားရှိ၏။ ဣတိ ဝါ၊ စ္စာလည်းကောင်း။ လောကော၊ သည်။ အနန္တ ဝါ၊ အဆုံးအပိုင်းအခြားမရှိ။ ဣတိဝါ၊ စ္စာလည်းကောင်း။ တံ၊ ထိုကိုယ်ဟူသည်။ (ထိုခန္ဓာငါးပါး အစုအဝေး ဖြစ်သော ကိုယ်ဟူသည်။) ဇီဝံ၊ အသက်ရှင် အတ္တကောင်ပေတည်း။ တံ၊ ထိုအသက်ရှင် အတ္တကောင်ဟူသည်။ သရီရံ၊ ကိုယ်ပင်တည်း။ ( ခန္ဓာငါးပါး အစုအဝေးဖြစ်သော ကိုယ်ပင်တည်း။) ဣတိ ဝါ၊ လည်းကောင်း။ ဇီဝံ၊ အသက်ရှင် အတ္တကောင်သည်။ အညံ၊ ကိုယ်မှတစ်မျိုးတစ်ခြားတည်း။ သရီရံ၊ ကိုယ်သည်။ အညံ၊ အသက်ရှင် အတ္တကောင်မှတစ်မျိုးတစ်ခြားတည်း။ ဣတိ ဝါ၊ စ္စာ လည်းကောင်း။ [ ဇီဝေါဟူသော ပုလ္လင်မှ ဇီဝံဟု နပုလ္လိင်ပြောင်းထားသည်။] တထာဂတော၊ သတ္တဝါသည်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်ဖြစ်သော လောက၌။ ဟောတိ၊ ရှိသေး၏။ ဝါ၊ မပျက်စီးသေး။ ဣတိ ဝါ၊ စ္စာလည်းကောင်း။ တထာဂတော၊ သည်။ မရဏာ၊ မှ။ ပရံ၊ ၌။ န ဟောတိ၊ မရှိတော့။ ဣတိဝါ၊ လည်းကောင်း။ တထာဂတော၊ သည်။ မရဏာ၊ မှ။ ပရံ၊ ၌။ ဟောတိ စ၊ တစ်ချို့လည်းရှိ၏။ န စ ဟောတိ၊ တချို့လည်း မရှိ။ ဣတိ ဝါ၊ လည်းကောင်း။ ပ။ ပရံ၊ ၌။ နေဝ ဟောတိ၊ ရှိသည်လည်းမဟုတ်။ န န ဟောတိ၊ မရှိသည်လည်း မဟုတ်။ ဣတိ ဝါ၊ ဤသို့သော အယူအဆပစ္စေကသစ္စာလည်းကောင်းတည်း။ သဗ္ဗာနိ၊ အားလုံးကုန်သော။ တာနိ (ပုထုပစ္စေကသစ္စာနိ)၊ ထိုများစွာသောပစ္စေကသစ္စာတို့ကို။ ဝါ၊ တို့သည်။ နုဏ္ဏာနိ၊ ပယ်နုတ်အပ်ပြီးကုန်သည်။ ပနုဏ္ဏာနိ၊ ကောင်းစွာ ပယ်နုတ်အပ်ပြီးကုန်သည်။ စတ္တာနိ၊ စွန့်ပစ်အပ်ပြီးကုန်သည်။ ဝန္တာနိ၊ ထွေးအန်အပ်ပြီးကုန်သည်။ ( နောက်ထပ်တဖန်, ယူရန်ဆန္ဒ, ကင်းပရေးအမှန်, ထွေးအန်အပ်ပြီးကုန်သည်။) မုတ္တာနိ၊ စွန့်လွှတ်အပ်ပြီးကုန်သည်။ (စိတ်အစဉ်ဝယ်, မတွယ်မကပ်, စွန့်လွှတ်အပ်ပြီးကုန်သည်။) ပဟီနာနိ၊ ပယ်အပ်ပြီးကုန်သည်။ (ကြွေကျပြီးကာ, တစ်နေရာဝယ်,မှီတွယ်သစ်သီး, ပုံနည်းမတူ, တမူရပ်ခြား, ဝေးကွာသွားအောင်, ပယ်ရှားအပ်ပြီးကုန်သည်။) ပဋိနိဿဋ္ဌာနိ၊ (နှောက်ထပ် စိတ်အထက်သို့ မတက်စီးနိုင်လောက်အောင်) တဖန် စွန့်ပစ်အပ်ပြီးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။