အာဝုသော သာရိပုတ္တ၊ ငါ့ရှင် သာရိပုတြာ။
ယေန၊ အကြင်အကြောင်းကြောင့်။
ဣဓ၊ ဤလောက၌။
ဧကစ္စေ၊ အချို့ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
ဒိဋ္ဌေဝ ဓမ္မေ၊ ယခု မျက်မှောက် အတ္တဘော၌ပင်။
န ပရိနိဗ္ဗာယန္တိ၊ ကိလေသာခပ်သိမ်း မချုပ်ငြိမ်းနိုင်ကြကုန်။
သော ဟေတု၊ ထိုကိလေသာခပ်သိမ်းမချုပ်ငြိမ်းနိုင်ခြင်း၏
အကြောင်းဟိတ်သည်။
ကောနုခေါ၊ အဘယ်ပါနည်း။
သော ပစ္စယော၊ ထိုကိလေသာခပ်သိမ်း မချုပ် ငြိမ်းနိုင်ခြင်း၏
အကြောင်းပစ္စည်းသည်။
ကော၊ အဘယ်ပါနည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မေးမြန်းပြီ။)
အာဝုသော အာနန္ဒ၊ ငါ့ရှင်အာနန္ဒာ။
ဣဓ၊ ဤလောက၌။
သတ္တာ၊ သတ္တဝါတို့သည်။
“ ဣမာ၊ ဤပဌမဈာန်သညာအစရှိသော သညာတို့သည်။
( ဤ ကြေညက်စွာ မလေ့လာရသေးသော အပ္ပဂုဏ ပဌမဈာန်သညာ အစရှိသော သညာတို့သည်။)
ဟာနဘာဂိယာ၊ ဆုတ်ယုတ်ခြင်း အဖို့ရှိကုန်သော။
(ထိုအပ္ပဂုဏ ပဌမဈာန်စသည်မှ ထသောအခါ ကာမဂုဏ်အာရုံသို့
ပြေးဝင်ကျက် စားသော သညာနှင့် မနသိကာရတို့ကြောင့် ဆုတ်ယုတ်ခြင်း အဖို့ရှိကုန်သော။)
ဝါ၊ ဆုတ်ယုတ်ခြင်းသဘောသို့ ချဉ်းကပ်တတ်ကုန်သော။
သညာ၊ သညာတို့တည်း။ ”
ဣတိ၊ ဤသို့။
ယထာဘူတံ၊ အဖြစ်မှန် သဘောအတိုင်း။
ဝါ၊ ဟုတ်မှန်စွာ။
နပ္ပဇာနန္တိ၊ မဂ်ပညာဖြင့် မသိကြကုန်။
[ ဟာန+ ဘာဂ+ ဣယ။
ဟာန၊ ဆုတ်ယုတ်ခြင်းဟူသော။
ဘာဂ၊ အဖို့။
ဟာနဉ္စ တံ ဘာဂေါ စာတိဟာနဘာဂေါ၊ ဟာနဘာဂေါ ယာသံ သညာနံ အတ္ထီတိ ဟာနဘာဂိယာ။
(တနည်း) ဟာန+ ဘဇ+ ဏျ။
ဟာနံ ဘဇန္တီတိ ဟာနဘာဂိယာ၊ ဆုတ်ယုတ်ခြင်းသဘောသို့ ချဉ်းကပ်တတ်ကုန်သော သညာများ။]
ဣမာ၊ ဤပဌမဈာန်သညာ အစရှိသော သညာတို့သည်။
(ဤပဂုဏ, အပ္ပဂုဏဖြစ်သော ပဌမဈာန်သညာအစရှိသော သညာတို့သည်။)
ဌိတိဘာ ဂိယာ၊ ရပ်တန့်နေခြင်း အဖို့ရှိကုန်သော (မိမိ ရရှိထားသော ထိုပဋ္ဌမဈာန်သညာစသည်ကို သန္တ ပဏီတဟု ရှုမြင်ကာ သာယာစုံမက် နှစ်သက်တွယ်တာသော မိစ္ဆာသတိ နိကန္တိတဏှာကြောင့် ဆုတ်
ယုတ်တိုးတက် နှစ်ချက်မရှိ ပကတိပုံသေ ရပ်တန့်နေခြင်း အဖို့ရှိကုန်သော။)
ဝါ၊ ရပ်တန့်နေခြင်း သဘောသို့ ချဉ်းကပ် တတ်ကုန်သော။
သညာ၊ သညာတို့တည်း။
ပ။
[ပဂုဏ၊ ဝသီဘော်သို့ရောက်အောင် အဝါးဝစွာ ကြေညက်စွာ
လေ့လာအပ်ပြီးသော။
အပ္ပဂုဏ၊ ယင်းသို့ ကြေညက်စွာ မလေ့လာရသေးသော။]
ဣမာ၊ ဤပဌမဈာန်သညာ အစရှိသော သညာတို့သည်။
(ဤကြေညက်စွာ လေ့လာအပ်ပြီးသော ပဂုဏ ပဌမဈာန်သညာ အစရှိသော သညာတို့သည်။)
ဝိသေသဘာဂိယာ၊ (အထက်ဈာန်ဟူသော) ထူးသော အဖို့ရှိကုန်သော။
(ထိုပဂုဏဖြစ်သော ပဌမဈာန်စသည်မှ ထသော အခါ ဝိတက်မရှိ
သော ဒုတိယဈာန်စသည်ကို ရခြင်းအကျိုးငှာ အားထုတ်လှုံ့ဆော်
သော သညာနှင့်မနသိကာရတို့ကြောင့် အထက် ဒုတိယဈာန် စသော ထူးသောအဖို့ရှိကုန်သော။)
ဝါ၊ ထူးခြားသောအထက်ဈာန်သို့ ချဉ်းကပ်တတ်ကုန်သော။
သညာ၊ တို့တည်း။
ပ။
ဣမာ၊ ဤပဌမဈာန်သညာ အစရှိသော သညာတို့သည်။
(ဤ ပဂုဏ အပ္ပဂုဏဖြစ်သော ပဌမဈာန်သညာအစရှိသောသညာတို့သည်။)
နိဗ္ဗေဓဘာဂိယာ၊ သစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်သော အရိယမဂ်ဟူသောအဖို့ရှိကုန်သော။
(ထိုပဂုဏ အပ္ပဂုဏဈာန်မှ ထသောအခါ ဈာန်အင်္ဂါတို့၌ငြီးငွေ့ သော ဝိပဿနာဉာဏ်နှင့် တကွဖြစ်သော သညာမနသိကာရတို့သည် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ အားထုတ်လှုံ့ဆော်ကုန် သည်အဖြစ်ကြောင့်အရိယမဂ်ကို ထိုးထွင်းမြင်သိ ရရှိခြင်း အဖို့ရှိကုန်သော။)
[နိဗ္ဗေဘောဂိယ တာတိ သစ္စာနံ နိဗ္ဗိဇ္ဈနပက္ခိကတာ၊ ဝိပဿနာယ သံဝတ္တတီတိ အတ္တော။
ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ပ– ၁၁၄။]
အာဝုသော အာနန္ဒ၊ ငါ့ရှင်အာနန္ဒာ။
ယေန၊ အကြင် အကြောင်းကြောင့်။
ဣဓ၊ ဤလောက၌။
ဧကစ္စေ၊ ကုန်သော။
သတ္တာ၊ တို့သည်။
ဒိဋ္ဌေဝ ဓမ္မေ၊ ပင်။
န ပရိနိဗ္ဗာယန္တိ၊ ကုန်။
သော ဟေတု၊ ထိုအကြောင်းဟိတ်သည်။
အယံခေါ၊ ဤသည်ပင်တည်း။
( ဤသို့ ဟာနဘာဂိယသညာစသည်တို့ကို
အဖြစ်မှန်အတိုင်း အရိယမဂ်ဉာဏ်ဖြင့် မသိခြင်းပင်တည်း။)
သော ပစ္စယော၊ ထိုအကြောင်းပစ္စည်းသည်။
( ထိုကိလေသာခပ်သိမ်း မချုပ်ငြိမ်းနိုင်ခြင်း၏အကြောင်းပစ္စည်း
သည်။)
အယံ၊ ဤသည်ပင်တည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်ဆိုပြီ။)
အာဝုသော သာရိပုတ္တ၊ တြာ။
ယေန၊ အကြင်အကြောင်းကြောင့်။
ဣဓ၊ ၌။
ဧကစ္စေ။
ပ။
ပရိနိဗ္ဗာယန္တိ၊ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းခြင်းအားဖြင့် ချုပ်ငြိမ်းကုန်၏။
သော ဟေတု၊ ထိုအကြောင်းသည်။
(ထိုမျက်မှောက်ဘဝ၌ပင် ကိလေသာခပ်သိမ်း ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်း၏ အကြောင်း
သည်။)
ကော ပန၊ အဘယ်ပါနည်း။
သော ပစ္စယော၊ သည်။
ကော၊ အဘယ်ပါနည်း။
ဣတိ(အဝေါစ)။
ပ။
ပဇာနန္တိ၊ မဂ်ပညာဖြင့် သိကုန်၏။
ပ။
နဝမံ။