ဘိက္ခဝေ၊ ရဟန်းတို့။
စက္ကာနိ၊ သမ္ပတ္တိစက်တို့သည်။
ဝါ၊ စက်ဘီးပမာ, ဆက်ကာမပြတ်, လည်ပတ်တတ်သော ကောင်းကျိုးတရား တိုးပွားပြည့်စုံခြင်းတို့သည်။
ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့တည်း။
ယေဟိ၊ ယင်းသို့ သော သမ္ပတ္တိစက်တို့နှင့်။
သမန္နာဂတာနံ၊ ပြည့်စုံကုန်သော။
ဒေဝမနုဿာနံ၊ နတ်လူတို့၏။
စတုစက္ကံ၊ လေးပါးသော သမ္ပတ္တိစက်သည်။
ဝတ္တတိ၊ အဆက်မပြတ်လည်ပတ်၏။
ယေဟိ၊ ယင်းသမ္ပတ္တိစက်တို့နှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်သော။
ဒေဝမနုဿာ၊ နတ်လူတို့သည်။
န စိရဿေဝ၊ မကြာမြင့်မီသာလျှင်။
ဘောဂေသု၊ စည်းစိမ်ဥစ္စာတို့၌။
မဟန္တ တ္တံ၊ များကုန်သည်အဖြစ်သို့။
ဝေပုလ္လတ္တံ၊ ပြန့်ပွားကုန်သည်အဖြစ်သို့။
ပါပုဏန္တိ၊ ရောက်ကုန်၏။
စတ္တာရိ၊ လေးပါးသော သမ္ပတ္တိစက်တို့ဟူသည်။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
ပတိရူပဒေသဝါသော စ၊ သင့်လျော်လျောက်ပတ်သော အရပ်ဒေသ၌ နေထိုင်ရခြင်းလည်းကောင်း။ (ဘိက္ခု , ဘိက္ခုနီစသော ပရိသတ်လေးပါးရှိသဖြင့် ကုသိုလ်ကောင်းမှုပြုရန် သင့်လျော်သောအရပ်၌ နေထိုင်ရခြင်းလည်းကောင်း။)
သပ္ပုရိသာဝဿယော စ၊ (ဘုရားအစရှိသော) သူတော်ကောင်းတို့ကို မှီခိုဆည်းကပ်ရခြင်းလည်းကောင်း။
အတ္တသမ္မာပဏိဓိ စ၊ မိမိစိတ်အစဉ်ကို ကုသိုလ်ဖြစ်ကြောင်း ကောင်းစွာထားခြင်းလည်းကောင်း။ (အဿဒ္ဓါ အစရှိသော အကုသိုလ်တို့ကို ပယ်ရှား၍ သဒ္ဓါ အစရှိသော ကုသိုလ်တရားတို့၌ မိမိစိတ်အစဉ်ကို ကောင်းစွာတည်နေစေခြင်းလည်းကောင်း။)
ပုဗ္ဗေ စ ကတပုညတာ၊ ရှေး၌ ဆည်းပူးပြုလုပ်ခဲ့ဖူးသော ကုသိုလ်ရှိသူ၏ အဖြစ်လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
စက္ကာနိ၊ တို့သည်။
ဣမာနိ စတ္တာရိ၊ တည်း။
ပ။
ဣတိ(အဝေါစ။)
ယော နရော၊ အကြင်ပုဂ္ဂိုလ်သည်။
ပတိရူပေ၊ (ကုသိုလ်ပြုခြင်းငှာ)သင့်လျော်သော။
ဒေသေ၊ အရပ်၌။
ဝသေ၊ နေထိုင်အံ့။
အရိယမိတ္တကရော၊ ဘုရားအစရှိ , အရိယာအပေါင်း, မိတ်ဆွေကောင်းကို, မှီခိုဆည်းကပ်, ပြုလုပ်တတ်သည်လည်းကောင်း။
သမ္မာပဏိဓိသမ္ပန္နော၊ မိမိ စိတ်အစဉ်ကိုကုသိုလ်ဖြစ်ကြောင်း, ကောင်းစွာထားခြင်းနှင့် ပြည့်စုံသည်လည်းကောင်း။
ပုဗ္ဗေ၊ ရှေး၌။
ပုညကတော၊ ပြုအပ်ဖူးသော ကုသိုလ်ကောင်းမှုရှိသည်လည်းကောင်း။
သိယာ၊ ဖြစ်အံ့။
ဧတံ (နရံ)၊ ဤပုဂ္ဂိုလ်ကို။
ဓညံ၊ ကောက်ပဲသီးနှံသည်လည်းကောင်း။
ဓနံ၊ အခြားသော ရွှေငွေစသော ဥစ္စာသည်လည်းကောင်း။
ယသော၊ အခြံအရံပရိသတ်သည် လည်းကောင်း။ ကိတ္တိ= ဂုဏ်သတင်းကျော်စောခြင်းသည်လည်းကောင်း။
သုခံ စ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသည်
လည်းကောင်း။
အဓိဝတ္တတိ၊ လွှမ်းဖိ၏။
ဣတိ (အဝေါစ။)
ပဌမံ။